လက်ဖဝါးတွေ ဖယောင်သားလေးလို နူးညံ့အောင်ပြုလုပ်နည်း

Beauty

လက်ဖဝါးတွေ ဖယောင်သားလေးလို နူးညံ့အောင်ပြုလုပ်နည်း

ကြမ်းတမ်းနေတဲ့သင့်လက်ဖဝါးတွေ ကို အချိန်ငါးမိနစ်အတွင်းမှာ နူးညံ့သွား စေမယ်ဆိုရင် သင်အံ့သြ သွားလေမလား။ မယုံမရှိနဲ့ အခုပဲလုပ်ကြည့်လိုက်ပါ။ ကြမ်း ထော်နေတဲ့ လက်ဖဝါးတွေ ညက်ညော သွားစေရုံမက ဝင်းမွတ်လာတော့မှာ ဖြစ် ပါတယ်။

အသုံးပြုရမည့်ပစ္စည်းများမှာ- သကြား လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်၊ သံလွင်ဆီ(သို့)အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် ၊ သကြားနှစ်ဇွန်းခန့်ကို လက်ဖဝါး ထဲသို့လောင်းထည့်ပါ။ ပြီးရင် သံလွင်ဆီ (သို့)အုန်းဆီနှစ်ဇွန်းခန့်ကိုလောင်းထည့်ပါ။

သကြားနဲ့ဆီတွေရောသမသွား အောင်လက်ဖဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထိုအရောအနှောတွေ အောက်သို့ကျမသွားအောင်လက်ဖဝါးချင်း သေသေချာချာပွတ်တိုက်ပါ။)

အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖဝါးနှစ်ဖက်ကို စက်ဝိုင်းပုံဏ္ဌာန် အဖြစ် ပုံစံအမျိုးမျိုးပွတ်ပေးပါ။ လက် ဖဝါးတွေကို အားရအောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ် တိုက်ပေးလိုက်ပါဦး။

အားရပြီဆိုပါက လက်ကို ဆပ်ပြာ ဖြင့်ဆေးကြောပါ။ ပြီးရင် လိုးရှင်း တစ်ခုခုလိမ်းပေးလိုက်ပါ။ကဲသင့်လက် တွေအရင်ကနဲ့တူသေးလား။ အလှအပမြတ်နိုးသူတိုင်း လှသထက် ပို၍လှနိုင်ကြပါစေရှင်။

credit

Zawgyi

လက္ဖဝါးေတြ ဖေယာင္သားေလးလို ႏူးညံ့ေအာင္ျပဳလုပ္နည္း

ၾကမ္းတမ္းေနတဲ့သင့္လက္ဖဝါးေတြ ကို အခ်ိန္ငါးမိနစ္အတြင္းမွာ ႏူးညံ့သြား ေစမယ္ဆိုရင္ သင္အံ့ၾသ သြားေလမလား။ မယုံမရွိနဲ႔ အခုပဲလုပ္ၾကည့္လိုက္ပါ။ ၾကမ္း ေထာ္ေနတဲ့ လက္ဖဝါးေတြ ညက္ေညာ သြားေစ႐ုံမက ဝင္းမြတ္လာေတာ့မွာ ျဖစ္ ပါတယ္။

အသုံးျပဳရမည့္ပစၥည္းမ်ားမွာ- သၾကား လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းခန႔္၊ သံလြင္ဆီ(သို႔)အုန္းဆီ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းခန႔္ ၊ သၾကားႏွစ္ဇြန္းခန႔္ကို လက္ဖဝါး ထဲသို႔ေလာင္းထည့္ပါ။ ၿပီးရင္ သံလြင္ဆီ (သို႔)အုန္းဆီႏွစ္ဇြန္းခန႔္ကိုေလာင္းထည့္ပါ။

သၾကားနဲ႔ဆီေတြေရာသမသြား ေအာင္လက္ဖဝါးႏွစ္ဖက္ကိုခပ္ၾကမ္းၾကမ္း ပြတ္တိုက္ပါ။ (ထိုအေရာအေႏွာေတြ ေအာက္သို႔က်မသြားေအာင္လက္ဖဝါးခ်င္း ေသေသခ်ာခ်ာပြတ္တိုက္ပါ။)

အသားထဲသို႔ စိမ့္ဝင္သြားေအာင္ လက္ဖဝါးႏွစ္ဖက္ကို စက္ဝိုင္းပုံဏၭာန္ အျဖစ္ ပုံစံအမ်ိဳးမ်ိဳးပြတ္ေပးပါ။ လက္ ဖဝါးေတြကို အားရေအာင္ပြတ္ၿပီးတဲ့အခါ လက္ခုံ၊ လက္ဖမိုးေတြကိုပါ ဆက္၍ ပြတ္ တိုက္ေပးလိုက္ပါဦး။

အားရၿပီဆိုပါက လက္ကို ဆပ္ျပာ ျဖင့္ေဆးေၾကာပါ။ ၿပီးရင္ လိုးရွင္း တစ္ခုခုလိမ္းေပးလိုက္ပါ။ကဲသင့္လက္ ေတြအရင္ကနဲ႔တူေသးလား။ အလွအပျမတ္ႏိုးသူတိုင္း လွသထက္ ပို၍လွႏိုင္ၾကပါေစရွင္။

credit

 

Leave a Reply

Your email address will not be published. Required fields are marked *