သား ရော့””ဒီဓားလေး သွားသွေးလိုက်အုံး””သေချာထက်နေအောင်သွေးနော်””ဟုတ်ဖေဖေ”ငါ့အဖေကလဲ ဒီအရိုးမပါတဲ့ ဓားကို ဘာလို့သွေးခိုင်းတာပါလိမ့် သုံးမှမရတဲ့ဟာကိုဓားအသစ်တွေရှိနေရဲ့သားနဲ့”ဖေဖေ ဓားသွေးပြီးပြီ””တော်တော်လေး ထက်နေအောင် သားသွေး လိုက်တယ်”
”သွေးပြီးရင် အ နောက်တောမှာ သွားပြီး ထင်းခုတ်လာခဲ့..””ဒီဓားနဲ့လား ဖေဖေ””အေး သားအခုသွေးယူခဲ့တဲ့ ဓားနဲ့ပဲ”ဖေဖေ့ကို ကြောက်ပြီး မပြောရဲလို့သာ အရိုး မပါတဲ့ဓားနဲ့ ဘယ်လိုလုပ် ထင်းအများကြီးခုတ်နိုင်ပါ့မလဲ.?အဲဒီ ဓားကို သေချာလေး ကိုင်ပြီး တောထဲကို သွားရပါတော့တယ်။
တစ်နေသာ ကုန်သွားတယ် ထင်းအများကြီး မရခဲ့ဘူး လက်တွေလဲ ပေါက်ပြဲကုန်တယ်။ညနေစောင်းတော့ထင်းစည်းလေးထမ်းလာပြီး အိမ်ထဲဝင်လာတဲ့ ခြေလှမ်းတွေက ခါတိုင်းလို တက်ကြွမနေခဲ့ဘူး။ ဖေဖေဆူမှာလဲစိုးတယ်လေ။”သား..””ပြန်လာပြီလား” “ဟုတ် ဖေဖေ””ငါ့သား ထင်းကလဲ နည်းနည်းလေးပါလား”
”ဓားက အရိုးမပါတော့ ခုတ်ရတာ သိပ်ပြီး မတွင်ကျယ်ဘူး ဖေဖေ၊ သားလက်တွေလဲ ပေါက်ပြဲကုန်ပြီ””ဖေဖေ့ဆီလာခဲ့ပါအုံး သား””သားလက်ကို ပြ” ဖေဖေ မဆူလို့ နေရတာ အဆင်ပြေနေပေမယ့်
စဉ်းစားမရတာက ဖေဖေဘာလို့ ဒီဓားနဲ့ ထင်းခုတ်ခိုင်းလဲ ဆိုတာကိုပါ”ဖေဖေ””ဟေ သား””ဖေဖေ့မှာ ဓားအသစ်တွေရှိရဲ့သားနဲ့ ဘာလို့ တုံးနေတဲ့ဓားကိုသွေးခိုင်းပြီး ထင်းခုတ်ခိုင်းရတာလဲ ဖေဖေ ပြီးတော့ ဓားရိုးလဲမပါဘူး”
”ဖေဖေ သားကို တမင်ခိုင်းလိုက်တာသား””သားလက်တော်တော် နာနေမှာပဲ””လာလာ ဖေဖေ ဆေးလိမ်းပေးမယ်”ပေါက်ပြဲနေတဲ့လက်ကလေးကို ဆေးလိမ်းပေးနေတဲ့ ဖေဖေ့ဆီကနေ..
”ဖေဖေ ပြောပြမယ် သေချာမှတ်ထားနော် သား..””သားကို ဖေဖေ အရိုးမပါတဲ့ ဓားကို ထက်နေအောင် သွေးခိုင်းတယ်””ပြီးတော့ ထင်းခုတ်ခိုင်း လိုက်တယ်” “သား လိုချင်တဲ့ ထင်းပမာဏရလား သား?”
“မရဘူး ဖေဖေ””ဘယ်လိုကြောင့်လဲ သား?””ဓားကသာ ထက်နေတာ ဖေဖေ၊ သားခုတ်ချင်တဲ့ ထင်းကို လွယ်လွယ်နဲ့ ခုတ်လှဲလို့ မရဘူး””ပြီးတော့လဲ အရိုးမပါတော့ ထိန်းရတာ မလွယ်ဘူး။
အဲဒါကြောင့် နည်းနည်းပဲ ရခဲ့တာ ဖေဖေ လက်တွေလဲနာတယ်””အဲဒါကိုတော့ သားသိတယ်နော်””ဟုတ်ဖေဖေ””ခု ဖေဖေ့သားက ပညာတတ်ကြီးဖြစ်ပြီး ဘွဲ့တွေရပြီ အတတ်ပညာတွေလဲ ရနေပြီ””ဒါပေမယ့် သား””သားတို့ရခဲ့တဲ့ ဘွဲ့တွေ အတတ်ပညာတွေဆိုတာက တုံးနေတဲ့ဓားကိုဓားသွေးကျောက်ပေါ်မှာ တင်ပြီး ထက်နေအောင် သွေးတာနဲ့ တူတယ်သား”
”အဲဒါမှ သားလုပ်ချင်တဲ့အလုပ် သားလျှောက်ချင်တဲ့လမ်း အဆင်ပြေပြေသွားနိုင်မှာပေါ့””အဲလိုသွားနိုင်ဖို့အတွက်ကလဲ သားကျောင်းမှာ သင်ယူခဲ့တဲ့ အ သိ ပညာ အတတ်ပညာတွေကို
လူတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အကျင့်သိက္ခာ ကိုယ်ကျင့်တရားဆိုတဲ့ ဓားရိုးလေးနဲ့ ထိန်းသိမ်းထားနိုင်မှ သား ဘဝ သာယာလှပပြီး အောင်မြင်တဲ့သူ ဖြစ်လာမယ်သား””ဖေဖေ ပြောတာ သား သဘောပေါက်လား”
”ဟုတ် ဖေဖေ””အဲလိုမဟုတ်ပဲနဲ့ သားမှာရှိတဲ့ပညာကို ကိုယ်ပဲသိတယ် ကိုယ်ပဲတတ်တယ်ဆိုတဲ့ အတွေးနဲ့ မာနတွေထောင်လွှားနေရင်လည်း ကိုယ်ချင်းစာတဲ့စိတ်ဆိုတာ ရှိမနေနိုင်တော့ဘူးသား”
”ကိုယ်ကျင့်တရား အကျင့်သိက္ခာဆိုတာတွေလဲ ပျက်ပြယ်သွားနိုင်တယ်””ဓားရိုးမတတ်ပဲ ထားလိုက်တဲ့ ဓားလိုပဲ သား လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ခဲယဉ်း သွားမယ် သား”
”သားလက်မှာ ဒဏ်ရာရသလို သားဘဝပါ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဖြစ်သွားလိမ့်မယ်””ဖေဖေဆိုလိုတာက မာန မထားနဲ့ ပြောတာ မဟုတ်ဘူး”
”မာနတော့ ထားပါသား””အဲဒီမာနက သူများကို ဒုက္ခပေးဖို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ဖြစ်နေရမယ် သား””အဲဒါဆို ဖေဖေ ဒီဓားနဲ့ ဘာလို့ ထင်းခုတ်ခိုင်းလိုက်လဲ ဆိုတာ သား သိပြီလား”
”ဟုတ် ဖေဖေ””သားနားလည် သဘောပေါက်ပါပြီ””အေးအေး””သားလဲ ပင်ပန်းလာပြီ””ရေမိုးချိုးပြီး နားနေလိုက်အုံး””ဟုတ် ဖေဖေ”
လေးစားစွာဖြင့် Credit- သော်လင်းပိုင်
Zawgyi
သား ေရာ့””ဒီဓားေလး သြားေသြးလိုက္အုံး””ေသခ်ာထက္ေနေအာင္ေသြးေနာ္””ဟုတ္ေဖေဖ”ငါ့အေဖကလဲ ဒီအ႐ိုးမပါတဲ့ ဓားကို ဘာလို႔ေသြးခိုင္းတာပါလိမ့္ သုံးမွမရတဲ့ဟာကိုဓားအသစ္ေတြရွိေနရဲ႕သားနဲ႔”ေဖေဖ ဓားေသြးၿပီးၿပီ””ေတာ္ေတာ္ေလး ထက္ေနေအာင္ သားေသြး လိုက္တယ္”
”ေသြးၿပီးရင္ အ ေနာက္ေတာမွာ သြားၿပီး ထင္းခုတ္လာခဲ့..””ဒီဓားနဲ႔လား ေဖေဖ””ေအး သားအခုေသြးယူခဲ့တဲ့ ဓားနဲ႔ပဲ”ေဖေဖ့ကို ေၾကာက္ၿပီး မေျပာရဲလို႔သာ အ႐ိုး မပါတဲ့ဓားနဲ႔ ဘယ္လိုလုပ္ ထင္းအမ်ားႀကီးခုတ္ႏိုင္ပါ့မလဲ.?အဲဒီ ဓားကို ေသခ်ာေလး ကိုင္ၿပီး ေတာထဲကို သြားရပါေတာ့တယ္။
တစ္ေနသာ ကုန္သြားတယ္ ထင္းအမ်ားႀကီး မရခဲ့ဘူး လက္ေတြလဲ ေပါက္ၿပဲကုန္တယ္။ညေနေစာင္းေတာ့ထင္းစည္းေလးထမ္းလာၿပီး အိမ္ထဲဝင္လာတဲ့ ေျခလွမ္းေတြက ခါတိုင္းလို တက္ႂကြမေနခဲ့ဘူး။ ေဖေဖဆူမွာလဲစိုးတယ္ေလ။”သား..””ျပန္လာၿပီလား” “ဟုတ္ ေဖေဖ””ငါ့သား ထင္းကလဲ နည္းနည္းေလးပါလား”
”ဓားက အ႐ိုးမပါေတာ့ ခုတ္ရတာ သိပ္ၿပီး မတြင္က်ယ္ဘူး ေဖေဖ၊ သားလက္ေတြလဲ ေပါက္ၿပဲကုန္ၿပီ””ေဖေဖ့ဆီလာခဲ့ပါအုံး သား””သားလက္ကို ျပ” ေဖေဖ မဆူလို႔ ေနရတာ အဆင္ေျပေနေပမယ့္
စဥ္းစားမရတာက ေဖေဖဘာလို႔ ဒီဓားနဲ႔ ထင္းခုတ္ခိုင္းလဲ ဆိုတာကိုပါ”ေဖေဖ””ေဟ သား””ေဖေဖ့မွာ ဓားအသစ္ေတြရွိရဲ႕သားနဲ႔ ဘာလို႔ တုံးေနတဲ့ဓားကိုေသြးခိုင္းၿပီး ထင္းခုတ္ခိုင္းရတာလဲ ေဖေဖ ၿပီးေတာ့ ဓား႐ိုးလဲမပါဘူး”
”ေဖေဖ သားကို တမင္ခိုင္းလိုက္တာသား””သားလက္ေတာ္ေတာ္ နာေနမွာပဲ””လာလာ ေဖေဖ ေဆးလိမ္းေပးမယ္”ေပါက္ၿပဲေနတဲ့လက္ကေလးကို ေဆးလိမ္းေပးေနတဲ့ ေဖေဖ့ဆီကေန..
”ေဖေဖ ေျပာျပမယ္ ေသခ်ာမွတ္ထားေနာ္ သား..””သားကို ေဖေဖ အ႐ိုးမပါတဲ့ ဓားကို ထက္ေနေအာင္ ေသြးခိုင္းတယ္””ၿပီးေတာ့ ထင္းခုတ္ခိုင္း လိုက္တယ္” “သား လိုခ်င္တဲ့ ထင္းပမာဏရလား သား?”
“မရဘူး ေဖေဖ””ဘယ္လိုေၾကာင့္လဲ သား?””ဓားကသာ ထက္ေနတာ ေဖေဖ၊ သားခုတ္ခ်င္တဲ့ ထင္းကို လြယ္လြယ္နဲ႔ ခုတ္လွဲလို႔ မရဘူး””ၿပီးေတာ့လဲ အ႐ိုးမပါေတာ့ ထိန္းရတာ မလြယ္ဘူး။
အဲဒါေၾကာင့္ နည္းနည္းပဲ ရခဲ့တာ ေဖေဖ လက္ေတြလဲနာတယ္””အဲဒါကိုေတာ့ သားသိတယ္ေနာ္””ဟုတ္ေဖေဖ””ခု ေဖေဖ့သားက ပညာတတ္ႀကီးျဖစ္ၿပီး ဘြဲ႕ေတြရၿပီ အတတ္ပညာေတြလဲ ရေနၿပီ””ဒါေပမယ့္ သား””သားတို႔ရခဲ့တဲ့ ဘြဲ႕ေတြ အတတ္ပညာေတြဆိုတာက တုံးေနတဲ့ဓားကိုဓားေသြးေက်ာက္ေပၚမွာ တင္ၿပီး ထက္ေနေအာင္ ေသြးတာနဲ႔ တူတယ္သား”
”အဲဒါမွ သားလုပ္ခ်င္တဲ့အလုပ္ သားေလွ်ာက္ခ်င္တဲ့လမ္း အဆင္ေျပေျပသြားႏိုင္မွာေပါ့””အဲလိုသြားႏိုင္ဖို႔အတြက္ကလဲ သားေက်ာင္းမွာ သင္ယူခဲ့တဲ့ အ သိ ပညာ အတတ္ပညာေတြကို
လူတစ္ေယာက္မွာ ရွိသင့္ ရွိထိုက္တဲ့ အက်င့္သိကၡာ ကိုယ္က်င့္တရားဆိုတဲ့ ဓား႐ိုးေလးနဲ႔ ထိန္းသိမ္းထားႏိုင္မွ သား ဘဝ သာယာလွပၿပီး ေအာင္ျမင္တဲ့သူ ျဖစ္လာမယ္သား””ေဖေဖ ေျပာတာ သား သေဘာေပါက္လား”
”ဟုတ္ ေဖေဖ””အဲလိုမဟုတ္ပဲနဲ႔ သားမွာရွိတဲ့ပညာကို ကိုယ္ပဲသိတယ္ ကိုယ္ပဲတတ္တယ္ဆိုတဲ့ အေတြးနဲ႔ မာနေတြေထာင္လႊားေနရင္လည္း ကိုယ္ခ်င္းစာတဲ့စိတ္ဆိုတာ ရွိမေနႏိုင္ေတာ့ဘူးသား”
”ကိုယ္က်င့္တရား အက်င့္သိကၡာဆိုတာေတြလဲ ပ်က္ျပယ္သြားႏိုင္တယ္””ဓား႐ိုးမတတ္ပဲ ထားလိုက္တဲ့ ဓားလိုပဲ သား လိုခ်င္တဲ့ ပန္းတိုင္ေရာက္ဖို႔ခဲယဥ္း သြားမယ္ သား”
”သားလက္မွာ ဒဏ္ရာရသလို သားဘဝပါ ဒဏ္ရာ ဒဏ္ခ်က္ေတြနဲ႔ ျဖစ္သြားလိမ့္မယ္””ေဖေဖဆိုလိုတာက မာန မထားနဲ႔ ေျပာတာ မဟုတ္ဘူး”
”မာနေတာ့ ထားပါသား””အဲဒီမာနက သူမ်ားကို ဒုကၡေပးဖို႔ မဟုတ္ဘူး၊ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ပဲ ျဖစ္ေနရမယ္ သား””အဲဒါဆို ေဖေဖ ဒီဓားနဲ႔ ဘာလို႔ ထင္းခုတ္ခိုင္းလိုက္လဲ ဆိုတာ သား သိၿပီလား”
”ဟုတ္ ေဖေဖ””သားနားလည္ သေဘာေပါက္ပါၿပီ””ေအးေအး””သားလဲ ပင္ပန္းလာၿပီ””ေရမိုးခ်ိဳးၿပီး နားေနလိုက္အုံး””ဟုတ္ ေဖေဖ”
ေလးစားစြာျဖင့္ Credit- ေသာ္လင္းပိုင္