ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်စေနိုင်တဲ့ စကား (၇) မျိုး

KNOWLEDGE

ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်စေနိုင်တဲ့ စကား (၇) မျိုး

အမေရိကန်တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ကလေးပေါင်း ၇၀၀၀၀၀ ကျော်ဟာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပါတယ်။ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းစက်မှုကို ခံရပြီးနောက် စိတ်မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးတာတို့ ခံစားလာရပါတယ်။

ကလေးတွေမှာ စိတ်ဒဏ်ရာရတာက မိဘတွေ လွှတ်ကနဲထွက်သွားမိတဲ့ စကားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဘယ်လိုစကားတွေက ကလေးတွေရဲ့စိတ်မှာ အနာတရဖြစ်စေနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သင့်ကလေးကို အခြားကလေးများနဲ့ နှိုင်းယှဉ်ခြင်း

သင့်ကလေးကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ဆူပြောတာက ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ပြီး အရှုံးသမားတစ်ယောက်လို ခံစားလာရပါတယ်။ ဒါ့အပြင် မောင်နှမအချင်းချင်း နှိုင်းယှဉ်ပီဲးပြောတာကလည်း မောင်နှမတွေအကြား မလိုအပ်ဘဲ မကျေနပ်ချက်တွေ ဖြစ်လာစေပါတယ်။

ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး ဆူလိုက်တဲ့အခါ မိဘတွေက သူ့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်ကို ကလေးမှာ ရရှိသွားပါတယ်။

၂။ ကလေးရဲ့ခံစားချက်တွေကို ပစ်ပယ်ခြင်း

ကလေးရဲ့အရုပ်လေး ကျိုးပဲ့သွားတာက မိဘတွေအတွက်တော့ အရေးမကြီးတဲ့အရာပါပဲ။ ဒါပေမယ့် ကလေးအတွက်တော့ သူကြိုက်တဲ့အရုပ်လေး ကျိုးပဲ့သွားရင် အရမ်းဝမ်းနည်းသွားပါတယ်။

ကလေးက သူ့ရဲ့ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေကို မိဘတွေကို ပြောပြတဲ့အခါ မိဘတွေက အရေးမပါသလို၊ ဂရုမစိုက်သလို ပြုမူလိုက်တဲ့အခါ ကလေးက ပိုဝမ်းနည်းသွားမှာပါ။ နောက်ပိုင်းမှာတော့ ကလေးက အသက်ကြီးလာတဲ့အခါ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရခက်လာပြီး အမြဲလိုလိုစိတ်ပူပန်နေတာကို ကြုံတွေ့ရနိုင်ပါတယ်။

၃။ ကလေးကို လိမ်ညာခြင်း

မိဘတွေက ကလေးကို ပေးထားတဲ့ကတိတွေကို မမှတ်မိတော့တာဖြစ်နိုင်သလို ပြီးစလွယ်ကတိပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေက မိဘတွေပေးထားတဲ့ကတိတွေကို အမြဲလိုလိုမှတ်မိနေတတ်ပါတယ်။

ကလေးတွေအပေါ် လိမ်ညာပြောတာ၊ ကတိမတည်တာများလာရင် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအ‌ပေါ် အမြဲတမ်းသံသယမျက်လုံးနဲ့ပဲ ကြည့်နေတတ်ပါတယ်။ ဒါ့အပြင် လိမ်ညာပြောလိုက်ရင် အဆင်ပြေတယ်ဆိုတဲ့ မကောင်းတဲ့အကျင့်လည်း ကူးစက်သွားစေမှာပါ။

၄။ ဖိအားပေးခြင်း

မိဘတွေက ကလေးတွေကို အရမ်းအောင်မြင်စေချင်တာကြောင့် အစွမ်းကုန်ပံ့ပိုးပေးကြပါတယ်။ ဒါပေမယ့် အချို့သောစကားတွေက ကလေးတွေကိုအားမဖြစ်စေဘဲ ဖိအားပဲ ဖြစ်သွားစေပါတယ်။ အချို့သောဖိအားတွေက ကလေးအရွယ်နဲ့ မမျှတတာကြောင့် စိတ်ပူပန်မှုတွေက အမြဲလိုလိုလွှမ်းမိုးနေမှာပါ။

၅။ ကလေးတွေရဲ့အစွမ်းအစကို မေးခွန်းထုတ်ခြင်း

ကလေးတွေကို ပိုမိုကြိုးစားစေချင်တာကြောင့် “ဒီလောက်ပဲ ကြိုးစားနိုင်တော့တာလား၊ ဒီထက်ပိုပြီး မလုပ်နိုင်တော့ဘူးလား” စတဲ့မေးခွန်းတွေ မေးရင် ရလဒ်က ပြောင်းပြန်ထွက်လာမှာပါ။

ဒီလိုမေးခွန်းတွေက ကလေးတွေရဲ့ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်စေပါတယ်။ ပိုပြီးကြိုးစားချင်စိတ်ရှိအောင် အခြားသော နည်းလမ်းတွေနဲ့ တိုက်တွန်းတာက ပိုပြီး အကျိုးရှိစေမှာပါ။

၆။ ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ ခန္ဓာကိုယ်ကို အပြစ်တင်ခြင်း

ကလေးအရွယ်မှာ ပစ္စည်းတွေ ခဏခဏလွတ်ကျတာ၊ ဝမ်းနည်းပြီး ခဏခဏငိုတာ၊ အကြောင်းမရှိဘဲ ဂျီကျတာတို့ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် မိဘတွေပြောတဲ့စကားတိုင်းကိုလည်း အတိအကျလိုက်မလုပ်နိုင်သေးပါဘူး။

“စားတာကလည်း နှေးလိုက်တာ၊ ဒီလောက်တောင် နားမလည်ဘူးလား” စတဲ့ စကားလုံးတွေက ကလေးတွေအတွက်တော့ နာကျင်စရာစကားတွေပါပဲ။

၇။ ကလေးတွေကို အမြဲတမ်းအပြစ်ရှိတယ်လို့ အထင်ရောက်စေခြင်း

အချို့သောမိဘတွေက အဆင်မပြေတဲ့အခါတိုင်းမှာ ကလေးတွေကို အပြစ်ပုံချတတ်ပါတယ်။ “ဒီကလေးကို မွေးလိုက်လို့ ဝါသနာတွေ၊ အခွင့်အရေးတွေ၊ တက်လမ်းတွေ ဆုံးရှုံးရတယ်” လို့ အမှတ်မထင် ပြောထွက်မိတတ်ကြပါတယ်။

မိဘတွေက လွှတ်ခနဲ ပြောလိုက်မိပေမယ့် ကလေးတွေရဲ့စိတ်ထဲမှာတော့ အမြဲတမ်းအပြစ်ရှိတယ်လို့ ခံစားသွားရပါတယ်။

Zombie (lovemedia)

Zawgyi

ကေလးေတြရဲ႕စိတ္ကို အနာတရျဖစ္ေစႏိုင္တဲ့ စကား (၇) မ်ိဳး

အေမရိကန္တစ္ႏိုင္ငံတည္းမွာတင္ တစ္ႏွစ္ကို ကေလးေပါင္း ၇၀၀၀၀၀ ေက်ာ္ဟာ စိတ္ပိုင္းဆိုင္ရာႏွိပ္စက္ညႇဥ္းပန္းမႈကို ခံစားေနရပါတယ္။ ကေလးေတြမွာ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ညႇဥ္းစက္မႈကို ခံရၿပီးေနာက္ စိတ္မတည္ၿငိမ္တာ၊ စိတ္ဓာတ္က်တာ၊ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈနည္းပါးတာတို႔ ခံစားလာရပါတယ္။

ကေလးေတြမွာ စိတ္ဒဏ္ရာရတာက မိဘေတြ လႊတ္ကနဲထြက္သြားမိတဲ့ စကားေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဘယ္လိုစကားေတြက ကေလးေတြရဲ႕စိတ္မွာ အနာတရျဖစ္ေစႏိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သင့္ကေလးကို အျခားကေလးမ်ားနဲ႔ ႏႈိင္းယွဥ္ျခင္း

သင့္ကေလးကို အျခားကေလးေတြနဲ႔ ႏႈိင္းယွဥ္ၿပီးေတာ့ ဆူေျပာတာက ကေလးေတြမွာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေပ်ာက္ၿပီး အရႈံးသမားတစ္ေယာက္လို ခံစားလာရပါတယ္။ ဒါ့အျပင္ ေမာင္ႏွမအခ်င္းခ်င္း ႏႈိင္းယွဥ္ပီဲးေျပာတာကလည္း ေမာင္ႏွမေတြအၾကား မလိုအပ္ဘဲ မေက်နပ္ခ်က္ေတြ ျဖစ္လာေစပါတယ္။

ကေလးအခ်င္းခ်င္း ႏႈိင္းယွဥ္ၿပီး ဆူလိုက္တဲ့အခါ မိဘေတြက သူ႔ကို မခ်စ္ဘူးဆိုတဲ့ ခံစားခ်က္ကို ကေလးမွာ ရရွိသြားပါတယ္။

၂။ ကေလးရဲ႕ခံစားခ်က္ေတြကို ပစ္ပယ္ျခင္း

ကေလးရဲ႕အ႐ုပ္ေလး က်ိဳးပဲ့သြားတာက မိဘေတြအတြက္ေတာ့ အေရးမႀကီးတဲ့အရာပါပဲ။ ဒါေပမယ့္ ကေလးအတြက္ေတာ့ သူႀကိဳက္တဲ့အ႐ုပ္ေလး က်ိဳးပဲ့သြားရင္ အရမ္းဝမ္းနည္းသြားပါတယ္။

ကေလးက သူ႔ရဲ႕ဝမ္းနည္းမႈေတြ၊ ေပ်ာ္႐ႊင္မႈေတြကို မိဘေတြကို ေျပာျပတဲ့အခါ မိဘေတြက အေရးမပါသလို၊ ဂ႐ုမစိုက္သလို ျပဳမူလိုက္တဲ့အခါ ကေလးက ပိုဝမ္းနည္းသြားမွာပါ။ ေနာက္ပိုင္းမွာေတာ့ ကေလးက အသက္ႀကီးလာတဲ့အခါ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ရခက္လာၿပီး အၿမဲလိုလိုစိတ္ပူပန္ေနတာကို ႀကဳံေတြ႕ရႏိုင္ပါတယ္။

၃။ ကေလးကို လိမ္ညာျခင္း

မိဘေတြက ကေလးကို ေပးထားတဲ့ကတိေတြကို မမွတ္မိေတာ့တာျဖစ္ႏိုင္သလို ၿပီးစလြယ္ကတိေပးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ကေလးေတြက မိဘေတြေပးထားတဲ့ကတိေတြကို အၿမဲလိုလိုမွတ္မိေနတတ္ပါတယ္။

ကေလးေတြအေပၚ လိမ္ညာေျပာတာ၊ ကတိမတည္တာမ်ားလာရင္ သူတို႔ပတ္ဝန္းက်င္မွာရွိတဲ့သူေတြအ‌ေပၚ အၿမဲတမ္းသံသယမ်က္လုံးနဲ႔ပဲ ၾကည့္ေနတတ္ပါတယ္။ ဒါ့အျပင္ လိမ္ညာေျပာလိုက္ရင္ အဆင္ေျပတယ္ဆိုတဲ့ မေကာင္းတဲ့အက်င့္လည္း ကူးစက္သြားေစမွာပါ။

၄။ ဖိအားေပးျခင္း

မိဘေတြက ကေလးေတြကို အရမ္းေအာင္ျမင္ေစခ်င္တာေၾကာင့္ အစြမ္းကုန္ပံ့ပိုးေပးၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေသာစကားေတြက ကေလးေတြကိုအားမျဖစ္ေစဘဲ ဖိအားပဲ ျဖစ္သြားေစပါတယ္။ အခ်ိဳ႕ေသာဖိအားေတြက ကေလးအ႐ြယ္နဲ႔ မမွ်တတာေၾကာင့္ စိတ္ပူပန္မႈေတြက အၿမဲလိုလိုလႊမ္းမိုးေနမွာပါ။

၅။ ကေလးေတြရဲ႕အစြမ္းအစကို ေမးခြန္းထုတ္ျခင္း

ကေလးေတြကို ပိုမိုႀကိဳးစားေစခ်င္တာေၾကာင့္ “ဒီေလာက္ပဲ ႀကိဳးစားႏိုင္ေတာ့တာလား၊ ဒီထက္ပိုၿပီး မလုပ္ႏိုင္ေတာ့ဘူးလား” စတဲ့ေမးခြန္းေတြ ေမးရင္ ရလဒ္က ေျပာင္းျပန္ထြက္လာမွာပါ။

ဒီလိုေမးခြန္းေတြက ကေလးေတြရဲ႕ႀကိဳးစားခ်င္စိတ္ကို ႐ိုက္ခ်ိဳးလိုက္သလို ျဖစ္ေစပါတယ္။ ပိုၿပီးႀကိဳးစားခ်င္စိတ္ရွိေအာင္ အျခားေသာ နည္းလမ္းေတြနဲ႔ တိုက္တြန္းတာက ပိုၿပီး အက်ိဳးရွိေစမွာပါ။

၆။ ကေလးေတြရဲ႕ စိတ္ခံစားခ်က္နဲ႔ ခႏၶာကိုယ္ကို အျပစ္တင္ျခင္း

ကေလးအ႐ြယ္မွာ ပစၥည္းေတြ ခဏခဏလြတ္က်တာ၊ ဝမ္းနည္းၿပီး ခဏခဏငိုတာ၊ အေၾကာင္းမရွိဘဲ ဂ်ီက်တာတို႔ ျဖစ္ေလ့ရွိပါတယ္။ ဒါ့အျပင္ မိဘေတြေျပာတဲ့စကားတိုင္းကိုလည္း အတိအက်လိုက္မလုပ္ႏိုင္ေသးပါဘူး။

“စားတာကလည္း ေႏွးလိုက္တာ၊ ဒီေလာက္ေတာင္ နားမလည္ဘူးလား” စတဲ့ စကားလုံးေတြက ကေလးေတြအတြက္ေတာ့ နာက်င္စရာစကားေတြပါပဲ။

၇။ ကေလးေတြကို အၿမဲတမ္းအျပစ္ရွိတယ္လို႔ အထင္ေရာက္ေစျခင္း

အခ်ိဳ႕ေသာမိဘေတြက အဆင္မေျပတဲ့အခါတိုင္းမွာ ကေလးေတြကို အျပစ္ပုံခ်တတ္ပါတယ္။ “ဒီကေလးကို ေမြးလိုက္လို႔ ဝါသနာေတြ၊ အခြင့္အေရးေတြ၊ တက္လမ္းေတြ ဆုံးရႈံးရတယ္” လို႔ အမွတ္မထင္ ေျပာထြက္မိတတ္ၾကပါတယ္။

မိဘေတြက လႊတ္ခနဲ ေျပာလိုက္မိေပမယ့္ ကေလးေတြရဲ႕စိတ္ထဲမွာေတာ့ အၿမဲတမ္းအျပစ္ရွိတယ္လို႔ ခံစားသြားရပါတယ္။

Zombie (lovemedia)

Leave a Reply

Your email address will not be published. Required fields are marked *