မိဘများအနေနဲ့မိမိရဲ့ကလေးတွေကိုချစ်ရင်ဒီအကျင့်ဆိုး(၃)ခုကိုဖျောက်ပေးပါ

အေထြအေထြဗဟုသုတ

မိဘများအနေနဲ့မိမိရဲ့ကလေးတွေကိုချစ်ရင်ဒီအကျင့်ဆိုး(၃)ခုကိုဖျောက်ပေးပါ

ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီးသုံးခုကိုစွဲကပ်သွားပြီဆိုရင်ဘဝတစ်ခုလုံးထိခိုက်တတ်ပါတယ်မိဘများအနေနဲ့အလေးထားပြီးအမြန် ပြုပြင်ပေးစေလိုပါတယ်

(၁)မှီခိုလွန်းခြင်းဦးနောက်မသုံးလိုခြင်း၊ ပြသနာ သေးသေးလေးက အစမိဘကိုအကူအညီ တောင်းခြင်းအချစ်လွန်တော့အနှစ် ဖြစ်တတ်ပါတယ်ကလေးများဟာအရွယ်ကြီးလာတဲ့အထိအစစအရာရာလူကြီးကိုအားကိုးတကြီး

ဆက်ဖြစ်နေတာမျိုးကိုဆိုလိုတာပါ ပြသနာသေးသေးလေးကအစဖြေရှင်းဖို့မစဉ်းစားဘူး၊ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်လူကြီးကိုအားကိုးလွန်တဲ့ကလေးဟာစိတ်ဓာတ်ပိုမို ပျော့ညံ့တတ်ပါတယ်အကြံပေးချင်တာကတော့

နေ့စဉ် ပြုလုပ်ရတဲ့ကိစ္စအချို့မှာမိဘများအနေနဲ့ကလေးကိုများများလုပ်မပေးဖို့လိုပါတယ်ဥပမာကလေးကိုကိုယ့်ကိုကိုယ်ထမင်းစားခိုင်းတာမျိုးပန်းကန်သိမ်းခိုင်းတာမျိုးပြီးရင်ကလေးကိုမေးခွန်းများများမေးပါကလေးကို

များများစဉ်းစားဖို့လေ့ကျင့်ပေးတဲ့သဘောပါကလေးမိမိဖာသာမိမိပြသနာကို ဖြေရှင်းတတ်အောင်အားပေးအားမြောက်ပြုပါတဖြည်းဖြည်း မိမိကိုယ်မိမိယုံကြည်မူတိုးပွားလာပါလိမ့်မည်(၂)လိုချင်တာမရရင်ချက်ချင်း

ဒေါသဖြစ်ခြင်းစိတ်ကောက်ခြင်းလူရိုက်တဲ့အထိ ဖြစ်လာခြင်းကလေးနည်းတဲ့အိမ်ထောင်စုမှတစ်အိမ်သားလုံးကကလေးကိုဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်ပိုးမွေးသလို မွေးတယ်ဆိုပါတော့တဖြည်းဖြည်းနဲ့ကလေးဟာမိမိသည်သာ

ဒီမိသားစုတစ်ခုလုံးရဲ့ဗဟို ဖြစ်လာပါတော့တယ်လိုချင်တဲ့အရာဆိုရင်ချက်ချင်းရမှဘာမဆိုကိုယ့်သဘောတွေ့မှပုံစံမျိုးဖြစ်လာပါတယ်နည်းနည်းလေးအလိုမကျရင်အော်မယ်၊ငိုမယ်ဒေါသထွက်မယ်လူရိုက်မယ်အထိဖြစ်လာပါတော့တယ်

မိဘများအနေနဲ့အလိုလိုက်သင့်မှလိုက်ပါကလေးများ စောင့်ဆိုင်းတတ်တဲ့အကျင့် မွေးပေးပါအခြားသူများရဲ့ခံစားချက်ကိုလည်းကိုယ်ချင်းစာစဉ်းစားတတ်ပါစေကိုယ့်စိတ်လှုပ်ရှားမူကိုကိုယ်ထိန်းသိမ်းတတ်အောင်လေ့ကျင့်ပေးပါ

(၃)ဘာပဲလုပ်လုပ်စိတ်ပါဝင်စားမူနည်းခြင်းအစမရှိအဆုံးလည်းမရှိဖြစ်တတ်ခြင်းအာရုံများလွန်းတဲ့ကလေးများကိုဆိုလိုတာပါအဲဒီအာရုံများလွန်းတဲ့အကျင့်ကိုငယ်ငယ်ကတည်းကဖျောက်ထားပေးမှအဆင်ပြေမှာပါဘာပဲလုပ်လုပ်ဘာပဲဆော့ဆော့သေသေချာချာစခိုင်းပြီးပြီးမြောက်သွားအောင်

လုပ်ပါစေပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါဥပမာပုံဆေးချယ်တယ်ဆိုပါဆို့ဆေးချယ်တဲ့ပုံပြီးဆုံးသွားမှအရုပ်ပေးဆော့ပါအရုပ်ကို ဆော့ပြီးမှတီဗွီပေးကြည့်ပါတစ်ပြိုင်တည်းလုပ်ခွင့်မပေးပါနှင့်ဘာပဲလုပ်လုပ်အာရုံစိုက်စေတဲ့သဘောပါအသုံးဝင်နိုင်ကြပါစေ

Credit












Credit

Leave a Reply

Your email address will not be published. Required fields are marked *