ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အိမ်ကပေးစားတာမဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်သူ့မှာရှိတယ် တစ်နှစ်ကျော်လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ဇယားကပ်ရော။
ဒီအဖြစ်အပျက်ကမျိုးစောင့်ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့ မိန်းမကသိတော့တငိုငိုတရီရီနဲ့၊ကွာရှင်းမယ်မပေါင်းဘူးလုပ်ရော၊သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ်။
သူ့ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ်ချစ်စရာလေး၊နောက်ယူလိုက်တဲ့ မယားငယ်က KTVကဆော်၊ သူ့ပထမမယားရဲ့ခြေဖျားမမီဘူး။ကိုယ်လဲသိသိချင်းက ဒီကောင့်ကိုရွံပြီးစကားမပြောဘူး။အဲဒီလိုဖြစ်ပြီး 2နှစ်လောက်ကြာပြီးတော့ မန်းလေးသွားရင်းတစ်ရက်ဈေးချိုထဲမှာအမှတ် မထင် ဒီကောင်နဲ့ပက်ပင်း သွားတိုးတယ်။
(ဈေးထဲမှာ ပစ္စည်းတွေလာသွင်းတာတဲ့) ကိုယ့်ကိုအတင်းခေါ်ပြီး မုန့်လိုက်ကျွေးပြီး သူ့ဖြစ်ကြောင်းကုန်စင် သေချာပြောပြတော့မှ ကိုယ်လဲသိတော့တယ်။မင်းစဉ်းစားကြည့်ကွာ ငါ့အလုပ်ကပြန်လာရင် ညနေ7နာရီလောက်၊ သူစက်ချုပ်နေတယ် ထမင်းစားမယ်ပြောရင် ကြောင်အိမ်ထဲမှာခူးပြီးသား ထုတ်စားလိုက်လို့ စက်ခုံကမထပြောတယ်။မနက်အလုပ်သွားရမယ့်ငါက အစောကြီးအိပ်ရတာ 10နာရီဆို အိပ်ချင်ပြီ အိပ်ယာလာခင်းပေးတာမရှိသလို ၊သူကိုယ်တိုင်လဲ အိပ်ယာထဲမဝင်ဘူး ည11ခွဲ 12လောက်ထိ သူ့စက်တဂျုံးဂျုံးနင်းလို့ပြီးမှ အိပ်ယာထဲဝင်တယ်။
အဲဒီအချိန် ငါသူ့အနားကပ်ရင် သူကမကြိုက်ဘူး တနေကုန်စက်နင်းရလို့ ပင်ပန်းတယ် အိပ်ချင်ပြီဆိုပြီး တန်းအိပ်တယ် ဘယ်မလဲငါ့အတွက်အချိန်?? 10ခါမှာ 1ခါ 2ခါလောက်ပဲ လက်ခံတယ်။မနက် ငါအလုပ်သွားရင် သူကအိပ်ကောင်းတုန်း ငါ့မှာ Breakfast ဆိုတာမရှိဘူး ငါအလုပ်ကို ဒီအတိုင်းသွားရတယ် နေ့လည်ထမင်းစားပြန်လာရင်၊သူကစက်ခုံမှာ နေ့လည်စာကို ညကချက်ထားတဲ့ဟင်းနဲ့စားရတယ် ဒါက တစ်ရက်နှစ်ရက်မဟုတ်ဘူးသားကြီး!! နေ့စဉ်ရက်ဆက်ဆိုတော့ မင်းစဉ်းစားကြည့်ပါ။
ဒါတွေက အိမ်အတွင်းဖြစ်နေတာ ပတ်ဝန်းကျင်ကဘာမှမသိဘူး အားလုံးသိတာက မိန်းမကောင်းရဲ့သားနဲ့ ငါကဖောက်ပြန်တဲ့ ၊ယောက်ျားပေါ့ကွာ ဖောက်ပြန်တဲ့ယောက်ျား ငါဖြစ်သွားပေမယ့် အခုငါပျော်တယ်ကွ။
ထမင်းချိန် ထမင်းမှန်တယ် ငါလိုအပ်ချိန် ငါ့ဘေးနားမှာခုယူထားတဲ့မိန်းမ အမြဲတမ်း Standby ရှိနေပေးတယ် အခု၊ငါဈေးထဲမှာပစ္စည်းသွင်းပြီး ရှာကျွေးတယ် သူကအိမ်မှာ အိမ်ဆိုင်လေးဖွင့်ထားတယ် ဘယ်သူတွေ ဘယ်လိုထင်ထင် ငါလုပ်ခဲ့တာအတွက် ငါနောင်တမရဘူး တဲ့။သူစကားတွေနားထောင်ပြီး ကိုယ့်မှာဆွံ့အ,သွားတာ နော် ဘာပြန်ပြောရမှန်းကိုမသိတော့တာ ဟိုနေ့ကပဲရေးတာ ယောက်ျားတွေက ၊အပြုအစုကောင်းတဲ့ မိန်းမမျိုးရှာဖွေယူရင် မယားယူတာလား ကျွန်ဝယ်တာလား တချို့ကမေးကြတယ်လို့။
ယောက်ျားတွေ မိန်းမဘာကြောင့်ယူတာလဲ?? ဒီမေးခွန်းရဲ့အဖြေကို တချို့မိန်းမတွေမသိဘူး တခြားယောက်ျားတွေတော့ မသိဘူး ၊ကိုယ်ကတော့ မဟာပုရိသဝါဒထင်ထင် ဘယ်လိုထင်ထင် ထင်ချင်သလိုချင် သူချက်ကျွေးတဲ့ ထမင်းဟင်းလေးစားချင်လို့၊သူ့ထိုးပေးတဲ့ မီးပူကျလေးဝတ်ချင်လို့ သူချွဲတာလေးတွေ သူဂျီကျတာလေးတွေ ဒါလေးတွေကိုလိုချင်လို့ မယားယူတာ ရှင်းရှင်းပဲ။
ကျွန်ဝယ်တယ်ထင်ရင် ကျွန်စိတ်ရှိလို့ အဲသလိုထင်တယ်လို့ပဲ သတ်မှတ်တယ်ကိုယ်က၊ သူလုပ်ပေး ချက်ကျွေးနေတာကိုချည်း ကိုယ်က အခန့်သင့်ထိုင်စားနေတာမဟုတ်ဘူးလေ။
ကိုယ်လဲ အိမ်ထောင်ဦးစီးဆိုတဲ့တာဝန်ကိုယူပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေရတာပဲ၊ အဲဒီတော့ကိုယ်တွေယောက်ျားတွေ ကိုယ့်မယားထံက ပြန်လိုချင်တာက မိန်းမဆန်တဲ့ အပြောအဆိုအပြုအမူမျိုး။
မိန်းမတချို့ ဘာကြောင့် အပျိုကြီးဘဝနဲ့ ကျန်ရစ်ဖြစ်ကြသလဲဆိုတော့ မိန်းမတွေ မိန်းမမဆန်တော့တဲ့အတွက် ၊မိန်းမတချို့ ကျန်ရစ်ဖြစ်ကြတာတဲ့ ကိုယ်ပြောတာမဟုတ် စာရေးဆရာကြီးတစ်ယောက် ပြောတာ။အဓိက ကိုယ်ပြောချင်တာဘာလဲဆိုတော့၊ဖောက်ပြန်တဲ့ယောက်ျားတိုင်း မမှားဘူးလို့ အားပေးတာမဟုတ်သလို ကိုယ့်ယောက်ျား ခြံခုန်တာခံရတဲ့မိန်းမတိုင်းကလဲ မှန်နေတယ်လို့ပြောရင် ကိုယ်လက်မခံဘူး။ခုတေလာ အငယ်ထားလို့ ကွိသွားတဲ့ ယောက်ျားနဲ့ သူ့ပထမအမျိုးသမီးရဲ့ အိမ်ထောင်ရေးအခြေအနေက ဘယ်လိုရှိသလဲ၊ဒါကိုကိုယ်လဲမသိဘူး သူတို့နှစ်ယောက်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဝေဖန်နေတာလဲ မဟုတ်ဘူး။
သိစေချင်တာက ကိုယ့်ဘော်ဒါရဲ့ဖြစ်ရပ်ကရတဲ့ သင်ခန်းစာတစ်ခုကို တချို့အိမ်ထောင်ရှင်တွေကို သဘောပေါက်နားလည်စေချတာ။အဲဒီသင်ခန်းစာက ယောက်ျားတွေ တကယ်မက်တာ ရုပ်ရည်လဲမဟုတ်ဘူး ဖင်လဲမဟုတ်ဘူး နို့လဲမဟုတ်ဘူး မရိုသေတဲ့စကားပြောရရင် မီးပိတ်လိုက်ရင် အားလုံးအတူတူပဲ။ (ရိုင်းသွားရင် ကန်တော့)၊ဒီလိုရေးမှလဲ တချို့လူပြိန်းသဘောပေါက်မှာ၊ ယောက်ျားတွေ မက်တာက အပြုအစု အယုအယ အချွဲအနွဲ့ ဒါပဲ။
ငါတို့ကတော့ စိတ်ထဲရှိတဲ့ ဘွင်းဘွင်းပဲ စားချင်စား မစားချင်နေ အိညောင် အိညောင်လုပ်ပြီး ကြင်နာတာတွေ ယုယတာတွေ မလုပ်ဘူးဆိုရင် သာယာတဲ့ Family Lifeကို စိတ်ကူးမယဉ်နဲ့။ဘာကြောင့်လဲဆိုတော့ သာယာတဲ့ အိမ်ထောင်သည်ဘဝတိုင်းကိုကြည့်ရင် ဝတ်ကျေတန်ကျေဆိုတာမရှိပဲ ဂရုစိုက်မှု ကြင်နာမှု ယုယမှုတွေနဲ့ပဲ တည်ဆောက်ထားကြတာကိုတွေ့ရမယ်။
ပြောသာပြော ရေးသာရေးရတာပါ အပြုစု အယုအယ မိန်းမကကောင်းပါလျက် ခြံခုန်နေတဲ့နွားတွေလဲ အများကြီးရှိတာမို့၊ခုရေးတဲ့ Postက အားလုံးကိုရည်ရွယ်တယ်လို့ မမှတ်ယူစေချင်ဘူး တချို့တလေအတွက်ပေါ့ဗျာ။မြင်တာလေးပြောမိတာပါနော်။
Credit
Zawgyi
က်ေနာ့္မွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ အိမ္ကေပးစားတာမဟုတ္ဘူး ခ်စ္လို႔ယူထားတဲ့ မိန္းမတစ္ေယာက္သူ႔မွာရွိတယ္ တစ္ႏွစ္ေက်ာ္ေလာက္ေပါင္းၿပီး ဒီေကာင္ ေနာက္တစ္ေယာက္နဲ႔ဇယားကပ္ေရာ။
ဒီအျဖစ္အပ်က္ကမ်ိဳးေစာင့္ဥပေဒေတြဘာေတြ မျပဌာန္းခင္ လြန္ခဲ့တဲ့ 3ႏွစ္ေလာက္အရင္ကေပါ့ မိန္းမကသိေတာ့တငိုငိုတရီရီနဲ႔၊ကြာရွင္းမယ္မေပါင္းဘူးလုပ္ေရာ၊သူ႔ပတ္ဝန္းက်င္ သူ႔အသိုင္းအဝိုင္းကပါ ဒီေကာင့္ကို ႐ြံၿပီးလုံးဝလက္မခံေတာ့ အဲဒီမယားအငယ္ေလးနဲ႔ တျခားၿမိဳ႕မွာ လုပ္ကိုင္စားေသာက္ၿပီးေနတယ္။
သူ႔ပထမမိန္းမက ႐ိုး႐ိုးေအးေအး စက္ဆရာမ ေကာင္မေလးက အလွႀကီးမဟုတ္ေပမယ့္ ျဖဴျဖဴသြယ္သြယ္ ႐ိုး႐ိုးယဥ္ယဥ္ခ်စ္စရာေလး၊ေနာက္ယူလိုက္တဲ့ မယားငယ္က KTVကေဆာ္၊ သူ႔ပထမမယားရဲ႕ေျခဖ်ားမမီဘူး။ကိုယ္လဲသိသိခ်င္းက ဒီေကာင့္ကို႐ြံၿပီးစကားမေျပာဘူး။အဲဒီလိုျဖစ္ၿပီး 2ႏွစ္ေလာက္ၾကာၿပီးေတာ့ မန္းေလးသြားရင္းတစ္ရက္ေဈးခ်ိဳထဲမွာအမွတ္ မထင္ ဒီေကာင္နဲ႔ပက္ပင္း သြားတိုးတယ္။
(ေဈးထဲမွာ ပစၥည္းေတြလာသြင္းတာတဲ့) ကိုယ့္ကိုအတင္းေခၚၿပီး မုန႔္လိုက္ေကြၽးၿပီး သူ႔ျဖစ္ေၾကာင္းကုန္စင္ ေသခ်ာေျပာျပေတာ့မွ ကိုယ္လဲသိေတာ့တယ္။မင္းစဥ္းစားၾကည့္ကြာ ငါ့အလုပ္ကျပန္လာရင္ ညေန7နာရီေလာက္၊ သူစက္ခ်ဳပ္ေနတယ္ ထမင္းစားမယ္ေျပာရင္ ေၾကာင္အိမ္ထဲမွာခူးၿပီးသား ထုတ္စားလိုက္လို႔ စက္ခုံကမထေျပာတယ္။မနက္အလုပ္သြားရမယ့္ငါက အေစာႀကီးအိပ္ရတာ 10နာရီဆို အိပ္ခ်င္ၿပီ အိပ္ယာလာခင္းေပးတာမရွိသလို ၊သူကိုယ္တိုင္လဲ အိပ္ယာထဲမဝင္ဘူး ည11ခြဲ 12ေလာက္ထိ သူ႔စက္တဂ်ဳံးဂ်ဳံးနင္းလို႔ၿပီးမွ အိပ္ယာထဲဝင္တယ္။
အဲဒီအခ်ိန္ ငါသူ႔အနားကပ္ရင္ သူကမႀကိဳက္ဘူး တေနကုန္စက္နင္းရလို႔ ပင္ပန္းတယ္ အိပ္ခ်င္ၿပီဆိုၿပီး တန္းအိပ္တယ္ ဘယ္မလဲငါ့အတြက္အခ်ိန္?? 10ခါမွာ 1ခါ 2ခါေလာက္ပဲ လက္ခံတယ္။မနက္ ငါအလုပ္သြားရင္ သူကအိပ္ေကာင္းတုန္း ငါ့မွာ Breakfast ဆိုတာမရွိဘူး ငါအလုပ္ကို ဒီအတိုင္းသြားရတယ္ ေန႔လည္ထမင္းစားျပန္လာရင္၊သူကစက္ခုံမွာ ေန႔လည္စာကို ညကခ်က္ထားတဲ့ဟင္းနဲ႔စားရတယ္ ဒါက တစ္ရက္ႏွစ္ရက္မဟုတ္ဘူးသားႀကီး!! ေန႔စဥ္ရက္ဆက္ဆိုေတာ့ မင္းစဥ္းစားၾကည့္ပါ။
ဒါေတြက အိမ္အတြင္းျဖစ္ေနတာ ပတ္ဝန္းက်င္ကဘာမွမသိဘူး အားလုံးသိတာက မိန္းမေကာင္းရဲ႕သားနဲ႔ ငါကေဖာက္ျပန္တဲ့ ၊ေယာက္်ားေပါ့ကြာ ေဖာက္ျပန္တဲ့ေယာက္်ား ငါျဖစ္သြားေပမယ့္ အခုငါေပ်ာ္တယ္ကြ။
ထမင္းခ်ိန္ ထမင္းမွန္တယ္ ငါလိုအပ္ခ်ိန္ ငါ့ေဘးနားမွာခုယူထားတဲ့မိန္းမ အၿမဲတမ္း Standby ရွိေနေပးတယ္ အခု၊ငါေဈးထဲမွာပစၥည္းသြင္းၿပီး ရွာေကြၽးတယ္ သူကအိမ္မွာ အိမ္ဆိုင္ေလးဖြင့္ထားတယ္ ဘယ္သူေတြ ဘယ္လိုထင္ထင္ ငါလုပ္ခဲ့တာအတြက္ ငါေနာင္တမရဘူး တဲ့။သူစကားေတြနားေထာင္ၿပီး ကိုယ့္မွာဆြံ႕အ,သြားတာ ေနာ္ ဘာျပန္ေျပာရမွန္းကိုမသိေတာ့တာ ဟိုေန႔ကပဲေရးတာ ေယာက္်ားေတြက ၊အျပဳအစုေကာင္းတဲ့ မိန္းမမ်ိဳးရွာေဖြယူရင္ မယားယူတာလား ကြၽန္ဝယ္တာလား တခ်ိဳ႕ကေမးၾကတယ္လို႔။
ေယာက္်ားေတြ မိန္းမဘာေၾကာင့္ယူတာလဲ?? ဒီေမးခြန္းရဲ႕အေျဖကို တခ်ိဳ႕မိန္းမေတြမသိဘူး တျခားေယာက္်ားေတြေတာ့ မသိဘူး ၊ကိုယ္ကေတာ့ မဟာပုရိသဝါဒထင္ထင္ ဘယ္လိုထင္ထင္ ထင္ခ်င္သလိုခ်င္ သူခ်က္ေကြၽးတဲ့ ထမင္းဟင္းေလးစားခ်င္လို႔၊သူ႔ထိုးေပးတဲ့ မီးပူက်ေလးဝတ္ခ်င္လို႔ သူခြၽဲတာေလးေတြ သူဂ်ီက်တာေလးေတြ ဒါေလးေတြကိုလိုခ်င္လို႔ မယားယူတာ ရွင္းရွင္းပဲ။
ကြၽန္ဝယ္တယ္ထင္ရင္ ကြၽန္စိတ္ရွိလို႔ အဲသလိုထင္တယ္လို႔ပဲ သတ္မွတ္တယ္ကိုယ္က၊ သူလုပ္ေပး ခ်က္ေကြၽးေနတာကိုခ်ည္း ကိုယ္က အခန႔္သင့္ထိုင္စားေနတာမဟုတ္ဘူးေလ။
ကိုယ္လဲ အိမ္ေထာင္ဦးစီးဆိုတဲ့တာဝန္ကိုယူၿပီး မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေပးေနရတာပဲ၊ အဲဒီေတာ့ကိုယ္ေတြေယာက္်ားေတြ ကိုယ့္မယားထံက ျပန္လိုခ်င္တာက မိန္းမဆန္တဲ့ အေျပာအဆိုအျပဳအမူမ်ိဳး။
မိန္းမတခ်ိဳ႕ ဘာေၾကာင့္ အပ်ိဳႀကီးဘဝနဲ႔ က်န္ရစ္ျဖစ္ၾကသလဲဆိုေတာ့ မိန္းမေတြ မိန္းမမဆန္ေတာ့တဲ့အတြက္ ၊မိန္းမတခ်ိဳ႕ က်န္ရစ္ျဖစ္ၾကတာတဲ့ ကိုယ္ေျပာတာမဟုတ္ စာေရးဆရာႀကီးတစ္ေယာက္ ေျပာတာ။အဓိက ကိုယ္ေျပာခ်င္တာဘာလဲဆိုေတာ့၊ေဖာက္ျပန္တဲ့ေယာက္်ားတိုင္း မမွားဘူးလို႔ အားေပးတာမဟုတ္သလို ကိုယ့္ေယာက္်ား ၿခံခုန္တာခံရတဲ့မိန္းမတိုင္းကလဲ မွန္ေနတယ္လို႔ေျပာရင္ ကိုယ္လက္မခံဘူး။ခုေတလာ အငယ္ထားလို႔ ကြိသြားတဲ့ ေယာက္်ားနဲ႔ သူ႔ပထမအမ်ိဳးသမီးရဲ႕ အိမ္ေထာင္ေရးအေျခအေနက ဘယ္လိုရွိသလဲ၊ဒါကိုကိုယ္လဲမသိဘူး သူတို႔ႏွစ္ေယာက္မွာ ဘယ္သူမွားတယ္ မွန္တယ္ဆိုတာကို ေဝဖန္ေနတာလဲ မဟုတ္ဘူး။
သိေစခ်င္တာက ကိုယ့္ေဘာ္ဒါရဲ႕ျဖစ္ရပ္ကရတဲ့ သင္ခန္းစာတစ္ခုကို တခ်ိဳ႕အိမ္ေထာင္ရွင္ေတြကို သေဘာေပါက္နားလည္ေစခ်တာ။အဲဒီသင္ခန္းစာက ေယာက္်ားေတြ တကယ္မက္တာ ႐ုပ္ရည္လဲမဟုတ္ဘူး ဖင္လဲမဟုတ္ဘူး ႏို႔လဲမဟုတ္ဘူး မ႐ိုေသတဲ့စကားေျပာရရင္ မီးပိတ္လိုက္ရင္ အားလုံးအတူတူပဲ။ (႐ိုင္းသြားရင္ ကန္ေတာ့)၊ဒီလိုေရးမွလဲ တခ်ိဳ႕လူၿပိန္းသေဘာေပါက္မွာ၊ ေယာက္်ားေတြ မက္တာက အျပဳအစု အယုအယ အခြၽဲအႏြဲ႕ ဒါပဲ။
ငါတို႔ကေတာ့ စိတ္ထဲရွိတဲ့ ဘြင္းဘြင္းပဲ စားခ်င္စား မစားခ်င္ေန အိေညာင္ အိေညာင္လုပ္ၿပီး ၾကင္နာတာေတြ ယုယတာေတြ မလုပ္ဘူးဆိုရင္ သာယာတဲ့ Family Lifeကို စိတ္ကူးမယဥ္နဲ႔။ဘာေၾကာင့္လဲဆိုေတာ့ သာယာတဲ့ အိမ္ေထာင္သည္ဘဝတိုင္းကိုၾကည့္ရင္ ဝတ္ေက်တန္ေက်ဆိုတာမရွိပဲ ဂ႐ုစိုက္မႈ ၾကင္နာမႈ ယုယမႈေတြနဲ႔ပဲ တည္ေဆာက္ထားၾကတာကိုေတြ႕ရမယ္။
ေျပာသာေျပာ ေရးသာေရးရတာပါ အျပဳစု အယုအယ မိန္းမကေကာင္းပါလ်က္ ၿခံခုန္ေနတဲ့ႏြားေတြလဲ အမ်ားႀကီးရွိတာမို႔၊ခုေရးတဲ့ Postက အားလုံးကိုရည္႐ြယ္တယ္လို႔ မမွတ္ယူေစခ်င္ဘူး တခ်ိဳ႕တေလအတြက္ေပါ့ဗ်ာ။ျမင္တာေလးေျပာမိတာပါေနာ္။
Credit