အနာဂတ် လူငယ်တွေအတွက် ဆရာကြီးအောင်သင်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်စာစုများ

KNOWLEDGE

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ အယူသီး လွန်းနေရင်အတွေးအခေါ် နည်းရာ ရောက်တယ်။လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့အတ္တတွေ ကြီး လွန်းနေရင် အသိဉာဏ်နည်းရာ ရောက်တယ်။

လူငယ် တစ်ဦး ဖြစ်နေလျက်နဲ့ အာဃာတတွေ များလွန်းနေရင် သဘောထား မပြည့်ရာ ရောက်တယ်။လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ ငါ့ကျမှ ကံဆိုးလေခြင်း ဆိုပြီး တညည်းညည်း တညူ ညူ အတွေးတွေနဲ့ လက်လျှော့ အရှုံးပေးနေရင်စိတ်ဓါတ် ပျော့ညံ့ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့ဖြစ်သမျှ အကြောင်း အကောင်းပေါ့လေဆိုပြီး ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင် ကိုယ့် ဇွဲလုံ့လကို မယုံကြည်ရာ ရောက်တယ်။ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်.. ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ ကနေရာတကာ ဟိုလူ့ မှီခို.. ဒီလူ့ မှီခို လိုက်လုပ်နေရင် ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့်။ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။အဆိုး လောကဓံ နှိပ်စက်ခံရလို့ လက်လျှော့ အရှုံးပေး နေသူတွေရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင် တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။ အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာအရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။လူငယ် တစ်ယောက် ရဲ့ အနှစ် အမြူတေဆိုတာမျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့ လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလိုသူတစ်ပါးတို့ရဲ့ ဘဝကိုလည်းမြှင့်တင် ပေးနိုင်စွမ်းရှိတယ်။

စာနာစိတ်ရှိတဲ့ လူငယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလိုတစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်းမျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အ သားဖြူ ခြင်း.. မဖြူ ခြင်း ရုပ်ရည်လှခြင်း.. မလှခြင်းတွေက လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိဘာတွေလုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

Credit – ဆရာအောင်သင်းအား လေးစာလျှက်

zawgyi

လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔ အယူသီး လြန္းေနရင္အေတြးအေခၚ နည္းရာ ေရာက္တယ္။လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔အတၱေတြ ႀကီး လြန္းေနရင္ အသိဉာဏ္နည္းရာ ေရာက္တယ္။

လူငယ္ တစ္ဦး ျဖစ္ေနလ်က္နဲ႔ အာဃာတေတြ မ်ားလြန္းေနရင္ သေဘာထား မျပည့္ရာ ေရာက္တယ္။လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔ ငါ့က်မွ ကံဆိုးေလျခင္း ဆိုၿပီး တညည္းညည္း တညဴ ညဴ အေတြးေတြနဲ႔ လက္ေလွ်ာ့ အရႈံးေပးေနရင္စိတ္ဓါတ္ ေပ်ာ့ညံ့ရာ ေရာက္တယ္။

လူငယ္တစ္ဦး ျဖစ္ေနလ်က္နဲ႔ျဖစ္သမွ် အေၾကာင္း အေကာင္းေပါ့ေလဆိုၿပီး ကံၾကမၼာရဲ႕ အမိန႔္ေအာက္မွာ ဒူးေထာက္ေပးေနခဲ့ရင္ ကိုယ့္ ဇြဲလုံ႔လကို မယုံၾကည္ရာ ေရာက္တယ္။ပုစြန္လုံးမွာ ဦးေခါင္း မပါဘူး။သို႔ေပမယ့္.. ခ်မ္းခ်မ္းသာသာ ေနဖို႔အတြက္ကိုယ့္တြင္းကိုယ္ တူးတတ္တယ္။

ဦးေခါင္း ပါတဲ့ လူ ကေနရာတကာ ဟိုလူ႔ မွီခို.. ဒီလူ႔ မွီခို လိုက္လုပ္ေနရင္ ပုစြန္လုံးကို အားနာဖို႔ ေကာင္းတယ္။

ဘဝ ဆုတ္ယုတ္ေနတဲ့ လူငယ္ေတြကို အကဲခတ္ၾကည့္။ေရွ႕မဆက္ႏိုင္ဘဲ စိတ္ပ်က္ေနသူေတြ ရွိတယ္။အဆိုး ေလာကဓံ ႏွိပ္စက္ခံရလို႔ လက္ေလွ်ာ့ အရႈံးေပး ေနသူေတြရွိတယ္။

တစ္ခါရႈံး႐ုံ နဲ႔ လုံးဝ ရႈံးသြားၿပီလို႔ သတ္မွတ္လိုက္ရင္ တိုးတက္ဖို႔ အခြင့္ဆိုတာ ေပ်ာက္ကြယ္ သြားမွာေပါ့။ အေတာင္ပံ မခတ္တဲ့ ပိုးစုံးၾကဴးမွာအေရာင္ ထြက္ဖို႔ ခက္တယ္။

ရည္မွန္းခ်က္ နဲ႔ ႀကိဳးစားမႈ မရွိတဲ့ လူငယ္မွာလည္းတိုးတက္လာဖို႔ ခက္မွာပါပဲ။လူငယ္ တစ္ေယာက္ ရဲ႕ အႏွစ္ အျမဴေတဆိုတာေမွ်ာ္လင့္ခ်က္နဲ႔ အိပ္မက္ပါ။

ဘဝမွာ ေမာ့ၾကည့္ရတဲ့ အိပ္မက္မ်ိဳးေတာ့ လူငယ္မွန္သမွ် မက္သင့္ၾကတာေပ့ါ။ထူးခြၽန္ထက္ျမတ္တဲ့ လူငယ္ဆိုတာ ကိုယ့္ဘဝကိုလည္း ျမႇင့္တင္ႏိုင္သလိုသူတစ္ပါးတို႔ရဲ႕ ဘဝကိုလည္းျမႇင့္တင္ ေပးႏိုင္စြမ္းရွိတယ္။

စာနာစိတ္ရွိတဲ့ လူငယ္ဆိုတာ တစ္ကိုယ္ေကာင္းဆန္စိတ္ နည္းပါးသလိုတစ္ပါးသူတို႔ရဲ႕ စိတ္ပင္ပန္းမႈေတြကိုလည္းမွ်ေဝခံစား ေပးႏိုင္တတ္ၾကတယ္။

အ သားျဖဴ ျခင္း.. မျဖဴ ျခင္း ႐ုပ္ရည္လွျခင္း.. မလွျခင္းေတြက လူငယ္တစ္ေယာက္ရဲ႕ တန္ဖိုး မဟုတ္ဘူး။

ဘယ္ေလာက္ အစြမ္းအစ ရွိ.. မရွိဘာေတြလုပ္ႏိုင္.. မလုပ္ႏိုင္ ဆိုတာကမွ လူငယ္တစ္ေယာက္ရဲ႕ တန္ဖိုးပါ။

Credit – ဆရာေအာင္သင္းအား ေလးစာလွ်က္

Leave a Reply

Your email address will not be published. Required fields are marked *