ကျားအင်္ဂါကို မလုပ်သင့်သည့်အရာများ

အေထြအေထြဗဟုသုတ

အသက်ရှင်သန်ဖို့လုပ်ငန်းကြီးဖြစ်တဲ့ဆီးစွန့်ဖို့အတွက်သာမကလူသားမျိုးဆက်တွေပွားများဖို့အတွက်ပါအရေးပါသော..၊

ယောကျာ်းသားတို့ရဲ့အလွန်အင်မတန်မှနူးညံ့လှပါသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မလုပ်သင့်၊မလုပ်အပ်တဲ့အရာတွေအကြောင်း ရှောင်ရန် ကို တိုးတိုးတိတ်တိတ်လေးပြောပြပေးသွားပါ့မယ်..။

မှတ်ချက် မိန်းကလေးများ မဖတ်ရပါ ဖတ် ချင်လဲဖတ်ပါ၊ပြီးမှ မရှက်ပါနှင့်..၊

၁။ လက်ဖြင့်ပုတ်ခြင်း၊ရိုက်ခြင်းမပြုရပါ။လေထိုး၍ရသောလက်ဝှေ့အိတ်မဟုတ်ပါ..။

ကျီစယ်၍သော်လည်းကောင်း၊ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ရိုက်ပုတ်ခြင်းမပြုရပါ..။

၂။ ဖိခြင်း၊ညှစ်ခြင်းများလဲမလုပ်သင့်ပါ။ ၎င်းသည် အလွန်နူးညံ့သောကြောင့် pressure ဒဏ်ကို မခံနိုင်ပါ..။

၃။ ဆီးလမ်းကြောင်းအတွင်းသို့မည်သည့်အရာမှမထည့်ရပါ။အပေါ်ဖုံးလေးဖွင့်ပြီးတစ်ခုခုထည့်ရသောပုလင်းမဟုတ်ပါ..။

ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း၊ပိုးဝင်ခြင်း၊အလွန် နာကျင်ခြင်းများဖြစ်တတ်ပါတယ်..။

၄။ သားရေကွင်းမဟုတ်ပါ။အလွန်အမင်း ဆွဲဆန့်ခြင်း လုံးဝမပြုလုပ်ရပါ..။

၅။ ဝှေးစေ့များအား ရေနွေးပူဖြင့် ဆေးကြောသန့်စင်ခြင်းမလုပ်ရပါ ကြက်ဥမဟုတ်သောကြောင့် ရေနွေးဖြင့်စိမ်ပြုတ်ရန်မလိုအပ်ပါ..။

၆။ မီးဖိုချောင်အိမ်သုံး သန့်စင်ဆေးရည်များဖြင့် ဆေးကြောစရာမလိုပါ ၎င်းတို့သည် အန္တရာယ်ဖြစ်စေတတ်ပါသည် ။

ဘယ်လောက်ပဲညစ်ပတ်ပေရေနေပါစေ ဆပ်ပြာနှင့်ရေဖြင့်သာ လုံလောက်ပါသည် ။

၇။ အလွန်အမင်းပွတ်တိုက်ခြင်းမပြုရပါ အလွန်အမင်းပွတ်တိုက်ခြင်းသည် ပူစပ်နာကျင်ခြင်းကိုခံစားစေရရုံမက အရေပြားပွန်းပဲ့၍အနာပါ ဖြစ်နိုင်ပါတယ်..။

၈။ စိတ်ပါနေချိန် မချိုးရပါ လက်ဖြင့်ကွေးညွတ်ရသော စပရိန်အလေးချောင်းမဟုတ်ပါ၊မာကြောနေချိန် ၃ဝဒီဂရီထက် ပိုမချိုးသင့်ပါ မချိုးလျှင် အကောင်းဆုံးဖြစ်ပါသည် ။

၉။ မကိုက်ရပါ မိမိဖာသာ ငုံ့ကိုက်၍ကားမရပါ၊ ထို့ကြောင့် ကိုက်နိုင်မည့်သူကို လုံးဝမကိုက်ပါနှင့်ဟု ကြိုတင်သတိပေးထားပါ..။

၁၀။ ကြည့်မိသမျှ ရုပ်ရှင်များကို စိတ်ပါလက်ပါလိုက်မခံစားပါနှင့် ရုပ်ရှင်ထဲမြင်မြင်သမျှ မှန်းမျှော်နေလျှင် လိုအပ်သည်ထက်ပိုသော ဆန္ဒဖြေခြင်းဖြစ်၍ ဒုက္ခရောက်နိုင်ပါသည် ။

၁၁။ နံရံပလပ်ပေါက်များသည် မီးပလပ်ထိုးရန်အတွက်သာဖြစ်ပါသည်၊သင်တို့အတွက်မဟုတ်ပါ မရယ်ပါနှင့်၊အချို့သော အမျိုးကောင်းသားများသည် ။

ဝါးလှည်းတောင်ဖြတ်မမောင်းရဲလောက်အောင်ဖြစ်သည် တွေ့ကရာစမ်းစမ်း စမ်းစမ်းနဲ့ လျှောက်မထိုးပါနှင့် ဓါတ်လိုက်၍သေတတ်ပါသည်၊လျှပ်စစ်မီးသည် ဆော့စရာမဟုတ်ပါ ။

၁၂။ ဒုံးကျည်ထိပ်ဖူးအား လိုအပ်သည်ထက်ပို၍ သန့်ရှင်းရေးမပြုလုပ်ရပါ၊ရောင်ယမ်းပွန်းပဲ့ခြင်း၊အနာဖြစ်ခြင်း ဖြစ်နိုင်သည် ။

၁၃။ မွေးကင်းစကလေးအနှီးထုပ်သလို ကျပ်ညပ်နေအောင်မထုပ်ထားရပါ မိမိနှင့် Fitဖြစ်သောအတွင်းခံကိုရွေးချယ်တတ်ပါစေ..။

၁၄။ မတန်တဆ၊ကျပ်ညပ်နေရာတွင် အတင်းတိုးမဝင်ပါနှင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ကူးစက်ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်..။

၁၅။ ကိုယ်နှင့်ထိုက်တန်သော အရွယ်အစားကိုသဘာဝမှပေးထားပြီးဖြစ်ပါတယ်..။

မတော်မရော်ကြီးချင်စိတ်ကိုထိန်းပါ၊ ထိုသို့ကြီးအောင် ဆေးလိမ်း ဆေးထိုးခြင်းများ ရှောင်ပါ..။

လူသတ် ရန်၊ရိုက်ရန်အတွက်မဟုတ်ပါ၊အရွယ်အစားသည် အမြဲအဓိကမကျပါ..။

၁၆။ စိုက်ခင်းမဟုတ်ပါ၊အမြဲရိတ်သိမ်းဖို့ ကြိုးစားမနေပါနှင့် အမွှေးအမှင်များသည် သဘာဝအတိုင်းပေးထားသော အကာအကွယ်ဖြစ်ပါသည် ။

ရိတ်ချင်သပဆိုပါကလဲ ဓါးသွားအသန့်ဖြင့် ထိခိုက်ပြတ်ရှမှုမရှိအောင် ရိတ်ပါ..။

ဤတွင် တန်ဖိုးကြီးသော ရတနာသိုက်အား မပြုလုပ်သင့်သည့်အရာများ တစ်ခန်းရပ်ပါပြီ အားလုံးပဲ ရတနာသိုက်ကြီးအား လုံခြုံဘေးကင်းစွာ စောင့်ရှောက်နိုင်ကြပါစေ..။

credit Dr Ye Lwin

အသက္ရွင္သန္ဖို႔လုပ္ငန္းႀကီးျဖစ္တဲ့ဆီးစြန႔္ဖို႔အတြက္သာမကလူသားမ်ိဳးဆက္ေတြပြားမ်ားဖို႔အတြက္ပါအေရးပါေသာ..၊

ေယာက်ာ္းသားတို႔ရဲ႕အလြန္အင္မတန္မွႏူးညံ့လွပါေသာ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုကို မလုပ္သင့္၊မလုပ္အပ္တဲ့အရာေတြအေၾကာင္း ေရွာင္ရန္ ကို တိုးတိုးတိတ္တိတ္ေလးေျပာျပေပးသြားပါ့မယ္..။

မွတ္ခ်က္ မိန္းကေလးမ်ား မဖတ္ရပါ ဖတ္ ခ်င္လဲဖတ္ပါ၊ၿပီးမွ မရွက္ပါႏွင့္..၊

၁။ လက္ျဖင့္ပုတ္ျခင္း၊႐ိုက္ျခင္းမျပဳရပါ။ေလထိုး၍ရေသာလက္ေဝွ႔အိတ္မဟုတ္ပါ..။

က်ီစယ္၍ေသာ္လည္းေကာင္း၊ရည္႐ြယ္ခ်က္ရွိရွိေသာ္လည္းေကာင္း ႐ိုက္ပုတ္ျခင္းမျပဳရပါ..။

၂။ ဖိျခင္း၊ညႇစ္ျခင္းမ်ားလဲမလုပ္သင့္ပါ။ ၎သည္ အလြန္ႏူးညံ့ေသာေၾကာင့္ pressure ဒဏ္ကို မခံႏိုင္ပါ..။

၃။ ဆီးလမ္းေၾကာင္းအတြင္းသို႔မည္သည့္အရာမွမထည့္ရပါ။အေပၚဖုံးေလးဖြင့္ၿပီးတစ္ခုခုထည့္ရေသာပုလင္းမဟုတ္ပါ..။

ဆီးလမ္းေၾကာင္းထိခိုက္ဒဏ္ရာျဖစ္ျခင္း၊ပိုးဝင္ျခင္း၊အလြန္ နာက်င္ျခင္းမ်ားျဖစ္တတ္ပါတယ္..။

၄။ သားေရကြင္းမဟုတ္ပါ။အလြန္အမင္း ဆြဲဆန႔္ျခင္း လုံးဝမျပဳလုပ္ရပါ..။

၅။ ေဝွးေစ့မ်ားအား ေရေႏြးပူျဖင့္ ေဆးေၾကာသန႔္စင္ျခင္းမလုပ္ရပါ ၾကက္ဥမဟုတ္ေသာေၾကာင့္ ေရေႏြးျဖင့္စိမ္ျပဳတ္ရန္မလိုအပ္ပါ..။

၆။ မီးဖိုေခ်ာင္အိမ္သုံး သန႔္စင္ေဆးရည္မ်ားျဖင့္ ေဆးေၾကာစရာမလိုပါ ၎တို႔သည္ အႏၲရာယ္ျဖစ္ေစတတ္ပါသည္ ။

ဘယ္ေလာက္ပဲညစ္ပတ္ေပေရေနပါေစ ဆပ္ျပာႏွင့္ေရျဖင့္သာ လုံေလာက္ပါသည္ ။

၇။ အလြန္အမင္းပြတ္တိုက္ျခင္းမျပဳရပါ အလြန္အမင္းပြတ္တိုက္ျခင္းသည္ ပူစပ္နာက်င္ျခင္းကိုခံစားေစရ႐ုံမက အေရျပားပြန္းပဲ့၍အနာပါ ျဖစ္ႏိုင္ပါတယ္..။

၈။ စိတ္ပါေနခ်ိန္ မခ်ိဳးရပါ လက္ျဖင့္ေကြးၫြတ္ရေသာ စပရိန္အေလးေခ်ာင္းမဟုတ္ပါ၊မာေၾကာေနခ်ိန္ ၃ဝဒီဂရီထက္ ပိုမခ်ိဳးသင့္ပါ မခ်ိဳးလွ်င္ အေကာင္းဆုံးျဖစ္ပါသည္ ။

၉။ မကိုက္ရပါ မိမိဖာသာ ငုံ႔ကိုက္၍ကားမရပါ၊ ထို႔ေၾကာင့္ ကိုက္ႏိုင္မည့္သူကို လုံးဝမကိုက္ပါႏွင့္ဟု ႀကိဳတင္သတိေပးထားပါ..။

၁၀။ ၾကည့္မိသမွ် ႐ုပ္ရွင္မ်ားကို စိတ္ပါလက္ပါလိုက္မခံစားပါႏွင့္ ႐ုပ္ရွင္ထဲျမင္ျမင္သမွ် မွန္းေမွ်ာ္ေနလွ်င္ လိုအပ္သည္ထက္ပိုေသာ ဆႏၵေျဖျခင္းျဖစ္၍ ဒုကၡေရာက္ႏိုင္ပါသည္ ။

၁၁။ နံရံပလပ္ေပါက္မ်ားသည္ မီးပလပ္ထိုးရန္အတြက္သာျဖစ္ပါသည္၊သင္တို႔အတြက္မဟုတ္ပါ မရယ္ပါႏွင့္၊အခ်ိဳ႕ေသာ အမ်ိဳးေကာင္းသားမ်ားသည္ ။

ဝါးလွည္းေတာင္ျဖတ္မေမာင္းရဲေလာက္ေအာင္ျဖစ္သည္ ေတြ႕ကရာစမ္းစမ္း စမ္းစမ္းနဲ႔ ေလွ်ာက္မထိုးပါႏွင့္ ဓါတ္လိုက္၍ေသတတ္ပါသည္၊လွ်ပ္စစ္မီးသည္ ေဆာ့စရာမဟုတ္ပါ ။

၁၂။ ဒုံးက်ည္ထိပ္ဖူးအား လိုအပ္သည္ထက္ပို၍ သန႔္ရွင္းေရးမျပဳလုပ္ရပါ၊ေရာင္ယမ္းပြန္းပဲ့ျခင္း၊အနာျဖစ္ျခင္း ျဖစ္ႏိုင္သည္ ။

၁၃။ ေမြးကင္းစကေလးအႏွီးထုပ္သလို က်ပ္ညပ္ေနေအာင္မထုပ္ထားရပါ မိမိႏွင့္ Fitျဖစ္ေသာအတြင္းခံကိုေ႐ြးခ်ယ္တတ္ပါေစ..။

၁၄။ မတန္တဆ၊က်ပ္ညပ္ေနရာတြင္ အတင္းတိုးမဝင္ပါႏွင့္ ဒဏ္ရာအနာတရျဖစ္ျခင္း၊ကူးစက္ေရာဂါပိုးဝင္ျခင္း ျဖစ္ႏိုင္ပါတယ္..။

၁၅။ ကိုယ္ႏွင့္ထိုက္တန္ေသာ အ႐ြယ္အစားကိုသဘာဝမွေပးထားၿပီးျဖစ္ပါတယ္..။

မေတာ္မေရာ္ႀကီးခ်င္စိတ္ကိုထိန္းပါ၊ ထိုသို႔ႀကီးေအာင္ ေဆးလိမ္း ေဆးထိုးျခင္းမ်ား ေရွာင္ပါ..။

လူသတ္ ရန္၊႐ိုက္ရန္အတြက္မဟုတ္ပါ၊အ႐ြယ္အစားသည္ အၿမဲအဓိကမက်ပါ..။

၁၆။ စိုက္ခင္းမဟုတ္ပါ၊အၿမဲရိတ္သိမ္းဖို႔ ႀကိဳးစားမေနပါႏွင့္ အေမႊးအမွင္မ်ားသည္ သဘာဝအတိုင္းေပးထားေသာ အကာအကြယ္ျဖစ္ပါသည္ ။

ရိတ္ခ်င္သပဆိုပါကလဲ ဓါးသြားအသန႔္ျဖင့္ ထိခိုက္ျပတ္ရွမႈမရွိေအာင္ ရိတ္ပါ..။

ဤတြင္ တန္ဖိုးႀကီးေသာ ရတနာသိုက္အား မျပဳလုပ္သင့္သည့္အရာမ်ား တစ္ခန္းရပ္ပါၿပီ အားလုံးပဲ ရတနာသိုက္ႀကီးအား လုံၿခဳံေဘးကင္းစြာ ေစာင့္ေရွာက္ႏိုင္ၾကပါေစ..။

credit Dr Ye Lwin

Leave a Reply

Your email address will not be published. Required fields are marked *