တရုတ်ကြီးပြောတဲ့ ဒီနည်းလမ်း(၇)ခုနဲ့ စီးပွားရှာနိုင်မယ်ဆိုရင် ကြီးပွားဖို့အတွက်မခက်ခဲတော့ဘူး
၁။မင်းပိုင်တဲ့တောင်းထဲမှာ ကြက်ဥ ၁၀လုံး ရှိတယ်။ တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။ ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။ တစ်လုံးလျှော့စားလိုက်တဲ့အတွက် မင်းလည်း ဘာမှမသိသာပါဘူး။
အဲ့တော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ပုံတောင်သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူး မလား။ ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။
၂။နောက်တစ်ခုက မင်းရဲ့ဝင်ငွေ ထွက်ငွေ တွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက် နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။
၃။တတိယတစ်ခုက ငွေ ကိုစုပေမယ့် သက်မဲ့ လိုသဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေ ကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။ အဲလိုမှ မလုပ်ပဲ ငွေကို သေတ္တာ ထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။
လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။ဥပမာကွာ ငါ့ သား မွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။ အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေ ကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။ ဒါဟာမြေပုံ ၃ပေါ့။
၄။နောက်တစ်ခုက အလုပ် လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။ အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။
အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။ ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ် ဓာတ်မီး တောင် မငြိမ်းဘူး။ စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာ ရင်းနှီး မြုပ်နှံမှု မှမလုပ်ရဘူး။
၅။နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှား နေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှား စရိတ်ဟာ ကြာလာရင် အိမ်တစ်လုံး စာလောက်ရှိလာတယ်။
စိတ်ရှုပ်ရတယ်။ သေးတာကြီးတာမဓာန မဟုတ်ဘူး။ ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေ အထွက်ဆုံးပဲ ။ အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။ ဒါ ငါးခုမြောက် မြေပုံပဲ။
၆။တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့ စကား ရှိတယ်။ စကား ပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ် အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူ မိသားစု ကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ခြောက်ခုမြောက်မြေပုံပဲ။
၇။(၇)ချက်မြောက် ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့ လုပ်ငန်း တူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊ ကိုယ်လုပ်တဲ့ အလုပ် မှာ အစွမ်းထက်လေလေ ဝင်ငွေ ကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ ..အဲဒါတော့မြဲမြဲမှတ်ထား။
ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံက ဒါပဲ။ မင်းသဘောပေါက်ဖို့ကတော့ အလုပ် တစ်ခုမှာ သဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော် တော်မကြီးပွားတာ..ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်..သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူး…ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါ။
(ဆရာမင်းသိင်္ခရေးတဲ့ ဖျားသားချောင်းကရေမျှောကမ်းတင် အောင်ဗဒင် ဆိုတဲ့စာအုပ်ထဲက တရုတ်ကြီးအဖောက်က စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့အောင်ဗဒင်ကို အကြံပေးနေတာပါ။
မှတ်သားစရာအချက်ကလေးတွေဖြစ်တဲ့အတွက် သုတဇုန် မိတ်ဆွေများအတွက် သင့်တော်သလိုပြန်လည်ရေးသားဝေမျှလိုက်ပါတယ် ၊ ဘေဘီလုံ မှာ အချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်က အချက်တွေကို မြန်မာမှုပြုထားတာပါ)
Credit
Zawgyi
တ႐ုတ္ႀကီးေျပာတဲ့ ဒီနည္းလမ္း(၇)ခုနဲ႔ စီးပြားရွာႏိုင္မယ္ဆိုရင္ ႀကီးပြားဖို႔အတြက္မခက္ခဲေတာ့ဘူး
၁။မင္းပိုင္တဲ့ေတာင္းထဲမွာ ၾကက္ဥ ၁၀လုံး ရွိတယ္။ တစ္ေန႔ကို ၉လုံးစားၿပီး ၁လုံးခ်န္ထားလို႔ ၁၀ရက္ၾကာရင္ ဘာျဖစ္မလဲ။ ၾကက္ဥ ၁၀လုံးေရာက္ေနၿပီေပါ့။ တစ္လုံးေလွ်ာ့စားလိုက္တဲ့အတြက္ မင္းလည္း ဘာမွမသိသာပါဘူး။
အဲ့ေတာ့ အလုပ္လုပ္မယ္ဆိုရင္ ကိုယ့္ဝင္ေငြ ၁၀ပုံ ၁ပုံကို အၿမဲခ်န္ထားရမယ္ကြ။ ၉ပုံေတာင္သုံးရတဲ့အတြက္ ဒီေလာက္ႀကီးလည္း ခ်ိဳးၿခဳံစရာမလိုဘူး မလား။ ဒါ ငါေျပာခ်င္တဲ့ ေျမပုံ ၁ ကြ။
၂။ေနာက္တစ္ခုက မင္းရဲ႕ဝင္ေငြ ထြက္ေငြ ေတြကို ေသေသခ်ာခ်ာသိထားဖို႔လိုတယ္။ မလိုအပ္ပဲနဲ႔ ထြက္ေနတဲ့လမ္းေၾကာင္းေတြရွိရင္ အျမန္ပိတ္ပစ္ေပေတာ့။ အဲလိုမွ မလုပ္ရင္ အိတ္ေပါက္ နဲ႔ ဖားေကာက္သလို ျဖစ္ေနလိမ့္မယ္ကြ။ ဒါငါေျပာခ်င္တဲ့ ေျမပုံ ၂ ပဲ။
၃။တတိယတစ္ခုက ေငြ ကိုစုေပမယ့္ သက္မဲ့ လိုသေဘာမထားရဘူး။ ႏြားေတြ ၾကက္ေတြ ေမြးသလိုေပါ့။ အေကာင္ေတြပြား ၊ ဥေတြဥ အေကာင္ထပ္ပြားေပါ့ကြာ။ ေငြ ကိုေငြခ်င္းထပ္ပြားႏိုင္ဖို႔ အက်ိဳးရွိတဲ့ေနရာေတြမွာ ထည့္ဝင္ျမဳပ္ႏွံကြ။ အဲလိုမွ မလုပ္ပဲ ေငြကို ေသတၱာ ထဲ ထည့္သိမ္းထားမယ္ဆိုရင္ ေငြေတဟာအေၾကာေသသြားလိမ့္မယ္။
ေလျဖတ္တဲ့လူလို မင္းေငြေတြဟာ အင္အားမရွိေတာ့ဘူး ေပါ့။ဥပမာကြာ ငါ့ သား ေမြးတုန္းက ငါေငြေလးနည္းနည္းအတိုးခ်ထားတယ္။ ရတဲ့အတိုးေတြကိုမသုံးပဲ အရင္းထဲထပ္ျမဳပ္တယ္။ အဲဒီကေနအတိုးျပန္ျဖစ္ ငါ့သား ၁၂ႏွစ္ေရာက္လို႔ ေက်ာင္းပို႔မယ္လုပ္ေတာ့ ေငြ ကိုျပန္ထုတ္လိုက္တာ မနည္းပါဘူးကြာ ။ ဒါဟာေျမပုံ ၃ေပါ့။
၄။ေနာက္တစ္ခုက အလုပ္ လုပ္တဲ့အခါမွာ ေလာင္းကစား မဆန္ရဘူးကြ။ ျမတ္ခ်င္ျမတ္ မျမတ္ရင္သြားဟ ဆိုတဲ့သေဘာမ်ိဳးမလုပ္ရဘူး။ ေသခ်ာတာေလာက္ ကိုယ္ကြၽမ္းက်င္သေလာက္ ႏိုင္သေလာက္ပဲလုပ္ရမယ္။ ေလာင္းကစားလုပ္လို႔ကေတာ့ ရလည္းခဏပဲ မြဲစရာရွိရင္ ျမန္ျမန္မြဲသြားလိမ့္မယ္။တစ္ခါက မိုးႀကိဳးသြားတစ္ခုကို ငါ့လာေရာင္းဖူးတယ္။ အေျပာကလည္းေကာင္း လက္ေတြ႕စမ္းျပေတာ့လည္း လွ်ပ္စစ္မီးလည္းၿငိမ္း ၊ ေရဒီယိုလည္းရပ္သြားေတာ့ အစစ္လို႔ယုံသြားတယ္။
အစစ္ဆိုရင္ျပန္ေရာင္းရင္ သိန္း ၂၀ေလာက္ ရမွာကို။ ဒါနဲ႔ ၁သိန္းနဲ႔ဝယ္လာၿပီး အိမ္ေရာက္ေတာ့ လွ်ပ္စစ္ဓာတ္မီးမေျပာနဲ႔ လက္ႏွိပ္ ဓာတ္မီး ေတာင္ မၿငိမ္းဘူး။ စနစ္တက်စီစဥ္ၿပီး လိမ္သြားတာကြ။ တစ္သိန္းမို႔ေပါ့ ၁၀သိန္းဆိုရင္ ငါခြက္ဆြဲေနေလာက္ၿပီ။ အဲဒီေတာ့ ေျပာခ်င္တဲ့ ေလးအခ်က္က ကိုယ္မသိတဲ့ မပိုင္တဲ့အလုပ္ ၊ မကြၽမ္းက်င္တဲ့အလုပ္မွာ ဘာ ရင္းႏွီး ျမဳပ္ႏွံမႈ မွမလုပ္ရဘူး။
၅။ေနာက္တစ္ခုက လူတစ္ေယာက္ဟာ အိမ္ငွား ေနတာ မသင့္ေတာ္ဘူး။ အေျခအေနအရ ငွားေနရင္လည္း ကိုယ္ပိုင္အိမ္ျဖစ္ေအာင္ႀကိဳးစားရမယ္။ အိမ္ငွား စရိတ္ဟာ ၾကာလာရင္ အိမ္တစ္လုံး စာေလာက္ရွိလာတယ္။
စိတ္ရႈပ္ရတယ္။ ေသးတာႀကီးတာမဓာန မဟုတ္ဘူး။ ကိုယ္ပိုျဖစ္ေအာင္ႀကိဳးစားဖို႔ပဲ။ အဲဒီအေပါက္က ေငြ အထြက္ဆုံးပဲ ။ အဲဒီေတာ့ ကားပဲေမာင္းေမာင္း ၊ စက္ေလွပဲေထာင္ေထာင္ ကိုယ္ပိုင္ ျဖစ္ေအာင္အရင္ဆုံးႀကိဳးစား ။ ဒါ ငါးခုေျမာက္ ေျမပုံပဲ။
၆။တို႔ျမန္မာစကားမွာ မတ္တတ္စာပဲရွိတယ္၊ တုံးလုံးစာမရွိဘူး ဆိုတဲ့ စကား ရွိတယ္။ စကား ပဲရွိတာကြ မလိုက္နာၾကဘူး။ ဒါေၾကာင့္ မေမွ်ာ္မွန္းႏိုင္တဲ့ အနာဂါတ္ အတြက္ ျပင္ဆင္မႈေတြလုပ္ထားရမယ္။ ႐ုတ္တရက္ကိုယ္ေသသြားရင္ က်န္ရစ္သူ မိသားစု ကို မထိခိုက္ေစဖို႔ ၊ ႐ုတ္တရက္ထိခိုက္မိလို႔ ဒုကၡိတျဖစ္သြားရင္ ဆက္လက္အသက္ရွင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားရမယ္။ ဒါ ေျခာက္ခုေျမာက္ေျမပုံပဲ။
၇။(၇)ခ်က္ေျမာက္ ကေတာ့ ႀကိဳးစားမႈကို မေလွ်ာ့ဖို႔ပဲ ၊ ကိုယ္နဲ႔ လုပ္ငန္း တူေတြရွိေနတယ္ကြ ၊ ကိုယ္ကရပ္ေပမဲ့ သူတို႔ကႀကိဳးစားေနမွာ ၊ ကိုယ္လုပ္တဲ့ အလုပ္ မွာ အစြမ္းထက္ေလေလ ဝင္ေငြ ေကာင္းေလေလေပါ့ကြာ ၊ မင္းသေဘာေပါက္ဖို႔က ကိုယ့္ဆီကို အားေပးတဲ့ေဖာက္သည္တို႔ အားေပးတဲ့ ပရိသတ္တို႔ ဆိုတာ စိတ္ခ်ရတာမဟုတ္ဘူး ..ကိုယ့္ထက္သာတဲ့လူ ၊ ေတာ္တဲ့သူရွိရင္ အဲဒီကို သြားၾကမွာ ..အဲဒါေတာ့ၿမဲၿမဲမွတ္ထား။
ငါေျပာခ်င္တဲ့ ၇ခုေျမာက္ေျမပုံက ဒါပဲ။ မင္းသေဘာေပါက္ဖို႔ကေတာ့ အလုပ္ တစ္ခုမွာ သဘာရင့္ဝါရင့္တာနဲ႔ မႀကီးပြားဘူးေနာ္ ေတာ္မႀကီးပြားတာ..ကုလို႔ေပ်ာက္တဲ့ဆရာဝန္ဆီကိုပဲ လူနာက သြားမွာေနာ္..သဘာရင့္ဝါရင့္တယ္ဆိုၿပီးသြားမွာမဟုတ္ဘူး…ဒီအခ်က္ကို ၿမဲၿမဲသေဘာေပါက္စမ္းပါ။
(ဆရာမင္းသိခၤေရးတဲ့ ဖ်ားသားေခ်ာင္းကေရေမွ်ာကမ္းတင္ ေအာင္ဗဒင္ ဆိုတဲ့စာအုပ္ထဲက တ႐ုတ္ႀကီးအေဖာက္က စီးပြားေရးလုပ္ဖို႔ႀကိဳးစားေနတဲ့ေအာင္ဗဒင္ကို အႀကံေပးေနတာပါ။
မွတ္သားစရာအခ်က္ကေလးေတြျဖစ္တဲ့အတြက္ သုတဇုန္ မိတ္ေဆြမ်ားအတြက္ သင့္ေတာ္သလိုျပန္လည္ေရးသားေဝမွ်လိုက္ပါတယ္ ၊ ေဘဘီလုံ မွာ အခ်မ္းသာဆုံးပုဂၢိဳလ္စာအုပ္က အခ်က္ေတြကို ျမန္မာမႈျပဳထားတာပါ)
Credit