မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ

အေထြအေထြဗဟုသုတ

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက်

ကုဋေ ပြီးရင် ဘာလာလဲ။

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။

ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော် –

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။

ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။

ဆယ် = 10

ရာ = 100

ထောင် = 1000

သောင်း = 10000

သိန်း = 100000

သန်း = 1000000

ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။

ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။

ကောဋိ = 1 × 10^14

ပေကာဋိ = 1 × 10^21

ကောဋိပကောဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန်နဟုတံ = 1 × 10^42

အက္ခေဘိဏီ = 1 × 10^49

ဗိန္ဒု = 1 × 10^56

အဗ္ဗုဒ = 1 × 10^63

နိရဗ္ဗုဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

သောကန္ဓိက = 1 × 10^91

ဥပ်ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပုဏ္ဍရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

အေသင်္ခ် = 1 × 10^140

ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။

သင်္ချေကြီး (၈)မျိုး

(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။

(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။

(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။

(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။

(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။

(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။

(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။

(? အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။

အသင်္ချေ ရေတွက်ပုံ

ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။
သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။

“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )
ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။

ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ

၁ = တစ်ခု

၁၀ = တစ်ဆယ်

၁၀၀ = တစ်ရာ

၁၀၀၀ = တစ်ထောင်

၁၀၀၀၀ = တစ်သောင်း

၁၀၀၀၀၀ = တစ်သိန်း

၁၀၀၀၀၀၀ = တစ်သန်း

၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။

ဥပမာ

၁၀၀၀၀၀၀၀ =တစ် ကုဋေ

၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး

၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)

စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။

ဥပမာ

တစ်ကောဋိကို သုည

တစ်လုံး ကပ်သော် ဆယ်ကောဋိ

နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )

သုံးလုံးကပ်သော် ကောဋိတစ်ထောင်

လေးလုံးကပ်သော် ကောဋိတစ်သောင်း

ငါးလုံးကပ်သော် ကောဋိတစ်သိန်း

ခြောက်လုံးကပ်သော် ကောဋိတစ်သန်း

ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)

ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။

ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။

ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။

ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။ သိုဆိုလျှင် အသင်္ချေယျ၏ တန်ဖိုးကား မည်မျှပင် များပြားနေမည်နည်း ဟု တွေးရင်း ဘုရား ရဟန္တာတို့၏ ကြီးမြတ်လှသော ဉာဏ်တော်အား အံ့သြ လေးစား ချီးကျူး ပူဇော်ရင်း……

credit :ဓမ္မရောင်ခြည်

Zawgyi

ျမန္မာ့ ဂဏန္းသခ်ၤာမွာ ကုေဋ ၿပီးရင္ ဘာလာလဲ မသိေသးသူမ်ားအတြက္

ကုေဋ ၿပီးရင္ ဘာလာလဲ။

ခု ၊ ဆယ္ ၊ ရာ ၊ ေထာင္ ၊ ေသာင္း ၊ သိန္း ၊ သန္း ၊ ကုေဋ ဆိုၿပီး ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ဆိုခဲ့ၾကဖူးတယ္။ ကုေဋ ၿပီးရင္ အစဥ္လိုက္လာတဲ့ ဂဏန္းအေခၚအေဝၚေတြကို ဗဟုသုတအေနႏွင့္ ေဖာ္ျပေပးလိုက္ရပါတယ္။

ငယ္၊စဥ္၊ႀကီး၊လိုက္ ဆိုရေသာ္ –

ခု ၊ ဆယ္ ၊ ရာ ၊ ေထာင္ ၊ ေသာင္း ၊ သိန္း ၊ သန္း ၊ကုေဋ ၊ ေကာဋိ ၊ ပေကာဋိ ၊ ေကာဋိပေကာဋိ ၊ နဟုတံ ၊ နိႏၷဟုတံ ၊ အေကၡဘိဏီ ၊ဗိႏၵဳ ၊ အဗၺဳဒ ၊ နိရဗၺဳဒ ၊ အဗဗ ၊ အဋဋ ၊ ေသာကႏၶိက ၊ ဥပၸလ ၊ ကုမုဒ ၊ ပဒုမ ၊ ပု႑ရိက ၊ ကထာန ၊ မဟာကထာန ၊ အသေခ်ၤ ဆိုၿပီးရွိပါတယ္။

ခု ကေန ကုေဋ အထိကို သုည တစ္လုံးစီတိုးျခင္းျဖင့္ သြားပါတယ္။

ဆယ္ = 10

ရာ = 100

ေထာင္ = 1000

ေသာင္း = 10000

သိန္း = 100000

သန္း = 1000000

ကုေဋ = 10000000 ဆိုၿပီး သုညတစ္လုံးစီ တိုးျခင္းျဖင့္ အစဥ္လိုက္သြားပါတယ္။

ကုေဋၿပီးလို႔ ေကာဋိ ကေန အသေခ်ၤ အထိက အဆင့္တစ္ခုတက္တိုင္း သုည (၇) လုံးစီ တိုးရပါတယ္။

ေကာဋိ = 1 × 10^14

ေပကာဋိ = 1 × 10^21

ေကာဋိပေကာဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန္နဟုတံ = 1 × 10^42

အေကၡဘိဏီ = 1 × 10^49

ဗိႏၵဳ = 1 × 10^56

အဗၺဳဒ = 1 × 10^63

နိရဗၺဳဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

ေသာကႏၶိက = 1 × 10^91

ဥပ္ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပု႑ရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

ေအသခၤ္ = 1 × 10^140

ဆိုၿပီး အဆင့္တစ္ဆင့္တက္တိုင္း သုည (၇) လုံးစီတိုးၿပီး တက္ရပါတယ္။ ဒါေၾကာင့္ တစ္အသေခ်ၤဆိုရင္ တန္ဖိုးအားျဖင့္ 1 × 10^140 ( ၁ ရဲ႕ေနာက္မွာ သုည အလုံး ၁၄၀ ) နဲ႔ ညီမွ်ပါတယ္။

သေခ်ၤႀကီး (၈)မ်ိဳး

(1) သတေကာဋိ = ကုေဋတစ္ရာ 1 ေနာက္မွ သုည 9 လုံးရွိေသာအေရအတြက္။

(2) ပေကာဋိ = 1 ေနာက္မွ သုည 14 လုံး ရွိေသာအေရအတြက္။

(3) ေကာဋိပၸေကာဋိ = 1 ေနာက္မွ သုည 21 လုံးရွိေသာအေရအတြက္။

(4) နဟုတ = 1 ေနာက္မွ သုည 28 လုံးရွိေသာအေရအတြက္။

(5) နိႏၷဟုတ = 1 ေနာက္မွ သုည 35 လုံးရွိေသာအေရအတြက္။

(6) နိရဗၺဳဒ = 1 ေနာက္မွ သုည 36 လုံးရွိေသာအေရအတြက္။

(7) အေကၡာဘိဏီ = 1 ေနာက္မွ သုည 42 လုံးရွိေသာအေရတြက္။

(? အသေခ်ၤယ် = 1 ေနာက္မွ သုည 140 လုံးရွိေသာ အေရအတြက္။

အသေခ်ၤ ေရတြက္ပုံ

ဗုဒၶဘာသာတို႔အေနျဖင့္ ေလးအသေခ်ၤႏွင့္ကမာၻတစ္သိန္း ဟူေသာ စကားကို လူတိုင္းၾကားဖူး၍ နားလည္းယဥ္ေနေလာက္ေပ၏။ သို႔ေသာ္ အဓိပၸါယ္ကိုကား နားမလည္သူက မ်ား၏။ အဓိက နားမလည္ႏိုင္ေသာ စကားလုံးမွာ အသေခ်ၤ သို႔မဟုတ္ အသေခ်ၤယ် ဟူေသာ စကားပင္ အဓိက ျဖစ္၏။
သို႔အတြက္ အသေခ်ၤ ၏ အဓိပၸါယ္ သို႔မဟုတ္ ၎၏တန္ဖိုးကို တြက္ျပပါအံ့။တစ္အသေခ်ၤ ဆိုသည္မွာ တစ္ေနာက္ သုညအလုံးေပါင္း ၁၄၀ ရွိသည္ဟု ဦးစြာ မွတ္သားထားေစလိုပါ၏။ အဘယ့္ေၾကာင့္ ၁၄၀ ရွိရသနည္း။ တြက္ျပေပးပါမည္။ လက္ေတြ႕ ေရတြက္ၾကည့္ၾကပါစို႔။

“ ခု၊ ဆယ္၊ ရာ၊ ေထာင္ ” မွ စ၍ “ အသေခ်ၤယ် ” ထိေအာင္ ေရတြက္ပုံုံကို အရင္သိရာ၏။ ၎ကို အစဥ္လိုက္ ေရတြက္ေသာ္ “ ခု၊ ဆယ္၊ ရာ၊ ေထာင္၊ ေသာင္း၊ သိန္း၊ သန္း၊ ကုေဋ၊ေကာဋိ၊ ပေကာဋိ၊ ေကာဋိပေကာဋိ၊ နဟုတံ၊ နိႏၷဟုတံ၊ အေကၡဘိဏီ၊ ဗိႏၵဳ၊ အဗၺဳဒ၊ နိရဗၺဳဒ၊ အဗဗ၊ အဋဋ၊ ေသာကႏၶိက၊ ဥပၸလ၊ ကုမုဒ၊ ပဒုမ၊ ပု႑ရိက၊ ကထာန၊ မဟာကထာန၊ အသေခ်ၤယ် ” ( ၂၇ လုံး ရွိ၏ )
ဟူ၍ အစဥ္အတိုင္း ေရတြက္ရ၏။

ေရတြက္ပုံမွာ ခု မွ ကုေဋ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ

၁ = တစ္ခု

၁၀ = တစ္ဆယ္

၁၀၀ = တစ္ရာ

၁၀၀၀ = တစ္ေထာင္

၁၀၀၀၀ = တစ္ေသာင္း

၁၀၀၀၀၀ = တစ္သိန္း

၁၀၀၀၀၀၀ = တစ္သန္း

၁၀၀၀၀၀၀၀ = တစ္ကုေဋဤေလာက္ထိ အားလုံးနားလည္ၿပီးသား ျဖစ္၏။ သို႔ေသာ္ ေကာတိ မွစ၍ ေရတြက္ပုံကိုမူ အလွမ္းေဝးၾက၏။ ေရတြက္ပုံမွာ ေကာဋိ မွ အသေခ်ၤယ် ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။

ဥပမာ

၁၀၀၀၀၀၀၀ =တစ္ ကုေဋ

၁၀၀၀၀၀၀၀,၀ =ဆယ္ကုေဋ (သုညတစ္လုံးတိုး)

၁၀၀၀၀၀၀၀,၀၀ =ကုေဋတစ္ရာ( ။ ႏွစ္လုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀ =ကုေဋတစ္ေထာင္ ( ။သုံးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀ =ကုေဋတစ္ေသာင္း(။ေလးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုေဋတစ္သိန္း(။ငါးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုေဋတစ္သန္း(။ေျခာက္လုံးတိုး

၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ္ေကာဋိ (။ခုနစ္လုံးတိုး)

စသျဖင့္ ေကာဋိ မွ ပေကာဋိ သို႔လည္း ဤနည္းအတိုင္း သုညခုနစ္လုံး ကပ္ေပးျခင္းျဖင့္ ေရတြက္၏။

ဥပမာ

တစ္ေကာဋိကို သုည

တစ္လုံး ကပ္ေသာ္ ဆယ္ေကာဋိ

ႏွစ္လုံးကပ္ေသာ္ ေကာဋိတစ္ရာ ( နားလည္ပါအဲ့ )

သုံးလုံးကပ္ေသာ္ ေကာဋိတစ္ေထာင္

ေလးလုံးကပ္ေသာ္ ေကာဋိတစ္ေသာင္း

ငါးလုံးကပ္ေသာ္ ေကာဋိတစ္သိန္း

ေျခာက္လုံးကပ္ေသာ္ ေကာဋိတစ္သန္း

ခုနစ္လုံးကပ္ေသာ္ ပေကာဋိ (နားလည္ပါအံ့)

ဤနည္းအတိုင္း ပေကာဋိ မွ ေကာဋိပေကာဋိ၊ ေကာဋိပေကာဋိ မွ နဟုတံ စသျဖင့္ ေနာက္ဆုံး ၂၇ ႀကိမ္ေျမာက္ အသေခ်ၤယ် အထိ ဤနည္းအတိုင္း သုညတစ္လုံးလုံးခ်င္းစီ ကပ္ေပးလာ၍ ခုနစ္လုံးေျမႇာက္ေသာ္ ေနာက္တန္ဖိုး ေျပာင္းေပးရ၏။

ဤနည္းအတိုင္း ေရတြက္လာေသာ္ အသခ်ၤယ် သို႔ေရာက္ေသာ္ သုည အလုံးေပါင္း ၁၄၀ ရွိသည္ကို ေတြရမည္ ျဖစ္၏။ ထို႔ေၾကာင့္ တစ္သေခ်ၤယ်၏ အေရအတြက္သည္ တစ္ေနာက္ သုညအလုံးေပါင္း (၁၄၀) ရွိသည္ဟု ဆိုျခင္းျဖစ္၏။

ထိုေၾကာင့္ အသေခ်ၤယ် ၏ တန္ဖိုးအေရအတြက္မွာ လြန္စြာမ်ားျပားလွေတာ့၏။ အသေခ်ၤယ် ၏ တန္ဖိုးမ်ားျပားပုံကို နမူနာသာဓက တစ္ခု ျပထား၏။ဦးစြာ ဝါးအလုံးေပါင္း ၆၀ ကို စည္းထား၏။ ထို အလုံး ၆၀ ပါေသာ ဝါးစည္းကို ခါးမွ အပိုင္းေပါင္း ၆၀ ပိုင္းျဖတ္မည္ျဖစ္၏။ ထိုသို႔ ပိုင္းျဖတ္ၿပီး၍ ရေသာ အစည္းပိုင္းတို ၆၀ ကို ခရီးလမ္းဆုံ လမ္းမအလယ္မွာ ထား.ထား၏။

ထိုဝါးအစည္းပုံအား ဆင္၊ ျမင္း၊ ရထား၊ စစ္သည္ ဗိုလ္ပါ ရဲမက္အေပါင္းမ်ားက ေထာင္းေထာင္း ညက္ညက္ေၾကေအာင္ နင္းေခ်ျဖတ္ဆီးသြားေသာအခါ ထိုဝါးအစည္းပုံသည္ မႈန႔္မႈန႔္ညက္ညက္ ေၾကသြား၏။

ထိုဝါးပုံမွ ေၾကညက္သြားေသာ ဝါးမႈန္မ်ားကို ေရတြက္ေသာ္ ၁၄ ခု ေျမႇာက္ေသာ အေကၡဘိဏီ မွ်သာ ရွိေသးသည္ဟု ဆို၏။ သိုဆိုလွ်င္ အသေခ်ၤယ်၏ တန္ဖိုးကား မည္မွ်ပင္ မ်ားျပားေနမည္နည္း ဟု ေတြးရင္း ဘုရား ရဟႏၲာတို႔၏ ႀကီးျမတ္လွေသာ ဉာဏ္ေတာ္အား အံ့ၾသ ေလးစား ခ်ီးက်ဴး ပူေဇာ္ရင္း……

credit :ဓမၼေရာင္ျခည္

Leave a Reply

Your email address will not be published. Required fields are marked *