မေမြို့လို့ခေါ်ကြတဲ့ ပြင်ဦးလွင်မြို့လေးဖြစ်လာပုံသမိုင်း
မေမြို့၊ ပြင်ဦးလွင်၊ ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေကားမြို့ စတဲ့ နာမည်ငါးမျိူးပိုင်ဆိုင်ထားတဲ့ မြို့ကလေးကို မြန်မာနိုင်ငံသား တော် တော်များများ ရောက်ဖူးကြသလိုကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်ပြင်ဦးလွင်ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။
မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊ စံဂျူးမလိုင်မြို့၊ ဟင်းသီး ဟင်းရွက်မြို့၊ ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊အလှဆုံးပန်းခြံရှိသောမြို့၊ ဘော်ဒါကျောင်း၊ နွေရာသီတွင် လူတိုင်းတောင့်တသော တောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့ စသည်တို့ ဖြစ်သည်။ ပြင်ဦးလွင်မည်သို့ ဖြစ်ပေါ်လာပါသ နည်း။1850 ခုနှစ်တွင် မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့် ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကို ရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟု ခေါ်ခဲ့သည်။
ကုန်းမြင့်လွင်ပြင်ထက်တွင် တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည် ပြင်ဦးလွင်ရွာတွင် စစ်အ ခြေစိုက်တပ် ထိုင်ရသည်။ပြင်ဦးလွင်၏ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ် ဆင်တူ သည်ဟု သတိထားမိလာပြီးမန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့ တောင် စခန်းမြို့ တည်ရန် အကြံပြုသည်။
ဝန်ရှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင် ဗိုလ်မှူးကြီး May သည် မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေး ဖိတ်ခဲ့သည်။ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင်သည်ဖြစ်သဖြင့် မေမြို့ဟု ခေါ်ဆိုရန် အကြံပြုခဲ့ရာမှ မေမြို့ဟု အမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ ရွာတွင် အိမ်ခြေ-(23)အိမ်သာ ရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦ ဆောက်ခြင်းများဆောင်ရွက်ခဲ့သည်။အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍ အလှဆင် ကြသည်။
လမ်းများဖောက်လုပ်ပြီးချိန် လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည် ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ယခု စျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်း သယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့် မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှ လန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီး ပင်ပန်းကြသဖြင့် ရန်ကုန်သို့ ပြန်ပြေးကြသည်။
မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာ စီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များ ပြန်ကုန်ပြီး နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူ မရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။
ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီး ဂေါက်ကွင်းငယ် အပြင် 1902 တွင် အိမ်ပတ် ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300) ကျော်ကို ယူ လာပြီး မေမြို့တွင်စိုက်ပျိုးရာမှပန်းမြို့တော်ကို အစပျိုးခဲ့သူဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ရှမ်းပြည်ထွက်ကုန်နှင့်မန္တလေးမှရေထွက်ပစ္စည်းများရောင်းဝယ် ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှု မြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမိုစည်းကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည် ယခုမြို့လည် နေရာတွင် အခြေချပြီး ဘုန်းကြီးကျောင်း၊ ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများ ဆောက်လုပ်ကြသည်။နိုင်ငံခြားသာသနာပြုနှင့် နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert’s Missionary School, St.Joseph Convent School, American Baptist Girl School များ ပေါ်ထွက်လာခဲ့သည်။ ဒေသ၏ အဓိကထွက်ကုန်များမှာ ပန်း၊ ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို၊ ယို တို့ ဖြစ်သည်။
အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်းသည်။ တရုတ်က စားသောက် ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များ ဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ်လော့ဒ်ကလစ်ခ်ျ က မန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ ပြောင်းရွှေ့ သည်။ စစ်တပ်ဦးရေသည် မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေ ပြန်ခွဲသည်။
ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းက ရှိခဲ့သည်။သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့ တည်ခဲ့သော ဂေါက်ကွင်းသည် ကျင်း (18) ကျင်း နှင့် ဧက (500) ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး ဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင် သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှ ပုဏ္ဏားများ ပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။အင်္ဂလိပ်တို့သည် အင်္ဂလန်တွင် မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများ မီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန်ကြရသည်။ နောင် မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီး နိုင်ငံခြား ဆရာဝန်နှင့် Nurse များ ထားရှိပေးသဖြင့် မေမြို့မှာ မွေးလျှင် အထက်တန်းလွှာတွင်း ထည့်ပေးလိုက်သည်။ Botanical Garden ကို ဧက (240) ပေါ်တွင် Sir Alex Roger မှ ဆောက်လုပ်ပေးခဲ့သည်။
ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကို တူးဖော်ပေးခဲ့သည်။ ထိုအချိန် ဘုရင်ခံ ၏ အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟု ခေါ်သည်။ 1917မှ စတင် တူးဖော်ရာ 1920တွင် ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကဗျည်းကျောက်တိုင် ရေးထိုးထားသည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှ ဆောက်လုပ်ပေးခဲ့သည်။မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများတကူးတကဓာတ်ပုံရိုက်နားထောင်လေ့ရှိသည်။
ထိုနာရီကို မန္တလေးမြို့ (26×83) ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ ငွေရတု နန်းတက်သော အထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ် သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများ အခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။
15 Min တိုင်း တစ်ကြိမ် တီးခတ်သည်။ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟု ခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင် အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။
Credit – မေမြို့သတင်းစုံ
[zawgyi]
ေမၿမိဳ႕လို႔ေခၚၾကတဲ့ ျပင္ဦးလြင္ၿမိဳ႕ေလးျဖစ္လာပုံသမိုင္း
ေမၿမိဳ႕၊ ျပင္ဦးလြင္၊ ပန္းၿမိဳ႕ေတာ္၊ ႏွင္းၿမိဳ႕ေတာ္၊ ေတာင္ေလွကားၿမိဳ႕ စတဲ့ နာမည္ငါးမ်ိဴးပိုင္ဆိုင္ထားတဲ့ ၿမိဳ႕ကေလးကို ျမန္မာႏိုင္ငံသား ေတာ္ ေတာ္မ်ားမ်ား ေရာက္ဖူးၾကသလိုကမာၻလွည့္ခရီးသည္မ်ားႏွစ္သက္ေသာၿမိဳ႕လည္း ျဖစ္သည္။ ျပင္ဦးလြင္ကလူစိတ္ဝင္စား ရသည္ကို ၫႊန္းရမည္ဆိုလွ်င္ျပင္ဦးလြင္ပိုင္ဆိုင္ေသာဂုဏ္ပုဒ္မ်ားစြာရွိေနပါသည္။
ေမၿမိဳ႕ပန္းႏွင့္ဂႏၶမာထြက္ေသာၿမိဳ႕၊ ဆြယ္တာၿမိဳ႕၊ စံဂ်ဴးမလိုင္ၿမိဳ႕၊ ဟင္းသီး ဟင္း႐ြက္ၿမိဳ႕၊ ေကာ္ဖီႏွင့္ယိုမ်ိဳးစုံထြက္ေသာၿမိဳ႕၊ ဗိုလ္ေလာင္းၿမိဳ႕၊ ရထားလုံးရွိေသာၿမိဳ႕၊အလွဆုံးပန္းၿခံရွိေသာၿမိဳ႕၊ ေဘာ္ဒါေက်ာင္း၊ ေႏြရာသီတြင္ လူတိုင္းေတာင့္တေသာ ေတာင္စခန္းၿမိဳ႕၊ ျမန္မာႏိုင္ငံ၏ Hollywood ၿမိဳ႕ စသည္တို႔ ျဖစ္သည္။ ျပင္ဦးလြင္မည္သို႔ ျဖစ္ေပၚလာပါသ နည္း။1850 ခုႏွစ္တြင္ ျမန္မာနန္းတြင္းအရာရွိတို႔ သည္ ျပင္စာ႐ြာႏွင့္ ျပင္ႀကီးေက်း႐ြာ အၾကား ရွမ္း႐ြာေလးတစ္႐ြာကို ေရာက္ရွိခဲ့စဥ္ ထို႐ြာကိုျပင္ဦးဟု ေခၚခဲ့သည္။
ကုန္းျမင့္လြင္ျပင္ထက္တြင္ တည္ရွိေသာေၾကာင့္ ျပင္ဦးလြင္ဟု မွည့္လိုက္သည္။ အဂၤလိပ္တို႔ ျမန္မာတစ္ႏိုင္ငံလုံးကို သိမ္းပိုက္ၿပီးေနာက္ 1887 ခုႏွစ္ တြင္အမွတ္ (5) ဘဂၤလားေျခလ်င္တပ္ရင္းမွ ဗိုလ္မႉးႀကီး H.O May သည္ ျပင္ဦးလြင္႐ြာတြင္ စစ္အ ေျခစိုက္တပ္ ထိုင္ရသည္။ျပင္ဦးလြင္၏ေရေျမေတာေတာင္သဘာဝ၊ ပင္လယ္ေရအျမင့္၊ ရာသီဥတုတို႔သည္ အဂၤလန္ႏွင့္ အနည္းငယ္ ဆင္တူ သည္ဟု သတိထားမိလာၿပီးမႏၲေလး ႏွင့္ ရန္ကုန္ေႏြအပူဒဏ္မ်ားေရွာင္ရွားႏိုင္ၿပီး ထို႐ြာကိုအိႏၵိယရွိ Darjeeling ႏွင့္ Simla ကဲ့သို႔ ေတာင္ စခန္းၿမိဳ႕ တည္ရန္ အႀကံျပဳသည္။
ဝန္ရွင္ေတာ္မင္းႀကီး Mr. Smeaton ICS (Indian Civilian Service)မွ အဂၤလိပ္ၿမိဳ႕ ပုံေပါက္ၿမိဳ႕ငယ္တစ္ၿမိဳ႕တည္ေဆာက္ရန္ ဆုံးျဖတ္လိုက္ သည္။ 1896 တြင္ ဗိုလ္မႉးႀကီး May သည္ ၿမိဳ႕နာမည္ ေပးပြဲအတြက္ ႐ြာလူႀကီးမိဘမ်ားကို အစည္းေဝး ဖိတ္ခဲ့သည္။႐ြာသူႀကီးဦးစံက ဗိုလ္မႉးႀကီး May ထူေထာင္သည္ျဖစ္သျဖင့္ ေမၿမိဳ႕ဟု ေခၚဆိုရန္ အႀကံျပဳခဲ့ရာမွ ေမၿမိဳ႕ဟု အမည္တြင္သြားခဲ့သည္။ ထိုအခ်ိန္၌ ႐ြာတြင္ အိမ္ေျခ-(23)အိမ္သာ ရွိခဲ့သည္။
အဂၤလိပ္တို႔သည္ 1896မွ 1900 ျပည့္ႏွစ္မ်ားအတြင္း ၿမိဳ႕အကြက္႐ိုက္ျခင္း၊ လမ္းေဖာက္ျခင္း၊ အေဆာက္အဦ ေဆာက္ျခင္းမ်ားေဆာင္႐ြက္ခဲ့သည္။အဂၤလိပ္ၿမိဳ႕ပုံစံငယ္တြင္ အဓိကအားျဖင့္ ဘုရင္ခံအိမ္၊ဘူတာ၊ ႐ုံးမ်ား၊ စာတိုက္၊ဘဏ္၊ပန္းၿခံ၊ ေဂါက္ကြင္း၊ ျမင္းစီးကြင္း ၊ အစရွိသည္ တို႔ကို ေဆာက္လုပ္သည္။ အိမ္ေတာ္ႀကီးမ်ားကို ေျမ 2-3-4 ဧကမ်ားေပၚတြင္ Tudor Style, Edwardian Style, Geogian Style တို႔ျဖင့္ ေဆာက္လုပ္ကာ ျမင္းခင္းျပင္မ်ားႏွင့္ အိမ္ေရွ႕တြင္ပန္းမ်ိဳးစုံ စိုက္ပ်ိဳး၍ အလွဆင္ ၾကသည္။
လမ္းမ်ားေဖာက္လုပ္ၿပီးခ်ိန္ လမ္းေဘးဝဲယာ ဝက္သစ္ခ် ၊ ခ်ယ္ရီ ၊ထင္းရႉးပင္ႏွင့္ ငွက္ဖ်ားကာကြယ္သည္ ဟူေသာ ယူကလစ္ပင္တို႔ကို စိုက္ပ်ိဳးၾကသည္။ယခု ေစ်းႀကီးလမ္း ကို Hospital Approach Road၊ ဗိုလ္ခ်ဳပ္လမ္းကို Bund Road ၊ ခ်ယ္ရီလမ္းကို Massionary Road စသျဖင့္ မွည့္ေခၚၾကသည္။ ၿမိဳတြင္း သယ္ယူ ပို႔ေဆာင္ေရးအတြက္ လန္ခ်ားႏွင့္ ျမင္းလွည္းမ်ားထားရွိသည္။ ရန္ကုန္မွ လန္ခ်ားမ်ားလာဆြဲရာတြင္ အတက္အဆင္းမ်ားၿပီး ပင္ပန္းၾကသျဖင့္ ရန္ကုန္သို႔ ျပန္ေျပးၾကသည္။
ျမင္းလွည္းကို ဟိႏၵဴ ၊ မြတ္ဆလင္မ်ားက အဓိကေမာင္းႏွင္ၾကသည္။ ျမင္းလွည္း (2) မ်ိဳးရွိသည္။ရထားလုံးႏွင့္ ေဒါက္ Cart (ယခုကန္ေတာ္ႀကီးအသြားလမ္း ေပၚရွိ Woodland Cafe ႏွင့္ Hotel Pyin Oo Lwin ေရွ႕ရပ္ထားေသာ) အမိုးပြင့္လွည္းတို႔ျဖစ္သည္။ ေဒါက္ကတ္သည္ မ်က္ႏွာျဖဴ အရာရွိမ်ားသာ စီးခြင့္ရွိၿပီး ရထားလုံးကို လူတိုင္းစီးခြင့္ ျပဳသည္။ လြတ္လပ္ေရးရၿပီး အဂၤလိပ္မ်ား ျပန္ကုန္ၿပီး နဂိုသတ္မွတ္ခ်က္ေၾကာင့္ စီးမည့္သူ မရွိသျဖင့္ ေဒါက္ကတ္မွာ ေပ်ာက္ကြယ္သြား ေလသည္။
ဘုရင္ခံအိမ္ကို 1900 ျပည့္တြင္ေဆာက္လုပ္ ၿပီးစီးၿပီး ေဂါက္ကြင္းငယ္ အျပင္ 1902 တြင္ အိမ္ပတ္ ဝန္းက်င္ ပန္းစိုက္ပ်ိဳးရန္ အိႏၵိယမွပန္းပညာရွင္ Mr. Surup ကိုတာဝန္ေပးသည္။Surup သည္ႏိုင္ငံျခားမွ ပန္းမ်ိဳးစိတ္ (300) ေက်ာ္ကို ယူ လာၿပီး ေမၿမိဳ႕တြင္စိုက္ပ်ိဳးရာမွပန္းၿမိဳ႕ေတာ္ကို အစပ်ိဳးခဲ့သူျဖစ္သည္။ ဧၿပီ (1)ရက္ 1900 ျပည့္ႏွစ္တြင္ မႏၲေလး-ကြမ္းလုံ မီးရထားလမ္း ဖြင့္ပြဲ ျပဳလုပ္ခဲ့ၿပီး ယခင္လားဝန္တင္လမ္းကို ကတၱရာလမ္းေဖာက္လိုက္သည္။ရွမ္းျပည္ထြက္ကုန္ႏွင့္မႏၲေလးမွေရထြက္ပစၥည္းမ်ားေရာင္းဝယ္ ေဖာက္ကား လာၿပီး ကုန္စည္စီးဆင္းမႈ ျမန္လာကာ ၅ ရက္တစ္ေစ်းမွာ ပိုမိုစည္းကားလာခဲ့သည္။
တ႐ုတ္၊ ကုလား၊ ဗမာတို႔သည္ ယခုၿမိဳ႕လည္ ေနရာတြင္ အေျခခ်ၿပီး ဘုန္းႀကီးေက်ာင္း၊ ဟိႏၵဴေက်ာင္း၊ ဗလီ၊ ဘုံေက်ာင္းမ်ား ေဆာက္လုပ္ၾကသည္။ႏိုင္ငံျခားသာသနာျပဳႏွင့္ ႏိုင္ငံျခားေက်ာင္းမ်ား ေပၚေပါက္လာၿပီး အဂၤလိပ္တို႔က ထိုေက်ာင္းမ်ားတြင္ ပညာသင္ၾကသည္။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert’s Missionary School, St.Joseph Convent School, American Baptist Girl School မ်ား ေပၚထြက္လာခဲ့သည္။ ေဒသ၏ အဓိကထြက္ကုန္မ်ားမွာ ပန္း၊ ဟင္းသီးဟင္း႐ြက္၊ ဝိုင္၊ ဆြယ္တာ ၊ႏို႔ႏွင့္ႏို႔ထြက္ပစၥည္း၊ ကုလားမုန႔္အခ်ိဳ၊ ယို တို႔ ျဖစ္သည္။
အဂၤလိပ္တို႔က ကိတ္ႏွင့္စက္ပစၥည္းေရာင္းသည္။ တ႐ုတ္က စားေသာက္ ဆိုင္၊ အရက္ဆိုင္၊ အေပါင္ဆိုင္မ်ား ဖြင့္လွစ္သည္။ (1904) တြင္ အိႏၵိယစစ္ဦးစီးခ်ဳပ္ေလာ့ဒ္ကလစ္ခ္် က မႏၲေလးရွိ အဂၤလိပ္တပ္၊ ကုလားတပ္မ်ားကို ေမၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ သည္။ စစ္တပ္ဦးေရသည္ ၿမိဳ႕ေနလူဦးေရႏွင့္ အတူတူျဖစ္လာရာ တပ္ေျမႏွင့္ အရပ္ေျမ ျပန္ခြဲသည္။
ယေန႔ စစ္တကၠသိုလ္အနီးရွိ ကခ်င္တပ္၊ ခ်င္းတပ္၊ ကုလားတပ္၊ ေဂၚရခါးတပ္တို႔သည္ ယခင္ကတည္းက ရွိခဲ့သည္။သစ္တစ္ပင္ေတာင္မွ ေရကန္ႀကီးတစ္ခုေဆာက္ကာ ေရေပးေဝေရးျပဳလုပ္ခဲ့သည္။ အဂၤလိပ္တို႔ တည္ခဲ့ေသာ ေဂါက္ကြင္းသည္ က်င္း (18) က်င္း ႏွင့္ ဧက (500) ေပၚတြင္ တည္ခဲ့ၿပီး ထိုေခတ္က ကမာၻ႔အဆင့္မွီ ေဂါက္ကြင္းတစ္ကြင္း ျဖစ္ခဲ့သည္။
ဒုတိယကမာၻစစ္ျဖစ္ခါနီး ဘုရင္ခံ Sir Dorman Smith သည္ Anglican Church တြင္ သူ႔သမီးမဂၤလာေဆာင္ပြဲ က်င္းပခဲ့သည္။ ထို႔ေနာက္ သူ႔အိမ္ေတာ္ေရွ႕တြင္ မႏၲေလးမွ ပုဏၰားမ်ား ပင့္၍ ျမန္မာ့႐ိုးရာနည္းျဖင့္ မဂၤလာဘိသိက္သြန္းေပးခဲ့သည္။အဂၤလိပ္တို႔သည္ အဂၤလန္တြင္ ေမြးဖြားသူကိုသာ အထက္တန္းလႊာဟု သတ္မွတ္သျဖင့္ ကိုယ္ဝန္ေဆာင္ အဂၤလိပ္အမ်ိဳးသမီးမ်ား မီးဖြားလိုလွ်င္ အဂၤလန္သို႔ ျပန္ၾကရသည္။ ေနာင္ ေမၿမိဳ႕တြင္ ေဆး႐ုံဖြင့္လွစ္ၿပီး ႏိုင္ငံျခား ဆရာဝန္ႏွင့္ Nurse မ်ား ထားရွိေပးသျဖင့္ ေမၿမိဳ႕မွာ ေမြးလွ်င္ အထက္တန္းလႊာတြင္း ထည့္ေပးလိုက္သည္။ Botanical Garden ကို ဧက (240) ေပၚတြင္ Sir Alex Roger မွ ေဆာက္လုပ္ေပးခဲ့သည္။
ပထမကမာၻစစ္တြင္ တူရကီစစ္သုံ႔ပန္းမ်ားကို ေခၚယူ၍ ကန္ေတာ္ႀကီးကို တူးေဖာ္ေပးခဲ့သည္။ ထိုအခ်ိန္ ဘုရင္ခံ ၏ အမည္မွာ Sir Harcode Butler ျဖစ္သျဖင့္ ထိုကန္ကို Butler Lake ဟု ေခၚသည္။ 1917မွ စတင္ တူးေဖာ္ရာ 1920တြင္ ၿပီးစီးေၾကာင္း ကန္ေရလႊဲေပါက္တြင္ ကဗ်ည္းေက်ာက္တိုင္ ေရးထိုးထားသည္။႐ုကၡေဗဒနည္းစနစ္ျဖင့္ အကြက္ခ်စိုက္ပ်ိဳးခဲ့ၿပီး 1924 တြင္ ၿပီးစီးခဲ့သည္။ London ၿမိဳ႕ရွိ Kew ပန္းၿခံေဆာက္ခဲ့ေသာ Mr & Mrs Cuffe တို႔မွ ေဆာက္လုပ္ေပးခဲ့သည္။ၿမိဳ႕လည္ေခါင္ရွိ Purcel Tower နာရီစဥ္ကိုကို ႏိုင္ငံျခားသားမ်ားတကူးတကဓာတ္ပုံ႐ိုက္နားေထာင္ေလ့ရွိသည္။
ထိုနာရီကို မႏၲေလးၿမိဳ႕ (26×83) ေထာင့္ရွိ ကာတစ္ေဆးတိုက္မွ အာေမးနီးယန္းလူမ်ိဳး Mr Purcel မွ 1936 တြင္ George V ၏ ေငြရတု နန္းတက္ေသာ အထိန္းအမွတ္အျဖစ္ လႉဒါန္းခဲ့သည္။ထိုနာရီသည္ အဂၤလန္ႏိုင္ငံ Gillette & Johnson Co. မွ အနည္းငယ္ထုတ္ေသာနာရီျဖစ္ၿပီး Big Ben နာရီသံမ်ိဳးျဖစ္သည္။ တစ္ပတ္ ၂ ႀကိမ္ သံပတ္လွည့္ေပးရၿပီး ဒုတိယကမာၻစစ္အတြင္း ကလီစာမ်ား အခိုးခံရသည္ကို ဦးသိန္းနာရီဆိုင္မွ ျပန္လည္ျပဳျပင္ေပးခဲ့သည္။
15 Min တိုင္း တစ္ႀကိမ္ တီးခတ္သည္။ပြဲေကာက္ေရတံခြန္ကို အဂၤလိပ္တို႔က Hampshire ဟု ေခၚခဲ့သည္။ 1950 တြင္ BE တပ္ကထိုအနီးစခန္းခ်သျဖင့္ BE Fall ဟုေခၚဆိုခဲ့သည္။ 1963 တြင္ အိမ္ႀကီးမ်ားကို ျပည္ပိုင္ သိမ္းခဲ့ၿပီး၊ ေမၿမိဳ႕မွျပင္ဦးလြင္သို႔ 1990 ခန႔္တြင္ေျပာင္းလဲေခၚေဝၚကာ 2000 ခုႏွစ္တြင္ ႐ုကၡေဗဒဥယ်ာဥ္ကို အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ဟု ေျပာင္းလဲေခၚေဝၚ ပါေၾကာင္း တင္ျပလိုက္ပါသည္။
Credit – ေမၿမိဳ႕သတင္းစုံ