ခြင်ပေါလို့ စိတ်ညစ်နေရင် ဒီနည်း (၃) ခုထဲက တစ်ခုပဲ သုံးလိုက်ပါ
ခြင်တွေတဝီဝီနဲ့ ခြင်အရမ်းများတဲ့ နေရာတွေ ဆိုရင် လုံးဝ နေလို့ မကောင်းတဲ့ အပြင်ကို စိတ် အနှောက်အယှက် လည်းဖြစ်၊ ကျန်းမာရေးကို လည်း အရမ်းထိခိုက် စေပါတယ်။ ဒါကြောင့် သင့်အိမ်နဲ့ ဆိုင်တွေမှာ ခြင်တွေ လုံးဝ မလာအောင် လုပ်လို့ ရတဲ့ နည်းလေးတွေ ရှိပါ တယ်။
ဒီနည်းလမ်းလေးတွေ ဟာသ ဘာဝနည်းလမ်းလေးတွေ ဖြစ်တာကြောင့် ကျန်းမာရေးကို လုံးဝ မထိခိုက် စေသလို၊ ခြင်တွေကိုလည် းနှိမ်နင်းပေးတာကြောင့် အိမ်တိုင်း၊ ဆိုင်တိုင်း သိထားသင့်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါ တယ် ။
ဖတ်ပြီးရင်လည် းသူများတွေကို လက်ဆင့် ကမ်းလိုက် ပါဦးနော် ။
(၁) ကော်ဖီမှုန့်
ကော်ဖီမှုန့်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ခြင်တွေ လာတတ်တဲ့ နေရမှာ အဖုံးဖွင့်ပြီး ထားလိုက် ပါ။ ခြင်တွေဟာ ကော်ဖီနံ့ ရတဲ့ နေရာတွေမှာ မလာတော့ ပါဘူး။ ကော်ဖီနံ့ ကြိုက်တဲ့ သူတွေ အတွက်တော့ ဒီနည်းလမ်းလေးဟာ အရမ်းကို အဆင်ပြေ မှာပါ။
(၂) အမွှေးရနံ့တွေ
သင်ကြိုက်နှစ်သက်တဲ့ အမွှေးဆီ (နှင်းဆီ၊လာဗင်ဒါ၊စံပယ်) တစ်ခုခုကို ရေနဲ့ ရောပြီး ခြင်လာတတ်တဲ့ နေရာတွေကို ဖြန်းထားလိုက်ရင် ခြင်တွေလာတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ခြင်တွေဟာအမွှေးရနံ့ကို မကြိုက် လို့ပါ။
(၃) ပန်းသီးရှာလကာ
ပန်းသီး ရှာလကာကို ရေရောပြီး စပရေးဘူးထဲ ထည့်ကာ ခြင်တွေ လာတတ်တဲ့ နေရာအနှံ့ကို ဖြန်းပေးခြင်းဖြင့်ခြင်တွေ လာတော့မှာ မဟုတ်ပါဘူး ။
Shwemom
Zawgyi
(၁) ကော်ဖီမှုန့်
(၂) အမွှေးရနံ့တွေ
(၃) ပန်းသီးရှာလကာ
Shwemom