ဆားဝက်ခြံကို ၅ မိနစ်အတွင်းဖယ်ရှားပေးမယ့် သံပုယိုသီးနဲ့ ပျားရည်
Beauty
ဆားဝက်ခြံက လူတိုင်းလိုလို အနည်းနဲ့အများဆိုသလို ဖြစ်တတ်ကြပါတယ်။နှခေါင်း ပါးမို့နားမှာ အဖြစ်များပြီး တခါတလေမှာ လည်ပင်နဲ့ ပုခုံးတွေမှာပါ ဖြစ်တတ်တဲ့သူတွေရှိပါတယ်။ ဆားဝက်ခြံရှိတာဟာ အလှတရားကို မှေးမှိန်စေပါတယ်ဆားဝက်ခြံကင်းစင်ပြီး နူးညံ့ချောမွတ်တဲ့အသားအရေကို ရရှိနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဆားဝက်ခြံဟာ ချွေးပေါက်တွေကိုပိတ်စေပြီး ဟောမုန်မညီမျှတာ အဆီပြန်တာ အမွှေးအမျှင်တွေမှာ အဆီပြန်တာနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာမစားတာကြောင့်ဖြစ်ပါတယ်။ဟုတ်ပါတယ်။ အဲဒီလိုဖြစ်တာကို အထိရောက်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်း တကယ်ရှိပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
သံပုယိုသီး တစ်ခြမ်း
ပျားရည်အနည်းငယ်
ပြင်ဆင်ခြင်း
သံပုယိုသီးပေါ်မှာ ပျားရည်အနည်းငယ်လောင်းထည့်ပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။ ဆားဝက်ခြံဖြစ်နေတဲ့နေရာမှာ သေသေချာချာပွတ်လိမ်းပေးပါ။၅ မိနစ် ၇ မိနစ်လောက်ထားပြီရင် ရေဆေးချပါ။ ရေအေးနဲ့ပဲ ဆေးချရမှာဖြစ်ပါတယ်။
ပထမတစ်ကြိမ်မှာတင် ထူးခြားတဲ့ရလဒ်ကိုခံစားရမှာဖြစ်ပြီး အသားအရေ ချောမွှတ်သန့်ရှင်းလာတာကို လက်တွေ့ခံစားရမှာပါ။ ဆားဝက်ခြံမပျောက်မချင် အဲဒီလိုလုပ်ပေးလို့ရပါတယ်။
Zawgyi
သံပုယိုသီး တစ်ခြမ်း
ပျားရည်အနည်းငယ်
ပြင်ဆင်ခြင်း
Leave a Reply
Your email address will not be published. Required fields are marked *