လူမျိုးခြားတွေ ဆိုင်လုပ်ငန်းလုပ်တယ်။ လေး ငါးနှစ်ကြာတဲ့အခါ ဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။ လုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။ မြန်မာဆိုင်နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။ လွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်း လေ့လာကြည့်မိတယ်။
၁။ အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှာသာ နောက်ကျတယ်။ နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။ နေ့ကူးရင် နောက်နေ့အော်ဒါတွေထပ်ပြီး နှောင့်နှေးမနေစေဖို့ပါ။
၂။ သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာမရိုက်ဘူး။ သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့်နားပြီးသောက်တယ်။
၃။ သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်း အဝင်အထွက်ပစ္စည်းအားလုံး ခေါင်းထဲမှာရှိတယ်။ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။
၄။ ဆိုင်မှာလာအားပေးသူအားလုံးကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပျူငှာသောဆက်ဆံရေးနဲ့ ကြိုဆိုတယ်။
၅။ အကြွေးကိုပေးသင့်သူကို ပေးတယ်။ မပေးသင့်သူကို လုံးဝမပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။ အားနာလို့ အားပါသွားတာမျိုးမရှိ။
၆။ တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်။ အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံ ချက်ခြင်း အကြောင်းကြားပေးတယ်။ (မှားခဲ့တာတော့ရှားပါတယ်)
၇။ ဆိုင်မှာ သူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူအလုပ်လုပ်ရတယ်။ အောက်သက်ကျေအောင်အလုပ်သမားဘဝကို စာနာတတ်အောင် လုပ်ခိုင်းထားလို့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူ ညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလို အချိန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့လခ တနှစ်စာလောက်ရှိတယ်။ ဆိုင်အလုပ်သမားရဲ့လုပ်သက်ဟာ ကျွန်တော်အလုပ်စဝင်တုန်းက မေးကြည့်တာ ဆယ်နှစ်အောက်မရှိဘူး။
ဒီနေ့ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခုသွားဝယ်တော့ သူဌေးကတော်က TVကြည့်နေတယ် ။ သူဌေးလို့ထင်ရတဲ့ကောင်က ဖုန်းပွတ်နေတယ်။ ပစ္စည်းသွားဝယ်တော့မှ ထချင်သလို မထချင်သလိုနဲ့ ထသွားပြီး ပစ္စည်းရှာတာ ငါးမိနစ်ကြာတယ်။ ပြီးမှ ကုန်နေတယ်ပြောတယ်။ကျွန်တော်ဝယ်တာတစ်ခုထဲ။ ကျွန်တော်ဘာသာခြားဆိုင်ရောက်တယ်။ ချက်ခြင်းထယူပေးတယ်။ ငွေရှင်းတော့ကျေးဇူးအထပ်ထပ်တင်ကြောင်းပြောတယ်။
ဘာကွာသလဲ။ ဒီဘာသာခြားဆိုင်က စဖွင့်ချိန်မှာ သေးသေးလေး။ အခုအတော်ကြီးလာပြီ။ မကြာမီ ထပ်ကြီးလာတော့မယ် သူတစ်ပါးကြီးပွားလာတာ အကြောင်းမဲ့မဟုတ်။ ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်ပြောလို့မရ။မြန်မာတွေကြီးပွားချင်ရင်တော့ ဒီဂါထာလေး နေ့တိုင်းရွတ်။ ဥုံ….မပျင်းနဲ့။ မဖျင်းနဲ့။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်။ ဒါဘဲ။
Zawgyi
လူမ်ိဳးျခားေတြ ဆိုင္လုပ္ငန္းလုပ္တယ္။ ေလး ငါးႏွစ္ၾကာတဲ့အခါ ဆိုင္ခြဲေတြထပ္ဖြင့္ႏိုင္တယ္။ လုပ္ငန္းအထိုင္ၾကလို႔ ဆယ့္ငါးႏွစ္ေလာက္ၾကာရင္ ဆိုင္ခြဲအနည္းဆုံးသုံးခုျဖစ္သြားၿပီ။ ျမန္မာဆိုင္နဲ႔ ေဘးခ်င္းယွဥ္လာဖြင့္ရင္ ျမန္မာဆိုင္ သိပ္မၾကာခင္ျပဳတ္ၿပီးေျပးရၿပီ။ လြန္ခဲ့ေသာႏွစ္သုံးဆယ္ေလာက္က အေရာင္းအဝယ္ေကာင္းတဲ့ ဆိုင္တစ္ဆိုင္မွာ ပညာသင္အလုပ္သမားအျဖစ္ဝင္လုပ္ရင္း ေလ့လာၾကည့္မိတယ္။
၁။ အလုပ္ခ်ိန္တိက်တယ္။ဆိုင္ပိတ္ခ်ိန္ တစ္ခါတစ္ရံမွာသာ ေနာက္က်တယ္။ နယ္ေအာ္ဒါမ်ားလို႔ ဒီေန႔ဝင္တဲ့ေအာ္ဒါ ဒီေန႔အၿပီးထုတ္တယ္။ ေန႔ကူးရင္ ေနာက္ေန႔ေအာ္ဒါေတြထပ္ၿပီး ေႏွာင့္ေႏွးမေနေစဖို႔ပါ။
၂။ သူေဌးကအစ အလုပ္သမားအဆုံး အကုန္အလုပ္လုပ္တယ္။ ဆိုင္မွာသြားၿပီးလက္ဖက္ရည္ဆိုင္ထိုင္ အာမ႐ိုက္ဘူး။ ေသာက္ခ်ိန္ေရာက္ရင္ လုပ္ငန္းခြင္မွာ ဆယ္မိနစ္ခန႔္နားၿပီးေသာက္တယ္။
၃။ သူေဌးအလုပ္က ဆိုင္ရဲ႕ပစၥည္း အဝင္အထြက္ပစၥည္းအားလုံး ေခါင္းထဲမွာရွိတယ္။ဆိုင္သမားရဲ႕အသက္က ပစၥည္းရွိရမယ္။
၄။ ဆိုင္မွာလာအားေပးသူအားလုံးကို နည္းသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစ ပ်ဴငွာေသာဆက္ဆံေရးနဲ႔ ႀကိဳဆိုတယ္။
၅။ အေႂကြးကိုေပးသင့္သူကို ေပးတယ္။ မေပးသင့္သူကို လုံးဝမေပးတဲ့ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကိုခ်ႏိုင္တယ္။ အားနာလို႔ အားပါသြားတာမ်ိဳးမရွိ။
၆။ တိက်မွန္ကန္တဲ့ စာရင္းအင္းရွိတယ္။ ဆိုင္ပိတ္ရက္ တနဂၤေႏြေန႔တိုင္း တစ္ပတ္စာ အေရာင္းအဝယ္စာရင္းကို ျပန္စစ္တယ္။ အမွားအယြင္းရွိခဲ့ရင္ ကုန္သည္ထံ ခ်က္ျခင္း အေၾကာင္းၾကားေပးတယ္။ (မွားခဲ့တာေတာ့ရွားပါတယ္)
၇။ ဆိုင္မွာ သူေဌးတစ္ေယာက္ဘဲရွိတယ္။သူေဌးသားေတြလည္း အလုပ္သမားေတြနဲ႔ တန္းတူအလုပ္လုပ္ရတယ္။ ေအာက္သက္ေက်ေအာင္အလုပ္သမားဘဝကို စာနာတတ္ေအာင္ လုပ္ခိုင္းထားလို႔ သူေဌးသားေတြလည္း အလုပ္သမားနဲ႔တန္းတူ ညီအကိုလိုျဖစ္ၿပီး လုပ္ငန္းခြင္မွာေပ်ာ္ေတာ့ အလုပ္ထြက္သူမရွိဘူး။တ႐ုတ္ႏွစ္ကူးလို အခ်ိန္ေရာက္ရင္ ေဘာက္ဆူးေပးတာ အလုပ္သမားရဲ႕လခ တႏွစ္စာေလာက္ရွိတယ္။ ဆိုင္အလုပ္သမားရဲ႕လုပ္သက္ဟာ ကြၽန္ေတာ္အလုပ္စဝင္တုန္းက ေမးၾကည့္တာ ဆယ္ႏွစ္ေအာက္မရွိဘူး။
ဒီေန႔ပိုက္ဆိုင္မွာ ပိုက္ေခါင္းတစ္ခုသြားဝယ္ေတာ့ သူေဌးကေတာ္က TVၾကည့္ေနတယ္ ။ သူေဌးလို႔ထင္ရတဲ့ေကာင္က ဖုန္းပြတ္ေနတယ္။ ပစၥည္းသြားဝယ္ေတာ့မွ ထခ်င္သလို မထခ်င္သလိုနဲ႔ ထသြားၿပီး ပစၥည္းရွာတာ ငါးမိနစ္ၾကာတယ္။ ၿပီးမွ ကုန္ေနတယ္ေျပာတယ္။ကြၽန္ေတာ္ဝယ္တာတစ္ခုထဲ။ ကြၽန္ေတာ္ဘာသာျခားဆိုင္ေရာက္တယ္။ ခ်က္ျခင္းထယူေပးတယ္။ ေငြရွင္းေတာ့ေက်းဇူးအထပ္ထပ္တင္ေၾကာင္းေျပာတယ္။
ဘာကြာသလဲ။ ဒီဘာသာျခားဆိုင္က စဖြင့္ခ်ိန္မွာ ေသးေသးေလး။ အခုအေတာ္ႀကီးလာၿပီ။ မၾကာမီ ထပ္ႀကီးလာေတာ့မယ္ သူတစ္ပါးႀကီးပြားလာတာ အေၾကာင္းမဲ့မဟုတ္။ ဒီအခ်ိန္ေရာက္မွ လူမ်ိဳးျခားေတြ စီးပြားေရး လက္ဝါးႀကီးအုပ္ထားတယ္ေျပာလို႔မရ။ျမန္မာေတြႀကီးပြားခ်င္ရင္ေတာ့ ဒီဂါထာေလး ေန႔တိုင္း႐ြတ္။ ဥဳံ….မပ်င္းနဲ႔။ မဖ်င္းနဲ႔။ အလုပ္ကိုအလုပ္နဲ႔တူေအာင္လုပ္။ ဒါဘဲ။