နောင်တစ်ချိန်မှာ ကလေးတွေကို အခက်တွေ့စေမယ့် မိဘတွေရဲ့အုပ်ထိန်းပုံအမှား (၁၀) ခု
သားသမီးတွေကို ပြုစုပျိုးထောင်ပုံနည်းလမ်းက နောက်နှစ်များစွာအထိ အများကြီး အရေးပါပါတယ်။ အချို့သော ထိန်းကျောင်းပုံတွေက လက်ရှိအချိန်မှာတော့ မသိသာနိုင်သေးပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ ကလေးအတွက် အခက်တွေ့စေပါတယ်။
အဲဒါကြောင့် ဘယ်လိုပြုစုပျိုးထောင်ပုံတွေက ကလေးတွေအတွက် အခက်အခဲဖြစ်စေလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။
၁။ အမြဲတမ်း အလိုလိုက်ထားခြင်း
မိဘတွေက သားသမီးတွေကို ချစ်တာကြောင့် အလိုလိုက်တတ်ကြပါတယ်။ သားသမီးတွေအတွက် အဆင်ပြေအောင် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ရှိလာရင်တောင် မိဘတွေကပဲ ဆုံးဖြတ်ပေးတတ်ကြပါတယ်။
ဒါပေမယ့် ကလေးက ကြီးလာတဲ့အခါမှာတော့ အမြဲတမ်း အလိုလိုက်ခံရတာနဲ့ အသားကျပြီးက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို မချနိုင်ဘဲ ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ငယ်စဉ်ကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
၂။ ကတိမတည်ခြင်း
မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေကို ပေးထားတဲ့ကတိတွေကို မတည်တတ်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာတော့ မိဘတွေက အမြဲတမ်းကတိတည်မယ်လို့ ယူဆထားကြပါတယ်။
မိဘတွေက ကတိမတည်တတ်တဲ့အခါ ကလေးတွေကလည်း အခြားသူတွေပေါ်မှာ ကတိဆိုတာ မတည်လည်း ရတယ်၊ ဘာမှမဖြစ်ဘူးလို့ ထင်မှတ်သွားတတ်ကြပါတယ်။
၃။ ကလေးတွေ စူးစမ်းတာကို စိတ်မရှည်ခြင်း
ကလေးတွေက အသစ်အဆန်းတွေကို စိတ်ဝင်စားပြီး နှိုက်နှိုက်ချွတ်ချွတ်မေးတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာလည်း ကလေးတွေရဲ့စူးစမ်းလေ့လာမှုကို အသိအမှတ်ပြုသင့်ပါတယ်။ ကလေးတွေရဲ့ စူးစမ်းတတ်တဲ့စိတ်က ဉာဏ်ရည်ကိုတိုးတက်စေတဲ့အပြင် အတွေးအခေါ်ကောင်းတွေ ရရှိစေမယ့် လမ်းစပါပဲ။
၄။ ကလေးတွေကို မတောင်းပန်ခြင်း
မိဘတွေက ကလေးတွေကို တောင်းပန်စရာမလိုဘူးလို့ မိဘအများစုက လက်ခံထားကြပါတယ်။ အမှားလုပ်တဲ့အခါ တောင်းပန်တတ်တဲ့အကျင့်က သင့်ကလေးကို အရွယ်ရောက်လာတဲ့အခါ တာဝန်ယူတတ်တဲ့စိတ်၊ သူတစ်ပါးကို စာနာတတ်တဲ့စိတ် ရရှိစေပါတယ်။ အဲဒါကြောင့် တောင်းပန်ဝန်ခံတတ်ဖို့လည်း သင်ကြားပေးသင့်ပါတယ်။
၅။ ကလေးတွေရဲ့ခံစားချက်ကို ဖိနှိပ်ထားခြင်း
ကလေးတွေမှာလည်း စိတ်ခံစားချက်တွေ ရှိတတ်ကြပါတယ်။ ကလေးတွေရဲ့စိတ်ခံစားချက်က အရေးမပါဘူးဆိုပြီးတော့ ဖိနှိပ်မထားသင့်ပါဘူး။ ကလေးတွေရဲ့ခံစားချက်ကို ဖိနှိပ်ထားတဲ့အခါမှာတော့ မကြာခဏမေ့တတ်တာ၊ မှတ်ဉာဏ်အားနည်းတာ၊ စိတ်အားငယ်တာကို ခံစားရစေတတ်ပါတယ်။
၆။ ကလေးတွေရဲ့အတွေးကို လက်မခံခြင်း
အချို့မိဘတွေက ကလေးတွေကို ဆုံးမတဲ့အခါတိုင်း “ပြောသလိုလုပ်၊ အတွန့်မတက်နဲ့” ဆိုပြီး ပြောတတ်ကြပါတယ်။ ကလေးတွေမှာ ရှင်းပြချင်တဲ့အရာတွေ၊ အရင်နဲ့မတူတဲ့ အတွေးတွေ ရှိနေတတ်ပါတယ်။ ကလေးတွေရဲ့အတွေးကို အမြဲတားမြစ်တဲ့အခါမှာ ကိုယ်ပိုင်အတွေးအခေါ်တွေးရမှာကို မဝံ့မရဲဖြစ်လာတတ်ပါတယ်။
၇။ ကလေးလိုချင်သမျှကို ဖြည့်ဆည်းပေးခြင်း
ကလေးလိုချင်သမျှကို အကုန်ဖြည့်ဆည်းပေးတဲ့အခါ အရာရာကို လွယ်လွယ်ကူကူနဲ့ ရတယ်လို့ ထင်သွားတတ်ကြပါတယ်။ လိုချင်တဲ့အရာရဖို့ ခက်ခက်ခဲခဲကြိုးစားစရာမလိုဘူးလို့ တွေးထင်သွားပြီး တန်ဖိုးထားတတ်မှုလည်း လျော့နည်းသွားမှာပါ။
အဲဒါကြောင့် ဘယ်အရာကိုမှ လွယ်လွယ်ကူကူနဲ့ မရကြောင်း၊ ကိုယ့်အားကိုယ်ကိုးသင့်ကြောင်းကို ငယ်စဉ်ကတည်းက လမ်းညွှန်ပေးသင့်ပါတယ်။
၈။ မသင့်တော်တဲ့အပြုအမူတွေကို မတားမြစ်ခြင်း
ကလေးတွေဟာ ငယ်ရွယ်သေးတာကြောင့် ကောင်းတဲ့အပြုအမူလား၊ ဆိုးတဲ့အပြုအမူလားဆိုတာကို မခွဲခြားတတ်သေးပါဘူး။ အဲဒါကြောင့် ကောင်းတဲ့အပြုအမူတွေကို ပျိုးထောင်ပြီး မကောင်းတဲ့အပြုအမူတွေကို တားမြစ်ရဖို့က မိဘတွေအတွက် မဖြစ်မနေလုပ်သင့်တဲ့အရာပါပဲ။
ဒါပေမယ့် သင့်ကလေးက မကောင်းတဲ့အပြုအမူတွေ လုပ်နေတိုင်း မတားမြစ်တာ၊ အားပေးတာက ကလေးကို နောင်တစ်ချိန်မှာ ဒုက္ခရောက်အောင် ပို့တာနဲ့ အတူတူပါပဲ။
၉။ အမြဲတမ်း ငြင်းခြင်း
အချို့မိဘတွေက စည်းကမ်းတင်းကြပ်ကြပြီးတော့ ကလေးတွေရဲ့ဆန္ဒကို အမြဲငြင်းဆန်တတ်ကြပါတယ်။ မိဘတွေရဲ့ဆန္ဒအတိုင်းကိုပဲ လိုက်လုပ်ခိုင်းတတ်ကြပါတယ်။ စည်းကမ်းကို လိုက်နာတာက အကျင့်ကောင်းဆိုပေမယ့် ကလေးရဲ့ဆန္ဒတိုင်းကို ငြင်းဆန်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာစေမှာပါ။
၁၀။ ကလေးရဲ့ရှေ့မှာ စံပြဖြစ်အောင် မနေခြင်း
ကလေးတွေက လူကြီးတွေရဲ့အမူအရာကို အလွယ်တကူ အတုခိုးတတ်ကြပါတယ်။ မိဘတွေက ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာကို ကလေးတွေက အမြဲလိုလို မြင်တွေ့နေရရင် ဒီအကျင့်တွေက ကလေးတွေအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။
ဒါပေမယ့် နောင်တစ်ချိန်မှာတော့ သင့်ကလေးမှာ မိဘတွေရဲ့အကျင့်ဆိုးတွေ ကူးစက်သွားပြီး ပြုပြင်မရအောင် ဖြစ်သွားတတ်ပါတယ်။
Zombie (lovemedia)
Zawgyi
ေနာင္တစ္ခ်ိန္မွာ ကေလးေတြကို အခက္ေတြ႕ေစမယ့္ မိဘေတြရဲ႕အုပ္ထိန္းပုံအမွား (၁၀) ခု
သားသမီးေတြကို ျပဳစုပ်ိဳးေထာင္ပုံနည္းလမ္းက ေနာက္ႏွစ္မ်ားစြာအထိ အမ်ားႀကီး အေရးပါပါတယ္။ အခ်ိဳ႕ေသာ ထိန္းေက်ာင္းပုံေတြက လက္ရွိအခ်ိန္မွာေတာ့ မသိသာႏိုင္ေသးေပမယ့္ ႏွစ္ေတြၾကာလာတဲ့အခါမွာေတာ့ ကေလးအတြက္ အခက္ေတြ႕ေစပါတယ္။
အဲဒါေၾကာင့္ ဘယ္လိုျပဳစုပ်ိဳးေထာင္ပုံေတြက ကေလးေတြအတြက္ အခက္အခဲျဖစ္ေစလဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ အၿမဲတမ္း အလိုလိုက္ထားျခင္း
မိဘေတြက သားသမီးေတြကို ခ်စ္တာေၾကာင့္ အလိုလိုက္တတ္ၾကပါတယ္။ သားသမီးေတြအတြက္ အဆင္ေျပေအာင္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြ ရွိလာရင္ေတာင္ မိဘေတြကပဲ ဆုံးျဖတ္ေပးတတ္ၾကပါတယ္။
ဒါေပမယ့္ ကေလးက ႀကီးလာတဲ့အခါမွာေတာ့ အၿမဲတမ္း အလိုလိုက္ခံရတာနဲ႔ အသားက်ၿပီးက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြကို မခ်ႏိုင္ဘဲ ျဖစ္လာတတ္ပါတယ္။ အဲဒါေၾကာင့္ ငယ္စဥ္ကတည္းက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်တတ္ေအာင္ ေလ့က်င့္ေပးဖို႔ လိုအပ္ပါတယ္။
၂။ ကတိမတည္ျခင္း
မိဘေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကေလးေတြကို ေပးထားတဲ့ကတိေတြကို မတည္တတ္တဲ့အခ်ိန္ေတြ ရွိတတ္ပါတယ္။ ကေလးေတြရဲ႕ စိတ္ထဲမွာေတာ့ မိဘေတြက အၿမဲတမ္းကတိတည္မယ္လို႔ ယူဆထားၾကပါတယ္။
မိဘေတြက ကတိမတည္တတ္တဲ့အခါ ကေလးေတြကလည္း အျခားသူေတြေပၚမွာ ကတိဆိုတာ မတည္လည္း ရတယ္၊ ဘာမွမျဖစ္ဘူးလို႔ ထင္မွတ္သြားတတ္ၾကပါတယ္။
၃။ ကေလးေတြ စူးစမ္းတာကို စိတ္မရွည္ျခင္း
ကေလးေတြက အသစ္အဆန္းေတြကို စိတ္ဝင္စားၿပီး ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ေမးတတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ခါတရံမွာလည္း ကေလးေတြရဲ႕စူးစမ္းေလ့လာမႈကို အသိအမွတ္ျပဳသင့္ပါတယ္။ ကေလးေတြရဲ႕ စူးစမ္းတတ္တဲ့စိတ္က ဉာဏ္ရည္ကိုတိုးတက္ေစတဲ့အျပင္ အေတြးအေခၚေကာင္းေတြ ရရွိေစမယ့္ လမ္းစပါပဲ။
၄။ ကေလးေတြကို မေတာင္းပန္ျခင္း
မိဘေတြက ကေလးေတြကို ေတာင္းပန္စရာမလိုဘူးလို႔ မိဘအမ်ားစုက လက္ခံထားၾကပါတယ္။ အမွားလုပ္တဲ့အခါ ေတာင္းပန္တတ္တဲ့အက်င့္က သင့္ကေလးကို အ႐ြယ္ေရာက္လာတဲ့အခါ တာဝန္ယူတတ္တဲ့စိတ္၊ သူတစ္ပါးကို စာနာတတ္တဲ့စိတ္ ရရွိေစပါတယ္။ အဲဒါေၾကာင့္ ေတာင္းပန္ဝန္ခံတတ္ဖို႔လည္း သင္ၾကားေပးသင့္ပါတယ္။
၅။ ကေလးေတြရဲ႕ခံစားခ်က္ကို ဖိႏွိပ္ထားျခင္း
ကေလးေတြမွာလည္း စိတ္ခံစားခ်က္ေတြ ရွိတတ္ၾကပါတယ္။ ကေလးေတြရဲ႕စိတ္ခံစားခ်က္က အေရးမပါဘူးဆိုၿပီးေတာ့ ဖိႏွိပ္မထားသင့္ပါဘူး။ ကေလးေတြရဲ႕ခံစားခ်က္ကို ဖိႏွိပ္ထားတဲ့အခါမွာေတာ့ မၾကာခဏေမ့တတ္တာ၊ မွတ္ဉာဏ္အားနည္းတာ၊ စိတ္အားငယ္တာကို ခံစားရေစတတ္ပါတယ္။
၆။ ကေလးေတြရဲ႕အေတြးကို လက္မခံျခင္း
အခ်ိဳ႕မိဘေတြက ကေလးေတြကို ဆုံးမတဲ့အခါတိုင္း “ေျပာသလိုလုပ္၊ အတြန႔္မတက္နဲ႔” ဆိုၿပီး ေျပာတတ္ၾကပါတယ္။ ကေလးေတြမွာ ရွင္းျပခ်င္တဲ့အရာေတြ၊ အရင္နဲ႔မတူတဲ့ အေတြးေတြ ရွိေနတတ္ပါတယ္။ ကေလးေတြရဲ႕အေတြးကို အၿမဲတားျမစ္တဲ့အခါမွာ ကိုယ္ပိုင္အေတြးအေခၚေတြးရမွာကို မဝံ့မရဲျဖစ္လာတတ္ပါတယ္။
၇။ ကေလးလိုခ်င္သမွ်ကို ျဖည့္ဆည္းေပးျခင္း
ကေလးလိုခ်င္သမွ်ကို အကုန္ျဖည့္ဆည္းေပးတဲ့အခါ အရာရာကို လြယ္လြယ္ကူကူနဲ႔ ရတယ္လို႔ ထင္သြားတတ္ၾကပါတယ္။ လိုခ်င္တဲ့အရာရဖို႔ ခက္ခက္ခဲခဲႀကိဳးစားစရာမလိုဘူးလို႔ ေတြးထင္သြားၿပီး တန္ဖိုးထားတတ္မႈလည္း ေလ်ာ့နည္းသြားမွာပါ။
အဲဒါေၾကာင့္ ဘယ္အရာကိုမွ လြယ္လြယ္ကူကူနဲ႔ မရေၾကာင္း၊ ကိုယ့္အားကိုယ္ကိုးသင့္ေၾကာင္းကို ငယ္စဥ္ကတည္းက လမ္းၫႊန္ေပးသင့္ပါတယ္။
၈။ မသင့္ေတာ္တဲ့အျပဳအမူေတြကို မတားျမစ္ျခင္း
ကေလးေတြဟာ ငယ္႐ြယ္ေသးတာေၾကာင့္ ေကာင္းတဲ့အျပဳအမူလား၊ ဆိုးတဲ့အျပဳအမူလားဆိုတာကို မခြဲျခားတတ္ေသးပါဘူး။ အဲဒါေၾကာင့္ ေကာင္းတဲ့အျပဳအမူေတြကို ပ်ိဳးေထာင္ၿပီး မေကာင္းတဲ့အျပဳအမူေတြကို တားျမစ္ရဖို႔က မိဘေတြအတြက္ မျဖစ္မေနလုပ္သင့္တဲ့အရာပါပဲ။
ဒါေပမယ့္ သင့္ကေလးက မေကာင္းတဲ့အျပဳအမူေတြ လုပ္ေနတိုင္း မတားျမစ္တာ၊ အားေပးတာက ကေလးကို ေနာင္တစ္ခ်ိန္မွာ ဒုကၡေရာက္ေအာင္ ပို႔တာနဲ႔ အတူတူပါပဲ။
၉။ အၿမဲတမ္း ျငင္းျခင္း
အခ်ိဳ႕မိဘေတြက စည္းကမ္းတင္းၾကပ္ၾကၿပီးေတာ့ ကေလးေတြရဲ႕ဆႏၵကို အၿမဲျငင္းဆန္တတ္ၾကပါတယ္။ မိဘေတြရဲ႕ဆႏၵအတိုင္းကိုပဲ လိုက္လုပ္ခိုင္းတတ္ၾကပါတယ္။ စည္းကမ္းကို လိုက္နာတာက အက်င့္ေကာင္းဆိုေပမယ့္ ကေလးရဲ႕ဆႏၵတိုင္းကို ျငင္းဆန္ေနတဲ့အခါ စိတ္ပိုင္းဆိုင္ရာျပႆနာေတြ ျဖစ္ေပၚလာေစမွာပါ။
၁၀။ ကေလးရဲ႕ေရွ႕မွာ စံျပျဖစ္ေအာင္ မေနျခင္း
ကေလးေတြက လူႀကီးေတြရဲ႕အမူအရာကို အလြယ္တကူ အတုခိုးတတ္ၾကပါတယ္။ မိဘေတြက ၾကမ္းၾကမ္းတမ္းတမ္း ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆိုဆက္ဆံတာကို ကေလးေတြက အၿမဲလိုလို ျမင္ေတြ႕ေနရရင္ ဒီအက်င့္ေတြက ကေလးေတြအတြက္ အထူးအဆန္းမဟုတ္ေတာ့ပါဘူး။
ဒါေပမယ့္ ေနာင္တစ္ခ်ိန္မွာေတာ့ သင့္ကေလးမွာ မိဘေတြရဲ႕အက်င့္ဆိုးေတြ ကူးစက္သြားၿပီး ျပဳျပင္မရေအာင္ ျဖစ္သြားတတ္ပါတယ္။
Zombie (lovemedia)