အတွင်းသားပေါင်ခြံတစ်ဝိုက် ညိုမဲခြင်းကို သက်သာစေဖို့ သဘာဝအတိုင်း ပြန်လည်ထိန်းသိမ်းနည်း (၆) မျိုး
ပျိုမေတို့မင်္ဂလာပါနော်။ ပေါင်ကြားအတွင်းပိုင်းတွေညိုမဲတာက တော်တော်များများကြုံရတတ်တဲ့အရေပြား အခြေအနေတစ်ခုဖြစ်ပြီး
အသားခြောက်တာ၊ လမ်းလျှောက်များတာ၊ ရေစို၊ ချွေးစိုနေတဲ့ အဝတ်ခပ်ကျပ်ကျပ်တွေ ဝတ်ဆင်တာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒီလိုအသားအရောင်မညီတာကြောင့် ဘောင်းဘီတို၊ စကတ်တိုဝတ်ဖို့ တွေဝေနေရတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ သဘာဝအတိုင်းပြန်ဖြူလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။
ဒီနည်းတွေကို ပုံမှန်သေချာလေးဂရုစိုက်ပြီးလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။
၁။ လီမွန်ရည်နဲ့ ဒိန်ချဉ်
လီမွန်မှာ အရေပြားကိုချေးချွတ်သန့်စင်ပေးပြီး ဖြူဝင်းလာစေတဲ့ အာနိသင်ပါဝင်ပါတယ်။ လီမွန်ရည် နှစ်ဇွန်းနဲ့ Greek ဒိန်ချဉ် ခွက်တစ်ဝက်တို့ကို ရောမွှေပြီး ရေမစိုထားတဲ့ ပေါင်ခြံနှစ်ဖက်နေရာတွေမှာလိမ်းထားပေးပါ။
နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချနိုင်ပါတယ်။ ဒီနည်းအတိုင်း တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက ခြောက်သွေ့နေတဲ့ အသားအရေပေါ်က မလိုအပ်တဲ့ဆဲလ်သေတွေဖယ်ရှားပေးပြီး အရေပြားကိုသန့်စင်စေပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ခွက်စာခန့်ကို ရေအနည်းငယ်နဲ့ရောပြီး ရေနဲ့ပျော်ဝင်သွားတဲ့အထိ ရောပေးပါ။
ရလာတဲ့အရည်နဲ့ မွဲညစ်နေတဲ့နေရာတွေကို ၁၅ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးနောက်မှာတော့ ရေစင်အောင်ခပ်ဖွဖွသုတ်ပေးပြီး အစိုဓာတ်ထိန်းခရင်မ်လေး ပြန်လိမ်းထားနိုင်ပါတယ်။
၃။ သံပယိုသီးစိတ်
သံပယိုသီးအခြမ်းလေးတွေစိတ်ပြီး ပေါင်ခြံတစ်ဝိုက် အနည်းငယ်ပွတ်ပေးတာမျိုးကလည်း အသားအရောင် ပြန်ညီလာစေဖို့ကူညီပေးနိုင်မှာပါ။
ဒါပေမယ့် သံပယိုသီးမှာပါဝင်တဲ့ အက်စစ်ဓာတ် ချေးချွတ်အာနိသင်က သုံးပြီးနောက် အသားအရေကို Sensitive ဖြစ်စေတာကြောင့် နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးကိုတော့ သတိထားဖို့လိုပါတယ်။
၄။ သကြားနဲ့ အုန်းဆီ Scrub
သကြားတစ်ဇွန်းခန့်နဲ့ အုန်းဆီတစ်ဇွန်းစာတို့ကို သမအောင်ရောပြီး ရလာတဲ့အနှစ်ကို မဲညစ်နေတဲ့အရေပြားပေါ် လိမ်းပြီး တစ်မိနစ်ခန့်ထားကာ Scrub ပြုလုပ်ပေးတာကလည်း
အသားအရောင်မွဲစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားကာ ချေးချွတ်ပြီးသားဖြစ်စေပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်အထိပြုလုပ်နိုင်ပါတယ်။
၅။ ဆန်ဆေးရည်
ဆန်ဆေးရည်ကလည်း အလှအပနဲ့ အရေပြားကျန်းမာရေးအတွက်ထောက်ပံ့ပေးနိုင်ပါတယ်နော်။ ဒါကြောင့် ဆန်ဆေးရည်အနည်းငယ်ကို Spray ဖြန်းတဲ့ဘူးထဲထည့်ထားပြီး
အသားအရောင်မညီတဲ့ နေရာတွေကိုဖြန်းပေးပါ။ ဖြန်းပြီးနောက် သူ့အလိုလိုခြောက်သွားတဲ့အထိစောင့်ပြီး ရေပြန်မဆေးဘဲ ထားနိုင်ပါတယ်။
၆။ ပျားရည်၊ သံပယိုရည်နဲ့ သံလွင်ဆီ
ပျားရည်က အသားအရေကိုနူးညံ့ချောမွေ့ပြီး အသားအရောင်ဝင်းစေဖို့ကူညီပေးနိုင်ပါတယ်။ ပျားရည်၊ သံလွင်ဆီနဲ့ သံပယိုရည်တို့ကို တစ်ဇွန်းခန့်စီဆတူရောပြီး နှံ့နေအောင်ရောမွှေပေးလိုက်ပါ။
ရလာတဲ့အရည်ကို ပေါင်သားအတွင်းပိုင်းတွေမှာလိမ်းပြီး မိနစ် ၂၀ ခန့်ထားကာ အချိန်ပြည့်တဲ့အခါ ရေနွေးနွေးနဲ့ဆေးချပေးလိုက်ပါ။
Credit
အတြင္းသားေပါင္ၿခံတစ္ဝိုက္ ညိဳမဲျခင္းကို သက္သာေစဖို႔ သဘာဝအတိုင္း ျပန္လည္ထိန္းသိမ္းနည္း (၆) မ်ိဳး
ပ်ိဳေမတို႔မဂၤလာပါေနာ္။ ေပါင္ၾကားအတြင္းပိုင္းေတြညိဳမဲတာက ေတာ္ေတာ္မ်ားမ်ားႀကဳံရတတ္တဲ့အေရျပား အေျခအေနတစ္ခုျဖစ္ၿပီး
အသားေျခာက္တာ၊ လမ္းေလွ်ာက္မ်ားတာ၊ ေရစို၊ ေခြၽးစိုေနတဲ့ အဝတ္ခပ္က်ပ္က်ပ္ေတြ ဝတ္ဆင္တာမ်ိဳးေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
ဒီလိုအသားအေရာင္မညီတာေၾကာင့္ ေဘာင္းဘီတို၊ စကတ္တိုဝတ္ဖို႔ ေတြေဝေနရတဲ့သူေတြအတြက္ ဒီတစ္ေခါက္မွာ သဘာဝအတိုင္းျပန္ျဖဴလာေအာင္ ျပဳလုပ္ႏိုင္မယ့္နည္းလမ္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။
ဒီနည္းေတြကို ပုံမွန္ေသခ်ာေလးဂ႐ုစိုက္ၿပီးလုပ္ေပးမယ္ဆိုရင္ အခ်ိန္တိုအတြင္း သိသာတဲ့ရလဒ္ကိုေတြ႕ရပါလိမ့္မယ္။
၁။ လီမြန္ရည္နဲ႔ ဒိန္ခ်ဥ္
လီမြန္မွာ အေရျပားကိုေခ်းခြၽတ္သန႔္စင္ေပးၿပီး ျဖဴဝင္းလာေစတဲ့ အာနိသင္ပါဝင္ပါတယ္။ လီမြန္ရည္ ႏွစ္ဇြန္းနဲ႔ Greek ဒိန္ခ်ဥ္ ခြက္တစ္ဝက္တို႔ကို ေရာေမႊၿပီး ေရမစိုထားတဲ့ ေပါင္ၿခံႏွစ္ဖက္ေနရာေတြမွာလိမ္းထားေပးပါ။
နာရီဝက္ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ေဆးခ်ႏိုင္ပါတယ္။ ဒီနည္းအတိုင္း တစ္ပတ္တစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးပါ။
၂။ မုန႔္ဖုတ္ဆိုဒါ
မုန႔္ဖုတ္ဆိုဒါက ေျခာက္ေသြ႕ေနတဲ့ အသားအေရေပၚက မလိုအပ္တဲ့ဆဲလ္ေသေတြဖယ္ရွားေပးၿပီး အေရျပားကိုသန႔္စင္ေစပါတယ္။ မုန႔္ဖုတ္ဆိုဒါ တစ္ခြက္စာခန႔္ကို ေရအနည္းငယ္နဲ႔ေရာၿပီး ေရနဲ႔ေပ်ာ္ဝင္သြားတဲ့အထိ ေရာေပးပါ။
ရလာတဲ့အရည္နဲ႔ မြဲညစ္ေနတဲ့ေနရာေတြကို ၁၅ မိနစ္ခန႔္ စိမ္ထားေပးလိုက္ပါ။ ၿပီးေနာက္မွာေတာ့ ေရစင္ေအာင္ခပ္ဖြဖြသုတ္ေပးၿပီး အစိုဓာတ္ထိန္းခရင္မ္ေလး ျပန္လိမ္းထားႏိုင္ပါတယ္။
၃။ သံပယိုသီးစိတ္
သံပယိုသီးအျခမ္းေလးေတြစိတ္ၿပီး ေပါင္ၿခံတစ္ဝိုက္ အနည္းငယ္ပြတ္ေပးတာမ်ိဳးကလည္း အသားအေရာင္ ျပန္ညီလာေစဖို႔ကူညီေပးႏိုင္မွာပါ။
ဒါေပမယ့္ သံပယိုသီးမွာပါဝင္တဲ့ အက္စစ္ဓာတ္ ေခ်းခြၽတ္အာနိသင္က သုံးၿပီးေနာက္ အသားအေရကို Sensitive ျဖစ္ေစတာေၾကာင့္ ေနေရာင္နဲ႔တိုက္႐ိုက္ထိေတြ႕တာမ်ိဳးကိုေတာ့ သတိထားဖို႔လိုပါတယ္။
၄။ သၾကားနဲ႔ အုန္းဆီ Scrub
သၾကားတစ္ဇြန္းခန႔္နဲ႔ အုန္းဆီတစ္ဇြန္းစာတို႔ကို သမေအာင္ေရာၿပီး ရလာတဲ့အႏွစ္ကို မဲညစ္ေနတဲ့အေရျပားေပၚ လိမ္းၿပီး တစ္မိနစ္ခန႔္ထားကာ Scrub ျပဳလုပ္ေပးတာကလည္း
အသားအေရာင္မြဲေစတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားကာ ေခ်းခြၽတ္ၿပီးသားျဖစ္ေစပါလိမ့္မယ္။ ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္မွ သုံးႀကိမ္အထိျပဳလုပ္ႏိုင္ပါတယ္။
၅။ ဆန္ေဆးရည္
ဆန္ေဆးရည္ကလည္း အလွအပနဲ႔ အေရျပားက်န္းမာေရးအတြက္ေထာက္ပံ့ေပးႏိုင္ပါတယ္ေနာ္။ ဒါေၾကာင့္ ဆန္ေဆးရည္အနည္းငယ္ကို Spray ျဖန္းတဲ့ဘူးထဲထည့္ထားၿပီး
အသားအေရာင္မညီတဲ့ ေနရာေတြကိုျဖန္းေပးပါ။ ျဖန္းၿပီးေနာက္ သူ႔အလိုလိုေျခာက္သြားတဲ့အထိေစာင့္ၿပီး ေရျပန္မေဆးဘဲ ထားႏိုင္ပါတယ္။
၆။ ပ်ားရည္၊ သံပယိုရည္နဲ႔ သံလြင္ဆီ
ပ်ားရည္က အသားအေရကိုႏူးညံ့ေခ်ာေမြ႕ၿပီး အသားအေရာင္ဝင္းေစဖို႔ကူညီေပးႏိုင္ပါတယ္။ ပ်ားရည္၊ သံလြင္ဆီနဲ႔ သံပယိုရည္တို႔ကို တစ္ဇြန္းခန႔္စီဆတူေရာၿပီး ႏွံ႔ေနေအာင္ေရာေမႊေပးလိုက္ပါ။
ရလာတဲ့အရည္ကို ေပါင္သားအတြင္းပိုင္းေတြမွာလိမ္းၿပီး မိနစ္ ၂၀ ခန႔္ထားကာ အခ်ိန္ျပည့္တဲ့အခါ ေရေႏြးေႏြးနဲ႔ေဆးခ်ေပးလိုက္ပါ။
Credit