သစ်ကွင်း၊ သစ်တံခါးတွေရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ ဂမ္ဘီရ အစွမ်းသတ္တိများ သစ်ကွင်း၊ သစ်တံခါးတွေက ဘာတွေကောင်းတာလဲဆိုပြီး မေးကြတယ်။ အလွယ်ဆုံးနဲ့ အတိုဆုံးပြောရရင်တော့ လူလုပ်ထားတာမဟုတ်ဘဲ သဘာဝအတိုင်း ထူးထူးဆန်းဆန်း ဖြစ်နေတာကြောင့် ရှားပါးပြီးထူးဆန်းတဲ့ပစ္စည်းမို့ တန်ဘိုးရှိတယ် လို့ဘဲ ဖြေလဲရသလိုလောကီဂမ္ဘီရပိုင်းအရလာဘ်လာဘကောင်းတယ်၊ ဈေးရောင်းဈေးဝယ်ကောင်းတယ်၊ ချိတ်ဆွဲထားတဲ့နေရာတွေကို မကောင်းတဲ့ ပယောဂတွေနဲ့ ဘေးအန္တရာယ်တွေ ဝင်မလာနိုင်ဘူး၊ အချို့ မီးဘေးကတောင်လွတ်ကြတယ်ဆိုပြီး ကောင်းမွန်တဲ့အကျိုးတရားတွေရရှိကြတယ်လို့ ပြောလို့ရပါတယ်။
အိမ်ကြီးအိမ်ကောင်းတွေ၊ဆိုင်ကြီးတွေ၊ ဟော်တယ်ကြီးတွေမှာ အမြတ်တနိုးနဲ့ အလှဆင်ပြီး ဆောင်ကြတာကိုလဲ မြင်ဖူး ကြလိမ့်မယ်လို့ထင်ပါတယ်။ အမြန်လမ်းပေါ်က အချို့ဆိုင်ကြီးတွေမှာ သစ်ကွင်း သစ်တံခါးတွေကို ပန်းပုပုံတွေ ထွင်းထုပြီး ပေါ်လစ်တင်ကာအမြတ်တနိုး ထားကြတာကို တွေ့မိကြပါလိမ့်မယ်။သတိမထားမိရင်တော့ ပန်းပုရုပ်တွေလို့ဘဲ ထင်မိပါလိမ့်မယ်။ ရှားတယ်လဲပြောသေးတယ်၊ ပုံထဲမှာလဲ အများကြီးပါလားလို့ မေးကောင်းမေးပါလိမ့်မယ်။
ပဲခူး ဒေးစွန်ပါတောနက်ထဲကနေ တစ်ခါသွား တစ်ခါရှာဖွေဝယ်ယူပြီး စုဆောင်းထားတာတွေပါ။ သွားတိုင်းလဲမရပါဘူး။ သစ်ကွင်း၊ သစ်တံခါးတိုင်းလဲ ဝယ်လို့ မရ ဆောင်လို့မရပါဘူး။ ပျဉ်းမသား၊ အောင်သပြေသား၊ ပိတောက်သား စသဖြင့် အသားကောင်းအသားမွန်မျိုးတွေကိုသာ ရွေးပြီး စုဆောင်းခဲ့တာပါ။
မိမိနေအိမ်ပေါ်မှာလဲ သစ်ကွင်း သစ်တံခါး နွယ်ကွင်းထိုးတွေဆောင်ထားတာ ရောက်ဖူး ကြသူတိုင်း သိကြပါတယ်။ ဂမ္ဘီရသဘောအရဖြစ်စေ၊ သဘာဝတရားကို မြတ်နိုးလို့ဖြစ်စေ မိမိနှစ်သက်သလို ခံစားနိုင်ပါတယ်။ ရေရှည်ခံနိုင်ဖို့အတွက် အချောကိုင်၊ အောက်ခံဆေးသုတ်ပြီး ရွှေးဆေးချထား ပါတယ်။
ဆောင်တဲ့သူက ဘာတွေလုပ်ဖို့လိုလဲဆိုပြီး မေးတတ်ကြလို့ ဒီနေရာကနေ ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။သစ်ကွင်း၊ သစ်တံခါး၊ နွယ်ကွင်းထိုး၊ သစ်ဖောက်နွယ် တွေကို နေအိမ်/ဆိုင်ခန်း အဝတွေမှာ ချိတ်ဆွဲထားပြီး မကြာခဏဆိုသလိုအမွှေးတိုင်ထွန်းပေးခြင်း၊ အမွှေးနံ့သာရည်များ ပတ်ဖျန်းခြင်းများ ပြုလုပ်ပေးရပါတယ်။
အခြားထွေထွေထူးထူးတော့ လုပ်စရာ မလိုပါဘူး။သစ်ဖောက်နွယ်ဝယ်မည်ဆိုလျှင် သေသေချာချာ ရွေးပြီးမှဝယ်ယူဖို့ အကြံပေးပါတယ်။ အချို့က လွန်နဲ့ဖောက်ပြီး နွယ်ချောင်းထိုးထည့်ပြီး ဂျင်းထည့်တတ်ကြပါတယ်။ တကယ့်သစ်ဖောက်နွယ်က ကြည့်ရုံနဲ့ သိသာပါတယ်။ သစ်တုံးဘေးမှာ နွယ်လိမ် နေသလို လိမ်ပြီးဖုနေတဲ့ လိုင်းကြောင်းပါ များသောအားဖြင့် ပါတတ်ပါတယ်။ကျန်းမာရွှင်လန်းကြပါစေဇော်မြတ်မင်း (မြစကြာကျောင်းသား)
Credit ~မူရင်း
Zawgyi
သစ္ကြင္း၊ သစ္တံခါးေတြရဲ႕ ထူးျခားဆန္းၾကယ္မႈနဲ႔ ဂမၻီရ အစြမ္းသတၱိမ်ား သစ္ကြင္း၊ သစ္တံခါးေတြက ဘာေတြေကာင္းတာလဲဆိုၿပီး ေမးၾကတယ္။ အလြယ္ဆုံးနဲ႔ အတိုဆုံးေျပာရရင္ေတာ့ လူလုပ္ထားတာမဟုတ္ဘဲ သဘာဝအတိုင္း ထူးထူးဆန္းဆန္း ျဖစ္ေနတာေၾကာင့္ ရွားပါးၿပီးထူးဆန္းတဲ့ပစၥည္းမို႔ တန္ဘိုးရွိတယ္ လို႔ဘဲ ေျဖလဲရသလိုေလာကီဂမၻီရပိုင္းအရလာဘ္လာဘေကာင္းတယ္၊ ေဈးေရာင္းေဈးဝယ္ေကာင္းတယ္၊ ခ်ိတ္ဆြဲထားတဲ့ေနရာေတြကို မေကာင္းတဲ့ ပေယာဂေတြနဲ႔ ေဘးအႏၲရာယ္ေတြ ဝင္မလာႏိုင္ဘူး၊ အခ်ိဳ႕ မီးေဘးကေတာင္လြတ္ၾကတယ္ဆိုၿပီး ေကာင္းမြန္တဲ့အက်ိဳးတရားေတြရရွိၾကတယ္လို႔ ေျပာလို႔ရပါတယ္။
အိမ္ႀကီးအိမ္ေကာင္းေတြ၊ဆိုင္ႀကီးေတြ၊ ေဟာ္တယ္ႀကီးေတြမွာ အျမတ္တႏိုးနဲ႔ အလွဆင္ၿပီး ေဆာင္ၾကတာကိုလဲ ျမင္ဖူး ၾကလိမ့္မယ္လို႔ထင္ပါတယ္။ အျမန္လမ္းေပၚက အခ်ိဳ႕ဆိုင္ႀကီးေတြမွာ သစ္ကြင္း သစ္တံခါးေတြကို ပန္းပုပုံေတြ ထြင္းထုၿပီး ေပၚလစ္တင္ကာအျမတ္တႏိုး ထားၾကတာကို ေတြ႕မိၾကပါလိမ့္မယ္။သတိမထားမိရင္ေတာ့ ပန္းပု႐ုပ္ေတြလို႔ဘဲ ထင္မိပါလိမ့္မယ္။ ရွားတယ္လဲေျပာေသးတယ္၊ ပုံထဲမွာလဲ အမ်ားႀကီးပါလားလို႔ ေမးေကာင္းေမးပါလိမ့္မယ္။
ပဲခူး ေဒးစြန္ပါေတာနက္ထဲကေန တစ္ခါသြား တစ္ခါရွာေဖြဝယ္ယူၿပီး စုေဆာင္းထားတာေတြပါ။ သြားတိုင္းလဲမရပါဘူး။ သစ္ကြင္း၊ သစ္တံခါးတိုင္းလဲ ဝယ္လို႔ မရ ေဆာင္လို႔မရပါဘူး။ ပ်ဥ္းမသား၊ ေအာင္သေျပသား၊ ပိေတာက္သား စသျဖင့္ အသားေကာင္းအသားမြန္မ်ိဳးေတြကိုသာ ေ႐ြးၿပီး စုေဆာင္းခဲ့တာပါ။
မိမိေနအိမ္ေပၚမွာလဲ သစ္ကြင္း သစ္တံခါး ႏြယ္ကြင္းထိုးေတြေဆာင္ထားတာ ေရာက္ဖူး ၾကသူတိုင္း သိၾကပါတယ္။ ဂမၻီရသေဘာအရျဖစ္ေစ၊ သဘာဝတရားကို ျမတ္ႏိုးလို႔ျဖစ္ေစ မိမိႏွစ္သက္သလို ခံစားႏိုင္ပါတယ္။ ေရရွည္ခံႏိုင္ဖို႔အတြက္ အေခ်ာကိုင္၊ ေအာက္ခံေဆးသုတ္ၿပီး ေ႐ႊးေဆးခ်ထား ပါတယ္။
ေဆာင္တဲ့သူက ဘာေတြလုပ္ဖို႔လိုလဲဆိုၿပီး ေမးတတ္ၾကလို႔ ဒီေနရာကေန ဗဟုသုတ မွ်ေဝေပးလိုက္ပါတယ္။သစ္ကြင္း၊ သစ္တံခါး၊ ႏြယ္ကြင္းထိုး၊ သစ္ေဖာက္ႏြယ္ ေတြကို ေနအိမ္/ဆိုင္ခန္း အဝေတြမွာ ခ်ိတ္ဆြဲထားၿပီး မၾကာခဏဆိုသလိုအေမႊးတိုင္ထြန္းေပးျခင္း၊ အေမႊးနံ႔သာရည္မ်ား ပတ္ဖ်န္းျခင္းမ်ား ျပဳလုပ္ေပးရပါတယ္။
အျခားေထြေထြထူးထူးေတာ့ လုပ္စရာ မလိုပါဘူး။သစ္ေဖာက္ႏြယ္ဝယ္မည္ဆိုလွ်င္ ေသေသခ်ာခ်ာ ေ႐ြးၿပီးမွဝယ္ယူဖို႔ အႀကံေပးပါတယ္။ အခ်ိဳ႕က လြန္နဲ႔ေဖာက္ၿပီး ႏြယ္ေခ်ာင္းထိုးထည့္ၿပီး ဂ်င္းထည့္တတ္ၾကပါတယ္။ တကယ့္သစ္ေဖာက္ႏြယ္က ၾကည့္႐ုံနဲ႔ သိသာပါတယ္။ သစ္တုံးေဘးမွာ ႏြယ္လိမ္ ေနသလို လိမ္ၿပီးဖုေနတဲ့ လိုင္းေၾကာင္းပါ မ်ားေသာအားျဖင့္ ပါတတ္ပါတယ္။က်န္းမာ႐ႊင္လန္းၾကပါေစေဇာ္ျမတ္မင္း (ျမစၾကာေက်ာင္းသား)
Credit ~မူရင္း
Zawgyi