ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။
ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ စကား ပြောနေပါသည်။
ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့် ကာ၍ စကားပြောသည်ဟု မိန့်ပါသည် ။
အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်
ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည်။
ဖော်စပ်နည်းမှာ
(၁) သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်။
(၂) ပိုင်းထားသော သံပုရာသီးအား အရည်ညှစ် ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ။
(၃) အရည်ညှစ်ထားသော သံံပုရာခွံအား ပြန်ဖောင်း ကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်။
(၄) ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်။
(၅) ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်း အား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်။
(၆) သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ မီးသွေးခဲကဲ့သို့ဖြစ်ပါသည်။
(၇) ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်။
(၈) အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ။
မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်။
နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆို နေသော ရဟန်းနှင့် ဆုံရပါ တော့သည်။ သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနိုင်ပါသည်။
မိုးနတ်သား
Credit
Zawgyi
ခံတြင္း အနံ႔ဆိုးကို ဘယ္လို ေဖ်ာက္ၾကမလဲ
ခံတြင္း ပုတ္ အနံ႔ သည္ လူတေယာက္ အတြက္ မိမိကိုယ္ ကို ယုံၾကည္မူ႔ မဲ့ေစပါသည္။ ခံံတြင္းအနံ႔ မေကာင္း သူမ်ားသည္ လူအမ်ား ၾကားတြင္ စကားေျပာ ဆိုရာ တြင္ မိမိ ၏ ပါးစပ္မွ အနံ႔ ေၾကာင့္ သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလို မိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္ ။
ကြၽန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌္ ေတာရ ေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္။ ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ ကာ၍ စကား ေျပာေနပါသည္။
ထို႔ေၾကာင့္ အနီးသို႔ သြားေရာက္ ေလွ်ာက္ထားေသာအခါ ရဟန္းမွ မိမိ ၏ ခံတြင္းနံ႔ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ ကာ၍ စကားေျပာသည္ဟု မိန႔္ပါသည္ ။
အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟုေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္း ေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာ အျဖစ္ မိန႔္ပါသည္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ အား အနံ႔ ရေနပါသည္
ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္။
ေဖာ္စပ္နည္းမွာ
(၁) သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္။
(၂) ပိုင္းထားေသာ သံပုရာသီးအား အရည္ညႇစ္ ရပါမည္ – ဖန္ခြက္တြင္ထည့္ထားပါ။
(၃) အရည္ညႇစ္ထားေသာ သံံပုရာခြံအား ျပန္ေဖာင္း ကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္။
(၄) ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္ မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္။
(၅) ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာ ျခမ္း အား မီးက်ီ ခဲ ရဲရဲ တြင္ မီးဖုတ္ရပါမည္။
(၆) သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔ နီရဲလာပါက ဆားက်က္၍ ညႇပ္ျဖင့္ဆယ္ယူကာ အေအး ခံထားပါ မီးေသြးခဲကဲ့သို႔ျဖစ္ပါသည္။
(၇) ၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တ႐ြက္ အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္။
(၈) အမႈန႔္ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ ၍ သမထားပါ။
မနက္တႀကိမ္ ေန႔လည္တႀကိမ္ ညေနတႀကိမ္ လကၻရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ ပါသည္ တပတ္ေက်ာ္လ်င္ အနံ႔ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္။
ေနာက္၁၀ ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ ေရာက္ေသာအခါ ေပ်ာ္႐ႊင္ ယုံၾကည္စြာ စကားေျပာဆို ေနေသာ ရဟန္းႏွင့္ ဆုံရပါ ေတာ့သည္။ သင္ဆိုလွ်င္လည္း ကိုယ္တိုင္ ကုသႏိုင္ပါသည္။
မိုးနတ္သား
Credit