အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ အသေထိုးသတ်လိုက်တဲ့ မြန်မာမောင်သောင်း..

ၾကားသိရသမွ်

“ဒီမြန်မာကောင် ကို အသေထိုး အလောင်းကို မြန်မာပြည် ပြန်ပို့လိုက်” ဆိုတဲ့ အသံတွေ ဟိန်း နေပါတယ်၊ မောင်သောင်း လည်း ဝင်လာရော အားနာပါးနာ လက်ခုပ်တီး သူတောင် မရှိခဲ့ပါဘူး။

အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ အသေထိုးသတ်လိုက်တဲ့ မြန်မာမောင်သောင်း..မောင်သောင်းကို အဖဦးဖိုးခင်၊ အမိဒေါ်စိန်တို့မှ ၁၉၁၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ထဲက အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို စစ် ( ၃ ) ကြိမ်တိုက်၍ သိမ်းပိုက်သွားခြင်းကို များစွာ ခံပြင်းဒေါသထွက်ခဲ့သည်။

 

“လက်နက်အင်အားမမျှ၍ ငါတို့လူမျိုး သူများ လက်အောက်ရောက်ရပေသည်” ဟု အမြဲအံကြိတ်၍ တောက်ခေါက်ခဲ့သည်။အသက်၁၀နှစ်မှစ၍ လက်ဝှေ့ထိုး လေ့ကျင့်ခဲ့သည်။ ၉တန်းနှစ်၌ မြန်မာကျောင်းသားတစ်ယောက်ကို အင်္ဂလိပ် ကပြား၃ယောက်က ဝိုင်းထိုးနေသည်ကို ဝင်ရောက်ကူညီပြီး ထိုကပြား ၃ယောက်ကိုမေ့မြောပြီး သွားတွေ ကျွတ်ထွက်အောင် လက်သီးစွမ်း ပြခဲ့သောကြောင့် ၉တန်းနှင့် ကျောင်းထွက်ခဲ့ရသည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ စစ်မှုထမ်းခွင့်၊ လက်ဝှေ့ထိုးသတ်ခွင့် မရှိပေ။ ထို့ကြောင့် အိန္ဒိယသို့ သွားရောက်နိုင်ရန် ကြိုးစားရတော့သည်။ ငွေကြေးမတတ်နိုင်သဖြင့် ၁၉၄၁ခုနှစ်တွင် SS BUIMR အမည်ရှိသင်္ဘော၌ မီးထိုးသမား ဘဝဖြင့်အိန္ဒိယနိုင်ငံ ဘုံဘေသို့ လိုက်သွားခဲ့သည်။ ဘုံဘေရှိ ကြေးစားလက်ဝှေ့သမားများကို အနိုင်ထိုးသတ်ခဲ့သည်။ အလဲထိုးသည်သာ များလေသည်။ သို့သော်မောင်သောင်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်လူမျိုးများကို အလဲထိုးရန် သာဖြစ်သည်။ ထို့ကြောင့် အကွက်ကောင်းကို ရှာနေခဲ့သည်။

လက်သီးပြင်းရန် သဲအိတ်များကို သဲကြီးမဲကြီး ထိုးသတ်လေ့ကျင့်သလို၊ အထိုးခံနိုင်ရန် သံတုံးများထည့်ထားသော ပုံးကို ပါးစပ်နှင့်ကိုက်မ၍ ပါးစောင်ရှိကြွက်သားများ သန်မာစေရန်လေ့ကျင့်ခဲ့သည်။
နောက်ဆုံးတွင် အိန္ဒိယနိုင်ငံရှိ ကြေးစား အလဲထိုးချန်ပီယံ အင်္ဂလိပ်လူမျိုး ဟယ်ရီဘလူးဖြင့် ထိုးသတ်ခွင့်ရခဲ့သည်။

၃မိနစ် ၈ချီထိုးသတ်ပွဲဖြစ်သည်။ မောင်သောင်းက ဖယ်သာဝိတ် ၁၂၆ပေါင်၊ အင်္ဂလိပ်လက်ဝှေ့သမား ဟယ်ရီဘလူးက လိုက်ဝိတ် ၁၃၂ပေါင်ရှိသည်။ ဒိုင်လူကြီး အင်္ဂလိပ်လူမျိုးများက ဘက်လိုက်ခဲ့သော်လည်း ဆဌမအချီတွင်တော့ ဒိုင်ပွဲရပ်ဖြင့် မောင်သောင်း အနိုင်ရရှိခဲ့သည်။ ဟယ်ရီဘလူးဆေးရုံ၌ ရက် ၂၀ခန့် ကုသမှုခံယူခဲ့ရသည်။ မောင်သောင်း ပထမအဆင့် အောင်မြင်ခဲ့ပါပြီ။

ဒုတိယအဆင့်အနေဖြင့် အင်္ဂလန်မြေ၌ အင်္ဂလိပ်ချန်ပီယံကို ထိုးသတ် ရပါဦးမည်။ မောင်သောင်း အမေရိကန်၊ စကော့တလန်၊ ထိုင်း၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ အိန္ဒိယတို့မှ ကြေးစား လက်ဝှေ့သမားများကို အနိုင်ယူခဲ့သည်။ ထိုအချိန်တုန်းက အင်္ဂလန်မှာ ကမ္ဘာကျော်ကြေးစား လက်ဝှေ့သမားတစ်ဦး ပေါ်ထွန်းနေပါသည်။ သူ့နာမည်က ဒေါက်ဂလပ်စမင်ဖြစ်သည်။ ပွဲ ၄၀ထိုး ရှုံးပွဲလုံးဝမရှိပဲ ပွဲ ၃၀ အလဲထိုးထားသူ အင်္ဂလန်ရဲ့သူရဲကောင်းဖြစ်သည်။

၁၉၄၇ မှာတော့ ကမ္ဘာကျော် အင်္ဂလန် လက်ဝှေ့သမား ဒေါက်ဂလပ်စမင်ကို မောင်သောင်းက လန်ဒန်သို့ သွားရောက် စိမ်ခေါ်ခဲ့လေသည်။ အင်္ဂလန်မြေမှာ အင်္ဂလိပ်လူမျိုး ဒေါက်ဂလပ်စမင်သာ အသာလေးနိုင်သွားမည်ဟု ကမ္ဘာ့မီဒီယာများက ရေးသားနေကြသည်။

ဧပြီလ ၁၇ရက်နေ့တွင် လက်ဝှေ့သမား နှစ်ယောက် ကိုယ်အလေးချိန်စစ်၊ ဆေးစစ် လက်မှတ်ထိုးပြီးနောက် ပြဿနာတက်ကြလေသည်။ ကိစ္စအားလုံးပြီး၍ လက်ဝှေ့သမား နှစ်ယောက် လက်ဆွဲနှုတ်ဆက်သောအခါ ဒေါက်ဂလပ်စမင်က ကျွန်လူမျိုး မြန်မာတစ်ယောက်ကို လက်ဆွဲ နှုတ်မဆက်နိုင်ဘူး။ ငါက အင်္ဂလိပ်သခင်လူမျိုး ဖြစ်တယ် ဆိုပြီး မောင်သောင်းလက်ကို ပုတ်ချခဲ့ပါသည်။
မြန်မာ မောင်သောင်းလည်း အံကိုကြိတ်ပြီး…

“ငါကလည်း လက်နက်မမျှလို့ စစ်ရှုံးခဲ့ရတဲ့ ငါ့လူမျိုးတွေကိုယ်စား အင်္ဂလန်မြေမှာ အင်္ဂလိပ်ချန်ပီယံကို အသေသတ်ဖို့ ငယ်ငယ်ထဲက လေ့ကျင့်ခဲ့တာပဲ။ အင်္ဂလိပ်ကောင် ကြိုးဝိုင်းထဲမှာ မင်းသေပေတော့” လို့
တစ်ခွန်းချင်း ပြန်ပြောခဲ့ပါတယ်။

အရပ် ၅ပေ ၆လက်မပဲရှိတဲ့ လူပုလေးမြန်မာမောင်သောင်းက အရပ် ၆ပေရှိတဲ့ အင်္ဂလန် လိုက်ဝိတ်တန်း ချန်ပီယံကို အသေသတ်မယ်ဆိုတော့ ၁၉၄၇ ဧပြီ ၁၇ရက်နေ့မှာ လန်ဒန်မြို့ တိုရန်တိုလက်ဝှေ့ရုံကြီး လူ ၃၀၀၀၀ (သုံးသောင်း)ကျော်ဖြင့် ပြည့်ညပ်ပြီး လန်ဒန်မြို့သားတွေ အလုပ်တွေပစ် လက်ဝှေ့ရုံထဲ စိတ်ရောက်နေကြပါတယ်။

ကြိုးဝိုင်းဆီ ဒေါက်ကလပ်စမင် လမ်းလျှောက်ဝင်လာတာနဲ့ အင်္ဂလိပ်ပရိတ်သတ် ၃၀၀၀၀ရဲ့ အားပေးသံက ကွင်းပွင့်လု မတတ်ပါ။ ဆလိုက်မီးတွေကလည်း လမ်းတလျှောက် ထိုးပေးနေပါတယ်။
မောင်းသောင်းလည်း ဝင်လာရော အားနာပါးနာ လက်ခုပ်တီးသူတောင် မရှိခဲ့ပါဘူး။
“ဒီမြန်မာကောင်ကို အသေထိုး အလောင်းကို မြန်မာပြည်ပြန်ပို့လိုက်” ဆိုတဲ့
အသံတွေ ဟိန်းနေပါတယ်။

မောင်သောင်းက ကြက်သွေးရောင် ကတ္တီပါ ဝတ်ရုံကြီးခြုံပြီး ဝင်လာပါတယ်။ ဝတ်ရုံပေါ်မှာ မြန်မာမောင်သောင်းလို့ အင်္ဂလိပ်လို ရေးထိုးပြီး မြန်မာ့ဒေါင်းအလံကို အစိမ်းရင့်ရောင် အဝါရောင်တို့ဖြင့် ပုံဖော်ထားပါတယ်။ ဒေါက်ကလပ်စမင်က “မင်းကို ငါအသေသတ်မယ်”ဟု ပွဲမစခင်ပြောခဲ့ပါတယ်။ မောင်သောင်းကတော့ အံကို ကြိတ်ထားပါတယ်။

ပွဲစတာနဲ့ အရပ်ရှည်တဲ့ ဒေါက်ဂလပ်စမင် ရဲ့ ထောက်လက်သီးတွေကိုရှောင်ရင်း မောင်သောင်း အတင်းဝင်လုံး ဒေါက်ဂလပ်ရဲ့ အသည်းနေရာကို ဖိထိုးပါတယ်။ ဒုတိယအချီတွင် ဒေါက်ဂလပ်၏ အသည်းနေရာကို ညာပင့် လက်သီးတစ်လုံး မောင်သောင်းက ထိုးလိုက်ရာ ဒေါက်ဂလပ် လဲကျသွားသည်။ အမှတ်စဉ် (၈) မှ ပြန်ထလာပါသည်။ ပုံမှန်ဆို ဒေါက်ကလပ် အရှုံးပေးပါပြီ။ နံရိုးတွေ ကျိုးမတတ်ဖြစ်နေပါပြီ။

ဒါပေမယ့် လူပုလေးကျွန်မျိုး မြန်မာမောင်သောင်းကို အင်္ဂလန်မြေ၊ ကိုယ့်လူမျိုး အင်္ဂလိပ်တွေရှေ့မှာ အရှုံးမပေးဘူးဆိုပြီး ရအောင် အားတင်း ဆက်ထိုးပါတယ်။ မောင်သောင်းလည်း ဘယ်လောက် အရှောင်ကောင်းကောင်း လူသန်ကြီး ဒေါက်ကလပ်ရဲ့ ထိုးချက်တစ်ချို့ကို ပြင်းပြင်းထန်ထန် ထိထားတော့ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ပါ။ စတုတ္ထအချီနဲ့ ပဉ္စမအချီမှာတော့ ဒေါက်ကလပ်က နံကြားနဲ့ အသည်းနေရာကို တံတောင်နဲ့ ကာထားတော့ လွတ်နေတဲ့ မျက်နှာနဲ့ နားထင်ကို မောင်သောင်း အတင်းဝင် လုံးပြီးထိုးတာ ဒေါက်ကလပ်နားထင်ကွဲပြီး သွေးတွေ ယိုစီးကျလာပါတယ်။

အဲဒီအချိန်မှာပဲ အင်္ဂလိပ်ဒိုင်တွေက သူတို့လူနာလို့ ၃မိနစ်မပြည့်ပဲ ၂မိနစ်နဲ့ ဆဉ္စမအချီပွဲပြီး ခေါင်းလောင်းတီးပြီး သူတို့လူဒေါက်ကလပ် မရှုံးအောင် နားရအောင် ဝိုင်းညစ်ကြပါတယ်။ မောင်သောင်းလည်း မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ ဖူးယောင်မူးဝေနေပါပြီ။ ဒါပေမယ့် အားတင်းထားပါတယ်။ သူငယ်ငယ်ထဲက လက်ဝှေ့လေ့ကျင့်လာတာ အင်္ဂလိပ်တွေကို အလဲထိုးဖို့မှတ်လား။
နဝမအချီတွင်တော့ ဒေါက်ကလပ်၏ လက်သီးနှစ်ချက်ကို အနာခံ တိုးဝင်ပြီး လွတ်သွားတဲ့ ဒေါက်ကလပ်ရဲ့ နံဘေးနှစ်ဖက်ကို အားကုန်သုံး ဘယ်ညာဆင့် ထိုးလိုက်ရာ ဒေါက်ကလပ် ပြန်မထလာတော့ပါဘူး။ ပရိတ်သတ် အင်္ဂလိပ်တွေ အကုန် ဟာခနဲ ဖြစ်သွားပါတယ်။ အမှတ်စဉ် ၁၀ အထိ ဖြည်းဖြည်းချင်းရေလည်း ထမလာတော့ပါဘူး။

အဲဒီမှာ ပရိတ်သတ်တွေက မောင်သောင်းကို သတ်မယ်ဆိုပြီး လက်ဝှေ့စင်ပေါ် တက်ဖို့ ကြိုးစားကြလို့ ရဲတွေက လက်ချင်းချိတ် တားထားရပါတယ်။ မောင်သောင်းကတော့ အောင်နိုင်သူအပြုံးနဲ့ အင်္ဂလိပ်တွေကို ကြည့်နေလိုက်ပါတယ်။ အင်္ဂလိပ် သူရဲကောင်းကြီး မြန်မာမောင်သောင်းရှေ့ ဒူးထောက်ခဲ့ရပြီ မဟုတ်ပါလား။

နောက်တစ်နေ့ လန်ဒန်မြို့ The Evening News နဲ့ Sports News သတင်းစာတွေမှာ မြန်မာလက်ဝှေ့သမား မောင်သောင်းသတ်လို့ ချန်ပီယံ ဒေါက်ဂလပ်စမင် သေတဲ့သတင်း ပါလာပါတယ်။ ဒေါက်ဂလပ်စမင်ကို လန်ဒန်ဆေးရုံက အရေးပေါ် ခွဲစိတ်ကုသခဲ့သော်လည်း နံရိုးနှစ်ချောင်း ကျွံဝင်သွားပြီး အဆုတ်ကွဲသွားသဖြင့် ည ၁၀နာရီ ၄၅ မိနစ်မှာ ဆုံးသွားကြောင်း ပါလာသဖြင့် အင်္ဂလန်တစ်နိုင်ငံလုံး ဝမ်းနည်း ပူဆွေးခဲ့ရလေသည်။

မြန်မာမောင်သောင်းကတော့ သတင်းထောက်တွေရဲ့ အင်တာဗျူးမှာ ဒီလိုဖြေခဲ့ပါတယ်။
” နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေ လက်နက်ချင်းမတူမျှလို့ စစ်ရှုံးခဲ့ရပေမယ့် နယ်ချဲ့အင်္ဂလိပ်နဲ့ငါ တစ်ယောက်ချင်း တူညီတဲ့ လက်အိတ်ကို စွပ်ပြီး ပေ ၂၀ ကြိုးဝိုင်းစစ်တလင်းမှာ စစ်ခင်းရာမှာတော့ အင်္ဂလိပ်တွေ ငါ့ကို ဒူးထောက်စမြဲပါ။ ငါ့ လူမျိုးနဲ့ ငါ့တိုင်းပြည်ကို ကျွန်လုပ်ထားတဲ့ အင်္ဂလိပ်တွေနဲ့ ကြိုးဝိုင်းထဲမှာ တွေ့ရလေတိုင်း ငါ့အရိုးတွေ ကွဲကွဲ၊ ငါ့အသားတွေကြွေလို့ ငါအသက်ပင် သေပါစေ တစ်လက်မမှ မဆုတ်တမ်း ငါတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်။

အဲဒီဆုံးဖြတ်ချက်ကို သေသည်အထိ ငါမပြင်..”

(မောင်သောင်း)မြန်မာလက်ဝှေ့သမား မောင်သောင်းဟာ အာရှနဲ့ အနောက်တိုင်းတစ်ခွင် ပွဲပေါင်း ၂၀၀ကျော် ထိုးသတ်ခဲ့ရာဝယ် ၁၈၈ပွဲ အနိုင်ရခဲ့ပြီး အနားယူခဲ့လေသည်။ (မြန်မာလက်ဝှေ့ဝါသနာရှင် မျိုးချစ်လူငယ်တို့ လူကောင်သေးလို့ အားမငယ်နဲ့ အထိုးခံနိုင်ဖို့ လေ့ကျင့် လက်သီးက သံမဏိလို မာကျောပါစေ။ ခြေကိုမသုံးပဲ ကမ္ဘာကို ဝင်တိုးဖို့ လက်ချည်းသက်သက် လေ့ကျင့်ကြမယ်။ မြန်မာမောင်သောင်းတို့ အမျိုးညံ့ရိုးလား။ အသည်းကောင်းလို့ ပွဲမတောင်းနဲ့ မြန်မာတဲ့ဟေ့။)

Credit

Zawgyi

“ဒီျမန္မာေကာင္ ကို အေသထိုး အေလာင္းကို ျမန္မာျပည္ ျပန္ပို႔လိုက္” ဆိုတဲ့ အသံေတြ ဟိန္း ေနပါတယ္၊ ေမာင္ေသာင္း လည္း ဝင္လာေရာ အားနာပါးနာ လက္ခုပ္တီး သူေတာင္ မရွိခဲ့ပါဘူး။

အဂၤလိပ္လက္ေဝွ႔သမားကို အဂၤလန္မွာ အေသထိုးသတ္လိုက္တဲ့ ျမန္မာေမာင္ေသာင္း..ေမာင္ေသာင္းကို အဖဦးဖိုးခင္၊ အမိေဒၚစိန္တို႔မွ ၁၉၁၇ခုႏွစ္ ဒီဇင္ဘာ ၁၆ရက္၊ ၾကာသပေတးေန႔တြင္ ေမြးဖြားခဲ့သည္။ ငယ္စဥ္ထဲက အဂၤလိပ္ေတြ ျမန္မာႏိုင္ငံကို စစ္ ( ၃ ) ႀကိမ္တိုက္၍ သိမ္းပိုက္သြားျခင္းကို မ်ားစြာ ခံျပင္းေဒါသထြက္ခဲ့သည္။

“လက္နက္အင္အားမမွ်၍ ငါတို႔လူမ်ိဳး သူမ်ား လက္ေအာက္ေရာက္ရေပသည္” ဟု အၿမဲအံႀကိတ္၍ ေတာက္ေခါက္ခဲ့သည္။အသက္၁၀ႏွစ္မွစ၍ လက္ေဝွ႔ထိုး ေလ့က်င့္ခဲ့သည္။ ၉တန္းႏွစ္၌ ျမန္မာေက်ာင္းသားတစ္ေယာက္ကို အဂၤလိပ္ ကျပား၃ေယာက္က ဝိုင္းထိုးေနသည္ကို ဝင္ေရာက္ကူညီၿပီး ထိုကျပား ၃ေယာက္ကိုေမ့ေျမာၿပီး သြားေတြ ကြၽတ္ထြက္ေအာင္ လက္သီးစြမ္း ျပခဲ့ေသာေၾကာင့္ ၉တန္းႏွင့္ ေက်ာင္းထြက္ခဲ့ရသည္။

ထိုစဥ္က ျမန္မာႏိုင္ငံတြင္ ျမန္မာလူမ်ိဳးမ်ား စစ္မႈထမ္းခြင့္၊ လက္ေဝွ႔ထိုးသတ္ခြင့္ မရွိေပ။ ထို႔ေၾကာင့္ အိႏၵိယသို႔ သြားေရာက္ႏိုင္ရန္ ႀကိဳးစားရေတာ့သည္။ ေငြေၾကးမတတ္ႏိုင္သျဖင့္ ၁၉၄၁ခုႏွစ္တြင္ SS BUIMR အမည္ရွိသေဘၤာ၌ မီးထိုးသမား ဘဝျဖင့္အိႏၵိယႏိုင္ငံ ဘုံေဘသို႔ လိုက္သြားခဲ့သည္။ ဘုံေဘရွိ ေၾကးစားလက္ေဝွ႔သမားမ်ားကို အႏိုင္ထိုးသတ္ခဲ့သည္။ အလဲထိုးသည္သာ မ်ားေလသည္။ သို႔ေသာ္ေမာင္ေသာင္း၏ ရည္႐ြယ္ခ်က္မွာ အဂၤလိပ္လူမ်ိဳးမ်ားကို အလဲထိုးရန္ သာျဖစ္သည္။ ထို႔ေၾကာင့္ အကြက္ေကာင္းကို ရွာေနခဲ့သည္။

လက္သီးျပင္းရန္ သဲအိတ္မ်ားကို သဲႀကီးမဲႀကီး ထိုးသတ္ေလ့က်င့္သလို၊ အထိုးခံႏိုင္ရန္ သံတုံးမ်ားထည့္ထားေသာ ပုံးကို ပါးစပ္ႏွင့္ကိုက္မ၍ ပါးေစာင္ရွိႂကြက္သားမ်ား သန္မာေစရန္ေလ့က်င့္ခဲ့သည္။
ေနာက္ဆုံးတြင္ အိႏၵိယႏိုင္ငံရွိ ေၾကးစား အလဲထိုးခ်န္ပီယံ အဂၤလိပ္လူမ်ိဳး ဟယ္ရီဘလူးျဖင့္ ထိုးသတ္ခြင့္ရခဲ့သည္။

၃မိနစ္ ၈ခ်ီထိုးသတ္ပြဲျဖစ္သည္။ ေမာင္ေသာင္းက ဖယ္သာဝိတ္ ၁၂၆ေပါင္၊ အဂၤလိပ္လက္ေဝွ႔သမား ဟယ္ရီဘလူးက လိုက္ဝိတ္ ၁၃၂ေပါင္ရွိသည္။ ဒိုင္လူႀကီး အဂၤလိပ္လူမ်ိဳးမ်ားက ဘက္လိုက္ခဲ့ေသာ္လည္း ဆဌမအခ်ီတြင္ေတာ့ ဒိုင္ပြဲရပ္ျဖင့္ ေမာင္ေသာင္း အႏိုင္ရရွိခဲ့သည္။ ဟယ္ရီဘလူးေဆး႐ုံ၌ ရက္ ၂၀ခန႔္ ကုသမႈခံယူခဲ့ရသည္။ ေမာင္ေသာင္း ပထမအဆင့္ ေအာင္ျမင္ခဲ့ပါၿပီ။

ဒုတိယအဆင့္အေနျဖင့္ အဂၤလန္ေျမ၌ အဂၤလိပ္ခ်န္ပီယံကို ထိုးသတ္ ရပါဦးမည္။ ေမာင္ေသာင္း အေမရိကန္၊ စေကာ့တလန္၊ ထိုင္း၊ ကေနဒါ၊ အဂၤလန္၊ စကၤာပူ၊ အိႏၵိယတို႔မွ ေၾကးစား လက္ေဝွ႔သမားမ်ားကို အႏိုင္ယူခဲ့သည္။ ထိုအခ်ိန္တုန္းက အဂၤလန္မွာ ကမာၻေက်ာ္ေၾကးစား လက္ေဝွ႔သမားတစ္ဦး ေပၚထြန္းေနပါသည္။ သူ႔နာမည္က ေဒါက္ဂလပ္စမင္ျဖစ္သည္။ ပြဲ ၄၀ထိုး ရႈံးပြဲလုံးဝမရွိပဲ ပြဲ ၃၀ အလဲထိုးထားသူ အဂၤလန္ရဲ႕သူရဲေကာင္းျဖစ္သည္။

၁၉၄၇ မွာေတာ့ ကမာၻေက်ာ္ အဂၤလန္ လက္ေဝွ႔သမား ေဒါက္ဂလပ္စမင္ကို ေမာင္ေသာင္းက လန္ဒန္သို႔ သြားေရာက္ စိမ္ေခၚခဲ့ေလသည္။ အဂၤလန္ေျမမွာ အဂၤလိပ္လူမ်ိဳး ေဒါက္ဂလပ္စမင္သာ အသာေလးႏိုင္သြားမည္ဟု ကမာၻ႔မီဒီယာမ်ားက ေရးသားေနၾကသည္။

ဧၿပီလ ၁၇ရက္ေန႔တြင္ လက္ေဝွ႔သမား ႏွစ္ေယာက္ ကိုယ္အေလးခ်ိန္စစ္၊ ေဆးစစ္ လက္မွတ္ထိုးၿပီးေနာက္ ျပႆနာတက္ၾကေလသည္။ ကိစၥအားလုံးၿပီး၍ လက္ေဝွ႔သမား ႏွစ္ေယာက္ လက္ဆြဲႏႈတ္ဆက္ေသာအခါ ေဒါက္ဂလပ္စမင္က ကြၽန္လူမ်ိဳး ျမန္မာတစ္ေယာက္ကို လက္ဆြဲ ႏႈတ္မဆက္ႏိုင္ဘူး။ ငါက အဂၤလိပ္သခင္လူမ်ိဳး ျဖစ္တယ္ ဆိုၿပီး ေမာင္ေသာင္းလက္ကို ပုတ္ခ်ခဲ့ပါသည္။
ျမန္မာ ေမာင္ေသာင္းလည္း အံကိုႀကိတ္ၿပီး…

“ငါကလည္း လက္နက္မမွ်လို႔ စစ္ရႈံးခဲ့ရတဲ့ ငါ့လူမ်ိဳးေတြကိုယ္စား အဂၤလန္ေျမမွာ အဂၤလိပ္ခ်န္ပီယံကို အေသသတ္ဖို႔ ငယ္ငယ္ထဲက ေလ့က်င့္ခဲ့တာပဲ။ အဂၤလိပ္ေကာင္ ႀကိဳးဝိုင္းထဲမွာ မင္းေသေပေတာ့” လို႔
တစ္ခြန္းခ်င္း ျပန္ေျပာခဲ့ပါတယ္။

အရပ္ ၅ေပ ၆လက္မပဲရွိတဲ့ လူပုေလးျမန္မာေမာင္ေသာင္းက အရပ္ ၆ေပရွိတဲ့ အဂၤလန္ လိုက္ဝိတ္တန္း ခ်န္ပီယံကို အေသသတ္မယ္ဆိုေတာ့ ၁၉၄၇ ဧၿပီ ၁၇ရက္ေန႔မွာ လန္ဒန္ၿမိဳ႕ တိုရန္တိုလက္ေဝွ႔႐ုံႀကီး လူ ၃၀၀၀၀ (သုံးေသာင္း)ေက်ာ္ျဖင့္ ျပည့္ညပ္ၿပီး လန္ဒန္ၿမိဳ႕သားေတြ အလုပ္ေတြပစ္ လက္ေဝွ႔႐ုံထဲ စိတ္ေရာက္ေနၾကပါတယ္။

ႀကိဳးဝိုင္းဆီ ေဒါက္ကလပ္စမင္ လမ္းေလွ်ာက္ဝင္လာတာနဲ႔ အဂၤလိပ္ပရိတ္သတ္ ၃၀၀၀၀ရဲ႕ အားေပးသံက ကြင္းပြင့္လု မတတ္ပါ။ ဆလိုက္မီးေတြကလည္း လမ္းတေလွ်ာက္ ထိုးေပးေနပါတယ္။
ေမာင္းေသာင္းလည္း ဝင္လာေရာ အားနာပါးနာ လက္ခုပ္တီးသူေတာင္ မရွိခဲ့ပါဘူး။
“ဒီျမန္မာေကာင္ကို အေသထိုး အေလာင္းကို ျမန္မာျပည္ျပန္ပို႔လိုက္” ဆိုတဲ့
အသံေတြ ဟိန္းေနပါတယ္။

ေမာင္ေသာင္းက ၾကက္ေသြးေရာင္ ကတၱီပါ ဝတ္႐ုံႀကီးၿခဳံၿပီး ဝင္လာပါတယ္။ ဝတ္႐ုံေပၚမွာ ျမန္မာေမာင္ေသာင္းလို႔ အဂၤလိပ္လို ေရးထိုးၿပီး ျမန္မာ့ေဒါင္းအလံကို အစိမ္းရင့္ေရာင္ အဝါေရာင္တို႔ျဖင့္ ပုံေဖာ္ထားပါတယ္။ ေဒါက္ကလပ္စမင္က “မင္းကို ငါအေသသတ္မယ္”ဟု ပြဲမစခင္ေျပာခဲ့ပါတယ္။ ေမာင္ေသာင္းကေတာ့ အံကို ႀကိတ္ထားပါတယ္။

ပြဲစတာနဲ႔ အရပ္ရွည္တဲ့ ေဒါက္ဂလပ္စမင္ ရဲ႕ ေထာက္လက္သီးေတြကိုေရွာင္ရင္း ေမာင္ေသာင္း အတင္းဝင္လုံး ေဒါက္ဂလပ္ရဲ႕ အသည္းေနရာကို ဖိထိုးပါတယ္။ ဒုတိယအခ်ီတြင္ ေဒါက္ဂလပ္၏ အသည္းေနရာကို ညာပင့္ လက္သီးတစ္လုံး ေမာင္ေသာင္းက ထိုးလိုက္ရာ ေဒါက္ဂလပ္ လဲက်သြားသည္။ အမွတ္စဥ္ (၈) မွ ျပန္ထလာပါသည္။ ပုံမွန္ဆို ေဒါက္ကလပ္ အရႈံးေပးပါၿပီ။ နံ႐ိုးေတြ က်ိဳးမတတ္ျဖစ္ေနပါၿပီ။

ဒါေပမယ့္ လူပုေလးကြၽန္မ်ိဳး ျမန္မာေမာင္ေသာင္းကို အဂၤလန္ေျမ၊ ကိုယ့္လူမ်ိဳး အဂၤလိပ္ေတြေရွ႕မွာ အရႈံးမေပးဘူးဆိုၿပီး ရေအာင္ အားတင္း ဆက္ထိုးပါတယ္။ ေမာင္ေသာင္းလည္း ဘယ္ေလာက္ အေရွာင္ေကာင္းေကာင္း လူသန္ႀကီး ေဒါက္ကလပ္ရဲ႕ ထိုးခ်က္တစ္ခ်ိဳ႕ကို ျပင္းျပင္းထန္ထန္ ထိထားေတာ့ မ်က္ႏွာတစ္ခုလုံး ေသြးအလိမ္းလိမ္းနဲ႔ပါ။ စတုတၳအခ်ီနဲ႔ ပၪၥမအခ်ီမွာေတာ့ ေဒါက္ကလပ္က နံၾကားနဲ႔ အသည္းေနရာကို တံေတာင္နဲ႔ ကာထားေတာ့ လြတ္ေနတဲ့ မ်က္ႏွာနဲ႔ နားထင္ကို ေမာင္ေသာင္း အတင္းဝင္ လုံးၿပီးထိုးတာ ေဒါက္ကလပ္နားထင္ကြဲၿပီး ေသြးေတြ ယိုစီးက်လာပါတယ္။

အဲဒီအခ်ိန္မွာပဲ အဂၤလိပ္ဒိုင္ေတြက သူတို႔လူနာလို႔ ၃မိနစ္မျပည့္ပဲ ၂မိနစ္နဲ႔ ဆၪၥမအခ်ီပြဲၿပီး ေခါင္းေလာင္းတီးၿပီး သူတို႔လူေဒါက္ကလပ္ မရႈံးေအာင္ နားရေအာင္ ဝိုင္းညစ္ၾကပါတယ္။ ေမာင္ေသာင္းလည္း မ်က္ႏွာတစ္ခုလုံး ေသြးအလိမ္းလိမ္းနဲ႔ ဖူးေယာင္မူးေဝေနပါၿပီ။ ဒါေပမယ့္ အားတင္းထားပါတယ္။ သူငယ္ငယ္ထဲက လက္ေဝွ႔ေလ့က်င့္လာတာ အဂၤလိပ္ေတြကို အလဲထိုးဖို႔မွတ္လား။
နဝမအခ်ီတြင္ေတာ့ ေဒါက္ကလပ္၏ လက္သီးႏွစ္ခ်က္ကို အနာခံ တိုးဝင္ၿပီး လြတ္သြားတဲ့ ေဒါက္ကလပ္ရဲ႕ နံေဘးႏွစ္ဖက္ကို အားကုန္သုံး ဘယ္ညာဆင့္ ထိုးလိုက္ရာ ေဒါက္ကလပ္ ျပန္မထလာေတာ့ပါဘူး။ ပရိတ္သတ္ အဂၤလိပ္ေတြ အကုန္ ဟာခနဲ ျဖစ္သြားပါတယ္။ အမွတ္စဥ္ ၁၀ အထိ ျဖည္းျဖည္းခ်င္းေရလည္း ထမလာေတာ့ပါဘူး။

အဲဒီမွာ ပရိတ္သတ္ေတြက ေမာင္ေသာင္းကို သတ္မယ္ဆိုၿပီး လက္ေဝွ႔စင္ေပၚ တက္ဖို႔ ႀကိဳးစားၾကလို႔ ရဲေတြက လက္ခ်င္းခ်ိတ္ တားထားရပါတယ္။ ေမာင္ေသာင္းကေတာ့ ေအာင္ႏိုင္သူအၿပဳံးနဲ႔ အဂၤလိပ္ေတြကို ၾကည့္ေနလိုက္ပါတယ္။ အဂၤလိပ္ သူရဲေကာင္းႀကီး ျမန္မာေမာင္ေသာင္းေရွ႕ ဒူးေထာက္ခဲ့ရၿပီ မဟုတ္ပါလား။

ေနာက္တစ္ေန႔ လန္ဒန္ၿမိဳ႕ The Evening News နဲ႔ Sports News သတင္းစာေတြမွာ ျမန္မာလက္ေဝွ႔သမား ေမာင္ေသာင္းသတ္လို႔ ခ်န္ပီယံ ေဒါက္ဂလပ္စမင္ ေသတဲ့သတင္း ပါလာပါတယ္။ ေဒါက္ဂလပ္စမင္ကို လန္ဒန္ေဆး႐ုံက အေရးေပၚ ခြဲစိတ္ကုသခဲ့ေသာ္လည္း နံ႐ိုးႏွစ္ေခ်ာင္း ကြၽံဝင္သြားၿပီး အဆုတ္ကြဲသြားသျဖင့္ ည ၁၀နာရီ ၄၅ မိနစ္မွာ ဆုံးသြားေၾကာင္း ပါလာသျဖင့္ အဂၤလန္တစ္ႏိုင္ငံလုံး ဝမ္းနည္း ပူေဆြးခဲ့ရေလသည္။

ျမန္မာေမာင္ေသာင္းကေတာ့ သတင္းေထာက္ေတြရဲ႕ အင္တာဗ်ဴးမွာ ဒီလိုေျဖခဲ့ပါတယ္။
” နယ္ခ်ဲ႕အဂၤလိပ္ကို တို႔ျမန္မာေတြ လက္နက္ခ်င္းမတူမွ်လို႔ စစ္ရႈံးခဲ့ရေပမယ့္ နယ္ခ်ဲ႕အဂၤလိပ္နဲ႔ငါ တစ္ေယာက္ခ်င္း တူညီတဲ့ လက္အိတ္ကို စြပ္ၿပီး ေပ ၂၀ ႀကိဳးဝိုင္းစစ္တလင္းမွာ စစ္ခင္းရာမွာေတာ့ အဂၤလိပ္ေတြ ငါ့ကို ဒူးေထာက္စၿမဲပါ။ ငါ့ လူမ်ိဳးနဲ႔ ငါ့တိုင္းျပည္ကို ကြၽန္လုပ္ထားတဲ့ အဂၤလိပ္ေတြနဲ႔ ႀကိဳးဝိုင္းထဲမွာ ေတြ႕ရေလတိုင္း ငါ့အ႐ိုးေတြ ကြဲကြဲ၊ ငါ့အသားေတြေႂကြလို႔ ငါအသက္ပင္ ေသပါေစ တစ္လက္မမွ မဆုတ္တမ္း ငါတိုက္ပြဲဝင္မယ္လို႔ ဆုံးျဖတ္ထားတယ္။

အဲဒီဆုံးျဖတ္ခ်က္ကို ေသသည္အထိ ငါမျပင္..”

(ေမာင္ေသာင္း)ျမန္မာလက္ေဝွ႔သမား ေမာင္ေသာင္းဟာ အာရွနဲ႔ အေနာက္တိုင္းတစ္ခြင္ ပြဲေပါင္း ၂၀၀ေက်ာ္ ထိုးသတ္ခဲ့ရာဝယ္ ၁၈၈ပြဲ အႏိုင္ရခဲ့ၿပီး အနားယူခဲ့ေလသည္။ (ျမန္မာလက္ေဝွ႔ဝါသနာရွင္ မ်ိဳးခ်စ္လူငယ္တို႔ လူေကာင္ေသးလို႔ အားမငယ္နဲ႔ အထိုးခံႏိုင္ဖို႔ ေလ့က်င့္ လက္သီးက သံမဏိလို မာေက်ာပါေစ။ ေျခကိုမသုံးပဲ ကမာၻကို ဝင္တိုးဖို႔ လက္ခ်ည္းသက္သက္ ေလ့က်င့္ၾကမယ္။ ျမန္မာေမာင္ေသာင္းတို႔ အမ်ိဳးညံ့႐ိုးလား။ အသည္းေကာင္းလို႔ ပြဲမေတာင္းနဲ႔ ျမန္မာတဲ့ေဟ့။)

Credit

Leave a Reply

Your email address will not be published. Required fields are marked *