စိုးရိမ်စရာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မှာလား
မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား
မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို လေ့လာကြည့်ရင်လေထုဖိအားကျဆင်းနေရမယ် လေထုမညိမ်သက်မှု့တွေဖြစ်နေရမယ်
ဒီဖြစ်စဉ်အနေအထားတွေကတော့လက်ရှိလေထုလှုပ်ရှားမှု အနေအထားအရကပ္ပလီပင်လယ် တောင်ဘက်မှာ ပြည့်စုံနေပါပြီ
ဒါဆိုရင် လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့မေလ ပထမအပတ်လောက်မှာ ဖြစ်လာနိုင်ခြေရှိလာနိုင်တယ်။
နောက်ကျလွန်းရင် နှစ်ရက်ပေါ့။အဓိကက လေဖိအားနည်းရပ်ဝန်းစဖြစ်လာရင်တော့ မုန်တိုင်းဖြစ်ဖို့ သေချာပါပြီး။
ဒီမုန်တိုင်းက- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ- ရန်ကုန်တိုင်း- မွန်ပြည်နယ်တို့ အတွက် စိုးရိမ်စရာတော့ဖြစ်လာနိုင်တယ် အဓိကကတော့ မြစ်ဝကျွန်းပေါ်ဒေသပေါ့။
မုန်တိုင်းဖြစ်လာရင်တော့အနောက်တောင်မုတ်သုန်ကိုလည်းခေါ်လာနိုင်တယ်။
ဒါကြောင့် တနင်္သာရီတိုင်းဘုတ်ပြင်းဘက်မှာ စောစောဝင်လာနိုင်တယ်။
မုန်တိုင်း ဖြစ်လာရင်လည်းဆိုင်ကလုန်အဆင့်ထိဖြစ်လာနိုင်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နိုင်ရန်နှင့်ကြိုတင်သိရှိနိုင်အောင် မုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေကိုကြိုတင်အသိပေးလိုက်ပါတယ်။
ဒီမုန်တိုင်းကဖြစ်လာခဲ့ရင်အားအင်ကြီးမား ပြင်းထန်နိုင်လို့သတင်းအဆက်မပြတ် သိရှိဖို့တော့လိုအပ်နိုင်တယ်
လေထုလှုပ်ရှားမှု့တွေ ပြောင်းလည်းမှုတွေကိုချက်ချင်းတင်ပေးနိုင်အောင်လည်းကြိုးစားပေးနေပါတယ်
အကုန်သိရှိစေဖို့အတွက်က Like / share ထားပေးကြပါ။သဘာဝဘေး ဆိုတော့မဖြစ်လာခဲ့ရင်အကောင်းဆုံးပါ
ဖြစ်လာခဲ့ရင်တော့ ကြိုတင်သိရှိကာကွယ်ထားသဖြင့်အထိအခိုက်အပျက်အဆီးနဲနိုင်သလိုလူအသေအပျောက်လည်းနဲလာနိုင်လို့ကြိုတင်ပြီးအသိပေးထားတာပါ။
ဆက်လက် စောင့်ကြည့်ကြပါစို့။
HtayAung
Zawgyi
HtayAung