အံ့သြဖွယ်ရာ ပင်းတယမြို့ သမိုင်းကြောင်းနဲ့ ပုန်းတလုတ်ရေကန်

ၾကားသိရသမွ်

အံ့သြဖွယ်ရာ ပင်းတယမြို့ သမိုင်းကြောင်းနဲ့ ပုန်းတလုတ်ရေကန်

ရှမ်းပြည်နယ်တောင်ပိုင်းက သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယမြို့လည်း အပါအဝင်ဖြစ်ပါတယ်။

ပင်းတယရဲ့ အထင်ကရများ

ပင်းတယမြို့ကိုရောက်ပြီဆိုရင် ပုန်းတလုတ်ကန်၊ အလယ်ဂူဘုရား၊ ရွှေဥမင်လိုဏ်ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကျောင်းနဲ့ ကုံလုံကျောင်းတို့ကို သွားရောက်လည်ပတ်လို့ ရပါတယ်။

 

ဒါ့အပြင် ပင်းတယ အနီးရှိ ရွာငံကိုလည်း သွားရောက်လည်ပတ်လို့ ရပါသေးတယ်။ ဒါ့အပြင် အခြားလည်ပတ်လို့ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်။

ပင်းတယမြို့ကို သွားရောက်မလည်ပတ်ခင် ပင်းတယရဲ့ သမိုင်းကြောင်းကိုလည်း သိရှိသင့်ပါတယ်။

ရှေးသရောအခါ ဗာရာပြည်ကြီး (ယခု ညောင်ရွှေမြို့) မှာ ဗာရာမင်းကြီးမင်းပြုသည့်အခါ ထိုမင်းကြီးမှာ ရုပ်ဆင်းအင်္ဂါ အင်မတန်လှပတဲ့ ကုမ္မာဘယမင်းသားလို့ခေါ်တဲ့ သားတော်တစ်ပါး ရှိပါသတဲ့။

ကုမ္မာဘယမင်းသားဟာ မင်းသားတို့ တတ်အပ်သော အဌာရသ ၁၈ ရပ် ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပါတယ်။ အထူးသဖြင့် လေး၊မြားအတတ်မှာ သူမတူအောင် တစ်ဖက်ကမ်း ခတ်ကျွမ်းကျင်ပါတယ်။

 

ယင်းမင်းသားအရွယ်ရောက်လာတဲ့အခါ ခမည်းတော်ဖြစ်သူက ထိမ်းမြားလက်ထပ်ရန် နားချပါသော်လည်း မင်းသားက နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့ပါတယ်။

သို့သော်လည်း သုံးကြိမ်မြောက်မှာတော့ သထုံပြည့်ရှင်ရဲ့ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုရန် သထုံပြည်သို့ သွားရောက်ခဲ့ပါတယ်။

သထုံပြည့်ရှင်ထံ အရောက်မှာ အမှုတော်ထမ်းရန် လျှောက်ထားတောင်းပန်ခဲ့ပါတယ်။ သထုံပြည့်ရှင်က ယင်းမင်းသားသည် လူသာမန် မဖြစ်နိုင်ဟု တွေးမိကာ အမှန်အတိုင်း လျှောက်တင်စေပြီး သမီးတော်နဲ့ ထိမ်းမြား လက်ထပ်ပေးခဲ့ပါတယ်။

သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိပြီးချိန်မှာ ကုမ္မာဘယမင်းသားဟာ မွေးရပ်ဌာနီ ကို လွမ်းဆွတ်တာကြောင့် မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။

 

ဗာရာပြည်သို့ ပြန်တဲ့လမ်းမှာ နဂါးပတ်တောင်ဆိုတဲ့ တောင် တစ်တောင်ရှိပါတယ်။ ယင်းတောင်ပေါ်မှာ ရသေ့တစ်ပါး သီတင်းသုံးနေထိုင်လျှက်ရှိပါတယ်။ ထို့အပြင်နဂါးတစ်ကောင်လည်းပဲ နေထိုင်ပါတယ်။

တနေ့သ၌ ဂဠုန်တစ်ကောင်ဟာ နဂါးကို မြင်ပြီး သုတ်ချီပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရတာကြောင့် လူယောင်ဖန်ဆင်းပြီး ရသေ့ထံ ချဉ်းကပ်ကာ “ဂဠုန်တစ်ကောင်သည် နဂါးကို သုတ်ချီရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ မည်သို့ပင်ကြိုးစားသော်လည်း အချည်းနှီးဖြစ်ကာ သုတ်ချီ၍ မရသည်ကို တွေ့ခဲ့ရပါသည်။

အဘယ်ကြောင့် မရသည်ကို မေးမြန်းလျှောက်ထားရာ ရှင်ရသေ့က “နဂါးသည် ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကနေသော်လည်းကောင်း၊ ခါးကနေသော်လည်းကောင်း၊ ချီယူ၍ မရချေ။

သို့သော် အမြီးမှ သုတ်ချီမည်ဆိုပါက ပတ္တမြားမျက်ရှင် ထွက်ကျလာမှာ ဖြစ်သည်။ ယင်းအကြောင်းကို ဉာဏ်နည်းသော ဂဠုန်များ မသိနိုင်ကုန်”လို့ မိန့်လိုက်သည်။

 

ထို့နောက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးရာ ပြည်တော်ပြန်ခဲ့သည့် မင်းသားကို မြင်တွေ့လိုက် တဲ့နဂါးဟာ “မိမိကို ကယ်တင်ပေးပါ။ အသက်သေမည့်ဘေးမှ ကယ်တင်ပေးပါက ကျေးဇူးဆပ်ပါမည်”ဟု အကူအညီတောင်းပါသည်။

အဲ့ဒီအချိန်မှာ မင်းသားက မဆိုင်းမတွဘဲ လေးတော်နှင့် ပစ်ခွင်းရာ ဂဠုန်လည်း ကောင်းကင်မှ ပြုတ်ကျလေသည်။

မြှားဒဏ်ရာကြောင့် သေအံ့မူးမူးဖြစ်နေသော ဂဠုန်က “ သင်နှင့် ကျွန်ုပ်မှာ ရန်ညှိုးမရှိဖူးပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏ အစာကို ရှာစားနေစဉ် သင့်ကြောင့် မြှားဒဏ်ထိ၍ သေရပါတော့မည်။

ထို့ကြောင့် နောင်ဘဝမှာ ကြီးမားသော ခန္ဓာကိုယ်ဖြင့် သင်၏လမ်းကြောင်းကို ပိတ်ဆို့နိုင်ပြီး ရန်မူနိုင်ပါရစေ”ဟု ကျိန်ဆိုကာ သေဆုံးသွားပါသည်။

 

မင်းသားကြောင့် အသက်သေမည့်ဘေးမှ လွန်မြောက်ခဲ့သော နဂါးလည်း မင်းသားထံ ချဉ်းကပ်ကာ “အသင်မင်းသား သင်လိုအပ်သောအချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါ။ ကျွန်ုပ်အမြန်ချက်ချင်း ရောက်လာပါမည်” ဟု ပြောပြီး နေရပ်သို့ ပြန်သွားပါတယ်။

ဂဠုန်သည် သေဆုံးပြီးနောက် အနောက်ဘက်တောင်ကြော အောက်ခြေရှိ ဥမင်သုံးခု (ယခုပင်းတယလိုဏ်ဂူတော်)အနက် အလယ်ဥမင်တွင် ကြီးမားသော ပင့်ကူကြီး ဖြစ်သွားပါတယ်။

အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားလေ့ရှိတဲ့ရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။

ထိုရေကန်ကြီးတွင် ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီးရဲ့ သမီးတော် ခုနစ်ဖော်တို့ ရေကစားလေ့ ရှိပါတယ်။

တနေ့သ၌ နတ်သမီး ခုနစ်ဖော်တို့ဟာ ရေကစားပျော်ပါးနေကြရာ အချိန်ကြာသွားပြီး မှောင်ရီပျိုးချိန်သို့ ရောက်ရှိသွားသည်။

ထို့ကြောင့် ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲ အနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင်ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ နေထိုင်ခဲ့ကြပါတယ်။

အလယ်ဂူမှာ နေထိုင်နေတဲ့ ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကားပြောဆိုသံများကြားသဖြင့် လျင်မြန်စွာ ဂူပေါက်ဝကို ရောက်ရှိလာပြီး ကြီးမားတုတ်ခိုင်သော ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်ကာ အလယ်ဂူကို ပြန်သွားပါတယ်။

 

နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေးဟာ ရေကန်အနားသို့ ရောက်ရှိလာခဲ့ပြီး တောင်ကမ်းပါးယံရှိ ဂူများထဲမှ အော်သံများကို ကြားရသောကြောင့် သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့ထားတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။

နတ်သမီးတွေကလည်း ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ကာ ကယ်တင်ပေးမည်ဆိုပါက အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးပါမည်ဟု ကတိပေးကြသည်။

မင်းသားလေးလည်း ဂူပေါက်ဝကို အရင်ဆုံး ဖွင့်ပါက ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို ရှာဖွေရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ် အလယ်ဂူမှာ ပင့်ကူကြီးနဲ့ ပက်ပင်းတွေ့ပါတော့တယ်။

ရန်သူတော် ပင့်ကူကြီးဟာ မင်းသားလေးကို အင်မတန်ကြီးမားတဲ့ ကျောက်တုံး၊ ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ အငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။

ပင့်ကူကြီးဟာ ကျောက်တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။ မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်သွားပါတယ်။

 

ပင့်ကူကြီးက မသေခင်မှာ “နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ နှိပ်စက်နိုင်သူ ဖြစ်ပါစေ” ဆိုပြီး ကျိန်ဆိုပြီး သေပွဲဝင်ရှာပါတယ်။

မင်းသားလေးဟာလည်း “ပင့်ကူရပြီ။ ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။

အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။

Knight News Team

Zawgyi

အံ့ၾသဖြယ္ရာ ပင္းတယၿမိဳ႕ သမိုင္းေၾကာင္းနဲ႔ ပုန္းတလုတ္ေရကန္

ရွမ္းျပည္နယ္ေတာင္ပိုင္းက သြားေရာက္လည္ပတ္သင့္တဲ့ ေနရာေတြထဲမွာ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္တဲ့ ပင္းတယၿမိဳ႕လည္း အပါအဝင္ျဖစ္ပါတယ္။

ပင္းတယရဲ႕ အထင္ကရမ်ား

ပင္းတယၿမိဳ႕ကိုေရာက္ၿပီဆိုရင္ ပုန္းတလုတ္ကန္၊ အလယ္ဂူဘုရား၊ ေ႐ႊဥမင္လိုဏ္ဂူဘုရား၊ ဆင္ေခါင္းဘုန္းႀကီးေက်ာင္းနဲ႔ ကုံလုံေက်ာင္းတို႔ကို သြားေရာက္လည္ပတ္လို႔ ရပါတယ္။

ဒါ့အျပင္ ပင္းတယ အနီးရွိ ႐ြာငံကိုလည္း သြားေရာက္လည္ပတ္လို႔ ရပါေသးတယ္။ ဒါ့အျပင္ အျခားလည္ပတ္လို႔ေကာင္းတဲ့ ေနရာေတြလည္း အမ်ားႀကီးရွိပါေသးတယ္။

ပင္းတယၿမိဳ႕ကို သြားေရာက္မလည္ပတ္ခင္ ပင္းတယရဲ႕ သမိုင္းေၾကာင္းကိုလည္း သိရွိသင့္ပါတယ္။

ေရွးသေရာအခါ ဗာရာျပည္ႀကီး (ယခု ေညာင္ေ႐ႊၿမိဳ႕) မွာ ဗာရာမင္းႀကီးမင္းျပဳသည့္အခါ ထိုမင္းႀကီးမွာ ႐ုပ္ဆင္းအဂၤါ အင္မတန္လွပတဲ့ ကုမၼာဘယမင္းသားလို႔ေခၚတဲ့ သားေတာ္တစ္ပါး ရွိပါသတဲ့။

ကုမၼာဘယမင္းသားဟာ မင္းသားတို႔ တတ္အပ္ေသာ အဌာရသ ၁၈ ရပ္ ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ တတ္ေျမာက္ပါတယ္။ အထူးသျဖင့္ ေလး၊ျမားအတတ္မွာ သူမတူေအာင္ တစ္ဖက္ကမ္း ခတ္ကြၽမ္းက်င္ပါတယ္။

ယင္းမင္းသားအ႐ြယ္ေရာက္လာတဲ့အခါ ခမည္းေတာ္ျဖစ္သူက ထိမ္းျမားလက္ထပ္ရန္ နားခ်ပါေသာ္လည္း မင္းသားက ႏွစ္ႀကိမ္တိုင္တိုင္ ျငင္းဆန္ခဲ့ပါတယ္။

သို႔ေသာ္လည္း သုံးႀကိမ္ေျမာက္မွာေတာ့ သထုံျပည့္ရွင္ရဲ႕ သမီးေတာ္ျဖစ္သူကို သြားေရာက္ ၾကည့္ရႈရန္ သထုံျပည္သို႔ သြားေရာက္ခဲ့ပါတယ္။

သထုံျပည့္ရွင္ထံ အေရာက္မွာ အမႈေတာ္ထမ္းရန္ ေလွ်ာက္ထားေတာင္းပန္ခဲ့ပါတယ္။ သထုံျပည့္ရွင္က ယင္းမင္းသားသည္ လူသာမန္ မျဖစ္ႏိုင္ဟု ေတြးမိကာ အမွန္အတိုင္း ေလွ်ာက္တင္ေစၿပီး သမီးေတာ္နဲ႔ ထိမ္းျမား လက္ထပ္ေပးခဲ့ပါတယ္။

သထုံမင္းသမီး နဲ႔ သားေတာ္တစ္ပါး ရရွိၿပီးခ်ိန္မွာ ကုမၼာဘယမင္းသားဟာ ေမြးရပ္ဌာနီ ကို လြမ္းဆြတ္တာေၾကာင့္ မင္းသမီးထံ ခြင့္ပန္ၿပီး ျပန္လာခဲ့တယ္။

ဗာရာျပည္သို႔ ျပန္တဲ့လမ္းမွာ နဂါးပတ္ေတာင္ဆိုတဲ့ ေတာင္ တစ္ေတာင္ရွိပါတယ္။ ယင္းေတာင္ေပၚမွာ ရေသ့တစ္ပါး သီတင္းသုံးေနထိုင္လွ်က္ရွိပါတယ္။ ထို႔အျပင္နဂါးတစ္ေကာင္လည္းပဲ ေနထိုင္ပါတယ္။

တေန႔သ၌ ဂဠဳန္တစ္ေကာင္ဟာ နဂါးကို ျမင္ၿပီး သုတ္ခ်ီေျပးဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားေပမယ့္ မရတာေၾကာင့္ လူေယာင္ဖန္ဆင္းၿပီး ရေသ့ထံ ခ်ဥ္းကပ္ကာ “ဂဠဳန္တစ္ေကာင္သည္ နဂါးကို သုတ္ခ်ီရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့သည္။ မည္သို႔ပင္ႀကိဳးစားေသာ္လည္း အခ်ည္းႏွီးျဖစ္ကာ သုတ္ခ်ီ၍ မရသည္ကို ေတြ႕ခဲ့ရပါသည္။

အဘယ္ေၾကာင့္ မရသည္ကို ေမးျမန္းေလွ်ာက္ထားရာ ရွင္ရေသ့က “နဂါးသည္ ပတၱျမားမ်က္ရွင္ ငုံထားတဲ့အတြက္ ဦးေခါင္းကေနေသာ္လည္းေကာင္း၊ ခါးကေနေသာ္လည္းေကာင္း၊ ခ်ီယူ၍ မရေခ်။

သို႔ေသာ္ အၿမီးမွ သုတ္ခ်ီမည္ဆိုပါက ပတၱျမားမ်က္ရွင္ ထြက္က်လာမွာ ျဖစ္သည္။ ယင္းအေၾကာင္းကို ဉာဏ္နည္းေသာ ဂဠဳန္မ်ား မသိႏိုင္ကုန္”လို႔ မိန႔္လိုက္သည္။

ထို႔ေနာက္ ဂဠဳန္လည္း ရွင္ရေသ့ ေျပာတဲ့အတိုင္း နဂါးကို သုတ္ခ်ီေျပးရာ ျပည္ေတာ္ျပန္ခဲ့သည့္ မင္းသားကို ျမင္ေတြ႕လိုက္ တဲ့နဂါးဟာ “မိမိကို ကယ္တင္ေပးပါ။ အသက္ေသမည့္ေဘးမွ ကယ္တင္ေပးပါက ေက်းဇူးဆပ္ပါမည္”ဟု အကူအညီေတာင္းပါသည္။

အဲ့ဒီအခ်ိန္မွာ မင္းသားက မဆိုင္းမတြဘဲ ေလးေတာ္ႏွင့္ ပစ္ခြင္းရာ ဂဠဳန္လည္း ေကာင္းကင္မွ ျပဳတ္က်ေလသည္။

ျမႇားဒဏ္ရာေၾကာင့္ ေသအံ့မူးမူးျဖစ္ေနေသာ ဂဠဳန္က “ သင္ႏွင့္ ကြၽႏ္ုပ္မွာ ရန္ညႇိဳးမရွိဖူးပါ။ ကြၽႏ္ုပ္သည္ ကြၽႏ္ုပ္၏ အစာကို ရွာစားေနစဥ္ သင့္ေၾကာင့္ ျမႇားဒဏ္ထိ၍ ေသရပါေတာ့မည္။

ထို႔ေၾကာင့္ ေနာင္ဘဝမွာ ႀကီးမားေသာ ခႏၶာကိုယ္ျဖင့္ သင္၏လမ္းေၾကာင္းကို ပိတ္ဆို႔ႏိုင္ၿပီး ရန္မူႏိုင္ပါရေစ”ဟု က်ိန္ဆိုကာ ေသဆုံးသြားပါသည္။

မင္းသားေၾကာင့္ အသက္ေသမည့္ေဘးမွ လြန္ေျမာက္ခဲ့ေသာ နဂါးလည္း မင္းသားထံ ခ်ဥ္းကပ္ကာ “အသင္မင္းသား သင္လိုအပ္ေသာအခ်ိန္မွာ ေျမႀကီးကို သုံးခ်က္ပုတ္၍ ေခၚလိုက္ပါ။ ကြၽႏ္ုပ္အျမန္ခ်က္ခ်င္း ေရာက္လာပါမည္” ဟု ေျပာၿပီး ေနရပ္သို႔ ျပန္သြားပါတယ္။

ဂဠဳန္သည္ ေသဆုံးၿပီးေနာက္ အေနာက္ဘက္ေတာင္ေၾကာ ေအာက္ေျခရွိ ဥမင္သုံးခု (ယခုပင္းတယလိုဏ္ဂူေတာ္)အနက္ အလယ္ဥမင္တြင္ ႀကီးမားေသာ ပင့္ကူႀကီး ျဖစ္သြားပါတယ္။

အဆိုပါ ဥမင္သုံးခု၏ ေတာင္ေျခရင္းတြင္ နတ္သမီးတို႔ ေရကစားေလ့ရွိတဲ့ေရကန္ႀကီး (ပုန္းတလုတ္) တည္ရွိပါတယ္။

ထိုေရကန္ႀကီးတြင္ ေငြေတာင္ျပည္ကို အစိုးရေသာ နတ္မင္းႀကီးရဲ႕ သမီးေတာ္ ခုနစ္ေဖာ္တို႔ ေရကစားေလ့ ရွိပါတယ္။

တေန႔သ၌ နတ္သမီး ခုနစ္ေဖာ္တို႔ဟာ ေရကစားေပ်ာ္ပါးေနၾကရာ အခ်ိန္ၾကာသြားၿပီး ေမွာင္ရီပ်ိဳးခ်ိန္သို႔ ေရာက္ရွိသြားသည္။

ထို႔ေၾကာင့္ ေငြေတာင္ျပည္ကို မျပန္တတ္ေတာ့ဘဲ အနီးအနားမွာရွိတဲ့ ဥမင္သုံးခု၏ ေတာင္ဘက္ဆုံး ဥမင္ထဲမွာ တစ္ညတာ ေနထိုင္ခဲ့ၾကပါတယ္။

အလယ္ဂူမွာ ေနထိုင္ေနတဲ့ ပင့္ကူႀကီးဟာ နတ္သမီးမ်ားရဲ႕ စကားေျပာဆိုသံမ်ားၾကားသျဖင့္ လ်င္ျမန္စြာ ဂူေပါက္ဝကို ေရာက္ရွိလာၿပီး ႀကီးမားတုတ္ခိုင္ေသာ ပင့္ကူမွ်င္မ်ားနဲ႔ အထပ္ထပ္ပိတ္ကာ အလယ္ဂူကို ျပန္သြားပါတယ္။

ေနာက္တစ္ေန႔ မိုးေသာက္ခ်ိန္မွာ မင္းသားေလးဟာ ေရကန္အနားသို႔ ေရာက္ရွိလာခဲ့ၿပီး ေတာင္ကမ္းပါးယံရွိ ဂူမ်ားထဲမွ ေအာ္သံမ်ားကို ၾကားရေသာေၾကာင့္ သြားေရာက္ ၾကည့္ရႈရာ ပင့္ကူမွ်င္မ်ားနဲ႔ ပိတ္ဆို႔ထားတဲ့ ဂူေပါက္ဝကို ေတြ႕ရပါေတာ့တယ္။

နတ္သမီးေတြကလည္း ေၾကာက္႐ြံ႕ထိတ္လန႔္ေနၾကၿပီး ဂူေပါက္ဝကို ဖြင့္ေပးရန္ ေတာင္းပန္ကာ ကယ္တင္ေပးမည္ဆိုပါက အေထြးဆုံး နတ္သမီး ရွင္မိယာကို မင္းသားေလးအား ေပးပါမည္ဟု ကတိေပးၾကသည္။

မင္းသားေလးလည္း ဂူေပါက္ဝကို အရင္ဆုံး ဖြင့္ပါက ပင့္ကူလက္ခ်က္နဲ႔ ေသဆုံးႏိုင္တဲ့အတြက္ ပင့္ကူကို ရွာေဖြရန္ ေျမာက္ဘက္မွာရွိတဲ့ အျခားဂူေပါက္မ်ားကို သြားေရာက္ရွာေဖြစဥ္ အလယ္ဂူမွာ ပင့္ကူႀကီးနဲ႔ ပက္ပင္းေတြ႕ပါေတာ့တယ္။

ရန္သူေတာ္ ပင့္ကူႀကီးဟာ မင္းသားေလးကို အင္မတန္ႀကီးမားတဲ့ ေက်ာက္တုံး၊ ေက်ာက္စိုင္မ်ား နဲ႔ ပစ္ခတ္ကာ အၿငိဳးနဲ႔စတင္ တိုက္ခိုက္ပါေတာ့တယ္။

ပင့္ကူႀကီးဟာ ေက်ာက္တုံးႀကီးမ်ားကို ပစ္ခြဲျပၿပီး မင္းသားကို တိုက္ခိုက္ပါတယ္။ မင္းသားေလးဟာ ပါလာတဲ့ ေလးကိုထုတ္ၿပီး ျမားနဲ႔ ပစ္ခြင္းလိုက္စဥ္ ပင့္ကူႀကီးရဲ႕ နားရင္းမွာ စိုက္ဝင္သြားပါတယ္။

ပင့္ကူႀကီးက မေသခင္မွာ “ေနာင္ဘဝမ်ားမွာ ဘီလူးႀကီးဘဝနဲ႔ ထိုမင္းသား သြားေလရာမွာ ႏွိပ္စက္ႏိုင္သူ ျဖစ္ပါေစ” ဆိုၿပီး က်ိန္ဆိုၿပီး ေသပြဲဝင္ရွာပါတယ္။

မင္းသားေလးဟာလည္း “ပင့္ကူရၿပီ။ ပင့္ကူရၿပီ” ဆိုကာ သုံးႀကိမ္တိုင္တိုင္ လက္ခေမာင္းခတ္ကာ ႀကဳံးဝါးပါေတာ့တယ္။

အဲဒီလို မင္းသားေလးဟာ ပင့္ကူရၿပီဟု ေႂကြးေၾကာ္ခဲ့သည္ကို အစြဲျပဳၿပီး ပင့္ကူရမွ ပင္းတယဟု ၿမိဳ႕အမည္တြင္လာရျခင္းျဖစ္ေၾကာင္း ဆို႐ိုးရွိပါတယ္။

Knight News Team

 

Leave a Reply

Your email address will not be published. Required fields are marked *