ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး
မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး…။ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့
ကျွန်တော် လည်း ဟုတ်လား ပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ် ဒီလောက်ပါပဲ…အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေး လို့သိရတယ်…။
ငါ သမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ။
သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ မိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊ မိန်းမ နေကောင်းဖို့ နဲ့ သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့
ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့ မဖြစ်ပါဘူး။
မွေးခန်း ထဲက နပ်(စ်) မက ဘေဘီ ချောစုဝင်း ရှိလား တဲ့ ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို့ခေါ်တာ သူဘယ် လိုများသိသွားသလည်းပေါ့ ။
ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ…ရော့ — မွေးခန်း အသုံးစာရိတ် ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ်…။
ကလေးကိုအရင်မပြသေးဘူး ၊ဘောက်ချာအရင်ပြတာဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀ (၅) သိန်း ကျတယ်…။ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီး ငွေ သွားသွင်းရတယ်။
ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။သမီးလေးမြင်တော့ အော် ငါ ကလေးအဖေဖြစ်ပြီငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။
ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ်…။ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ် ၊
မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ်…။ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။
သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာသမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီးသမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊
ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့မနေနိင်လို့လှည့်ကြည့်လိုက်တော့ သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။
ကျွန်တော်ကြည့်နေတာလည်းသိသွားရော ပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီး ပြေးဖက် လိုက်တယ်…။
သမီး လေး ပါးပေါ်မှာ ကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလိုကျွန်တော့် ရဲ့အသဲတွေလည်း ကွဲနေပါပြီ။
ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်သမီး… ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊ပါးပါး ဘယ်မှ မသွားဘူးဆိုပြီးအခန်းထဲပြန်ပို့ရတယ်။
မိုးဖွဲဖွဲ လေးကျပြီ း မိုးမင်းကြီးက ကျွန်တော်တို့သားအဖ ကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊ကျွန်တော့် သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကို ရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီ ရမှာ သေချာ တယ်။
သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိ ချက်ချင်း မပြန်သေးဘူး။ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။
စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာ။ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီး အိမ်ပြန်ခဲ့ရတယ်။
အခု သမီး က ၁၄ နှစ်ဟိုတလော က သူ့ ရဲ့ ဖုန်း ring မြည်နေလို့ကိုင်လိုက်တော့ ဟဲလို ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။
ယောကျာၤး တွေဆိုတာ သံလိုက် သဘောရှိတယ်…။အဖို နဲ့အမ လောက်ပဲ ကပ်ချင်တဲ့သဘောငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့ Dady မခေါ်လို့။
ယောကျာၤးလေးတစ်ယောက်ရဲ့ အသံကြားတော့လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီးအေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ဖုန်းနားကပ်ပြီး ရည်မွန် လို. တစ်ချက်အော်ခေါ်လိုက် တယ်
ဟို ဘက် က တစ်ယောက်လည်းလန့် သွားအောင်လို့။သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်…။
ရေဒီယို ဟာသရရွှင်ဆေး ထဲက မိန်းမတစ်ယောက်ရဲ့ အသံမျိုးနဲ့ရှင်— ပါပါး ဆိုပြီး ဖုန်းဆီအလာသမီးလမ်းလျောက်ရာလမ်း ကို ကျွန်တော့် စိုက်ကြည့်နေလို့သမီး သူ့ ခြေထောက်အချင်းချင်းတောင် ခလုပ်တိုက်တယ် ။
သမီးက လိုင်းမမိလို့ အခန်းထဲသွားပြောတာ ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်နှစ်ယောက်သားတိုက်မိလို့ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။
ဘယ်လိုဖြစ်နေတာလည်း ယောက်ယက်ကို ခတ်နေတာပဲလို့၊အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော် ပါ။
သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး နားထောင်နေတာပေါ့။
သမီးက နဂါးမင်းနဲ့ ဖွတ်ကျား စစ်ခင်းတော့မယ့် အခြေအနေကို သိသွားတယ်ထင်တယ်။အော်အေး အော်အေးအေး အော်အေး ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
ဘယ်သူလဲသမီး?ကျောင်း ကပါ ၊ကျောင်းမတက်လို့စာမေးတာပါ။ရိုးနေပြီ ဒါငါ့အကွက်တွေ။ပထမစာမေးမယ်၊ပြီးရင်ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်
သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ။မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦးတိုးတိုးတိတ်တိတ်မှာထားရတယ်။
သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ —-လို့တွေးမိရင်း…
တကယ်တော့ —သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။
Credit:ကောင်းကင်ထက်က ကြယ်စင် {ကလေး}
Zawgyi
ကြၽန္ေတာ္ နမ္းလို႔ မဝေသးတဲ့ ပါးတစ္ျခမ္း
ကြၽန္ေတာ့္ မိန္းမက သူ ကိုယ္ဝန္ရွိေနၿပီ လို႔ ေျပာေတာ့ကြၽန္ေတာ္ ျမန္မာ ဗီဒီယို ကားထဲက မင္းသားေတြ ေပ်ာ္သလိုမ်ိဳး ဟိုေလ်ာက္ေျပး ဒီေလ်ာက္ေျပး ၊ဟိုေအာ္ဒီေအာ္ ပုံစံမ်ိဳးနဲ႔ မေပ်ာ္ခဲ့ပါဘူး
မိန္းမက လည္း သူကိုယ္ဝန္ရွိေနတာကို ႐ုပ္ရွင္ထဲကလို နား နားကပ္ၿပီးမေျပာပါဘူး…။ေၾကးအိုး ဆိုင္မွာ ေၾကးအိုးစားရင္းပလုပ္ပေလာင္းနဲ႔ ေျပာတာ ၊ကိုယ္ဝန္ရွိေနၿပီထင္တယ္တဲ့
ကြၽန္ေတာ္ လည္း ဟုတ္လား ေပ်ာ္စရာႀကီးေပါ့၊လို႔ေျပာလိုက္တယ္ ဒီေလာက္ပါပဲ…အာထရာ ေစာင္း႐ိုက္ၾကည့္ေတာ့ သမီးေလး လို႔သိရတယ္…။
ငါ သမီးေလးရေတာ့ မယ္၊ ကေလးအေဖ ျဖစ္ေတာ့မယ္ ဒီထက္ႀကိဳးစား ရေတာ့မယ္ဆိုတဲ့ အသိ ေတာ့ ရွိလာတာအမွန္ပဲ။
သမီးေလးကို SSC ေ႐ႊဂုံတိုင္ ေဆး႐ုံမွာေမြးတာ မိန္းမေမြးခန္း ဝင္ေတာ့ စိတ္ေတာ့ပူသား ၊ မိန္းမ ေနေကာင္းဖို႔ နဲ႔ သမီးေလး ေကာင္းေကာင္းမြန္မြန္ျဖစ္ဖို႔
႐ုပ္ရွင္ထဲက ကေလးအေဖေတြလို ဆပ္ျပာသည္လင္ေပ်ာက္သလိုေတာ့ မျဖစ္ပါဘူး။
ေမြးခန္း ထဲက နပ္(စ္) မက ေဘဘီ ေခ်ာစုဝင္း ရွိလား တဲ့ ဒီ နပ္(စ္)မ က ငါ မိန္းမ ကို ေဘဘီလို႔ေခၚတာ သူဘယ္ လိုမ်ားသိသြားသလည္းေပါ့ ။
ဟုတ္ ကြၽန္ေတာ္ပါ ကြၽန္ေတာ္ပါ…ေရာ့ — ေမြးခန္း အသုံးစာရိတ္ ေဘာက္ခ်ာ ကေလးေရာလူႀကီးေရာက်န္းမါပါတယ္…။
ကေလးကိုအရင္မျပေသးဘူး ၊ေဘာက္ခ်ာအရင္ျပတာေဘာက္ခ်ာၾကည့္ လိုက္ေတာ့ ၅၀၀၀၀၀ (၅) သိန္း က်တယ္…။ဟယ္ တန္ဖိုးရွိလိုက္တဲ့ ငါ့ သမီးေလးပါလားဆိုၿပီး ေငြ သြားသြင္းရတယ္။
ေငြသြင္းၿပီးေတာ့မွ ကေလးကိုျပတာ ၊ေငြ သာမသြင္းရင္ ကေလး ကို ျပန္ေပးဆြဲ မယ့္သေဘာရွိတယ္။သမီးေလးျမင္ေတာ့ ေအာ္ ငါ ကေလးအေဖျဖစ္ၿပီငါ သမီးေလး တစ္ေယာက္ရၿပီေပါ့ ။
ျဖစ္ခ်င္ေတာ့ သမီးေလး ၂ ရက္ ေနေတာ့ အသားဝါ လို႔ကေလးေဆး႐ုံႀကီးကိုတင္ရတယ္…။ကေလးေတြေန မေကာင္းျဖစ္ရင္ ကိုယ္သာျဖစ္လိုက္ခ်င္တယ္ ၊
မိန္းမ က ေ႐ႊဂုံတိုင္ေဆး႐ုံမွာ ၊သမီးက ကေလးေဆး႐ုံႀကီးမွာ ကြၽန္ေတာ္ က သမီးေလးတက္တဲ့ ကေလးေဆး႐ုံလိုက္သြားလိုက္တယ္…။ေယာကၡက သူ႔ သမီးကို စိတ္ပူ ကြၽန္ေတာ္က ကြၽန္ေတာ့သမီးကို စိတ္ပူေပါ့။
သမီးေလး သူငယ္တန္း စ ထားတဲ့ ေန႔သမီးက မ်က္ႏွာငယ္ေလးနဲ႔ အတန္းေဖၚေတြၾကားထဲမွာသမီးေလးေရ ဒါ ေလာက သင္ခန္းစာ အစ ပဲ၊ငါ့ သမီးေလး အဆင္ေျပမွာပါဆိုၿပီးသမီးကို ေက်ာင္းခန္းထဲပို႔လိုက္တယ္၊
ကြၽန္ေတာ္ ေနာက္ကို လုံးဝလွည့္မၾကည့္ဘူး ၊သမီးေလး ကို ထားခဲ့ရတာကို မၾကည့္ရဲလို႔မေနနိင္လို႔လွည့္ၾကည့္လိုက္ေတာ့ သမီးက ကြၽန္ေတာ့ကို႔ ၾကည့္ေနတာ ၊။
ကြၽန္ေတာ္ၾကည့္ေနတာလည္းသိသြားေရာ ပါပါး ဆိုၿပီး ေျပးထြက္လာတယ္ ၊ကြၽန္ေတာ္ကလည္း သမီးေလးဆိုၿပီး ေျပးဖက္ လိုက္တယ္…။
သမီး ေလး ပါးေပၚမွာ ကြၽန္ေတာ္လိမ္းေပးလိုက္တဲ့ သနပ္ခါး ပါးကြက္ေလး ၊မ်က္ရည္ေၾကာင့္ ႏွစ္ျခမ္း ကြဲသြားသလိုကြၽန္ေတာ့္ ရဲ႕အသဲေတြလည္း ကြဲေနပါၿပီ။
ကြၽန္ေတာ့္ ကို ဖက္ၿပီး ပါးပါး ျပန္လိုက္ခဲ့မယ္သမီး… ပါပါး အခန္းအျပင္ကေစာင့္ေနမယ္ေနာ္၊ပါးပါး ဘယ္မွ မသြားဘူးဆိုၿပီးအခန္းထဲျပန္ပို႔ရတယ္။
မိုးဖြဲဖြဲ ေလးက်ၿပီ း မိုးမင္းႀကီးက ကြၽန္ေတာ္တို႔သားအဖ ကို ပိုၿပီး ေၾကကြဲေအာင္မ်ား လုပ္ေနေရာ့သလား၊ကြၽန္ေတာ့္ သမီးေလးကို ဖက္ၿပီး ေက်ာင္းခန္းထဲ လိုက္ပို႔ တဲ့ အခန္း ကို ႐ုပ္ရွင္႐ိုက္ ရင္ သမီးေရာ ကြၽန္ေတာ္ေရာ အကယ္ဒမီ ရမွာ ေသခ်ာ တယ္။
သမီးကို ပို႔ၿပီး ၊ကြၽန္ေတာ္ကားေပၚေရာက္တဲ့ အထိ ခ်က္ခ်င္း မျပန္ေသးဘူး။ကား စတီယာတိုင္ ေပၚမွာ ေခါင္းကို ေမွာက္ၿပီး မ်က္ရည္က်ခဲ့တယ္ဆိုတာကို ဝန္ခံပါရေစ။
စဥ္းစားၾကည့္ေလ လာတုန္းက သမီးေလးနဲ႔ ၊အခုတစ္ေယာက္တည္းျပန္ရမွာ။ေက်ာင္းခန္းထဲက ကမာၻမေၾက သီခ်င္းသံၾကားမွ ငါ့သမီးေလး သီခ်င္းဆိုေနၿပီဆိုၿပီး အိမ္ျပန္ခဲ့ရတယ္။
အခု သမီး က ၁၄ ႏွစ္ဟိုတေလာ က သူ႔ ရဲ႕ ဖုန္း ring ျမည္ေနလို႔ကိုင္လိုက္ေတာ့ ဟဲလို ဟိုဘက္က ကြၽန္ေတာ့အသံၾကားသြားလို႔ ထင္တယ္ဦးေလး ၊အဲ အန္ကယ္ ရည္မြန္ရွိလား ခင္မ်တဲ့။
ေယာက်ာၤး ေတြဆိုတာ သံလိုက္ သေဘာရွိတယ္…။အဖို နဲ႔အမ ေလာက္ပဲ ကပ္ခ်င္တဲ့သေဘာငါ့ ကိုမ်ား အန္ကယ္တဲ့ ၊ေတာ္ေသးတာေပါ့ Dady မေခၚလို႔။
ေယာက်ာၤးေလးတစ္ေယာက္ရဲ႕ အသံၾကားေတာ့လို႔အပ္သည့္အသံထက္ ၆ ဆ ေလာက္ျမင့္လိုက္ၿပီးေအး ခဏ ကိုင္ထားဆိုၿပီး ၊႐ုပ္ရွင္ထဲက ဦးသိန္း ေမာင္ေလသံနဲ႔ဖုန္းနားကပ္ၿပီး ရည္မြန္ လို. တစ္ခ်က္ေအာ္ေခၚလိုက္ တယ္
ဟို ဘက္ က တစ္ေယာက္လည္းလန႔္ သြားေအာင္လို႔။သမီးကလည္း အေျခအေနကို ရိပ္မိေနတဲ့သေဘာရွိတယ္…။
ေရဒီယို ဟာသရ႐ႊင္ေဆး ထဲက မိန္းမတစ္ေယာက္ရဲ႕ အသံမ်ိဳးနဲ႔ရွင္— ပါပါး ဆိုၿပီး ဖုန္းဆီအလာသမီးလမ္းေလ်ာက္ရာလမ္း ကို ကြၽန္ေတာ့္ စိုက္ၾကည့္ေနလို႔သမီး သူ႔ ေျခေထာက္အခ်င္းခ်င္းေတာင္ ခလုပ္တိုက္တယ္ ။
သမီးက လိုင္းမမိလို႔ အခန္းထဲသြားေျပာတာ ဘယ္ရမလဲ ကြၽန္ေတာ္က တံခါးကို နားနဲ႔ ကပ္ၿပီးနားအေထာင္သမီးက အခန္းထဲကအထြက္ တံခါးျပန္အဖြင့္ႏွစ္ေယာက္သားတိုက္မိလို႔ရွက္ရမ္းရမ္းၿပီး ေဟာက္လိုက္ရတယ္။
ဘယ္လိုျဖစ္ေနတာလည္း ေယာက္ယက္ကို ခတ္ေနတာပဲလို႔၊အမွန္ ေယာက္ယက္ခတ္ေနတာက ကြၽန္ေတာ္ ပါ။
သမီးက ဧည့္ခန္းထဲဖုန္းသြားေျပာတာ ဘယ္ရမလဲ ေအာင္မ်ိဳးေအးပဲ ဧည့္ခန္းထဲ တံျမက္စီး လွဲခ်င္ေယာင္ေဆာင္ၿပီး နားေထာင္ေနတာေပါ့။
သမီးက နဂါးမင္းနဲ႔ ဖြတ္က်ား စစ္ခင္းေတာ့မယ့္ အေျခအေနကို သိသြားတယ္ထင္တယ္။ေအာ္ေအး ေအာ္ေအးေအး ေအာ္ေအး ဆိုၿပီး ဖုန္းခ်ၿပီး ပြဲကို အျမန္ဆုံး သိမ္းပစ္လိုက္တယ္။
ဘယ္သူလဲသမီး?ေက်ာင္း ကပါ ၊ေက်ာင္းမတက္လို႔စာေမးတာပါ။႐ိုးေနၿပီ ဒါငါ့အကြက္ေတြ။ပထမစာေမးမယ္၊ၿပီးရင္ထမင္းစားၿပီးၿပီလားေမးမယ္ ၊ၿပီးရင္ဂ႐ုစိုက္ေနာ္ဆိုၿပီး ဖုန္းခ်သြားမယ္
သမီးကိုေတာ့မေျပာပါဘူး ၊စိတ္ထဲကပဲ ေျပာေနတာပါ။မေခ်ာစု သမီးဖုန္း ကိုလည္း ဂ႐ုစိုက္ဦးတိုးတိုးတိတ္တိတ္မွာထားရတယ္။
သမီးက ငယ္ပါေသးတယ္ ၊ကြၽန္ေတာ့္က စိုးရိမ္လြန္ေနတာပါ။ေအာ္ သမီးသမီး အခ်ိန္တန္ရင္ေတာ့ သမီးေလးနဲ႔ခြဲရမွာပါေလ —-လို႔ေတြးမိရင္း…
တကယ္ေတာ့ —သမီး ေလးဟာ ကြၽန္ေတာ္ နမ္း လို႔ မဝေသးတဲ့ပါးတစ္ျခမ္းပါ။
Credit:ေကာင္းကင္ထက္က ၾကယ္စင္ {ကေလး}