(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း

ေဗဒင္ ယၾတာ

(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်ထဲကံကောင်းခြင်းတွေအများအပြားကြုံရပါလိမ့်မယ်။ ကံကောင်းတဲ့အချက်တွေထဲမှာ အလုပ်ကံ၊ နေရာထိုင်ခင်းကံအားကောင်းတာမျိုးတွေကြုံရတတ်ပါတယ်။

ကျန်းမာရေးအားကောင်းနေတတ်ပြီး တော်ရုံ‌ရောဂါ မဝင်နိုင်တဲ့ ကာလဖြစ်နေတာကိုလဲ တွေ့ရပါတယ်။ စိတ်ချမ်းသာရမဲ့ကိစ္စက လူမစွမ်းနတ်မဆိုသလို ကိုယ်က မစွံရင် တောင်မှ ကူညီမဲ့သူတွေဖေးမမဲ့သူတွေပေါများပါတယ်။

သတိထားရမဲ့အချက်က အချစ်ဆုံးလူတွေနဲ့ အဝေးဆုံး အခြေအနေဆိုတာမျိုးကြုံရတတ်ပါတယ်။ငွေကြေးရှာဖွေရလွယ်ပေမဲ့ အကြောင်းမဲ့ကုန်နေတတ်တာမျိုးတော့ ဒီ ကာလ အတွက်အားနည်းချက်ဖြစ်လာပါတယ်။

ထီကံစမ်းလို့ကောင်းတဲ့ကာလပါပဲ။ ဖြေးဖြေးမှန်မှန်နှင့်ရှေ့ဆက် လုပ်ကိုင် သွားသူများ အဆင်ပြေပြေချောမွေ့ပါလိမ့် မယ်။ ကံကောင်းနေတဲ့ကာလဖြစ်တဲ့အတွက်လုပ်သမျှ အဆင် ပြေ ပါလိမ့်မယ်။ ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲ အလွန်အဆင်ပြေချောမွေ့ပါလိမ့်မယ်။

တပည့်တွေလာရောက် ဂါရဝါပြုတာ မျိုးကြုံရတတ်ပါတယ်။ကျန်းမာရေးကိုတော့ အထူးပြောစရာမလိုပါဘူး။ ကောင်းပြီးသားပါ။ မစား ဖူးတဲ့ အစားအသောက်တွေ၊ဒေသထွက်စာတွေကိုအလွန်အကျွံမစားလိုက်ပါနဲ့။

အချစ်ရေးမှာတော့ မိမိရဲ့ချစ်သူ ဘဝလက် တွဲဖော်နဲ့ရေရှည်အစီအစဉ်တွေ၊လက်ထပ်ဖို့ကိစ္စတွေတိုင်ပင်နိုင်မဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးသာယာ ပါလိမ့် မယ်။ ပညာရေးကောင်းပါတယ်။ ဘာသာစကားနဲ့ပတ်သက်သောပညာတွေရလာနိုင်ပါတယ်။

အကျိုးပေးဂဏန်း 4/7/0
အထူးဟော ကံမြင့်မားနေမည်။
ယတြာ သရဏံဂုံ၃ပါးကိုနေ့စဉ်သက်စေ့ရွတ်ပွားလိုက်ပါ။

#တနင်္လာ

ဒီအပတ်ထဲပျော်ရွှင်စရာကောင်းတဲ့အတွေ့အကြုံလေးတွေရတတ်ပါတယ်။ ဘဝအမောတွေကြားထဲက အိုအေစစ်ဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးလည်ပတ်မှုအားကောင်းနေသလို ဝင်ငွေစီးကြောင်းသစ်တွေ လဲပေါ်လာနိုင်တာကိုတွေ့ရပါတယ်။

အကြွေးရစရာရှိသူများ သတင်းကောင်းကြားရတတ်ပါတယ်။ ရေထွက်ကုန် လုပ်ငန်းများ၊ ရေလမ်းခရီးနဲ့ကုန်သွယ်ရသောလုပ်ငန်းများအကျိုးပေးမဲ့ကာလပါပဲ။ စိတ်ကူးအတွေးတွေ ကွန့်မြူးတဲ့ အတွက် မိမိအနာဂတ်အတွက်သုံးသပ်ဆောင်ရွက်ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။

ကံကောင်းတာက မိမိ ကိုယ်က လူပင်ပန်းခံ၊စိတ်ပင်ပန်းခံလုပ်ပေမဲ့ လူမနွမ်းဘဲတတ် ကြွနေတတ်ပါတယ်။ လူအများရဲ့ချစ်ခင်ခြင်း၊ လေး စား ခြင်းကိုရမဲ့နေ့ရက်တွေပါပဲ။အလုပ်သစ်အတွက် CV တင်ထားတာမျိုးတွေဒီကာလမှာဆောင်ရွက်ထားလိုက်ပါ။

အလှူကိစ္စတွေ၊မင်္ဂလာကိစ္စတွေကိုအထူးကြုံရတတ်ပါတယ်။မိမိကိုယ်တိုင်လဲ လှူခွင့်တန်းခွင့် ရလာပါလိမ့်မယ်။ ချစ်သူဆီကအဖြေရလာပါလိမ့်မယ်။ ချစ်သူနဲ့အပျော်ခရီးတွေသွားဖြစ်တတ်ပါတယ်။

ကျန်းမာရေး အညံ့မရှိသ လောက်ပါပဲ။နေကောင်းပြီးစားဝင်အိပ်ပျော်ပါလိမ့်မယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရတတ်ပါတယ်။ အိမ် ထောင်ဘက်ရဲ့အလိုက်သိမှုတွေကြောင့်အရာရာအဆင်ပြေပါလိမ့်မယ်။ ရာထူးတိုးကိစ္စတွေမှာလဲမိမိပါဝင်လာ တတ် ပါတယ်။

အကျိုးပေးဂဏန်း 3/7/9
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ မိမိထက်အရွယ်ကြီးသူတွေကို တတ်နိုင်တာလေးနဲ့ကန်တော့ပါ။

#အင်္ဂါ

အချိန်ကို စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ အိပ်ရေးအပျက်ခံသင့်ရင် အိပ်ရေးပျက်ခံလိုက်ပါ။ ဒီကာလမှာဝီရိယ လျော့လိုက်တာနဲ့ အလုပ်အကြွေးတွေ ထပ်သွားနိုင်ပါတယ်။

ငွေကံအားကောင်းပေမဲ့ အလုပ်ထဲ ငွေပြန်ထည့်ရတာ တွေများတာမို့ အကောင်အထည်တော့ ပြနိုင်မည်မဟုတ်ပါ။ အိုးပြောင်းအိမ်ပြောင်း၊နေရာပြောင်း၊အလုပ်ပြောင်း တွေကြုံရတတ်ပါတယ်။

ဘာမှမပြောင်းရရင်တောင် အခန်းပြောင်းရတာမျိုး အလုပ်စားပွဲပြောင်းရတာမျိုးတွေ လောက်တော့ဖြစ်တတ်ပါတယ်။ သတိထားရမှာက သူများအရှုပ်ထုပ်တွေကိုယ့်ခေါင်းပေါ်ရောက်လာတတ်ပါတယ်။

တတ်နိုင်သမျှ မဆိုင်တဲ့ကိစ္စတွေကို ခေါင်းရှောင်လိုက်စေချင်ပါတယ်။အောက်လက်ငယ်သားများကို စိတ်မချရတဲ့ ကာလပါပဲ။ ငွေကြေးတွက်ချက်ရသူများ၊ဈေးရောင်း၊ဈေးဝယ်များ ၊ ငွေလွှဲကိစ္စများသတိထားပါ။

မှားပြီး ငွေအမ်းမိ တာ ၊ငွေမှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အတွက်အချက်မှားပြီး ငွေပိုပေးမိတာတွေဖြစ်ရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက် သောလုပ်ငန်းများ အတွင်းရေးပြဿနာတွေကြုံရတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ခါးနာ တာ မျိုးတွေ၊သွားကိုက် တာမျိုးတွေဖြစ်ရတတ်ပါတယ်။ မီးလန့်တတ်တဲ့အတွက် သတိထားပါ။ အချစ်ရေးမှာတော့ မိမိထက်အသက်ကြီးသူက မိမိကိုတစ်ဖက်သတ်ချစ်နေတတ်ပါတယ်။

ချစ်သူနဲ့ စကားပြောတာအပေါက်အလမ်း မတည့်တာမျိုးတော့ဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရမဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/4/8
အထူးဟော ကံအားနည်းနေမည်။
ယတြာ ဘဂဝါဂုဏ်တော်ကို နေ့စဉ် ၁၀၈ခေါက်ရွတ်ပွားလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

အနည်းငယ်တော့ လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။ မဖြစ်မနေ ကိုယ်ပါရမဲ့လူမှုရေးကိစ္စတွေဖြစ်တာမို့ ရှောင်လွှဲလို့မရတာမျိုးကြုံရတတ်ပါတယ်။ ရန်အတိုက်အခံပေါပေမဲ့ မိမိကသာ နောက်ဆုံးအနိုင်ရပါလိမ့်မယ်။

အမွေကိစ္စ နေရာထိုင်ခင်းကိစ္စတွေအတွက် စိတ်ပူရမဲ့အနေအထားတော့ ရှိပါတယ်။ အတက်အကျများတဲ့ ကံအနေ အထားကြုံရတဲ့ကာလဖြစ်တာမို့အရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်တာ၊အရဲစွန့်လုပ်တာမျိုးတွေရှောင်စေချင်ပါ တယ်။

အဖွဲ့ အစည်းနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေကတော့ ထိရောက်အောင်မြင်တတ်ပါတယ်။ ကံကောင်းတာက လူအများရဲ့ချစ်ခင် ခြင်း၊အကူအညီပေးခြင်းတွေကိုရရှိပါလိမ့်မယ်။ အိမ်၊မြေ၊ခြံနှင့်ပတ်သက်ပြီးစိတ်ဆင်းရဲ ရတတ် ပါ တယ်။

ပုံမှန်အလုပ်ထက် ပြင်ပအလုပ်တွေကပိုမိုဝင်ငွေတိုးလာတတ်ပါတယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ်ပြောင်း နေရာပြောင်းတွေကြုံရ တတ်ပါတယ်။ ကျန်းမာရေးကတော့ဒူးနာနေတတ်ပါတယ်။ အထိုင်အထတွေမကောင်းပါ။

အမျိုးသမီးများမီးယပ်နှင့် ဆိုင်သောရောဂါတွေရတတ်ပါတယ်။အချစ်ရေးမှာတော့ ငယ်ရွယ်သူများစန်းအားကောင်း နေမည်။ယခုကာလတွေ့သူသည် ရေစက်ပါတဲ့သူဖြစ်တတ်ပါတယ်။အိမ်ထောင်ဘက်ဝင်ငွေကောင်းနေမည်။ အိမ်ထောင် ဘက်ရဲ့ဂရုစိုက်ယု ယခြင်းကိုခံရလိမ့်မယ်။ ပညာရေးကံအားနည်းနေနိုင်ပါတယ်။

အကျိုးပေးဂဏန်း 3/4/0
အထူးဟော ကံသင့်ပါတယ်။
ယတြာ ပြည်သူ့ဆေးရုံမှာ တတ်နိုင်တာလေးလှူပေးပါ။

#ကြာသပတေး

လုပ်ငန်းကောင်းတွေနဲ့ အချိတ်အဆက်ရလာတတ်ပါတယ်။ အလုပ်ရှာနေသူများကောင်းသောအလုပ်တွေ ရလာတတ်ပါတယ်။ ရပ်ဝေးကပညာအသစ်တွေရတတ်ပါတယ်။ အွန်လိုင်းကပညာတွေလဲ ရပ်ဝေးကပညာပါပဲ။

အတိတ်ကအကူအညီတွေပေးခဲ့ဖူးရင် ထိုသူတွေက အကျိုးပြန်ပြုတာခံရတတ်ပါတယ်။တရားဓမ္မနဲ့ပတ်သက်ပြီး အသိဉာဏ်ပွင့်လန်းတာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးစတင်ကျောင်းအပ်တာမျိုးတွေဒီအပတ်ထဲဆောင် ရွက်လို့ကောင်းပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမရှိ ၊ရှေ့ ဆက်သွားနိုင်ပါလိမ့်မယ်။ သူတစ်ပါးတွေရဲ့အကူအညီတောင်းထားတာတွေကို လိုက်လံကူညီပေးနေရတတ်ပါတယ် ။ သတိထားရမှာက မိသားစုအရေးကိစ္စတွေအတွက် စိတ်ပင်ပန်းလူပင်ပန်းခံရတတ်ပါ တယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးလေးတွေဖြစ်ရ တတ်ပါတယ်။အရေးပြားယားယံတာမျိုးတွေဖြစ်လွယ်တယ်။ တွင်းအောင်းသားတွေသိပ်မစားပါနဲ့။ ယောကျာ်းလေး များလိင်အင်္ဂါနှင့်ပတ်သက်သောရောဂါတွေလဲရတတ်ပါတယ်။

အချစ်ရေးမှာ တစ်ဦးတစ်ယောက်ချစ်သူအဖြစ်ရွေး ချယ်မယ်ဆိုရင်တော့ သူ့နောက်ကြောင်းကိုစုံစမ်းပါအုံး။ ချစ်သူရှိပြီးသားသူတွေကတော့ အချစ်ခရီးလမ်းသာယာ ဖြောင့်ဖြူးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာအကျအနကောက်လွန်းတဲ့အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်နေရတတ် ပါတယ်။

အကျိုးပေးဂဏန်း 1/3/0
အထူးဟော အလုပ်စီးပွားကောင်းမည်။
ယတြာ တရားမှတ်ခြင်း၊ပုတီးစိပ်ခြင်းများကိုအထူးပြုဆောင်ရွက်ပါ။

#သောကြာ

အလုပ်မှာ မပျော်ပိုက်သော်လဲ ပေပြီးလုပ်နေရတတ်ပါတယ်။ မာနကြီးသူတွေ ၊ဒီအလုပ်က ငါနဲ့မတန်ပါဘူး လို့ထင်သူ တွေပိုမိုအညံ့များတတ် ပါတယ်။ဒီကာလဟာ အပင်ပန်းခံမှပဲ အဆင်ပြေပါလိမ့်မယ်။

ဆရာသမားတွေရဲ့ အလုပ် တွေလဲ ကူပေးရတတ်ပါ တယ်။ အလုပ်သစ်များကြံစည်ထားလို့ရပါ တယ်။စတင်ပြီးအကောင် အထည်ဖော် လို့တော့ မကောင်းသေးပါဘူး။ အလုပ်သမားနှင့်နွမ်းပါးသောသူများ မိတ်ဆွေကောင်းတွေရဲ့အကူအညီ ကိုရလာပါလိမ့်မယ်။

လူငယ်များ ခရီးကိစ္စနဲ့ပတ်သက်ပြီးဖခင်နဲ့စကားများရတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲမိဘ တွေနဲ့ဆန့်ကျင်ဘက်တွေလုပ်နေမိတတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကိုယုံကြည်မိ ပြီးငွေကြေးဆုံးရှုံးရပါလိမ့်မယ်။

တစ်ပါးသူကိုယုံကြည်လွန်းရင်တော့ စီးပွားရေးပါဆုတ်ယုတ်တတ်ပါတယ်။ဆရာ ကောင်းတွေဆီက ငွေအား၊လူအားမရပေမဲ့ အကြံဉာဏ်တော့ရပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဆီးပူ၊ဆီးအောက်၊ဆီးချုပ်ဖြစ်တတ်ပါတယ်။

အပူအစပ်တွေလုံးဝလျှော့ချလိုက်ပါ။ အချစ်ရေးနယ်ပယ်မှာတော့မရေရာသောချစ်ခြင်းဖြစ်ပါလိမ့်မယ်။ ချစ်သူနဲ့ချိန်း ဆိုထားရင်လွဲတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အိမ်ထောင်ဘက်ကြောင့် စိတ် ပင်ပန်းရတတ်ပါတယ်။ ပညာရေးမှာတော့အပေါင်းအသင်းမှာပြီး စာကိုစိတ်မဝင်စားမလုပ်မိသလိုဖြစ်နေလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/0
အထူးဟော ကျန်းမာရေးကိုဂရုစိုက်ပေးပါ။
ယတြာ ဝေယျာဝစ္စကုသိုလ်တွေဆောင်ရွက်ပေးပါ။

#စနေ

ခရီးသွား၊ဟိုတယ်၊စားသောက်ကုန်၊အဝတ်အထည်၊လက်ဝတ်ရတနာနှင့် ပတ်သက်သောလုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။ စက်ပစ္စည်းတွေဝယ်ယူလို့ကောင်းပါတယ်။ဝန်ထမ်းများလခစား များကတော့ အလုပ်တွေပိုပြီးပင်ပန်းတာပဲအဖတ်တင်ပါလိမ့်မယ်။

မိမိအကြပ်အတည်းဖြစ်နေတဲ့ပြဿနာတစ်ခုသေချာပေါက်ပြေ လည်သွားတတ်ပါတယ်။မိမိလိုချင်တာတွေကိုလဲရအောင်ယူနိုင်ပါလိမ့်မယ်။ ခရီးသွားရမှာတော့ လမ်းခရီးကြန့် ကြာတာမျိုးတွေတော့ဖြစ်ရတတ်ပါတယ်။

အပျော်အပါးအသောက်အစားပါလာရင်အပျော်လွန်ပြီး ပြဿနာတွေကိုဖြစ်စေပါလိမ့်မယ်။ ငွေပေးငွေယူကိ စ္စများကိုသတိနဲ့ဆောင်ရွက်ပါ။ လုပ်သင့်တာတွေလုပ်ပြီးတော့ ခရီးဆက်နေပေမဲ့ ငွေဝင်နည်းနေမည်။ ရံဖန်ရံခါ မဝင်သလောက်ဖြစ်နေ တတ်ပါတယ်။

ဆရာမိတ်ဆွေတို့၏အကူအညီနှင့် အနီးနေသူတွေရဲ့အားပေးခြင်းကိုရလာပါလိမ့်မယ်။ ရပ်ဝေးကိစ္စတော်တော်များများအဆင်မပြေပါဘူး။ကျန်းမာရေးကတော့ ယောကျာ်းလေးတွေအဓိကညံ့ပါတယ်။ အူ ရောင်၊အပူရှပ်ဖျားတတ်ပါတယ်။

ရေမကူးတတ်ဘဲရေမဆော့လိုက်ပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူရဲ့အားငယ်နေမှု တွေကို အားပေးနိုင်၊ကူညီနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ လိုတာထက်ပိုပြီးပြဿနာများပါတယ်။ ညှိမရ ဖြစ်တတ်ပါတယ်။ပညာရေးမှာတော့ အပေါက်ဆိုးပြီးနားလည်မှုမရှိတဲ့ဆရာများနဲ့ ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/5
အထူးဟော အပျော်မလွန်မိဖို့လိုပါတယ်။
ယတြာ ရေထဲက သတ္တဝါတွေကို အစားကျွေး၍ဆုတောင်းပါ။

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ Crd- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695

Zawgyi

(၇) ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

#တနဂၤေႏြ

ဒီအပတ္ထဲကံေကာင္းျခင္းေတြအမ်ားအျပားႀကဳံရပါလိမ့္မယ္။ ကံေကာင္းတဲ့အခ်က္ေတြထဲမွာ အလုပ္ကံ၊ ေနရာထိုင္ခင္းကံအားေကာင္းတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။

က်န္းမာေရးအားေကာင္းေနတတ္ၿပီး ေတာ္႐ုံ‌ေရာဂါ မဝင္ႏိုင္တဲ့ ကာလျဖစ္ေနတာကိုလဲ ေတြ႕ရပါတယ္။ စိတ္ခ်မ္းသာရမဲ့ကိစၥက လူမစြမ္းနတ္မဆိုသလို ကိုယ္က မစြံရင္ ေတာင္မွ ကူညီမဲ့သူေတြေဖးမမဲ့သူေတြေပါမ်ားပါတယ္။

သတိထားရမဲ့အခ်က္က အခ်စ္ဆုံးလူေတြနဲ႔ အေဝးဆုံး အေျခအေနဆိုတာမ်ိဳးႀကဳံရတတ္ပါတယ္။ေငြေၾကးရွာေဖြရလြယ္ေပမဲ့ အေၾကာင္းမဲ့ကုန္ေနတတ္တာမ်ိဳးေတာ့ ဒီ ကာလ အတြက္အားနည္းခ်က္ျဖစ္လာပါတယ္။

ထီကံစမ္းလို႔ေကာင္းတဲ့ကာလပါပဲ။ ေျဖးေျဖးမွန္မွန္ႏွင့္ေရွ႕ဆက္ လုပ္ကိုင္ သြားသူမ်ား အဆင္ေျပေျပေခ်ာေမြ႕ပါလိမ့္ မယ္။ ကံေကာင္းေနတဲ့ကာလျဖစ္တဲ့အတြက္လုပ္သမွ် အဆင္ ေျပ ပါလိမ့္မယ္။ ခရီးကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့လဲ အလြန္အဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။

တပည့္ေတြလာေရာက္ ဂါရဝါျပဳတာ မ်ိဳးႀကဳံရတတ္ပါတယ္။က်န္းမာေရးကိုေတာ့ အထူးေျပာစရာမလိုပါဘူး။ ေကာင္းၿပီးသားပါ။ မစား ဖူးတဲ့ အစားအေသာက္ေတြ၊ေဒသထြက္စာေတြကိုအလြန္အကြၽံမစားလိုက္ပါနဲ႔။

အခ်စ္ေရးမွာေတာ့ မိမိရဲ႕ခ်စ္သူ ဘဝလက္ တြဲေဖာ္နဲ႔ေရရွည္အစီအစဥ္ေတြ၊လက္ထပ္ဖို႔ကိစၥေတြတိုင္ပင္ႏိုင္မဲ့ေန႔ရက္ေတြပါပဲ။ အိမ္ေထာင္ေရးသာယာ ပါလိမ့္ မယ္။ ပညာေရးေကာင္းပါတယ္။ ဘာသာစကားနဲ႔ပတ္သက္ေသာပညာေတြရလာႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း 4/7/0
အထူးေဟာ ကံျမင့္မားေနမည္။
ယၾတာ သရဏံဂုံ၃ပါးကိုေန႔စဥ္သက္ေစ့႐ြတ္ပြားလိုက္ပါ။

#တနလၤာ

ဒီအပတ္ထဲေပ်ာ္႐ႊင္စရာေကာင္းတဲ့အေတြ႕အႀကဳံေလးေတြရတတ္ပါတယ္။ ဘဝအေမာေတြၾကားထဲက အိုေအစစ္ဆိုတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ေငြေၾကးလည္ပတ္မႈအားေကာင္းေနသလို ဝင္ေငြစီးေၾကာင္းသစ္ေတြ လဲေပၚလာႏိုင္တာကိုေတြ႕ရပါတယ္။

အေႂကြးရစရာရွိသူမ်ား သတင္းေကာင္းၾကားရတတ္ပါတယ္။ ေရထြက္ကုန္ လုပ္ငန္းမ်ား၊ ေရလမ္းခရီးနဲ႔ကုန္သြယ္ရေသာလုပ္ငန္းမ်ားအက်ိဳးေပးမဲ့ကာလပါပဲ။ စိတ္ကူးအေတြးေတြ ကြန႔္ျမဴးတဲ့ အတြက္ မိမိအနာဂတ္အတြက္သုံးသပ္ေဆာင္႐ြက္ျခင္းမ်ားအေလးေပးေဆာင္႐ြက္ႏိုင္ပါတယ္။

ကံေကာင္းတာက မိမိ ကိုယ္က လူပင္ပန္းခံ၊စိတ္ပင္ပန္းခံလုပ္ေပမဲ့ လူမႏြမ္းဘဲတတ္ ႂကြေနတတ္ပါတယ္။ လူအမ်ားရဲ႕ခ်စ္ခင္ျခင္း၊ ေလး စား ျခင္းကိုရမဲ့ေန႔ရက္ေတြပါပဲ။အလုပ္သစ္အတြက္ CV တင္ထားတာမ်ိဳးေတြဒီကာလမွာေဆာင္႐ြက္ထားလိုက္ပါ။

အလႉကိစၥေတြ၊မဂၤလာကိစၥေတြကိုအထူးႀကဳံရတတ္ပါတယ္။မိမိကိုယ္တိုင္လဲ လႉခြင့္တန္းခြင့္ ရလာပါလိမ့္မယ္။ ခ်စ္သူဆီကအေျဖရလာပါလိမ့္မယ္။ ခ်စ္သူနဲ႔အေပ်ာ္ခရီးေတြသြားျဖစ္တတ္ပါတယ္။

က်န္းမာေရး အညံ့မရွိသ ေလာက္ပါပဲ။ေနေကာင္းၿပီးစားဝင္အိပ္ေပ်ာ္ပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာေပ်ာ္႐ႊင္ရတတ္ပါတယ္။ အိမ္ ေထာင္ဘက္ရဲ႕အလိုက္သိမႈေတြေၾကာင့္အရာရာအဆင္ေျပပါလိမ့္မယ္။ ရာထူးတိုးကိစၥေတြမွာလဲမိမိပါဝင္လာ တတ္ ပါတယ္။

အက်ိဳးေပးဂဏန္း 3/7/9
အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။
ယၾတာ မိမိထက္အ႐ြယ္ႀကီးသူေတြကို တတ္ႏိုင္တာေလးနဲ႔ကန္ေတာ့ပါ။

#အဂၤါ

အခ်ိန္ကို စီမံခန႔္ခြဲတတ္ဖို႔ လိုပါတယ္။ အိပ္ေရးအပ်က္ခံသင့္ရင္ အိပ္ေရးပ်က္ခံလိုက္ပါ။ ဒီကာလမွာဝီရိယ ေလ်ာ့လိုက္တာနဲ႔ အလုပ္အေႂကြးေတြ ထပ္သြားႏိုင္ပါတယ္။

ေငြကံအားေကာင္းေပမဲ့ အလုပ္ထဲ ေငြျပန္ထည့္ရတာ ေတြမ်ားတာမို႔ အေကာင္အထည္ေတာ့ ျပႏိုင္မည္မဟုတ္ပါ။ အိုးေျပာင္းအိမ္ေျပာင္း၊ေနရာေျပာင္း၊အလုပ္ေျပာင္း ေတြႀကဳံရတတ္ပါတယ္။

ဘာမွမေျပာင္းရရင္ေတာင္ အခန္းေျပာင္းရတာမ်ိဳး အလုပ္စားပြဲေျပာင္းရတာမ်ိဳးေတြ ေလာက္ေတာ့ျဖစ္တတ္ပါတယ္။ သတိထားရမွာက သူမ်ားအရႈပ္ထုပ္ေတြကိုယ့္ေခါင္းေပၚေရာက္လာတတ္ပါတယ္။

တတ္ႏိုင္သမွ် မဆိုင္တဲ့ကိစၥေတြကို ေခါင္းေရွာင္လိုက္ေစခ်င္ပါတယ္။ေအာက္လက္ငယ္သားမ်ားကို စိတ္မခ်ရတဲ့ ကာလပါပဲ။ ေငြေၾကးတြက္ခ်က္ရသူမ်ား၊ေဈးေရာင္း၊ေဈးဝယ္မ်ား ၊ ေငြလႊဲကိစၥမ်ားသတိထားပါ။

မွားၿပီး ေငြအမ္းမိ တာ ၊ေငြမွားလႊဲမိတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ အတြက္အခ်က္မွားၿပီး ေငြပိုေပးမိတာေတြျဖစ္ရတတ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ ေသာလုပ္ငန္းမ်ား အတြင္းေရးျပႆနာေတြႀကဳံရတတ္ပါတယ္။

က်န္းမာေရးမွာေတာ့ ခါးနာ တာ မ်ိဳးေတြ၊သြားကိုက္ တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ မီးလန႔္တတ္တဲ့အတြက္ သတိထားပါ။ အခ်စ္ေရးမွာေတာ့ မိမိထက္အသက္ႀကီးသူက မိမိကိုတစ္ဖက္သတ္ခ်စ္ေနတတ္ပါတယ္။

ခ်စ္သူနဲ႔ စကားေျပာတာအေပါက္အလမ္း မတည့္တာမ်ိဳးေတာ့ျဖစ္ရ တတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီး စိတ္ခ်မ္းသာရမဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 1/4/8
အထူးေဟာ ကံအားနည္းေနမည္။
ယၾတာ ဘဂဝါဂုဏ္ေတာ္ကို ေန႔စဥ္ ၁၀၈ေခါက္႐ြတ္ပြားလိုက္ပါ။

#ဗုဒၶဟူး/ရာဟု

အနည္းငယ္ေတာ့ လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။ မျဖစ္မေန ကိုယ္ပါရမဲ့လူမႈေရးကိစၥေတြျဖစ္တာမို႔ ေရွာင္လႊဲလို႔မရတာမ်ိဳးႀကဳံရတတ္ပါတယ္။ ရန္အတိုက္အခံေပါေပမဲ့ မိမိကသာ ေနာက္ဆုံးအႏိုင္ရပါလိမ့္မယ္။

အေမြကိစၥ ေနရာထိုင္ခင္းကိစၥေတြအတြက္ စိတ္ပူရမဲ့အေနအထားေတာ့ ရွိပါတယ္။ အတက္အက်မ်ားတဲ့ ကံအေန အထားႀကဳံရတဲ့ကာလျဖစ္တာမို႔အေရးႀကီးတဲ့ကိစၥေတြကိုဆုံးျဖတ္တာ၊အရဲစြန႔္လုပ္တာမ်ိဳးေတြေရွာင္ေစခ်င္ပါ တယ္။

အဖြဲ႕ အစည္းနဲ႔လုပ္ကိုင္ရတဲ့အလုပ္ေတြကေတာ့ ထိေရာက္ေအာင္ျမင္တတ္ပါတယ္။ ကံေကာင္းတာက လူအမ်ားရဲ႕ခ်စ္ခင္ ျခင္း၊အကူအညီေပးျခင္းေတြကိုရရွိပါလိမ့္မယ္။ အိမ္၊ေျမ၊ၿခံႏွင့္ပတ္သက္ၿပီးစိတ္ဆင္းရဲ ရတတ္ ပါ တယ္။

ပုံမွန္အလုပ္ထက္ ျပင္ပအလုပ္ေတြကပိုမိုဝင္ေငြတိုးလာတတ္ပါတယ္။ ဝန္ထမ္းဆိုရင္ေတာ့ အလုပ္ေျပာင္း ေနရာေျပာင္းေတြႀကဳံရ တတ္ပါတယ္။ က်န္းမာေရးကေတာ့ဒူးနာေနတတ္ပါတယ္။ အထိုင္အထေတြမေကာင္းပါ။

အမ်ိဳးသမီးမ်ားမီးယပ္ႏွင့္ ဆိုင္ေသာေရာဂါေတြရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ ငယ္႐ြယ္သူမ်ားစန္းအားေကာင္း ေနမည္။ယခုကာလေတြ႕သူသည္ ေရစက္ပါတဲ့သူျဖစ္တတ္ပါတယ္။အိမ္ေထာင္ဘက္ဝင္ေငြေကာင္းေနမည္။ အိမ္ေထာင္ ဘက္ရဲ႕ဂ႐ုစိုက္ယု ယျခင္းကိုခံရလိမ့္မယ္။ ပညာေရးကံအားနည္းေနႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း 3/4/0
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ ျပည္သူ႔ေဆး႐ုံမွာ တတ္ႏိုင္တာေလးလႉေပးပါ။

#ၾကာသပေတး

လုပ္ငန္းေကာင္းေတြနဲ႔ အခ်ိတ္အဆက္ရလာတတ္ပါတယ္။ အလုပ္ရွာေနသူမ်ားေကာင္းေသာအလုပ္ေတြ ရလာတတ္ပါတယ္။ ရပ္ေဝးကပညာအသစ္ေတြရတတ္ပါတယ္။ အြန္လိုင္းကပညာေတြလဲ ရပ္ေဝးကပညာပါပဲ။

အတိတ္ကအကူအညီေတြေပးခဲ့ဖူးရင္ ထိုသူေတြက အက်ိဳးျပန္ျပဳတာခံရတတ္ပါတယ္။တရားဓမၼနဲ႔ပတ္သက္ၿပီး အသိဉာဏ္ပြင့္လန္းတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ပညာေရးစတင္ေက်ာင္းအပ္တာမ်ိဳးေတြဒီအပတ္ထဲေဆာင္ ႐ြက္လို႔ေကာင္းပါတယ္။

စီးပြားေရးနဲ႔ပတ္သက္ၿပီးအခက္အခဲေတြမရွိ ၊ေရွ႕ ဆက္သြားႏိုင္ပါလိမ့္မယ္။ သူတစ္ပါးေတြရဲ႕အကူအညီေတာင္းထားတာေတြကို လိုက္လံကူညီေပးေနရတတ္ပါတယ္ ။ သတိထားရမွာက မိသားစုအေရးကိစၥေတြအတြက္ စိတ္ပင္ပန္းလူပင္ပန္းခံရတတ္ပါ တယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုးေလးေတြျဖစ္ရ တတ္ပါတယ္။အေရးျပားယားယံတာမ်ိဳးေတြျဖစ္လြယ္တယ္။ တြင္းေအာင္းသားေတြသိပ္မစားပါနဲ႔။ ေယာက်ာ္းေလး မ်ားလိင္အဂၤါႏွင့္ပတ္သက္ေသာေရာဂါေတြလဲရတတ္ပါတယ္။

အခ်စ္ေရးမွာ တစ္ဦးတစ္ေယာက္ခ်စ္သူအျဖစ္ေ႐ြး ခ်ယ္မယ္ဆိုရင္ေတာ့ သူ႔ေနာက္ေၾကာင္းကိုစုံစမ္းပါအုံး။ ခ်စ္သူရွိၿပီးသားသူေတြကေတာ့ အခ်စ္ခရီးလမ္းသာယာ ေျဖာင့္ျဖဴးပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာအက်အနေကာက္လြန္းတဲ့အိမ္ေထာင္ဘက္ေၾကာင့္ စိတ္ညစ္ေနရတတ္ ပါတယ္။

အက်ိဳးေပးဂဏန္း 1/3/0
အထူးေဟာ အလုပ္စီးပြားေကာင္းမည္။
ယၾတာ တရားမွတ္ျခင္း၊ပုတီးစိပ္ျခင္းမ်ားကိုအထူးျပဳေဆာင္႐ြက္ပါ။

#ေသာၾကာ

အလုပ္မွာ မေပ်ာ္ပိုက္ေသာ္လဲ ေပၿပီးလုပ္ေနရတတ္ပါတယ္။ မာနႀကီးသူေတြ ၊ဒီအလုပ္က ငါနဲ႔မတန္ပါဘူး လို႔ထင္သူ ေတြပိုမိုအညံ့မ်ားတတ္ ပါတယ္။ဒီကာလဟာ အပင္ပန္းခံမွပဲ အဆင္ေျပပါလိမ့္မယ္။

ဆရာသမားေတြရဲ႕ အလုပ္ ေတြလဲ ကူေပးရတတ္ပါ တယ္။ အလုပ္သစ္မ်ားႀကံစည္ထားလို႔ရပါ တယ္။စတင္ၿပီးအေကာင္ အထည္ေဖာ္ လို႔ေတာ့ မေကာင္းေသးပါဘူး။ အလုပ္သမားႏွင့္ႏြမ္းပါးေသာသူမ်ား မိတ္ေဆြေကာင္းေတြရဲ႕အကူအညီ ကိုရလာပါလိမ့္မယ္။

လူငယ္မ်ား ခရီးကိစၥနဲ႔ပတ္သက္ၿပီးဖခင္နဲ႔စကားမ်ားရတတ္ပါတယ္။ မိမိကိုယ္တိုင္ကလဲမိဘ ေတြနဲ႔ဆန႔္က်င္ဘက္ေတြလုပ္ေနမိတတ္ပါတယ္။ ဆန႔္က်င္ဘက္လိင္ကိုယုံၾကည္မိ ၿပီးေငြေၾကးဆုံးရႈံးရပါလိမ့္မယ္။

တစ္ပါးသူကိုယုံၾကည္လြန္းရင္ေတာ့ စီးပြားေရးပါဆုတ္ယုတ္တတ္ပါတယ္။ဆရာ ေကာင္းေတြဆီက ေငြအား၊လူအားမရေပမဲ့ အႀကံဉာဏ္ေတာ့ရပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဆီးပူ၊ဆီးေအာက္၊ဆီးခ်ဳပ္ျဖစ္တတ္ပါတယ္။

အပူအစပ္ေတြလုံးဝေလွ်ာ့ခ်လိုက္ပါ။ အခ်စ္ေရးနယ္ပယ္မွာေတာ့မေရရာေသာခ်စ္ျခင္းျဖစ္ပါလိမ့္မယ္။ ခ်စ္သူနဲ႔ခ်ိန္း ဆိုထားရင္လြဲတတ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ စည္းကမ္းတင္းၾကပ္လြန္းတဲ့ အိမ္ေထာင္ဘက္ေၾကာင့္ စိတ္ ပင္ပန္းရတတ္ပါတယ္။ ပညာေရးမွာေတာ့အေပါင္းအသင္းမွာၿပီး စာကိုစိတ္မဝင္စားမလုပ္မိသလိုျဖစ္ေနလိမ့္မယ္။

အက်ိဳးေပးဂဏန္း 5/6/0
အထူးေဟာ က်န္းမာေရးကိုဂ႐ုစိုက္ေပးပါ။
ယၾတာ ေဝယ်ာဝစၥကုသိုလ္ေတြေဆာင္႐ြက္ေပးပါ။

#စေန

ခရီးသြား၊ဟိုတယ္၊စားေသာက္ကုန္၊အဝတ္အထည္၊လက္ဝတ္ရတနာႏွင့္ ပတ္သက္ေသာလုပ္ငန္းမ်ားတိုးတတ္ပါလိမ့္မယ္။ စက္ပစၥည္းေတြဝယ္ယူလို႔ေကာင္းပါတယ္။ဝန္ထမ္းမ်ားလခစား မ်ားကေတာ့ အလုပ္ေတြပိုၿပီးပင္ပန္းတာပဲအဖတ္တင္ပါလိမ့္မယ္။

မိမိအၾကပ္အတည္းျဖစ္ေနတဲ့ျပႆနာတစ္ခုေသခ်ာေပါက္ေျပ လည္သြားတတ္ပါတယ္။မိမိလိုခ်င္တာေတြကိုလဲရေအာင္ယူႏိုင္ပါလိမ့္မယ္။ ခရီးသြားရမွာေတာ့ လမ္းခရီးၾကန႔္ ၾကာတာမ်ိဳးေတြေတာ့ျဖစ္ရတတ္ပါတယ္။

အေပ်ာ္အပါးအေသာက္အစားပါလာရင္အေပ်ာ္လြန္ၿပီး ျပႆနာေတြကိုျဖစ္ေစပါလိမ့္မယ္။ ေငြေပးေငြယူကိ စၥမ်ားကိုသတိနဲ႔ေဆာင္႐ြက္ပါ။ လုပ္သင့္တာေတြလုပ္ၿပီးေတာ့ ခရီးဆက္ေနေပမဲ့ ေငြဝင္နည္းေနမည္။ ရံဖန္ရံခါ မဝင္သေလာက္ျဖစ္ေန တတ္ပါတယ္။

ဆရာမိတ္ေဆြတို႔၏အကူအညီႏွင့္ အနီးေနသူေတြရဲ႕အားေပးျခင္းကိုရလာပါလိမ့္မယ္။ ရပ္ေဝးကိစၥေတာ္ေတာ္မ်ားမ်ားအဆင္မေျပပါဘူး။က်န္းမာေရးကေတာ့ ေယာက်ာ္းေလးေတြအဓိကညံ့ပါတယ္။ အူ ေရာင္၊အပူရွပ္ဖ်ားတတ္ပါတယ္။

ေရမကူးတတ္ဘဲေရမေဆာ့လိုက္ပါနဲ႔။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရဲ႕အားငယ္ေနမႈ ေတြကို အားေပးႏိုင္၊ကူညီႏိုင္ပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ လိုတာထက္ပိုၿပီးျပႆနာမ်ားပါတယ္။ ညႇိမရ ျဖစ္တတ္ပါတယ္။ပညာေရးမွာေတာ့ အေပါက္ဆိုးၿပီးနားလည္မႈမရွိတဲ့ဆရာမ်ားနဲ႔ ႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/5
အထူးေဟာ အေပ်ာ္မလြန္မိဖို႔လိုပါတယ္။
ယၾတာ ေရထဲက သတၱဝါေတြကို အစားေကြၽး၍ဆုေတာင္းပါ။

ရရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ Crd- ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695

 

Leave a Reply

Your email address will not be published. Required fields are marked *