မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ဆံပင်ကျွတ် ဆံပင်ပါးတာတွေကို ဖြေရှင်းပေးမယ့် ဘေးဥပါဒ်ကင်းတဲ့ သဘာဝနည်းလမ်း
မြင်သူတကာငေးမောရတဲ့ အလှထဲမှာ ထူထဲနက်မှောင်လှပတဲ့ ဆံနွယ်လေးတွေကိုလည်း ချန်ထားလို့ မရပါဘူးနော် ဒါ့အပြင်ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို မြန်မာအမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြတယ် ဆိုတာကိုလည်း သင်ငြင်းလို့မရပါဘူး
ဒါပေမဲ့ အခုခေတ်က အလှအပဆိုင်ရာ အလှကုန်ပစ္စည်းတွေ မှိုလိုပေါသလို အခန့်မသင့်ရင် သင့်ဆံနွယ်လေးတွေကိုပါ ထိခိုက်နိုင်စေပါတယ်
Chemicalပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ ဆံပင်ပေါင်းဆေးတွေ အများကြီးသုံးမိတဲ့ အချိန်ကျရင် ပျိုမေလေးတွေရဲ့ ဆံပင်တွေ ကျွတ်တာမျိုးတွေ ဆံပင်ပါးတာတွေ ပြောင်တာတွေ ဖြစ်တတ်ပါတယ်
ဒါကြောင့်Chemical များတဲ့ ခေါင်းလျှော်ရည် ဆံပင်ပေါင်းဆေးတို့ကြောင့် ဆံပင်ကျွတ်တာပဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုများပြီး ဆံပင်ကျွတ်ပြီး ဆံပင်ပါးလာတာတွေကို ဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းလေး တစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်
အလှအပ ကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ သဘာဝနည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့အပြင် ဓါတုပစ္စည်း ကင်းစင်ပြီး သဘာဝနည်လမ်းလေးမို့ ဘေးဥပါဒ် မရှိတာကြောင့် လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ
ပါဝင်ပစ္စည်းတွေကတော့ စာဖတ်သူတို့ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေပဲ့ ဖြစ်ပါတယ်
သံလွင်ဆီ စားပွဲတင်ဇွန်း၃ဇွန်း အုန်းနို့၁/၂ခွက် “ပြင်ဆင်ခြင်း..”ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ
ပြီးရင် ဦးရေပြားပေါ် လိမ်းပေးပြီး ဆံသားအမြစ်နားမှာ ညင်သာစွာ နှိပ်နယ်ပေးပါ
ShowerCap ကျွတ်ကျွတ်အိတ်ကို ခေါင်းပေါင်းပေးပြီး ၁၀မိနစ်ကနေ ၁၅မိနစ်ထိ ထားပေးပါ
ပြီးရင် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပြီး ခေါင်းလျှော်လိုက်ပါ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကိုလည် သဘာဝပါဝင်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတာကိုပဲ့ သုံးပေးပါနော်
အချိန်တိုတိုအတွင်းမှာ မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ဆံပင်ကျွတ် ဆံပင်ပါးတာတွေကို ဖြေရှင်းပြီးသား ဖြစ်ပြီး ထူထဲနက်မှောင်လှပတဲ့ ဆံနွယ်လေးတွေ၊ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်နော်
crd
Zawgyi
crd