ကျွန်တော်မိတ်ဆွေ ဂျပန်တစ်ယောက်က ပြောဖူးတယ်.။
မင်းတို့မြန်မာတွေက သိပ်မာနကြီးတယ် ပြောပါတယ်.။
မေး။ ။ ဘယ်မှာမာနကြီးလို့လဲ?
ဖြေ။ ။မြန်မာပြည်မှာ လူတစ်ယောက်က အမှားလုပ်လိုက်တယ်ဒါကို ထောက်ပြကြည့် အဲဒီလူက သူ့အမှားတစ်ခုအတွက် အကြောင်းပြချက် ၁၀ခုလောက်ကို မ
နားတန်းပြောပြလိမ့်မယ်.။ဒါပေမဲ့ မတောင်းပန်ဘူး,မဝန်ခံဘူးသူ့ရဲ့ဂုဏ်သိက္ခာကို အကျမခံဘူးဒါက မာနကြီးတာပေါ့.။
အလုပ်သမားက အမှားလုပ်လိုက်မယ်..ဆူလိုက်ကြည့် နောက်နေ့အလုပ်မလာတော့ဘူး,..အလုပ်သစ်သွားရှာမယ်,အလုပ်လေးတစ်ခုအတွက်လောက် သိက္ခာအကျခံပြီ မတောင်းပန်ဘူး,..အဲဒါ မာနကြီးတာပေါ့.။
ရန်ကုန်မြို့ကြီးက ကားလမ်းတွေ ပိတ်နေတယ်,ကားတွေမောင်းလို့ မရဘူး,တကယ်တန်းကြည့်ကြည့်ပါ,ရန်ကုန်မြို့မှာရှိနေတဲ့ကားအရေ အတွက်နဲ့ လမ်အနေအထားအရ ကားလမ်းက ဆိုးဝါးစွာ မပိတ်သင့်သေးပါဘူး။
သို့သော် လမ်းတွေက ပိတ်နေတာ ဘာကြောင့်လဲ,ရှင်းရှင်းလေး ပြောရရင်မြန်မာပြည်က ယ ာဉ်မောင်းတွေက တစ်ဦးကိုတစ်ဦး အပြန်အလှန် ဦးစားပေးဖို့ မစဉ်းစားကြဘူး,။တဖက်သားကို ဦးစားပေးလိုက်တာနဲ့ အလျော့ပေးလိုက်တာနဲ့ ကိုယ်က သိက္ခာကျသွားမယ်လို့ယူဆကြလို့လားမပြောတက်ဘူး,။
ပိတ်ပြီမောင်းရတာနဲ့ တဖက်သားက ဝင်လာမှာစိုးလို့ကိုယ်က သွားလို့ရရ မရရ တဖက်သား မော င်းမရအောင် ပိတ်ပြီးမောင်းကြတာနဲ့ လမ်းတွေက ပိတ်ကုန်ပြီ အချိန်အလဟသကုန်,ဆီတွေအလဟသ ကုန်ကြရတာ,။
လမ်းမှန်,ဦးစားပေးဖြစ်လို့ကတော့ တိုက်ပစ်လိုက်မယ်,လျော်ခိုင်းမယ်ဆိုတဲ့ပုံစံနဲ့ အရှိန်တောင်တိုးပြီ မောင်းပစ်ကြတာတွေ့ဖူးကြုံ ဖူးကြမှာ အသေ အချာပါ.။မကြာခဏ ဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မူများက မှန်တယ်ထင်တဲ့ ယာဉ်မောင်းများကြောင့် ဖြစ်တာများပါတယ်။
ယာဉ်တိုက်မူဖြစ်ပြီး သေကြကြေကြ ထိခိုက်နစ် နာဆုံးရှူံးကြတာလည်းမနည်းပါဘူး,။အလုံးစုံအာမခံ ဝင်ထားတာနည်းပြီးကိုယ့်ဖြစ်ကိုယ့်ခံဆိုတဲ့အနေအထားမှာတောင် ဘယ်ကောင်မှ ဂရုမစိုက်ဘူးဆိုတဲ့ မာနနဲ့ တိုက်ကြခိုက်ကြပြီးဘဝတွေ ပျက်စီးကုန်တာလည်း တလွဲမာနကြောင့်ပါပဲ.။
ဂျပန်မှာဆို ယာဉ်တိုက်မူဖြစ်ခဲ့ဘူးတယ် ဆိုတာနဲ့ပဲ ရှက်ပြီးထုက်မပြောရဲကြပါသော်လည်းမြန်မာပြည်က ယာဉ်မောင်းများကတော့ ဘယ်တုန်းက ဘယ်လို တိုက်ပစ်လိုက်တာ,ဘယ်နဲ့ခါ တိုက်ဘူးတယ်ကွဆိုပြီးယာဉ်တိုက်မူပြစ်မူကိုတောင် ဂုဏ်ယူစွာနဲ့ ပြောဆိုနေကြတဲ့အထိ မာနကြီးကြပါတယ်.။
ယာဉ်တိုက်မူကို နောင်မဖြစ်အောင်ဂရုစိုက်မယ်ဆိုတာထက် ဂုဏ်ယူမူက မြန်မာပြည်ရဲ့ ယာဉ်တိုက်မူကို တိုးပွားစေတဲ့ အချက်တချက်ပါပဲ.။
ဂျပန်ပြည်မှာဆို ဌာနဆိုင်ရာ တခုခုမှာပြသာနာဖြစ်ပြီဆိုတာနဲ့ သက်ဆိုင်ရာ အကြီးအကဲက အများရှေ့မှာဝန်ချတောင်းပန်ပြီးတာဝန်ခံ အလုပ်ထွက်ပြကြပေမဲ့မြန်မာပြည်မှာတော့ တောင်းပန်တာမျိုး တခါမှ မရှိခဲ့အောင် မာနကြီးခဲ့ကြပါတယ်.။
နောက်တချက်က ဌာနဆိုင်ရာ အချင်းချင်းကလည်း အပြိုင်အဆိုင်မာနကြီးကြတဲ့ အချ က်အလက်အဖြစ့်ပြောပြတာကတော့လမ်းမပေါ်ကို ရောက်နေတဲ့ ဓာတ်တိုင်ကြီးများဖြစ်ပါတ ယ်. လမ်းတံတားက လမ်းခင်းတာတွေ လမ်းချဲ့တာတွေ လုပ်ကြပါတယ်.လမ်းတွေချဲ့တော့ မူလဓာတ်တိုင်တွေက လမ်းမပေါ်ရောက်ကုန်ပါတယ်,။
တကယ်တန်းကျတော့ လမ်းချဲ့ဖို့စီစဉ်ချိန်မှာ လမ်းတံတားနဲ့ လျှပ်စစ်ဌာန ရေဌာနတို့က အပြန်အလှန် ချိတ်ဆက်ပြီး သတင်းဖလှယ်ပြီးလုပ်ကြမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကောင်းမွန်ပြီးငွေအကုန်အကျလည်းနည်းပြီး တခါတည်း ကိစ္စပြတ်ဆောင်ရွက်လို့ရပေမဲ့ ဌာနဆိုင်ရာတွေကလည်း မာနကြီးကြပြီးအမေးအမြန်းအခေါ် အပြေ ာနည်းကြတော့ တစ်ဌာနကလုပ်သွားပြီး တစ်ဌာနက ကျန်နေတဲ့ပြသာနတွေက နေရာအနှံ့မှာ တွေ့နေရတာကလည်းမာနကြီးကြလို့ မဟုတ်ဘူးလား?
ငါမှန်တယ် ငါ့ပစ္စည်း ငါ့အာဏာ ငါ့လူဆိုတဲ့ “ငါ့မာန”တွေကို လျော့ကြဖို့လိုပါပြီ.။
credit
zawgyi
ကြၽန္ေတာ္မိတ္ေဆြ ဂ်ပန္တစ္ေယာက္က ေျပာဖူးတယ္.။
မင္းတို႔ျမန္မာေတြက သိပ္မာနႀကီးတယ္ ေျပာပါတယ္.။
ေမး။ ။ ဘယ္မွာမာနႀကီးလို႔လဲ?
ေျဖ။ ။ျမန္မာျပည္မွာ လူတစ္ေယာက္က အမွားလုပ္လိုက္တယ္ဒါကို ေထာက္ျပၾကည့္ အဲဒီလူက သူ႔အမွားတစ္ခုအတြက္ အေၾကာင္းျပခ်က္ ၁၀ခုေလာက္ကို မ
နားတန္းေျပာျပလိမ့္မယ္.။ဒါေပမဲ့ မေတာင္းပန္ဘူး,မဝန္ခံဘူးသူ႔ရဲ႕ဂုဏ္သိကၡာကို အက်မခံဘူးဒါက မာနႀကီးတာေပါ့.။
အလုပ္သမားက အမွားလုပ္လိုက္မယ္..ဆူလိုက္ၾကည့္ ေနာက္ေန႔အလုပ္မလာေတာ့ဘူး,..အလုပ္သစ္သြားရွာမယ္,အလုပ္ေလးတစ္ခုအတြက္ေလာက္ သိကၡာအက်ခံၿပီ မေတာင္းပန္ဘူး,..အဲဒါ မာနႀကီးတာေပါ့.။
ရန္ကုန္ၿမိဳ႕ႀကီးက ကားလမ္းေတြ ပိတ္ေနတယ္,ကားေတြေမာင္းလို႔ မရဘူး,တကယ္တန္းၾကည့္ၾကည့္ပါ,ရန္ကုန္ၿမိဳ႕မွာရွိေနတဲ့ကားအေရ အတြက္နဲ႔ လမ္အေနအထားအရ ကားလမ္းက ဆိုးဝါးစြာ မပိတ္သင့္ေသးပါဘူး။
သို႔ေသာ္ လမ္းေတြက ပိတ္ေနတာ ဘာေၾကာင့္လဲ,ရွင္းရွင္းေလး ေျပာရရင္ျမန္မာျပည္က ယ ာဥ္ေမာင္းေတြက တစ္ဦးကိုတစ္ဦး အျပန္အလွန္ ဦးစားေပးဖို႔ မစဥ္းစားၾကဘူး,။တဖက္သားကို ဦးစားေပးလိုက္တာနဲ႔ အေလ်ာ့ေပးလိုက္တာနဲ႔ ကိုယ္က သိကၡာက်သြားမယ္လို႔ယူဆၾကလို႔လားမေျပာတက္ဘူး,။
ပိတ္ၿပီေမာင္းရတာနဲ႔ တဖက္သားက ဝင္လာမွာစိုးလို႔ကိုယ္က သြားလို႔ရရ မရရ တဖက္သား ေမာ င္းမရေအာင္ ပိတ္ၿပီးေမာင္းၾကတာနဲ႔ လမ္းေတြက ပိတ္ကုန္ၿပီ အခ်ိန္အလဟသကုန္,ဆီေတြအလဟသ ကုန္ၾကရတာ,။
လမ္းမွန္,ဦးစားေပးျဖစ္လို႔ကေတာ့ တိုက္ပစ္လိုက္မယ္,ေလ်ာ္ခိုင္းမယ္ဆိုတဲ့ပုံစံနဲ႔ အရွိန္ေတာင္တိုးၿပီ ေမာင္းပစ္ၾကတာေတြ႕ဖူးႀကဳံ ဖူးၾကမွာ အေသ အခ်ာပါ.။မၾကာခဏ ျဖစ္ေပၚေနတဲ့ ယာဥ္တိုက္မူမ်ားက မွန္တယ္ထင္တဲ့ ယာဥ္ေမာင္းမ်ားေၾကာင့္ ျဖစ္တာမ်ားပါတယ္။
ယာဥ္တိုက္မူျဖစ္ၿပီး ေသၾကေၾကၾက ထိခိုက္နစ္ နာဆုံးရႉံးၾကတာလည္းမနည္းပါဘူး,။အလုံးစုံအာမခံ ဝင္ထားတာနည္းၿပီးကိုယ့္ျဖစ္ကိုယ့္ခံဆိုတဲ့အေနအထားမွာေတာင္ ဘယ္ေကာင္မွ ဂ႐ုမစိုက္ဘူးဆိုတဲ့ မာနနဲ႔ တိုက္ၾကခိုက္ၾကၿပီးဘဝေတြ ပ်က္စီးကုန္တာလည္း တလြဲမာနေၾကာင့္ပါပဲ.။
ဂ်ပန္မွာဆို ယာဥ္တိုက္မူျဖစ္ခဲ့ဘူးတယ္ ဆိုတာနဲ႔ပဲ ရွက္ၿပီးထုက္မေျပာရဲၾကပါေသာ္လည္းျမန္မာျပည္က ယာဥ္ေမာင္းမ်ားကေတာ့ ဘယ္တုန္းက ဘယ္လို တိုက္ပစ္လိုက္တာ,ဘယ္နဲ႔ခါ တိုက္ဘူးတယ္ကြဆိုၿပီးယာဥ္တိုက္မူျပစ္မူကိုေတာင္ ဂုဏ္ယူစြာနဲ႔ ေျပာဆိုေနၾကတဲ့အထိ မာနႀကီးၾကပါတယ္.။
ယာဥ္တိုက္မူကို ေနာင္မျဖစ္ေအာင္ဂ႐ုစိုက္မယ္ဆိုတာထက္ ဂုဏ္ယူမူက ျမန္မာျပည္ရဲ႕ ယာဥ္တိုက္မူကို တိုးပြားေစတဲ့ အခ်က္တခ်က္ပါပဲ.။
ဂ်ပန္ျပည္မွာဆို ဌာနဆိုင္ရာ တခုခုမွာျပသာနာျဖစ္ၿပီဆိုတာနဲ႔ သက္ဆိုင္ရာ အႀကီးအကဲက အမ်ားေရွ႕မွာဝန္ခ်ေတာင္းပန္ၿပီးတာဝန္ခံ အလုပ္ထြက္ျပၾကေပမဲ့ျမန္မာျပည္မွာေတာ့ ေတာင္းပန္တာမ်ိဳး တခါမွ မရွိခဲ့ေအာင္ မာနႀကီးခဲ့ၾကပါတယ္.။
ေနာက္တခ်က္က ဌာနဆိုင္ရာ အခ်င္းခ်င္းကလည္း အၿပိဳင္အဆိုင္မာနႀကီးၾကတဲ့ အခ် က္အလက္အျဖစ့္ေျပာျပတာကေတာ့လမ္းမေပၚကို ေရာက္ေနတဲ့ ဓာတ္တိုင္ႀကီးမ်ားျဖစ္ပါတ ယ္. လမ္းတံတားက လမ္းခင္းတာေတြ လမ္းခ်ဲ႕တာေတြ လုပ္ၾကပါတယ္.လမ္းေတြခ်ဲ႕ေတာ့ မူလဓာတ္တိုင္ေတြက လမ္းမေပၚေရာက္ကုန္ပါတယ္,။
တကယ္တန္းက်ေတာ့ လမ္းခ်ဲ႕ဖို႔စီစဥ္ခ်ိန္မွာ လမ္းတံတားနဲ႔ လွ်ပ္စစ္ဌာန ေရဌာနတို႔က အျပန္အလွန္ ခ်ိတ္ဆက္ၿပီး သတင္းဖလွယ္ၿပီးလုပ္ၾကမယ္ဆိုရင္ ပိုမိုေကာင္းမြန္တဲ့ အစီအစဥ္ကို ပူးေပါင္းေဆာင္႐ြက္ၾကမယ္ဆိုရင္ ေကာင္းမြန္ၿပီးေငြအကုန္အက်လည္းနည္းၿပီး တခါတည္း ကိစၥျပတ္ေဆာင္႐ြက္လို႔ရေပမဲ့ ဌာနဆိုင္ရာေတြကလည္း မာနႀကီးၾကၿပီးအေမးအျမန္းအေခၚ အေျပ ာနည္းၾကေတာ့ တစ္ဌာနကလုပ္သြားၿပီး တစ္ဌာနက က်န္ေနတဲ့ျပသာနေတြက ေနရာအႏွံ႔မွာ ေတြ႕ေနရတာကလည္းမာနႀကီးၾကလို႔ မဟုတ္ဘူးလား?
ငါမွန္တယ္ ငါ့ပစၥည္း ငါ့အာဏာ ငါ့လူဆိုတဲ့ “ငါ့မာန”ေတြကို ေလ်ာ့ၾကဖို႔လိုပါၿပီ.။
credit