ပိုက်ဆံ သိန်း ၃၀၀ ရှိရင် ၂၀၀ ပဲ ထုတ်ရင်းရတယ် ၊ ဘာကြောင့်လဲဆိုတော့
ငါ့မှာ ပိုက်ဆံ သိန်း ၃၀၀ ရှိရင် သိန်း ၂၀၀ ပဲ ထုတ်ရင်းတယ် ။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီး အနေနဲ့ ချန်ထားတယ် ။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင်လေးသောင်းပဲ ထည့်တယ် ။ နှစ်သောင်းက ကြိုက်ဈေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ် ။ဘာကြောင့်လဲ ဆိုတော့ ငါက ဆင်းရဲသား ဘဝကနေ တက်လာတာ။
ငါ့မှာရှိသမျှ ပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့ ။ သူပြောတဲ့ စကားနဲ့ ကျနော့အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ် ။
ငါ့သား အလုပ် လုပ်ရင် ရေကာတာ စီမံကိန်းနဲ့ လုပ်ရတယ်ကွ ။ရေကာတာ စီမံကိန်း ဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့ အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ် ။
ဘာကြောင့်လဲ ဆိုတော့ မတော်တဆ ခြေချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ် ။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ် ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆချော်လဲလို့ကတော့ သွားပြီ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး ။ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ် ခွေးဖြစ် ရှိသမျှ ပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာ များတယ်။
စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ် ။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ် ပေါ့ဗျာ ။စစ်မှန်တဲ့ အောင်မြင်မှုဆိုတာကနေ့ချင်းညချင်း ဝုန်းကနဲလုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့အရာပါ ဘာ့ကြောင့် ဒီစကားပြောရလဲ ဆိုတော့ကျနော်တို့လို လူငယ်တွေ တော်တော်များများကအရမ်း အောင်မြင်ချင်ကြတယ် ။ အဲ့မှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ ။
အမှန်က ခေါင်းအေးအေးထားပြီး တည်တည် ငြိမ်ငြိမ် ချင့်ချင့် ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေ ရောက်ပါတယ်
လေးစားလျက်
Unicode
ပိုက္ဆံ သိန္း ၃၀၀ ရွိရင္ ၂၀၀ ပဲ ထုတ္ရင္းရတယ္ ၊ ဘာေၾကာင့္လဲဆိုေတာ့
ငါ့မွာ ပိုက္ဆံ သိန္း ၃၀၀ ရွိရင္ သိန္း ၂၀၀ ပဲ ထုတ္ရင္းတယ္ ။ တစ္ရာက မေတာ္တဆ ရႈံးသြားခဲ့ရင္ ျပန္ရင္းဖို႔ အရင္းအႏွီး အေနနဲ႔ ခ်န္ထားတယ္ ။ ငါ့ဂိုေဒါင္က ကုန္ခ်ိန္ ေျခာက္ေသာင္းဆန႔္ရင္ေလးေသာင္းပဲ ထည့္တယ္ ။ ႏွစ္ေသာင္းက ႀကိဳက္ေဈးရရင္ ထပ္ထည့္ဖို႔ ခ်န္ထားတယ္ ။ဘာေၾကာင့္လဲ ဆိုေတာ့ ငါက ဆင္းရဲသား ဘဝကေန တက္လာတာ။
ငါ့မွာရွိသမွ် ပုံေအာၿပီး လုပ္လိုက္လို႔ မေတာ္တဆ ရႈံးသြားခဲ့ရင္ ဆင္းရဲတဲ့ ဘဝကို ငါျပန္ေရာက္သြားမွာ ေၾကာက္တယ္တဲ့ ။ သူေျပာတဲ့ စကားနဲ႔ က်ေနာ့အေဖေျပာတဲ့ စကားနဲ႔ သြားတူေနတယ္ ။
ငါ့သား အလုပ္ လုပ္ရင္ ေရကာတာ စီမံကိန္းနဲ႔ လုပ္ရတယ္ကြ ။ေရကာတာ စီမံကိန္း ဆိုတာက ကုန္ထမ္းသမား တစ္ေယာက္ဟာ အခ်ိန္သုံးဆယ္ကို ထမ္းႏိုင္တဲ့ အားရွိရင္ အခ်ိန္ႏွစ္ဆယ္ပဲ ထမ္းသင့္တယ္ ။
ဘာေၾကာင့္လဲ ဆိုေတာ့ မေတာ္တဆ ေျခေခ်ာ္လဲရင္ ကိုယ့္ကိုယ္ကို ျပန္ေထာက္ႏိုင္ဖို႔ အားက်န္ေနေသးတယ္ ။ အခ်ိန္သုံးဆယ္ ႏိုင္တဲ့လူက အခ်ိန္သုံးဆယ္ ဝိတ္ႀကီးကို ထမ္းထားလို႔ မေတာ္တဆေခ်ာ္လဲလို႔ကေတာ့ သြားၿပီ ျပန္ထႏိုင္ဖို႔ မလြယ္ေတာ့ဘူး ။က်ေနာ္ ျမင္ရသေလာက္လဲ အလုပ္ လုပ္ရင္ ပရမ္းပတာ သူေဌးျဖစ္ ေခြးျဖစ္ ရွိသမွ် ပုံေအာၿပီး လုပ္တဲ့လူေတြ ျပဳတ္သြားၾကတာ မ်ားတယ္။
ေစ့ေစ့စပ္စပ္နဲ႔ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္တဲ့လူေတြပဲ ေအာင္ျမင္သြားၾကတာ မ်ားတယ္ ။ အရမ္းႀကီး မေအာင္ျမင္ရင္ေတာင္မွ အမွားနည္းတယ္ ေပါ့ဗ်ာ ။စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကေန႔ခ်င္းညခ်င္း ဝုန္းကနဲလုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး ။ တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း ျဖည္းျဖည္းခ်င္း တည္ေဆာက္ယူရတဲ့အရာပါ ဘာ့ေၾကာင့္ ဒီစကားေျပာရလဲ ဆိုေတာ့က်ေနာ္တို႔လို လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားကအရမ္း ေအာင္ျမင္ခ်င္ၾကတယ္ ။ အဲ့မွာ ဆႏၵေတြေစာ ေလာဘေတြႀကီးၿပီး အမွားေတြကို လုပ္မိေတာ့တာပါပဲ ။
အမွန္က ေခါင္းေအးေအးထားၿပီး တည္တည္ ၿငိမ္ၿငိမ္ ခ်င့္ခ်င့္ ခ်ိန္ခ်ိန္ေလးနဲ႔ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္ကို ခ်ီတက္ရင္ ပန္းတိုင္ကို မုခ်မေသြ ေရာက္ပါတယ္
ေလးစားလ်က္