ကြာသပတေး သားသမီးများအတွက် စကားလက်ဆောင်

Lifestyle

ကြာသပတေး

ဒီလမှာ မိမိစိတ်ကလောဘကြီးနေတတ်ပါတယ်..အစစရာရာကို ဂရုစိုက်ပြီးလုပ်ဆောင်ပါ..မိမိရဲ့လောဘကြောင့် စိတ်ပင်ပန်းတာမျိုး ထင်သလောက်ခရီးမရောက်တာမျိုးဖြစ်တတ်ပါတယ်..

မိမိအတွက်အရာရာခက်ခဲနေတယ်လို့ထင်နေတဲ့အရာလေးတွေ တဖြေးဖြေးအဆင်ပြေချောမွေ့လာတတ်ပါတယ်..မထင်မှတ်ပဲ ၃ လအတွင်းခရီးထွက်ရတာ ခရီးဝေးသွားရတာမျိုးကြုံရတတ်ပါတယ်..

ဘာပဲလုပ်လုပ် အလောတကြီးလုပ်တာမျိုးလေးတွေ ရှောင်ရှားပေးပါ..မိသားစုထဲမှ ကောင်းသောသတင်းကြားရတတ်ပါတယ်..မိသားစုဆွေမျိုးထဲမှာ လူကြီးအကြီးကဲတစ်ယောက်အတွက် ကျန်းမာရေးပူပန်ရတတ်ပါတယ်..

ဒီလထဲမှာ ဝမ်းနည်းစိတ်လေးတွေများနေတတ်ပါတယ်..စိတ်ငြိမ်အောင် ဘုရားနဲ့အချိန်ယူပြီး မေတ္တာပွားအောင်ဆုတောင်းတာလေးလုပ်ပေးစေချင်ပါတယ်…အလုပ်ကိုင်နဲ့ပတ်သတ်ရင် အခက်ခဲကြားကနေ အဆင်ပြေလာတတ်ပါတယ်..

မိမိအလုပ်မှာ အပြိုင်ဆိုင် စိတ်ရှုပ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်..နှစ်ကုန်ပိုင်းလောက်မှာ အလုပ်ကိုင်နဲ့ပတ်သတ်ပြီး ထူးထူးခြားခြား ကောင်းသောပြောင်းလဲခြင်းကြုံရတတ်ပါတယ်..

လုပ်ငန်းသစ်စဖို့အခွင့်အရေး အကြံညဏ်သစ်တွေ ပေါ်လာတတ်ပါတယ်..ငွေကြေးမှာအဝင်ထက်ကို အထွက်များနေတတ်ပါတယ်..ငွေကြေးလာရောက်အကူညီတောင်းတဲ့သူများလည်းရှိတတ်သလို ပေးစရာရှိသောငွေများလည်း တောင်းခံတာမျိုးကြုံရတတ်ပါတယ်…

ချစ်သူကမိမိကို အရာရာဝင်ပါနေတယ် တစ်ခုခုဆိုမိမိကပဲ ချုပ်ကိုင်တယ် ချုပ်ချယ်တယ်ထင်နေတတ်ပါတယ်..မိမိမှာလည်းသူ့အပေါ် သံသယတွေများနေတတ်ပါတယ်..ဘာမဟုတ်တာလေးကနေ စကားများပေမယ့် အချစ်မလျော့ပဲ ပိုအဆင်ပြေလာတတ်ပါတယ်…

မိမိချစ်သူက မိမိစကားထက် အပေါင်းသင်းစကားကိုပိုပြီးနားယောင်နေတတ်ပါတယ်…Singel Faလေးများကတော့ ချစ်သူထားဖို့ထက် မိမိစိတ်ကိုပိုပြီးတည်ငြိမ်အောင်လုပ်သင့်ပါတယ်..

မိမိစိတ်မှာ အရင်ထက်အပြောင်းလဲမြန် ဆုံးဖြတ်ချက်မြန်နေတတ်ပါတယ်…ခြေထောက်နဲ့ပတ်သတ်ပြီး သတိထားပါ..ခြေထောက်ကိုက်ခဲတာ ဒူးဆစ်မြတ်တာလေးတွေ ကြုံရတတ်ပါတယ်..ရေချိုးရင်သတိထားပါ ချော်လဲတတ်ပါတယ်။

Credit

zawgyi

ၾကာသပေတး










Credit

Leave a Reply

Your email address will not be published. Required fields are marked *