ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း ၃ မျိုး

အေထြအေထြဗဟုသုတ

ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း ၃ မျိုး

ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။

ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါရည်

လိုအပ်သောပစ္စည်းများ

မုန့်ဖုတ်ဆိုဒါ ၄ဇွန်း

ဆား ၂ ဇွန်း

ရှာလကာရည် ၁ခွက်

မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်လိုက်ပါ။

ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။

(၂) Asprin

Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ ရှာလကာရည်တစ်ခွက် လောင်းထည့်လိုက်ပါ။ခဏအကြာမှာရေနွေးဆူဆူကိုလောင်းထည့်လိုက်ပါ။လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။

(၃) ဆား

ဆား ၅ဇွန်းလောက်ကို ပိုက်ထဲထည့်လိုက်ပါ။ပီးရင်တော့ ရေနွေးဆူဆူကို လောင်းလိုက်ပါ။ရနွေးပူမလောင်မိဖို့ လက်ကိုသတိထားပါ။လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်ပေးနိုင်ပါတယ်

ခရက်ဒစ် အန်တီမေ

Zawgyi

ေဘစင္ပိုက္ပိတ္ေနတဲ့အခါ ပြင့္သြားေအာင္လုပ္ႏိုင္မယ့္ အလြယ္ကူဆုံးနည္းလမ္း ၃ မ်ိဳး

ေဘစင္ပိုက္၊ ေရခ်ိဳးခန္းပိုက္ေတြ ပိတ္သြားၿပီး ေရမစီးပဲအိုင္ေနတာမ်ိဳးက အရမ္းစိတ္ညစ္စရာေကာင္းသလို၊ စိတ္အေႏွာက္အယွက္လည္း အရမ္းျဖစ္ရပါတယ္ေနာ္။

ဒီျပႆနာေတြကို ႀကဳံရတဲ့အခါ ပိုက္ျပင္ဆရာကို မေခၚခင္ ဒီနည္းလမ္းေလးေတြကို စမ္းသပ္ၾကည့္လိုက္ပါဦး။ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေလးေတြျဖစ္လို႔ သင္ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့နည္းလမ္းေလးေတြျဖစ္ပါတယ္။

(၁) မုန႔္ဖုတ္ဆိုဒါရည္

လိုအပ္ေသာပစၥည္းမ်ား

မုန႔္ဖုတ္ဆိုဒါ ၄ဇြန္း

ဆား ၂ ဇြန္း

ရွာလကာရည္ ၁ခြက္

မုန႔္ဖုတ္ဆိုဒါနဲ႔ ဆားတို႔ကို ေသေသခ်ာခ်ာေရာေမႊၿပီး ပိုက္ထဲကို ေလာင္းထည့္လိုက္ပါ။ရွာလကာရည္ကို ပြက္ပြက္ဆူတဲ့အထိ အပူေပးၿပီး ပိုက္ထဲကို ထပ္ေလာင္လိုက္ပါ။

ၿပီးရင္ ပိုက္အဝကို ခ်က္ခ်င္း တစ္ခုခုနဲ႔ အုပ္ၿပီးဖိထားလိုက္ပါ။နာရီဝက္ၾကာတဲ့အခါမွာ ေရေႏြးပူပူေလာင္းခ်လိုက္ပါ။ပိုက္ထဲက ဂ်ီးေတြနဲ႔ အစာေဟာင္းေတြအကုန္ ေမ်ာပါသြားပါလိမ့္မယ္။

(၂) Asprin

Asprin ေဆးျပား ၂ျပားကို ပိုက္ထဲထည့္လိုက္ပါ။ၿပီးရင္ေတာ့ ရွာလကာရည္တစ္ခြက္ ေလာင္းထည့္လိုက္ပါ။ခဏအၾကာမွာေရေႏြးဆူဆူကိုေလာင္းထည့္လိုက္ပါ။လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ႏိုင္ပါတယ္။

(၃) ဆား

ဆား ၅ဇြန္းေလာက္ကို ပိုက္ထဲထည့္လိုက္ပါ။ပီးရင္ေတာ့ ေရေႏြးဆူဆူကို ေလာင္းလိုက္ပါ။ရေႏြးပူမေလာင္မိဖို႔ လက္ကိုသတိထားပါ။လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ေပးႏိုင္ပါတယ္

ခရက္ဒစ္ အန္တီေမ

Leave a Reply

Your email address will not be published. Required fields are marked *