တခါတုန်းက သူတောင်းစားမတဦးဟာ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတက်တယ်။ ဒါကြောင့် သူ့ယောက်ျား သူတောင်းစားကို ပူဆာတယ်။
“မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်း တက်တယ်။ ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ် မောင်တော် ရအောင် ယူပေးပါ”
“ဪ နှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာ ဆိုတော်သေး။ ဒို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လို ယူလို့ရမလဲ”
“မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ်။ မဟုတ်လို့ ကတော့ နှမတော်ဒေါသကို သိတယ်နော်”
အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်။ နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး။ မိရင် ငါသေမှာ။ အဲ့ဒီတော့ ရဟန်းအသွင် ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ်။ ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ။ သူတောင်းစား ဆိုတော့ ဟန်ဆောင် ကောင်းတယ်။
နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတာ ဘုရင်က တွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့။ ဘုရင်က “ငါ ဒီရဟန်းအတုကို မောင်းထုတ် လိုက်ရင် ဒီဘုရင် ရဟန်းကို မရိုမသေ လုပ်တယ် ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ ရှုတ်ချကြမယ်”
ဒီတော့ ဘုရင်က အမတ်ကို ပြောတယ် “ဒီရဟန်း ထူးခြားတယ် ခေါင်းကလည်း ခုမှ ရိပ်ထားသကဲ့သို့ စိမ်းလို့ ဣန္ဒြေ အပြည့်နဲ့။ ဒါနဲ့ အမတ်တယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျှောက်လိုက်စမ်း” ဆိုပြီး ခိုင်းတယ်။
အမတ်က ရဟန်းတုကို မေးပြီး ပြန်လာ ဘုရင်ကို ပြန်လျှောက်တင်တယ်။ ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ် ဘုရားပေါ့။ ဘုရင်က “ဒါဆို ယူပြီး ကပ်လိုက်စမ်း”
ပြီးတော့ ဘုရင်က အမတ်ကို ပြောတယ်။ “ဒီရဟန်း ထူးခြားတယ်၊ အနောက် ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲ သိရအောင်ပေါ့”
အဲဒါနဲ့အမတ်က အနောက်ကနေလိုက်၊ မြို့ပြင်ဇရပ်နား ရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်က လူဝတ်ကိုလည်း မြင်ကော “ဒီကောင် သူတောင်းစားပဲ” ဆိုတာ သိလိုက်တယ်။
အမတ်ကလည်း ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်။ ငါ ဘုရင့်ကို အမှန်အတိုင်း ပြန်လျှောက်ရင် ဘုရင်က ဒီသူတောင်းစားကို သတ်လိမ့်မယ်။ ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ “မတန်ပါဘူး” လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ်။
နန်းတော် ပြန်ရောက်တော့ ဘုရင်က မေးတယ်။ “ဟိုရဟန်း အခြေနေ ဘာထူးလဲ အမတ်” လို့ မေးတော့ အမတ်က
“မှန်လှပါ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တနေရာမှာ ကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား” လို့ လျှောက်တင်တော့ အရေးတယူ လုပ်ရမည့် ကိစ္စ မဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။
မတန်လို့ ဒီအတိုင်း လွှတ်ထားတာကို မသိဘူး လို့တော့ မထင်ပါနဲ့တဲ့။ တချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။
Crd
Zawgyi
တခါတုန္းက သူေတာင္းစားမတဦးဟာ ကိုယ္ဝန္ရေတာ့ ဘုရင့္ပြဲေတာ္အုပ္မွ စားခ်င္တယ္လို႔ ခ်ဥ္ခ်င္းတက္တယ္။ ဒါေၾကာင့္ သူ႔ေယာက္်ား သူေတာင္းစားကို ပူဆာတယ္။
“ေမာင္ေတာ္ ဘုရင့္ပြဲေတာ္အုပ္ စားခ်င္တယ္လို႔ ႏွမေတာ္ခ်ဥ္ခ်င္း တက္တယ္။ ဘုရင့္ပြဲေတာ္အုပ္မွ မစားရရင္ ႏွမေတာ္ ေသရပါလိမ့္မယ္ ေမာင္ေတာ္ ရေအာင္ ယူေပးပါ”
“ဪ ႏွမေတာ္ရယ္ သူေတာင္းစားနဲ႔ ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ တျခားဟာ ဆိုေတာ္ေသး။ ဒို႔က သူေတာင္းစား ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ ဘယ္လို ယူလို႔ရမလဲ”
“ေမာင္ေတာ္ ႏွမေတာ္ကို ခ်စ္ရင္ ယူေပးရမယ္။ မဟုတ္လို႔ ကေတာ့ ႏွမေတာ္ေဒါသကို သိတယ္ေနာ္”
အဲ့ဒီေတာ့ သူေတာင္းစား စဥ္းစားတယ္။ နန္းေတာ္ထဲ ဝင္ခိုးလို႔ မလြယ္ဘူး။ မိရင္ ငါေသမွာ။ အဲ့ဒီေတာ့ ရဟန္းအသြင္ ေဆာင္ၿပီး ဆြမ္းခံႂကြရင္ အဆင္ေျပမယ္။ ေခါင္းတုံး သကၤန္းပတ္ သပိတ္လြယ္ၿပီး နန္းေတာ္ေရွ႕ကိုႂကြ။ သူေတာင္းစား ဆိုေတာ့ ဟန္ေဆာင္ ေကာင္းတယ္။
နန္းေတာ္ေရွ႕မွာ ဣေျႏၵ အျပည့္နဲ႔ ရပ္ေနတာ ဘုရင္က ေတြ႕ေတာ့ ပညာရွိဘုရင္ပဲ သိတာေပါ့။ ဘုရင္က “ငါ ဒီရဟန္းအတုကို ေမာင္းထုတ္ လိုက္ရင္ ဒီဘုရင္ ရဟန္းကို မ႐ိုမေသ လုပ္တယ္ ဆိုၿပီး အမ်ားျပည္သူေတြက ငါ့ကို ကဲ့ရဲ႕ ရႈတ္ခ်ၾကမယ္”
ဒီေတာ့ ဘုရင္က အမတ္ကို ေျပာတယ္ “ဒီရဟန္း ထူးျခားတယ္ ေခါင္းကလည္း ခုမွ ရိပ္ထားသကဲ့သို႔ စိမ္းလို႔ ဣေျႏၵ အျပည့္နဲ႔။ ဒါနဲ႔ အမတ္တေယာက္ကို လႊတ္ၿပီး ဘာအလိုရွိလဲ ေလွ်ာက္လိုက္စမ္း” ဆိုၿပီး ခိုင္းတယ္။
အမတ္က ရဟန္းတုကို ေမးၿပီး ျပန္လာ ဘုရင္ကို ျပန္ေလွ်ာက္တင္တယ္။ ဘုရင့္ပြဲေတာ္အုပ္ အလႉခံခ်င္တယ္ ဘုရားေပါ့။ ဘုရင္က “ဒါဆို ယူၿပီး ကပ္လိုက္စမ္း”
ၿပီးေတာ့ ဘုရင္က အမတ္ကို ေျပာတယ္။ “ဒီရဟန္း ထူးျခားတယ္၊ အေနာက္ ကေန မသိမသာ လိုက္ေခ်ာင္းစမ္း၊ ဘာလဲ သိရေအာင္ေပါ့”
အဲဒါနဲ႔အမတ္က အေနာက္ကေနလိုက္၊ ၿမိဳ႕ျပင္ဇရပ္နား ေရာက္ေတာ့ သူေတာင္းစားက သကၤန္းကို ခြၽတ္လိုက္ေတာ့ ေအာက္က လူဝတ္ကိုလည္း ျမင္ေကာ “ဒီေကာင္ သူေတာင္းစားပဲ” ဆိုတာ သိလိုက္တယ္။
အမတ္ကလည္း ပညာရွိအမတ္ဆိုေတာ့ စဥ္းစားတယ္။ ငါ ဘုရင့္ကို အမွန္အတိုင္း ျပန္ေလွ်ာက္ရင္ ဘုရင္က ဒီသူေတာင္းစားကို သတ္လိမ့္မယ္။ ဒီသူေတာင္းစား အဆင့္ေလာက္နဲ႔ ငါ့ဘုရင္ အကုသိုလ္ ျဖစ္ရတာ “မတန္ပါဘူး” လို႔ စဥ္းစားၿပီး နန္းေတာ္ကိုျပန္တယ္။
နန္းေတာ္ ျပန္ေရာက္ေတာ့ ဘုရင္က ေမးတယ္။ “ဟိုရဟန္း အေျခေန ဘာထူးလဲ အမတ္” လို႔ ေမးေတာ့ အမတ္က
“မွန္လွပါ အရွင္ဘုရားရဲ႕ ဘုန္းေတာ္ေၾကာင့္ ၿမိဳ႕ျပင္ဇရပ္ တေနရာမွာ ၾကည့္ရင္း ၾကည့္ရင္းနဲ႔ ရဟန္းအသြင္ ေပ်ာက္သြားပါတယ္ ဘုရား” လို႔ ေလွ်ာက္တင္ေတာ့ အေရးတယူ လုပ္ရမည့္ ကိစၥ မဟုတ္ေတာ့ ဘုရင္ကလည္း သိလ်က္နဲ႔ ၿပဳံးေတာ္ပဲ မူလိုက္တယ္။
မတန္လို႔ ဒီအတိုင္း လႊတ္ထားတာကို မသိဘူး လို႔ေတာ့ မထင္ပါနဲ႔တဲ့။ တခ်ိဳ႕ကိစၥေတြက ကိုယ္မွန္ေပမယ့္ အေရးတယူ လုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးမို႔ တုဖက္ၿပိဳင္ၿပီး ျငင္းမေနၾကဘဲ ဥေပကၡာ ျပဳလိုက္ၾကပါေနာ္။
Crd