လူချမ်းသာတွေ လိုက်နာတဲ့ ပိုက်ဆံချွေတာရေး နည်းလမ်း ( ၃ ) ခု

KNOWLEDGE

လူချမ်းသာတွေ လိုက်နာတဲ့ ပိုက်ဆံချွေတာရေး နည်းလမ်း ( ၃ ) ခု

ပိုက်ဆံ ဟာ ချွေတာသုံးပြီးးမဖြုန်တီးသရွေ့ မိမိတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးတဲ့အရာ ဖြစ်ပါတယ်။ လူတွေအားလုံးဟာ နေ့စဉ်သုံးစွဲဖို့ ငွေကြေးတွေကို ရှာဖွေရင်းနဲ့ အချိန်တွေ အများကြီး ကုန်လာကြပါတယ်။

ဒီအချိန်မှာဂရုစိုက်ရမှာကတော့ လူချမ်းသာ ပိုက်ဆံကို ဘယ်လိုများ ချွေတာသုံးသလဲဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ဒီတခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ ချမ်းသာတဲ့လူတွေ လိုက်နာလေ့ရှိတဲ့ ပိုက်ဆံချွေတာနည်းတွေပဲ ဖြစ်ပါတယ်။

(၁) ၂၄ နာရီ စည်းမျဉ်း – ၂၄ နာရီစည်းမျဉ်းကတော့ ရိုးရှင်းပါတယ်။ သင်ပစ္စည်းတခုခုကို ဝယ်တော့မယ်ဆိုရင် တရက်လောက် သေချာစဉ်းစားဖို့ပါ။ လိုချင်တာလား၊ လိုအပ်တာလား ဆိုတာကို သေချာသိအောင် လုပ်ဖို့ လိုပါတယ်။ သင့်မှာ ရှိနေတဲ့ ပိုက်ဆံနဲ့ အဲဒီပစ္စည်းကို ဝယ်လိုက်မယ်ဆိုရင် အဆင်ပြေပါ့မလား စတာတွေကို စဉ်းစားဖို့ အချိန်တရက်လောက်တော့ ပေးသင့်ပါတယ်။

(၂) အတွေ့အကြုံဟာ တန်ဖိုးဖြတ်ရ ခက်ပါတယ် -တန်ဖိုးကြီး တဲ့ အရာတွေကို ဝယ်ယူသုံးစွဲခြင်းက သင့်ကို လူတွေအမြင်မှာ ချမ်းသာတဲ့ ပုံစံပေါက်စေပေမယ့် တချိန်ကျရင် ဒီပစ္စည်းတွေဟာ ဟောင်းနွမ်းပျက်စီးသွားမှာပါပဲ။ ဘယ်တော့မှ မဟောင်းနွမ်းဘဲသင့်ရဲ့ အတွေးထဲမှာ ထင်ကျန်နေမယ့် အရာကတော့ သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးထွက်ခြင်း၊ ပညာရပ်တခုခုကို ရှာဖွေခြင်းတွေကို လက်ထဲ ပိုက်ဆံရှိတဲ့ အချိန်မှာ ပြုလုပ်သင့်ပါတယ်။

(၃) အကြွေး အရင်ဆပ်ပါ – လစာ ထုတ်ပြီးတဲ့ အချိန်တွေမှာ စားသောက်ပျော်ပါးတာတွေ မလုပ်ခင် အကြွေးတွေနဲ့ အခွန်တွေကို အရင်ဆောင်ဖို့ လိုပါတယ်။ ရေခွန်၊ မီးခွန်၊ အိမ်လခ စတာတွေကို ပေးပြီးမှ အပျော်အပါးအတွက် ပိုက်ဆံသုံးသင့်ပါတယ်။ လစာထုတ်ပြီး နောက်တရက်မှာ ပိုက်ဆံအားလုံးကုန်ပြီး အကြွေးတွေနဲ့ တလလုံး မနေရအောင် သေချာစာရင်းပြုစုပြီးမှ ပိုက်ဆံကို သုံးဖို့ အကြံပေးချင်ပါတယ်။

Credit

Zawgyi

လူခ်မ္းသာေတြ လိုက္နာတဲ့ ပိုက္ဆံေခြၽတာေရး နည္းလမ္း ( ၃ ) ခု

ပိုက္ဆံ ဟာ ေခြၽတာသုံးၿပီးးမျဖဳန္တီးသေ႐ြ႕ မိမိတို႔ ျဖစ္ခ်င္တဲ့ ဆႏၵ၊ အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ေပးတဲ့အရာ ျဖစ္ပါတယ္။ လူေတြအားလုံးဟာ ေန႔စဥ္သုံးစြဲဖို႔ ေငြေၾကးေတြကို ရွာေဖြရင္းနဲ႔ အခ်ိန္ေတြ အမ်ားႀကီး ကုန္လာၾကပါတယ္။

ဒီအခ်ိန္မွာဂ႐ုစိုက္ရမွာကေတာ့ လူခ်မ္းသာ ပိုက္ဆံကို ဘယ္လိုမ်ား ေခြၽတာသုံးသလဲဆိုတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ဒီတခါ ေဖာ္ျပေပးခ်င္တဲ့ အေၾကာင္းအရာကေတာ့ ခ်မ္းသာတဲ့လူေတြ လိုက္နာေလ့ရွိတဲ့ ပိုက္ဆံေခြၽတာနည္းေတြပဲ ျဖစ္ပါတယ္။

(၁) ၂၄ နာရီ စည္းမ်ဥ္း – ၂၄ နာရီစည္းမ်ဥ္းကေတာ့ ႐ိုးရွင္းပါတယ္။ သင္ပစၥည္းတခုခုကို ဝယ္ေတာ့မယ္ဆိုရင္ တရက္ေလာက္ ေသခ်ာစဥ္းစားဖို႔ပါ။ လိုခ်င္တာလား၊ လိုအပ္တာလား ဆိုတာကို ေသခ်ာသိေအာင္ လုပ္ဖို႔ လိုပါတယ္။ သင့္မွာ ရွိေနတဲ့ ပိုက္ဆံနဲ႔ အဲဒီပစၥည္းကို ဝယ္လိုက္မယ္ဆိုရင္ အဆင္ေျပပါ့မလား စတာေတြကို စဥ္းစားဖို႔ အခ်ိန္တရက္ေလာက္ေတာ့ ေပးသင့္ပါတယ္။

(၂) အေတြ႕အႀကဳံဟာ တန္ဖိုးျဖတ္ရ ခက္ပါတယ္ -တန္ဖိုးႀကီး တဲ့ အရာေတြကို ဝယ္ယူသုံးစြဲျခင္းက သင့္ကို လူေတြအျမင္မွာ ခ်မ္းသာတဲ့ ပုံစံေပါက္ေစေပမယ့္ တခ်ိန္က်ရင္ ဒီပစၥည္းေတြဟာ ေဟာင္းႏြမ္းပ်က္စီးသြားမွာပါပဲ။ ဘယ္ေတာ့မွ မေဟာင္းႏြမ္းဘဲသင့္ရဲ႕ အေတြးထဲမွာ ထင္က်န္ေနမယ့္ အရာကေတာ့ သင္ႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကဳံေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခရီးထြက္ျခင္း၊ ပညာရပ္တခုခုကို ရွာေဖြျခင္းေတြကို လက္ထဲ ပိုက္ဆံရွိတဲ့ အခ်ိန္မွာ ျပဳလုပ္သင့္ပါတယ္။

(၃) အေႂကြး အရင္ဆပ္ပါ – လစာ ထုတ္ၿပီးတဲ့ အခ်ိန္ေတြမွာ စားေသာက္ေပ်ာ္ပါးတာေတြ မလုပ္ခင္ အေႂကြးေတြနဲ႔ အခြန္ေတြကို အရင္ေဆာင္ဖို႔ လိုပါတယ္။ ေရခြန္၊ မီးခြန္၊ အိမ္လခ စတာေတြကို ေပးၿပီးမွ အေပ်ာ္အပါးအတြက္ ပိုက္ဆံသုံးသင့္ပါတယ္။ လစာထုတ္ၿပီး ေနာက္တရက္မွာ ပိုက္ဆံအားလုံးကုန္ၿပီး အေႂကြးေတြနဲ႔ တလလုံး မေနရေအာင္ ေသခ်ာစာရင္းျပဳစုၿပီးမွ ပိုက္ဆံကို သုံးဖို႔ အႀကံေပးခ်င္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *