လူငယ် တစ်ယောက်ရဲ့ တန်ဖိုး
လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့ အယူသီး လွန်းနေရင် အတွေးအခေါ်နည်းရာ ရောက်တယ်
လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့ အတ္တတွေကြီးလွန်းနေလျှင် အသိဥာဏ်နည်းရာ ရောက်တယ်
လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့ အာဃာတတွေ များလွန်းနေလျှင် သဘောထားမပြည့်ရာ ရောက်တယ်..
လူငယ်တစ်ယောက် ဖြစ်နေလျှက်နဲ့ ငါ့ကျမှ ကံဆိုးလေခြင်းဆိုပြီး တညည်းညည်းတညူညူ အတွေးတွေနဲ့ လက်ရှော့အရှုံးပေးနေရင် စိတ်ဓာတ်ပျော့ညံ့ရာရောက်တယ်
လူငယ်တစ်ဦး ဖြစ်နေလျှင်နဲ့ ဖြစ်သမျှအကြောင်း အကောင်းပေါ့လေဆိုပြီး ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင် ကိုယ်ဇွဲလုံလကို မယုံကြည်ရာ ရောက်တယ်
ပုဇွန်လုံးမှာ ဦးခေါင်းမပါဘူး သိုပေမယ့် ချမ်းချမ်း သာသာနေဖို့အတွက် ကိုယ်တွင်းကိုယ်တူးတက်တယ် ဦးခေါင်းပါတဲ့ လူက နေရာတကာ ဟိုလူမှီခို ဒီလူမှီခို လိုက်လုပ်နေရင် ပုဇွန်လုံးကို အားနာဖို့ကောင်းတယ်
ဘဝဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့် ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေရှိတယ် အဆိုးလောကဓံနှိပ်စက်ခံရလို့ လက်လျော့အရှုံးပေးနေသူတွေရှိတယ် တခါရှုံးရုံနဲ့ လုံးဝရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင် တိုးတက် ဖို့ အခွင့်ဆိုတာ ပျောက်ကွယ်သွားမှာပါ
အတောင်ပံမခတ်တဲ့ ပိုးစုံကြူးမှာ အရောင်ထွက်ဖို့ ခက်တယ် ရည်းမှန်းချက်နဲ့ကြိုးစားမှုမရှိတဲ့ လူငယ်မှာလည်း တိုးတက် လာဖို့ခက်မှာပါဘဲ
လူငယ်တစ်ယောက်ရဲ့ အနှစ် အမြုတေဆိုတာ မျော်လင့်ချက်နဲ့အိမ်မက်ပါ ဘဝမှာမော့ကြည့်ရတဲ့ အိမ်မက်မျိုးတော့ လူငယ်မှန်သမျှ မက်သင့်ကြတာပေါ့
ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ ကိုယ်ဘဝကိုလည်း မြှင့်တင်နိုင်သလို သူတပါးတို့ရဲ့ ဘဝကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်
စာနာစိတ်ရှိတဲ့လူငယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို တစ်ပါးသူတို့ရဲ့ စိတ်ပင်းပန်းမှုကိုလည်း မျှဝေခံစားပေးနိုင်တက်ကြတယ်
အသားဖြူခြင်း……မဖြူခြင်း ရုပ်ရည်လှခြင်း……မလှခြင်းတွေက လူငယ်တစ်ယောက်ရဲ့ တန်ဖိုးမဟုတ်ပါဘူး ဘယ်လောက်အစွမ်းအစရှိမရှိ ဘယ်လောက် လုပ်နိုင်……မလုပ်နိုင်ဆိုတာကမှ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ
ဆရာကြီးဦးအောင်သင်း
Zawgyi
လူငယ္ တစ္ေယာက္ရဲ႕ တန္ဖိုး
လူငယ္တစ္ဦး ျဖစ္ေနလွ်က္နဲ႔ အယူသီး လြန္းေနရင္ အေတြးအေခၚနည္းရာ ေရာက္တယ္
လူငယ္တစ္ဦးျဖစ္ေနလွ်က္နဲ႔ အတၱေတြႀကီးလြန္းေနလွ်င္ အသိဥာဏ္နည္းရာ ေရာက္တယ္
လူငယ္တစ္ဦး ျဖစ္ေနလွ်က္နဲ႔ အာဃာတေတြ မ်ားလြန္းေနလွ်င္ သေဘာထားမျပည့္ရာ ေရာက္တယ္..
လူငယ္တစ္ေယာက္ ျဖစ္ေနလွ်က္နဲ႔ ငါ့က်မွ ကံဆိုးေလျခင္းဆိုၿပီး တညည္းညည္းတညဴညဴ အေတြးေတြနဲ႔ လက္ေရွာ့အရႈံးေပးေနရင္ စိတ္ဓာတ္ေပ်ာ့ညံ့ရာေရာက္တယ္
လူငယ္တစ္ဦး ျဖစ္ေနလွ်င္နဲ႔ ျဖစ္သမွ်အေၾကာင္း အေကာင္းေပါ့ေလဆိုၿပီး ကံၾကမၼာရဲ႕ အမိန္႔ေအာက္မွာ ဒူးေထာက္ေပးေနခဲ့ရင္ ကိုယ္ဇြဲလုံလကို မယုံၾကည္ရာ ေရာက္တယ္
ပုဇြန္လုံးမွာ ဦးေခါင္းမပါဘူး သိုေပမယ့္ ခ်မ္းခ်မ္း သာသာေနဖို႔အတြက္ ကိုယ္တြင္းကိုယ္တူးတက္တယ္ ဦးေခါင္းပါတဲ့ လူက ေနရာတကာ ဟိုလူမွီခို ဒီလူမွီခို လိုက္လုပ္ေနရင္ ပုဇြန္လုံးကို အားနာဖို႔ေကာင္းတယ္
ဘဝဆုတ္ယုတ္ေနတဲ့ လူငယ္ေတြကို အကဲခတ္ၾကည့္ ေရွ႕မဆက္ႏိုင္ဘဲ စိတ္ပ်က္ေနသူေတြရွိတယ္ အဆိုးေလာကဓံႏွိပ္စက္ခံရလို႔ လက္ေလ်ာ့အရႈံးေပးေနသူေတြရွိတယ္ တခါရႈံး႐ုံနဲ႔ လုံးဝရႈံးသြားၿပီလို႔ သတ္မွတ္လိုက္ရင္ တိုးတက္ ဖို႔ အခြင့္ဆိုတာ ေပ်ာက္ကြယ္သြားမွာပါ
အေတာင္ပံမခတ္တဲ့ ပိုးစုံၾကဴးမွာ အေရာင္ထြက္ဖို႔ ခက္တယ္ ရည္းမွန္းခ်က္နဲ႔ႀကိဳးစားမႈမရွိတဲ့ လူငယ္မွာလည္း တိုးတက္ လာဖို႔ခက္မွာပါဘဲ
လူငယ္တစ္ေယာက္ရဲ႕ အႏွစ္ အျမဳေတဆိုတာ ေမ်ာ္လင့္ခ်က္နဲ႔အိမ္မက္ပါ ဘဝမွာေမာ့ၾကည့္ရတဲ့ အိမ္မက္မ်ိဳးေတာ့ လူငယ္မွန္သမွ် မက္သင့္ၾကတာေပါ့
ထူးခြၽန္ထက္ျမက္တဲ့ လူငယ္ဆိုတာ ကိုယ္ဘဝကိုလည္း ျမႇင့္တင္ႏိုင္သလို သူတပါးတို႔ရဲ႕ ဘဝကိုလည္း ျမႇင့္တင္ေပးႏိုင္စြမ္းရွိတယ္
စာနာစိတ္ရွိတဲ့လူငယ္ဆိုတာ တစ္ကိုယ္ေကာင္းဆန္စိတ္ နည္းပါးသလို တစ္ပါးသူတို႔ရဲ႕ စိတ္ပင္းပန္းမႈကိုလည္း မွ်ေဝခံစားေပးႏိုင္တက္ၾကတယ္
အသားျဖဴျခင္း……မျဖဴျခင္း ႐ုပ္ရည္လွျခင္း……မလွျခင္းေတြက လူငယ္တစ္ေယာက္ရဲ႕ တန္ဖိုးမဟုတ္ပါဘူး ဘယ္ေလာက္အစြမ္းအစရွိမရွိ ဘယ္ေလာက္ လုပ္ႏိုင္……မလုပ္ႏိုင္ဆိုတာကမွ လူငယ္တစ္ေယာက္ရဲ႕ တန္ဖိုးပါ
ဆရာႀကီးဦးေအာင္သင္း