တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တာမို့ Nicole တို့မိသားစုလည်း ပံသကူပစ်အလှူလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ပံသကူပစ်မယ်ဆို ဘာတွေပစ်ကြမှာလဲ တိုင်ပင်ရင်းနဲ့ မေမေတို့က ငွေလည်းလှူမယ် ၊ အဝတ်စားအသစ်လေးတွေ ထည့်ပစ်လှူမယ်ဆိုတော့ ကိုယ်ကလည်း နိုင်သလောက် ပိုက်ဆံရော အစားအသောက်လေးတွေရော အဝတ်အထည်လေးတွေရော ထည့်လှူမယ်ပေါ့။ တိုင်ပင်ပြောကြရင်း အဝတ်အစားတွေလှူမယ်ဆိုတဲ့ အကြောင်းလည်းရောက်ရော အဝတ်အစားကို ဝတ်ပြီးသားအဟောင်းတွေ ပံ့သကူမလှူရဘူး ၊ အသစ်ပဲလှူကောင်းတယ် လို့ မေမေကပြောတဲ့အခါ…ဟယ် သမီးတော့ အဲ့လိုတခါမှ မကြားဖူးပါဘူး မေမေရယ်…အဟောင်းလည်း လှူလို့ရမှာပါ….ပံ့သကူသင်္ကန်းဆိုတာတောင် သူများစွန့်ပစ်ထားတဲ့ အဝတ်တွေကိုကောက်ပြီး လျှော်ဖွပ်ဆက်စပ်ချုပ်ပြီးဝတ်တာကို ခေါ်တာပဲ မဟုတ်ဘူးလား…ပံ့သကူပစ်တာကိုလည်း မဖြစ်မနေ အသစ်ကြပ်ချွတ်မှပစ်ရမယ်လို့ ဘယ်ရှိပါ့မလဲ လို့ ကိုယ်ကငြင်းတော့….မေမေက ပံ့သကူဆိုတာ ကောက်ရတဲ့သူ ပျော်အောင်ပစ်ရတဲ့ဟာကို နင် အဟောင်းမျင်းကြီးတွေ လိုက်ပစ်နေ ကောက်ရတဲ့သူက ပျော်ပါ့မလားဟဲ့…သာဓုတောင် ခေါ်မှာမဟုတ်ဘူး တဲ့ ?
သမီးလည်း ဖန်တရာတေဝတ်ပြီးသား ဖွတ်ဖွတ်ညက်ညက်ကြေ ဟောင်းနွမ်းစုတ်ပြတ်နေတာတွေ လှူဖို့မဟုတ်ပါဘူး…တစ်ခါ နှစ်ခါလောက်ဝတ်ပြီးပေမယ့် သစ်နေတုန်း ကောင်းနေတုန်း အဝတ်တွေထဲကပဲလှူမှာပါ…ခုတလော ရာသီဥတုကအေးလာတော့ ဆွယ်တာလေးတွေ အနွေးထည်လေးတွေ လိုတဲ့သူရပါစေဆိုပြီး လှူချင်လို့လေ…ဒါမယ့် လောလောဆယ် လက်ထဲ အသစ်ကြပ်ချွတ်က တစ်ထည်မှလည်း မရှိဘူးမို့ရယ် ဆိုတော့….ညီမလေးက ဝင်ပြောပြန်တယ်
အမေရယ် မချစ်လှူချင်တာ ပေးလှူလိုက်ပါ…အသစ်လောက် ကုသိုလ်မရလည်း အဟောင်းဆို ကုသိုလ်တစ်ဝက် ရမှာပေါ့တဲ့
အသစ်လှူမှ ကုသိုလ်အပြည့်….အဟောင်းလှူလို့ ကုသိုလ်တစ်ဝက်ဆိုတာမျိုး မရှိပါဘူးဟယ်…လှူချင်တဲ့ စိတ်စေတနာအလိုက်ပဲ အကျိုးပေးတာပါ ဆိုပြီး ကိုယ်ကပြန်ငြင်းတော့ ပံ့သကူ လှူဖို့အရေး အသစ်ပဲလှူရမှာလား အဟောင်းမလှူရဘူးလား ငြင်းခုန်ကြရပါလေရော
အဲ့မှာ တစ်အိမ်လုံးနဲ့တစ်ယောက်ငြင်းရတော့ အစာကမကြေဘူး…ပံ့သကူဆိုတာ ဘာမှန်းတောင်သေချာမသိဘဲ ငါ့လာပြိုင်ငြင်းနေကြပြန်ပြီ….အကိုးအကားနဲ့ကိုပြမှဖြစ်မယ် ဆိုပြီး စာအုပ်တွေလှန် google ခေါက်တော့တာပဲ
ဖတ်မိသမျှထဲတော့ ပံ့သကူဆိုတာ အသစ်ပဲလှူရမယ် ၊ အဟောင်းလည်းလှူလို့ရပါတယ်ဆိုတာတွေတော့ အတိအကျ ဘယ်မှာမှရေးမထားပါဘူးရယ်။အဲ့တော့ ဘာလှူသင့်မလှူသင့် စဉ်းစားလို့ရအောင် အဓိက ပံ့သကူရဲ့ အဓိပ္ပါယ်နဲ့ သမိုင်းကြောင်းလေးပဲပြောပြချင်ပါတယ်
ပံ့သကူ အဓိပ္ပါယ်
ပံ့သကူဆိုတာ ပံသုကူလ ဆိုတဲ့ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး ပံသုကူလ > ပံသုကူ မှတဆင့် ပံ့သကူ လို့ခေါ်ဝေါ်လာခဲ့ကြတာပါ ၊ အဓိပ္ပါယ်ကတော့…..ပါပံသုကူလ = မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ်လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက ဘုရားရှင်ကိုယ်တော်တိုင်ရော၊ရဟန်းတော်တွေပါ သင်္ကန်းအတွက် လူတွေစွန့်ပစ်ထားတဲ့ အဝတ်တွေ…လူသေကောင်မှာ ဝတ်ထားတဲ့အဝတ်တွေကိုကောက်ယူပြီး သစ်ခေါက်ရည်ဆိုးချုပ်လုပ်ပြီး သင်္ကန်းအဖြစ်နဲ့ဝတ်ရုံဆင်မြန်းခဲ့ကြတာပါ ၊ ဒီသင်္ကန်းမျိုးကို ပံသုကူလစီဝရံ…ပံ့သကူသင်္ကန်း လို့ ခေါ်တာပဲဖြစ်ပါတယ်
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် လူသေအလောင်းက ပိုးလောက်တွေ တဖွားဖွားကပ်နေတဲ့ အဝတ်ကိုခွာယူပြီး ကိုယ်တိုင်လျှော်လှမ်းပြီး ပံ့သကူသင်္ကန်းအဖြစ်ရုံတော်မူခဲ့ပါတယ်။ ဒကာ၊ဒကာမ လှူတဲ့သင်္ကန်းရယ်လို့ မရှိသေးတဲ့အချိန် ဝါတော် (၂၀) အတွင်းလောက်ထိ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရော….ဧဟိဘိက္ခု အခေါ်ခံရတဲ့ ရဟန်းတော်မှတစ်ပါး ကျန်ရဟန်းတော်တွေရောဟာ ပံသကူရုံကြ၊ ပံ့သကူဝတ်ကြ၊ ပံ့သကူဆောင်ကြ၊ ပံ့သကူကောက်ကြပါတယ်၊၊ မြတ်စွာဘုရား ဝါတော် (၂၀) လောက်ရှိလာတဲ့အခါကျမှ ဆရာဇီဝကက အဖိုးတန်နူးညံ့တဲ့အဝတ်တွေရတဲ့အခါ မြတ်စွာဘုရားရှင်ကို လှူချင်တာကြောင့်…ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်း လှူတယ်၊ သံဃာတော်တွေကို ဒကာ ဒကာမလှူတဲ့ သင်္ကန်းခွင့်ပြုဖို့လည်း လျှောက်ထားတဲ့အခါ အဲဒီလျှောက်ထားချက်ကို အကြောင်းပြုပြီး ဘုရားရှင်က ကိုယ်တော်တိုင်လည်း ခံယူတော်မူခဲ့ပြီး သံဃာတော်တွေကိုလည်း သင်္ကန်းခွင့်ပြုတော်မူခဲ့တာဖြစ်ပါတယ်။ (အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်ဥပဥက္ကဋ္ဌ ကျေးဇူတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာ ဘိဝံသ ၏ သပြေကန် တရားပေါင်းချုပ် အမှတ် (၂) မှ ကောက်နုတ်ဖော်ပြပါသည်)
နောက်ထပ် တစ်ခုအနေနဲ့ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်) ရဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ ဆောင်းပါးကနေ ကောက်နှုတ်ဖော်ပြရရင်တော့ ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပြီး ၊ ပံ့သကူ ကောက်တယ်ဆိုတာ ပိုင်ရှင်မရှိတာ သေချာတဲ့ ပစ္စည်းကိုကောက်ယူအသုံးပြုတာ ဖြစ်ပါတယ်။ အဲ့ဒီဆောင်းပါးပါ ဇတ်တော်ပြောရရင်…. မဟာဇနက မင်းသား တောထွက်တော့ ရွာနီးချုပ်စပ်တနေရာမှာ အမဲကင်တစ်ခု ချီလာတဲ့ခွေးဟာ လူစုစုကိုမြင်တာနဲ့လန့်ပြီးအမဲကင်ကိုပစ်ချ ထွက်ပြေးသွားတဲ့အခါ ခွေးပစ်ချခဲ့ပါသတဲ့ ၊ အဲ့ဒီအခါ မဟာဇနကမင်းသားဟာ ‘ခွေးလည်း ပြေးပြီ…ဘယ်သူကမှ ဒါ ငါ့ဟာပါလို့ မတောင်းဆိုဘဲ ကိုယ့်မျက်စိ ရှေ့မှောက်ကို ရောက်လာတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် ပံ့သကူ ပစ္စည်းဖြစ်တယ် ၊ စားသုံးခွင့် ရှိတယ် ၊ မွန်မြတ် ပေတယ်လို့ သဘောကျ တာနဲ့ ကောက်ယူကာ ဆေးကြာပြီး သုံးဆောင်တော်မူခဲ့ပါတယ်” တဲ့
ဆိုတော့ ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ပစ္စည်း စွန့်ပစ်ထားတဲ့ပစ္စည်းကို ကောက်ယူသုံးစွဲခြင်းပါပဲ၊ မလိုလို့စွန့်ပစ်လိုက်ပြီဆိုတည်းက ဟောင်းနွမ်းနေတာ သုံးလို့မကောင်းတော့တာတွေသာ ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် သိထားရမှာက ရဟန်းတော်တွေ ကောက်ယူသင်္ကန်းချုပ်ခဲ့ကြတဲ့ အဝတ်တွေပစ်ခဲ့တဲ့သူတွေဟာ အလှူအနေနဲ့ သင်္ကန်းချုပ်ဖို့ရည်ရွယ်ပြီး ပစ်ပေးခဲ့တာ မဟုတ်ဘဲ ဒီတိုင်းသူတို့ အသုံးမလိုလို့ ပစ်ထားခဲ့တာသာဖြစ်တယ်ဆိုတာပါ။
အဲ့ဒီမှာမှ သင်္ကန်းဝတ်လို့ရအောင် ရည်ရွယ်ပြီးတမင် ပံသကူအနေနဲ့ ပေးလှူခဲ့တဲ့ အစပထမကတော့ နတ်သမီးတစ်ပါးပါပဲ။ တန်ဆောင်မုန်းလပြည့်နေ့ရဲ့နံနက်အစောပိုင်းအခါတစ်ပါးမှာ…အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီးဟာ ရုံထားဆဲသင်္ကန်းက အတော် ဟောင်းနွမ်းပြီဖြစ်တဲ့အတွက် အမှိုက်ပုံတွေမှာ ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။ အဲ့ဒီအခါ ဘဝဟောင်းတုန်းက ဇနီးမယားတော်စပ်ခဲ့ဖူးတဲ့ ဇာလိနီနတ်သမီးဟာ သင်္ကန်းအတွက်အဝတ်တွေပေးလှူချင်ပေမယ့် သူကိုယ်တိုင်လှူရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက် မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံနားမှာ နတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး ပံသကူပစ်လှူဒါန်းခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ ကျမ်းအချို့မှာ ပြဆိုထားပါတယ်။ အဲ့ဒီလို ဇာလိနီနတ်သမီးရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အဝတ်အထည်ပံ့သကူပစ်ခြင်းကို အကြောင်းပြုပြီး….နောက်ပိုင်းကာလတွေမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း လူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီး လူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ ငွေ အဝတ်အထည်စတဲ့ အလှူပစ္စည်းတွေကို ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေး မြင်တွေ့သူတို့ရကြပါစေ…ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ ဆိုတဲ့ အနှောင်အဖွဲ့
ကင်းတဲ့ ကုသိုလ်ဒါနစိတ်မျိုးနဲ့ ပံ့သကူပေးလှူနေကြတာဖြစ်ပါတယ်
ဆိုတော့ ပြောချင်တာ ပံ့သကူဆိုတာ စွန့်ပစ်ထားတဲ့အဟောင်းကောက်ယူသုံးစွဲတာကစတဲ့ အလေ့အထမို့ ပံ့သကူပစ်တော့လည်း အဟောင်းတွေပဲ ပစ်ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူးနော် ၊ ဒီလို အဓိပ္ပါယ်နဲ့ ဒီလိုသမိုင်းကြောင်းရှိခဲ့တယ် ဆိုတာရယ် အသစ်ကြပ်ချွတ်ပဲ ပေးလှူရမယ်ဆိုတဲ့ စည်းကမ်းချက်မျိုး မရှိဘူး ဆိုတာလေးရယ်ပဲ ပြောပြချင်တာပါ။
ပံ့သကူပစ်တယ် ဆိုတာလည်း အလှူဒါနပြုခြင်းသာဖြစ်လို့ အလှူပေးတဲ့အခါ စေတနာ ၃တန်နဲ့ ကိုယ်ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံး အသစ်ဆုံးတွေ စေတနာထားပေးလှူရင်တော့ အကောင်းဆုံးပါပဲနော်။
Nicole ကတော့ ဒီနေ့လပြည့်ည နည်းနည်းမှောင်စပြုတဲ့အချိန်လေးမှာ ပံ့သကူလိုက်ပစ်ပါမယ် ၊ ပြောခဲ့သလိုပဲ ငွေရယ် ၊ အဝတ်အစားရယ် ၊ skincare နဲ့ cosmetic လေးတွေရယ် (ကိုယ်ရောင်းတဲ့ အလှအပ ပစ္စည်းလေးတွေလည်း ထည့်လှူချင်စိတ်ပေါက်တာနဲ့ ထည့်လှူထားတာပါ) ၊ စားစရာအနေနဲ့ ကော်ဖီမစ်ထုပ်လေးတွေလည်းပါပါတယ်…ကိုယ်က ကော်ဖီသိပ်ကြိုက်တာမို့ ကိုယ့်လို ကော်ဖီကြိုက်တဲ့သူတွေများရရင် စိတ်ပျော်ရွှင်ပါစေဆိုပြီး ကော်ဖီမစ်လှူတာပါ။ ပံ့သကူပစ်တဲ့အခါ ပစ္စည်းတွေကို ပံ့သကူပစ်ထားတာမှန်း သိသာအောင် ပံ့သကူပေးလှူပါသည်လို့ စာလေးတွေကပ်ပေးထားပြီး…အန္တရာယ်မရှိတဲ့ ပစ္စည်းမှန်းသိပြီး စိတ်ချလက်ချ ကောက်ယူနိုင်အောင် အများသောအားဖြင့် မြင်သာတဲ့ အိတ်အကြည်နဲ့ထည့်ပေးထားပြီး မမြင်ရတဲ့အိတ်ဆို ဘာပစ္စည်းဆိုတာ စာရေးကပ်ပေးထားပါတယ်
ကော်ဖီထုပ်လေးတွေဆိုရင်…. date မလွန်သေးတဲ့ အကောင်းတွေမို့ စိတ်ချပြီး သောက်လို့ရကြောင်း စာလေးပါသေချာထည့်ရေးပေးထားပါတယ်…ဘာလို့ဆို ပံ့သကူကောက်လာတဲ့ ကော်ဖီမစ်ထုပ်ဖောက်စားပြီး ကလေးမလေး ၂ ယောက်သေသွားတယ်ဆိုတဲ့ သတင်းကို မနှစ်ကလား ဖတ်ထားရတာမို့ ကိုယ့်ကော်ဖီမစ်ရတဲ့သူတွေ အဲ့သတင်းကြားထားမိပြီး expire date ကလည်းမကြည့်တတ်တဲ့သူမျိုးဖြစ်နေမယ်ဆို မသောက်ရဲတာမျိုး မဖြစ်အောင်စာသေချာရေးထည့်ထားတာပါ
လှူတဲ့အခါ….လှူဒါန်းရတဲ့အကျိုးကြောင့် ဘာဖြစ်ရပါစေ ညာဖြစ်ရပါစေ သိန်းထီဆုကြီးပေါက်ပါစေဆိုတဲ့ အကျိုးမြှော်ကိုးဆုတွေတောင်းမနေတော့ဘဲ အစစအရာရာ ကြပ်တည်းတဲ့ ခေတ်မှာ ကိုယ်လှူတာလေးရတဲ့သူတွေ နည်းတယ်များတယ် မဖြစ်ဘဲ ပျော်ရွှင်သွားကြပါစေဆိုတဲ့ စေတနာနဲ့…..”ကျွန်မ ပေးလှူထားတဲ့ ပံ့သကူပစ္စည်းရကြသူတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးဆိုးကပ်ဆိုးရန်များက ကင်းပါစေ သောကကင်းပါစေလို့”ပဲ မေတ္တာလေးပို့ပြီး ပေးလှူပါ့မယ်ဆိုတာ အသိပေးရင်း ပံ့သကူအလှူအပြင် ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့တကွ Nicole ပြုသမျှ ကုသိုလ်အဝဝ တို့ကို ဝေမျှရလိုက်ရပါတယ်…သာဓုခေါ်နိုင်ကြပါတယ်ရှင်
နောက်ဆုံးအနေနဲ့ ဖတ်ဖူးတဲ့ထဲက မဟာပံ့သကူအလှူဆိုတာလေး ပြောပြပေးချင်ပါသေးတယ်။ အဲဒါကတော့….ရဟန်းတော်တွေသီတင်းသုံးကြတဲ့ ဘုန်းကြီးကျောင်းအနီးအနားနဲ့ ဘုန်းဘုန်းတွေ မြင်သာမယ့်နေရာမျိုးမှာ ထီး၊ဖိနပ်၊ယပ်၊သင်္ကန်း၊ဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ် (ဝတ္ထုငွေလုံးဝမပါရ) စတဲ့ ရဟန်းတော်တို့နဲ့အပ်စပ်ရာကို ပံသကူအလှူပါဘုရား…လို့စာရေးသားပြီး အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင် အဲ့ဒီပံ့သကူဟာ သာမန်ပံ့သကူထက်ပို လွန်စွာအကျိုးကြီးသော မဟာပံ့သကူ ဖြစ်လို့ပေးလှူကောင်းတယ် လို့ ဖတ်ဖူးတာလေးကို နောက်ဆုံးအနေနဲ့ ဝေမျှလိုက်ပါတယ်နော်….Nicole တော့ ဒီနှစ် မလှူဖြစ်လိုက်တော့ပေမယ့် လှူနိုင်တဲ့သူများ လှူလို့ရအောင်ပါရှင့် ။
Zawgyi
တန္ေဆာင္မုန္းလျပည့္ေန႔ျဖစ္တာမို႔ Nicole တို႔မိသားစုလည္း ပံသကူပစ္အလႉလုပ္ဖို႔ ျပင္ဆင္ၾကပါတယ္။ ပံသကူပစ္မယ္ဆို ဘာေတြပစ္ၾကမွာလဲ တိုင္ပင္ရင္းနဲ႔ ေမေမတို႔က ေငြလည္းလႉမယ္ ၊ အဝတ္စားအသစ္ေလးေတြ ထည့္ပစ္လႉမယ္ဆိုေတာ့ ကိုယ္ကလည္း ႏိုင္သေလာက္ ပိုက္ဆံေရာ အစားအေသာက္ေလးေတြေရာ အဝတ္အထည္ေလးေတြေရာ ထည့္လႉမယ္ေပါ့။ တိုင္ပင္ေျပာၾကရင္း အဝတ္အစားေတြလႉမယ္ဆိုတဲ့ အေၾကာင္းလည္းေရာက္ေရာ အဝတ္အစားကို ဝတ္ၿပီးသားအေဟာင္းေတြ ပံ့သကူမလႉရဘူး ၊ အသစ္ပဲလႉေကာင္းတယ္ လို႔ ေမေမကေျပာတဲ့အခါ…ဟယ္ သမီးေတာ့ အဲ့လိုတခါမွ မၾကားဖူးပါဘူး ေမေမရယ္…အေဟာင္းလည္း လႉလို႔ရမွာပါ….ပံ့သကူသကၤန္းဆိုတာေတာင္ သူမ်ားစြန႔္ပစ္ထားတဲ့ အဝတ္ေတြကိုေကာက္ၿပီး ေလွ်ာ္ဖြပ္ဆက္စပ္ခ်ဳပ္ၿပီးဝတ္တာကို ေခၚတာပဲ မဟုတ္ဘူးလား…ပံ့သကူပစ္တာကိုလည္း မျဖစ္မေန အသစ္ၾကပ္ခြၽတ္မွပစ္ရမယ္လို႔ ဘယ္ရွိပါ့မလဲ လို႔ ကိုယ္ကျငင္းေတာ့….ေမေမက ပံ့သကူဆိုတာ ေကာက္ရတဲ့သူ ေပ်ာ္ေအာင္ပစ္ရတဲ့ဟာကို နင္ အေဟာင္းမ်င္းႀကီးေတြ လိုက္ပစ္ေန ေကာက္ရတဲ့သူက ေပ်ာ္ပါ့မလားဟဲ့…သာဓုေတာင္ ေခၚမွာမဟုတ္ဘူး တဲ့ ?
သမီးလည္း ဖန္တရာေတဝတ္ၿပီးသား ဖြတ္ဖြတ္ညက္ညက္ေၾက ေဟာင္းႏြမ္းစုတ္ျပတ္ေနတာေတြ လႉဖို႔မဟုတ္ပါဘူး…တစ္ခါ ႏွစ္ခါေလာက္ဝတ္ၿပီးေပမယ့္ သစ္ေနတုန္း ေကာင္းေနတုန္း အဝတ္ေတြထဲကပဲလႉမွာပါ…ခုတေလာ ရာသီဥတုကေအးလာေတာ့ ဆြယ္တာေလးေတြ အေႏြးထည္ေလးေတြ လိုတဲ့သူရပါေစဆိုၿပီး လႉခ်င္လို႔ေလ…ဒါမယ့္ ေလာေလာဆယ္ လက္ထဲ အသစ္ၾကပ္ခြၽတ္က တစ္ထည္မွလည္း မရွိဘူးမို႔ရယ္ ဆိုေတာ့….ညီမေလးက ဝင္ေျပာျပန္တယ္
အေမရယ္ မခ်စ္လႉခ်င္တာ ေပးလႉလိုက္ပါ…အသစ္ေလာက္ ကုသိုလ္မရလည္း အေဟာင္းဆို ကုသိုလ္တစ္ဝက္ ရမွာေပါ့တဲ့
အသစ္လႉမွ ကုသိုလ္အျပည့္….အေဟာင္းလႉလို႔ ကုသိုလ္တစ္ဝက္ဆိုတာမ်ိဳး မရွိပါဘူးဟယ္…လႉခ်င္တဲ့ စိတ္ေစတနာအလိုက္ပဲ အက်ိဳးေပးတာပါ ဆိုၿပီး ကိုယ္ကျပန္ျငင္းေတာ့ ပံ့သကူ လႉဖို႔အေရး အသစ္ပဲလႉရမွာလား အေဟာင္းမလႉရဘူးလား ျငင္းခုန္ၾကရပါေလေရာ
အဲ့မွာ တစ္အိမ္လုံးနဲ႔တစ္ေယာက္ျငင္းရေတာ့ အစာကမေၾကဘူး…ပံ့သကူဆိုတာ ဘာမွန္းေတာင္ေသခ်ာမသိဘဲ ငါ့လာၿပိဳင္ျငင္းေနၾကျပန္ၿပီ….အကိုးအကားနဲ႔ကိုျပမွျဖစ္မယ္ ဆိုၿပီး စာအုပ္ေတြလွန္ google ေခါက္ေတာ့တာပဲ
ဖတ္မိသမွ်ထဲေတာ့ ပံ့သကူဆိုတာ အသစ္ပဲလႉရမယ္ ၊ အေဟာင္းလည္းလႉလို႔ရပါတယ္ဆိုတာေတြေတာ့ အတိအက် ဘယ္မွာမွေရးမထားပါဘူးရယ္။အဲ့ေတာ့ ဘာလႉသင့္မလႉသင့္ စဥ္းစားလို႔ရေအာင္ အဓိက ပံ့သကူရဲ႕ အဓိပၸါယ္နဲ႔ သမိုင္းေၾကာင္းေလးပဲေျပာျပခ်င္ပါတယ္
ပံ့သကူ အဓိပၸါယ္
ပံ့သကူဆိုတာ ပံသုကူလ ဆိုတဲ့ပါဠိစကားကေန ဆင္းသက္လာခဲ့တာျဖစ္ၿပီး ပံသုကူလ > ပံသုကူ မွတဆင့္ ပံ့သကူ လို႔ေခၚေဝၚလာခဲ့ၾကတာပါ ၊ အဓိပၸါယ္ကေတာ့…..ပါပံသုကူလ = ေျမမႈန႔္ကဲ့သို႔စက္ဆုတ္ဖြယ္ေကာင္းေသာအဝတ္လို႔ အဓိပၸါယ္ရပါတယ္တဲ့။ ျမတ္စြာဘုရားသက္ေတာ္ထင္ရွားရွိစဥ္အခါက ဘုရားရွင္ကိုယ္ေတာ္တိုင္ေရာ၊ရဟန္းေတာ္ေတြပါ သကၤန္းအတြက္ လူေတြစြန႔္ပစ္ထားတဲ့ အဝတ္ေတြ…လူေသေကာင္မွာ ဝတ္ထားတဲ့အဝတ္ေတြကိုေကာက္ယူၿပီး သစ္ေခါက္ရည္ဆိုးခ်ဳပ္လုပ္ၿပီး သကၤန္းအျဖစ္နဲ႔ဝတ္႐ုံဆင္ျမန္းခဲ့ၾကတာပါ ၊ ဒီသကၤန္းမ်ိဳးကို ပံသုကူလစီဝရံ…ပံ့သကူသကၤန္း လို႔ ေခၚတာပဲျဖစ္ပါတယ္
ျမတ္စြာဘုရားရွင္ကိုယ္ေတာ္တိုင္ လူေသအေလာင္းက ပိုးေလာက္ေတြ တဖြားဖြားကပ္ေနတဲ့ အဝတ္ကိုခြာယူၿပီး ကိုယ္တိုင္ေလွ်ာ္လွမ္းၿပီး ပံ့သကူသကၤန္းအျဖစ္႐ုံေတာ္မူခဲ့ပါတယ္။ ဒကာ၊ဒကာမ လႉတဲ့သကၤန္းရယ္လို႔ မရွိေသးတဲ့အခ်ိန္ ဝါေတာ္ (၂၀) အတြင္းေလာက္ထိ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္တိုင္ေရာ….ဧဟိဘိကၡဳ အေခၚခံရတဲ့ ရဟန္းေတာ္မွတစ္ပါး က်န္ရဟန္းေတာ္ေတြေရာဟာ ပံသကူ႐ုံၾက၊ ပံ့သကူဝတ္ၾက၊ ပံ့သကူေဆာင္ၾက၊ ပံ့သကူေကာက္ၾကပါတယ္၊၊ ျမတ္စြာဘုရား ဝါေတာ္ (၂၀) ေလာက္ရွိလာတဲ့အခါက်မွ ဆရာဇီဝကက အဖိုးတန္ႏူးညံ့တဲ့အဝတ္ေတြရတဲ့အခါ ျမတ္စြာဘုရားရွင္ကို လႉခ်င္တာေၾကာင့္…ဘုရားရွင္ကိုယ္ေတာ္ျမတ္ကိုလည္း လႉတယ္၊ သံဃာေတာ္ေတြကို ဒကာ ဒကာမလႉတဲ့ သကၤန္းခြင့္ျပဳဖို႔လည္း ေလွ်ာက္ထားတဲ့အခါ အဲဒီေလွ်ာက္ထားခ်က္ကို အေၾကာင္းျပဳၿပီး ဘုရားရွင္က ကိုယ္ေတာ္တိုင္လည္း ခံယူေတာ္မူခဲ့ၿပီး သံဃာေတာ္ေတြကိုလည္း သကၤန္းခြင့္ျပဳေတာ္မူခဲ့တာျဖစ္ပါတယ္။ (အဘိဓဇမဟာရ႒ဂု႐ု ေ႐ႊက်င္ဥပဥကၠ႒ ေက်းဇူေတာ္ရွင္ သေျပကန္ဆရာေတာ္ဘုရားႀကီး အရွင္ဝါေသ႒ာ ဘိဝံသ ၏ သေျပကန္ တရားေပါင္းခ်ဳပ္ အမွတ္ (၂) မွ ေကာက္ႏုတ္ေဖာ္ျပပါသည္)
ေနာက္ထပ္ တစ္ခုအေနနဲ႔ ေဒါက္တာ မတင္ဝင္း (ပညာေရးတကၠသိုလ္) ရဲ႕ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလထုတ္ ေငြတာရီမဂၢဇင္းပါ ေဆာင္းပါးကေန ေကာက္ႏႈတ္ေဖာ္ျပရရင္ေတာ့ ပံ့သကူဆိုတာ ပိုင္ရွင္မရွိတဲ့ ပစၥည္း ၊ အလိုအေလွ်ာက္ ရရွိလာတဲ့ ပစၥည္းမ်ားကို ေခၚတာ ျဖစ္ၿပီး ၊ ပံ့သကူ ေကာက္တယ္ဆိုတာ ပိုင္ရွင္မရွိတာ ေသခ်ာတဲ့ ပစၥည္းကိုေကာက္ယူအသုံးျပဳတာ ျဖစ္ပါတယ္။ အဲ့ဒီေဆာင္းပါးပါ ဇတ္ေတာ္ေျပာရရင္…. မဟာဇနက မင္းသား ေတာထြက္ေတာ့ ႐ြာနီးခ်ဳပ္စပ္တေနရာမွာ အမဲကင္တစ္ခု ခ်ီလာတဲ့ေခြးဟာ လူစုစုကိုျမင္တာနဲ႔လန႔္ၿပီးအမဲကင္ကိုပစ္ခ် ထြက္ေျပးသြားတဲ့အခါ ေခြးပစ္ခ်ခဲ့ပါသတဲ့ ၊ အဲ့ဒီအခါ မဟာဇနကမင္းသားဟာ ‘ေခြးလည္း ေျပးၿပီ…ဘယ္သူကမွ ဒါ ငါ့ဟာပါလို႔ မေတာင္းဆိုဘဲ ကိုယ့္မ်က္စိ ေရွ႕ေမွာက္ကို ေရာက္လာတဲ့ ပစၥည္းျဖစ္တဲ့ အတြက္ ပံ့သကူ ပစၥည္းျဖစ္တယ္ ၊ စားသုံးခြင့္ ရွိတယ္ ၊ မြန္ျမတ္ ေပတယ္လို႔ သေဘာက် တာနဲ႔ ေကာက္ယူကာ ေဆးၾကာၿပီး သုံးေဆာင္ေတာ္မူခဲ့ပါတယ္” တဲ့
ဆိုေတာ့ ပံ့သကူဆိုတာ ပိုင္ရွင္မရွိတဲ့ပစၥည္း စြန႔္ပစ္ထားတဲ့ပစၥည္းကို ေကာက္ယူသုံးစြဲျခင္းပါပဲ၊ မလိုလို႔စြန႔္ပစ္လိုက္ၿပီဆိုတည္းက ေဟာင္းႏြမ္းေနတာ သုံးလို႔မေကာင္းေတာ့တာေတြသာ ျဖစ္ဖို႔မ်ားပါတယ္။ ဒါေပမယ့္ သိထားရမွာက ရဟန္းေတာ္ေတြ ေကာက္ယူသကၤန္းခ်ဳပ္ခဲ့ၾကတဲ့ အဝတ္ေတြပစ္ခဲ့တဲ့သူေတြဟာ အလႉအေနနဲ႔ သကၤန္းခ်ဳပ္ဖို႔ရည္႐ြယ္ၿပီး ပစ္ေပးခဲ့တာ မဟုတ္ဘဲ ဒီတိုင္းသူတို႔ အသုံးမလိုလို႔ ပစ္ထားခဲ့တာသာျဖစ္တယ္ဆိုတာပါ။
အဲ့ဒီမွာမွ သကၤန္းဝတ္လို႔ရေအာင္ ရည္႐ြယ္ၿပီးတမင္ ပံသကူအေနနဲ႔ ေပးလႉခဲ့တဲ့ အစပထမကေတာ့ နတ္သမီးတစ္ပါးပါပဲ။ တန္ေဆာင္မုန္းလျပည့္ေန႔ရဲ႕နံနက္အေစာပိုင္းအခါတစ္ပါးမွာ…အရွင္အႏု႐ုဒၶါမေထရ္ျမတ္ႀကီးဟာ ႐ုံထားဆဲသကၤန္းက အေတာ္ ေဟာင္းႏြမ္းၿပီျဖစ္တဲ့အတြက္ အမႈိက္ပုံေတြမွာ ပံ့သကူအဝတ္ အရွာထြက္ခဲ့ပါတယ္။ အဲ့ဒီအခါ ဘဝေဟာင္းတုန္းက ဇနီးမယားေတာ္စပ္ခဲ့ဖူးတဲ့ ဇာလိနီနတ္သမီးဟာ သကၤန္းအတြက္အဝတ္ေတြေပးလႉခ်င္ေပမယ့္ သူကိုယ္တိုင္လႉရင္(နတ္ဝတ္တန္ဆာေတြမို႔) မေထရ္ႀကီးက အလႉမခံမွာကို သိတဲ့အတြက္ မေထရ္ႀကီးေရာက္ရွိလာမယ့္ အမႈိက္ပုံနားမွာ နတ္အဝတ္၃ထည္ကို မသိမသာ စြန႔္ပစ္လႉထားခဲ့ရာကေန စၿပီး ပံသကူပစ္လႉဒါန္းျခင္းဓေလ့ အစျပဳခဲ့တာျဖစ္တယ္လို႔ က်မ္းအခ်ိဳ႕မွာ ျပဆိုထားပါတယ္။ အဲ့ဒီလို ဇာလိနီနတ္သမီးရဲ႕ တန္ေဆာင္မုန္းလျပည့္ေန႔မွာ အဝတ္အထည္ပံ့သကူပစ္ျခင္းကို အေၾကာင္းျပဳၿပီး….ေနာက္ပိုင္းကာလေတြမွာလည္း တန္ေဆာင္မုန္းလျပည့္ေန႔ေရာက္တိုင္း လူသူေလးပါးကင္းဆိတ္ခ်ိန္ကိုေ႐ြးၿပီး လူျမင္သာတဲ့လမ္းဆုံလမ္းခြေနရာမ်ိဳးေတြမွာ ေငြ အဝတ္အထည္စတဲ့ အလႉပစၥည္းေတြကို ခ်ထားခဲ့ၾကၿပီး အယုတ္အလတ္အျမတ္မေ႐ြး ျမင္ေတြ႕သူတို႔ရၾကပါေစ…ရရွိၿပီးလည္းဝမ္းေျမာက္ေပ်ာ္႐ႊင္ႏိုင္ၾကပါေစ ဆိုတဲ့ အေႏွာင္အဖြဲ႕
ကင္းတဲ့ ကုသိုလ္ဒါနစိတ္မ်ိဳးနဲ႔ ပံ့သကူေပးလႉေနၾကတာျဖစ္ပါတယ္
ဆိုေတာ့ ေျပာခ်င္တာ ပံ့သကူဆိုတာ စြန႔္ပစ္ထားတဲ့အေဟာင္းေကာက္ယူသုံးစြဲတာကစတဲ့ အေလ့အထမို႔ ပံ့သကူပစ္ေတာ့လည္း အေဟာင္းေတြပဲ ပစ္ရမယ္လို႔ ေျပာခ်င္တာမဟုတ္ပါဘူးေနာ္ ၊ ဒီလို အဓိပၸါယ္နဲ႔ ဒီလိုသမိုင္းေၾကာင္းရွိခဲ့တယ္ ဆိုတာရယ္ အသစ္ၾကပ္ခြၽတ္ပဲ ေပးလႉရမယ္ဆိုတဲ့ စည္းကမ္းခ်က္မ်ိဳး မရွိဘူး ဆိုတာေလးရယ္ပဲ ေျပာျပခ်င္တာပါ။
ပံ့သကူပစ္တယ္ ဆိုတာလည္း အလႉဒါနျပဳျခင္းသာျဖစ္လို႔ အလႉေပးတဲ့အခါ ေစတနာ ၃တန္နဲ႔ ကိုယ္ကိုယ္တတ္ႏိုင္သမွ်ထဲက အေကာင္းဆုံး အသစ္ဆုံးေတြ ေစတနာထားေပးလႉရင္ေတာ့ အေကာင္းဆုံးပါပဲေနာ္။
Nicole ကေတာ့ ဒီေန႔လျပည့္ည နည္းနည္းေမွာင္စျပဳတဲ့အခ်ိန္ေလးမွာ ပံ့သကူလိုက္ပစ္ပါမယ္ ၊ ေျပာခဲ့သလိုပဲ ေငြရယ္ ၊ အဝတ္အစားရယ္ ၊ skincare နဲ႔ cosmetic ေလးေတြရယ္ (ကိုယ္ေရာင္းတဲ့ အလွအပ ပစၥည္းေလးေတြလည္း ထည့္လႉခ်င္စိတ္ေပါက္တာနဲ႔ ထည့္လႉထားတာပါ) ၊ စားစရာအေနနဲ႔ ေကာ္ဖီမစ္ထုပ္ေလးေတြလည္းပါပါတယ္…ကိုယ္က ေကာ္ဖီသိပ္ႀကိဳက္တာမို႔ ကိုယ့္လို ေကာ္ဖီႀကိဳက္တဲ့သူေတြမ်ားရရင္ စိတ္ေပ်ာ္႐ႊင္ပါေစဆိုၿပီး ေကာ္ဖီမစ္လႉတာပါ။ ပံ့သကူပစ္တဲ့အခါ ပစၥည္းေတြကို ပံ့သကူပစ္ထားတာမွန္း သိသာေအာင္ ပံ့သကူေပးလႉပါသည္လို႔ စာေလးေတြကပ္ေပးထားၿပီး…အႏၲရာယ္မရွိတဲ့ ပစၥည္းမွန္းသိၿပီး စိတ္ခ်လက္ခ် ေကာက္ယူႏိုင္ေအာင္ အမ်ားေသာအားျဖင့္ ျမင္သာတဲ့ အိတ္အၾကည္နဲ႔ထည့္ေပးထားၿပီး မျမင္ရတဲ့အိတ္ဆို ဘာပစၥည္းဆိုတာ စာေရးကပ္ေပးထားပါတယ္
ေကာ္ဖီထုပ္ေလးေတြဆိုရင္…. date မလြန္ေသးတဲ့ အေကာင္းေတြမို႔ စိတ္ခ်ၿပီး ေသာက္လို႔ရေၾကာင္း စာေလးပါေသခ်ာထည့္ေရးေပးထားပါတယ္…ဘာလို႔ဆို ပံ့သကူေကာက္လာတဲ့ ေကာ္ဖီမစ္ထုပ္ေဖာက္စားၿပီး ကေလးမေလး ၂ ေယာက္ေသသြားတယ္ဆိုတဲ့ သတင္းကို မႏွစ္ကလား ဖတ္ထားရတာမို႔ ကိုယ့္ေကာ္ဖီမစ္ရတဲ့သူေတြ အဲ့သတင္းၾကားထားမိၿပီး expire date ကလည္းမၾကည့္တတ္တဲ့သူမ်ိဳးျဖစ္ေနမယ္ဆို မေသာက္ရဲတာမ်ိဳး မျဖစ္ေအာင္စာေသခ်ာေရးထည့္ထားတာပါ
လႉတဲ့အခါ….လႉဒါန္းရတဲ့အက်ိဳးေၾကာင့္ ဘာျဖစ္ရပါေစ ညာျဖစ္ရပါေစ သိန္းထီဆုႀကီးေပါက္ပါေစဆိုတဲ့ အက်ိဳးေျမႇာ္ကိုးဆုေတြေတာင္းမေနေတာ့ဘဲ အစစအရာရာ ၾကပ္တည္းတဲ့ ေခတ္မွာ ကိုယ္လႉတာေလးရတဲ့သူေတြ နည္းတယ္မ်ားတယ္ မျဖစ္ဘဲ ေပ်ာ္႐ႊင္သြားၾကပါေစဆိုတဲ့ ေစတနာနဲ႔…..”ကြၽန္မ ေပးလႉထားတဲ့ ပံ့သကူပစၥည္းရၾကသူေတြ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ ေဘးဆိုးကပ္ဆိုးရန္မ်ားက ကင္းပါေစ ေသာကကင္းပါေစလို႔”ပဲ ေမတၱာေလးပို႔ၿပီး ေပးလႉပါ့မယ္ဆိုတာ အသိေပးရင္း ပံ့သကူအလႉအျပင္ ဒီေန႔ တန္ေဆာင္မုန္းလျပည့္ေန႔မွာ ဥပုသ္သီလေဆာက္တည္ျခင္းနဲ႔တကြ Nicole ျပဳသမွ် ကုသိုလ္အဝဝ တို႔ကို ေဝမွ်ရလိုက္ရပါတယ္…သာဓုေခၚႏိုင္ၾကပါတယ္ရွင္
ေနာက္ဆုံးအေနနဲ႔ ဖတ္ဖူးတဲ့ထဲက မဟာပံ့သကူအလႉဆိုတာေလး ေျပာျပေပးခ်င္ပါေသးတယ္။ အဲဒါကေတာ့….ရဟန္းေတာ္ေတြသီတင္းသုံးၾကတဲ့ ဘုန္းႀကီးေက်ာင္းအနီးအနားနဲ႔ ဘုန္းဘုန္းေတြ ျမင္သာမယ့္ေနရာမ်ိဳးမွာ ထီး၊ဖိနပ္၊ယပ္၊သကၤန္း၊ဆြမ္းဆန္ ပိဋကတ္၃ပုံစာအုပ္ က်မ္းစာအုပ္ (ဝတၳဳေငြလုံးဝမပါရ) စတဲ့ ရဟန္းေတာ္တို႔နဲ႔အပ္စပ္ရာကို ပံသကူအလႉပါဘုရား…လို႔စာေရးသားၿပီး အခင္း၁ခုျဖင့္ ပံ့သကူထားေပးၾကမယ္ဆိုရင္ အဲ့ဒီပံ့သကူဟာ သာမန္ပံ့သကူထက္ပို လြန္စြာအက်ိဳးႀကီးေသာ မဟာပံ့သကူ ျဖစ္လို႔ေပးလႉေကာင္းတယ္ လို႔ ဖတ္ဖူးတာေလးကို ေနာက္ဆုံးအေနနဲ႔ ေဝမွ်လိုက္ပါတယ္ေနာ္….Nicole ေတာ့ ဒီႏွစ္ မလႉျဖစ္လိုက္ေတာ့ေပမယ့္ လႉႏိုင္တဲ့သူမ်ား လႉလို႔ရေအာင္ပါရွင့္ ။