သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။
မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။
ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။
ညီမလေးရေ….
ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါမုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ…..
ညီမလေးရေ….
ယောကျ်ားဆိုတာဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်နန်းကျဘုရင်ပဲဖြစ်ဖြစ်မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာေ ကြာင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်အပြောချိုတဲ့ အအိုချောကြောင့်
ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..။
ညီမလေးရေ….
ရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့ လိုက်မတိုင်းလေနဲ့ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကားအဆိုသာ ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေသဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာနစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။
ညီမလေးရေ…
သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ အရက်ချက်ရင်သုံးနေကြပြီချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်တို့ချစ်လှပါတယ်ဆိုတဲ့ ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေးဘုရားဟောတဲ့ သစ္စာလေးချက်တောင်တို့ပုထုဇဉ်လောကမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေအမှားတစ်ရန်ကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့လောကမှာသစ္စာဆိုတာ ပန်းနာမည်သက်သက်ဖြစ်နေပြီ ညီမလေးရေ..။
ညီမလေးရေ…..
အယ်ဒီဆင်ရဲ့၉၉ခေါက်သော ကျရှုံုးခန်းဘယ်စာတမ်းမှာမှ မပါဘူးရိုက်ညီနောင်ရဲ့လေယာဉ်ပျက်ကျခန်းဘယ်စာတမ်းမှာမှ မပါဘူးဘုန်းရောင်ဖွဲ့တွေနဲ့ ယဉ်ပါးလာတဲ့ စာပေလောကမှာချီးတုံးကို တန်ဆာဆင်သလိုဖြစ်လို့ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေဖတ်ပါ မှတ်ပါ လေ့လာပါအစွန်းတဘဘက်တော့ မရောက်စေနဲ့စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့ဒါပေမယ့် အသုံးမတတ်ရင် မီးခွက်ဟာမြို.ပျက်သွားစေနိုင်တယ် ညီမလေး။
ညီမလေးရေ…….
မြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင်ပွင့်လင်းရိုးသားတယ်ဆိုတာတို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမှာ ချန်ခဲ့တော့ဖြောင့်မတ်ခြင်းကို ဂွကျတယ်လို့ဆိုသူတွေက
ကောက်တဲ့လက် ဆန်ပိုရသတဲ့လေမျှတခြင်းတွေက ဟာသဆန်သွားပြီမြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့သတိထား ညီမလေးရေခုခေတ်က လှည်းလမ်းလည်း ကားမောင်းချင်မောင်းတယ်ကားလမ်းပေါ်လည်း လှည်းမောင်းချင်မောင်းတယ်မူဆိုတာ ခင်မင်သူတွေအတွက် ပြောင်းလဲလို့ရတဲ့ခေတ်တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှဖြစ်မယ်ရေမကြည်၊မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆိုခဏခဏ မငိုမိအောင် ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။
သစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူးကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူးညီမလေးရေ…..ပန်းပုတစ်ရုပ်လှဖို့ဆိုတာထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်မြဲလေလဲလို့သာ ပြန်မထကြရင်လူဆိုတာ တွားသွားသတ္တဝါဖြစ်တော့မပေါ့အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိပါတယ်ညဘယ်လောက်နက်နက် မနက်ဆိုနေထွက်မှာမို့မနက်ဖြန်အတွက် နိူးစက်ကို အချက်ပေးထားပါအတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာသာမို့ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါကောင်းသော မနက်ခင်းဖြစ်ပါစေ
ညီမလေးရေ…..
ရူးရင်လဲ ထမင်းလွတ်အောင်ရူးဒါမှ အချိန်တန်ရင်ထူးမှာအကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့လမ်းမပျောက်စေနဲ့ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့ခရေသီမလား စံပါယ်သီမလားတစ်မျိုးချင်းသီမှ ရောင်းပန်းမည်တယ်လေလွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူးအချိန်တစ်ခုတော့ ရင်းရမှာပေါ့မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲ
ညီမလေးရေ….
လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တင်တော့ရုပ်လေးလှတာ လူမြင်တာပေါ့ဖြူစင်တဲ့စိတ်ထားလေးလည်းမွေးပါပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့ အတိတ်ရှိအောင်ပေါ့နိမိတ်၊တဘောင်ဆိုတာတွေ သိပ်မယုံနဲ့ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်ယတြာကောင်းစရာမလိုပါဘူးတရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ…။
share from:Velane
Zawgyi
သတိထား ညီမေလးအေရခြံဘယ္ေလာက္လဲလဲေႁမြဆိုတာ တီျဖစ္မသြားဘူးေျပာင္းလဲတဲ့ေလာကႀကီးမွာ လိုက္ဖက္ညီေအာင္အေရာင္ေျပာင္းေနရင္ ပုတ္သင္ညိဳသာသာျဖစ္ေတာ့မေပါ့ပတၱျမားမွန္တယ္ဆိုတိုင္း ႏြံထဲဝင္မႈိင္ျပစရာလားကြယ္ေျခေဆးမခံရေအာင္ အိုင္ထဲထိုင္မယ့္အစားေရသန႔္လို႔တံဆိပ္ကပ္ႏိုင္ရင္ တန္ဘိုးတက္လာပါလိမ့္မယ္အိမ္နဲ႔ေဝးတိုင္းလဲ….အားမငယ္စိတ္မပ်က္နဲ႔အေမာေျပေရတစ္ခြက္ အိမ္ေျပးေလးအတြက္တဲ့အေမ ေန႔တိုင္းခပ္ထားတယ္။
မမွားဘူး ညီမေလးစဥ္းစားရတယ္ဆိုတာမိန္းကေလးတိုင္းရဲ႕ သမိုင္းေပးတာဝန္အ႐ိုးဆို ၾကည့္ေရွာင္ရမယ္ေလကိုယ္က ခဏတာဝါးမယ့္သြားမဟုတ္ဘူးစကားခလုတ္ေတြ ဘယ္ေလာက္တိုက္တိုက္ကိုယ့္ကိုယ္ကို မထိခိုက္ဖို႔က ပိုအေရးႀကီးတယ္တကယ္ေတာ့ ဟင္းေၾကးမ်ားတယ္ဆိုတာအစားေကာင္းစားရတဲ့သူေတြကို သမုတ္တဲ့ အမည္သက္သက္ပါ။
ခ်စ္တာေတာ့ ခ်စ္ပါ ညီမေလးျပန္ျပင္လို႔မရတဲ့ အခြင့္အေရးေတာ့ မေပးမိပါေစနဲ႔ဘဝနဲ႔ရင္းတဲ့လက္ေရးအတြက္ ဖ်က္ေဆးမရွိဘူးဘဝရဲ႕အစိတ္အပိုင္းေလးတစ္ခုအတြက္ စိတ္႐ိုင္းမေမြးမိပါေစနဲ႔မွတ္ပုံတင္ထဲျပန္ၾကည့္ပါ ညီမေလးကိုးကြယ္စရာမွာ အခ်စ္ မဟုတ္ဘူးေလ။
ညီမေလးေရ….
ခ်စ္ဦးသူနဲ႔ ရတယ္ဆိုတာတို႔အိမ္ေဘးက ႏွင္းဆီေလာက္သာရွိၿပီးအခ်စ္ဦးနဲ႔ လြဲဖူးသူဟာအိမ္ေရွ.က ခရပြင့္ေတြေႂကြသေလာက္ရွိတယ္အသဲကြဲတယ္ဆိုၿပီး ဘီယာေသာက္ေလာကႀကီးကို ေမွာက္ပစ္တတ္တာပညာမဲ့သူေတြ သက္သက္ေပးတဲ့ဆင္ေျခတစ္ခုပါမုန္တိုင္းထဲမွာလဲ ေအာက္ဆီဂ်င္ပါပါတယ္ေလနည္းတယ္အထင္နဲ႔ ႐ြက္ကိုေတာ့ျပင္းျပင္းမလြင့္လိုက္ပါနဲ႔တည္ၿငိမ္ျခင္းဆိုတာ မိန္းကေလးအိေျႏၵေလတန္ဘိုးသိတဲ့သူက တန္ဘိုးထားလာပါလိမ့္မယ္ကိုယ္ကသာ ရတနာတစ္ပါးျဖစ္ပါေစ ညီမေလးေရ…..
ညီမေလးေရ….
ေယာက်္ားဆိုတာဧကရာဇ္ဘုရင္ပဲျဖစ္ျဖစ္နန္းက်ဘုရင္ပဲျဖစ္ျဖစ္ေျမႇာက္စားတာ ခံခ်င္ၾကတယ္က်ားႀကီးရဲ႕ဆရာျဖစ္ဖို႔ဆိုတာေ ၾကာင္တစ္ေကာင္လို ညင္သာတတ္မွျဖစ္မယ္ကမာၻေက်ာ္တဲ့ စစ္သူရဲတစ္ေယာက္ေတာင္အေျပာခ်ိဳတဲ့ အအိုေခ်ာေၾကာင့္
ကမာၻတစ္ဝက္ကို တက္သိမ္းဖူးတယ္ေလေလယူရာတိမ္းတတ္တဲ့ ပန္းပင္ဟာဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္မက်ိဳးဘူးပုခက္လြဲေသာလက္ဟာ ကမာၻကို အုပ္စိုးႏိုင္တယ္ဆိုတဲ့ေနာက္မွာခ်ိဳေသာ စကားေျပာတတ္တဲ့ ႏႈတ္ခမ္းတစ္စုံလိုတယ္ ညီမေလး..။
ညီမေလးေရ….
ရင္ေဘာင္တန္းတယ္ဆိုတိုင္းေျခရာေတာ့ လိုက္မတိုင္းေလနဲ႔ေၾကာင္ဘယ္ေလာက္ေျခရာႀကီးႀကီးက်ားႀကီးကိုေတာ့ ဘယ္မွီမလဲအသားစားသတၱဝါခ်င္းတူေပမယ့္စကားအဆိုသာ ေၾကာင္က ဆရာျဖစ္တာက်ားဆိုတာ ေၾကာင္သားလဲ စားခ်င္စားမွာေလသဘာဝေဘးဆိုတာ သဘာဝေတြ ဆန႔္က်င့္လို႔ျဖစ္ရတာနစ္နာျခင္းမရွိရေအာင္ ေဘာင္အတြင္းကသာ မိန္းမဆန္ပါ ညီမေလးေရ…..။
ညီမေလးေရ…
သစၥာမွန္ရင္ ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္တယ္တဲ့ခုေခတ္မွာေတာ့ ႏြယ္ျမက္သစ္ပင္ဟာ အရက္ခ်က္ရင္သုံးေနၾကၿပီခ်စ္သူကို လြမ္းေၾကာင္းစာဖြဲ႕ေကာင္းတဲ့နတ္သွ်င္ေနာင္ရဲ႕ေဖာက္ျပားမႈ ဖြက္ထားတဲ့ သမိုင္းၾကားမွာရွိေသးတယ္တို႔ခ်စ္လွပါတယ္ဆိုတဲ့ ဧရာဝတီေတာင္ တခ်ိန္တခါက သစၥာေဖာက္ခဲ့ဖူးတယ္စာမ်ားမ်ားဖတ္ၿပီး ေဝဖန္ဆုံးျဖတ္ႏိုင္ပါေစ ညီမေလးဘုရားေဟာတဲ့ သစၥာေလးခ်က္ေတာင္တို႔ပုထုဇဥ္ေလာကမွာ ဒုကၡသစၥာနဲ႔ သမုဒယသစၥာပဲ စြဲၿမဲေနတယ္ေလအမွားတစ္ရန္ကို တစ္ဘက္စီယူၿပီး အမွန္တရားလုပ္ေနတဲ့ေလာကမွာသစၥာဆိုတာ ပန္းနာမည္သက္သက္ျဖစ္ေနၿပီ ညီမေလးေရ..။
ညီမေလးေရ…..
အယ္ဒီဆင္ရဲ႕၉၉ေခါက္ေသာ က်ရႈံုးခန္းဘယ္စာတမ္းမွာမွ မပါဘူး႐ိုက္ညီေနာင္ရဲ႕ေလယာဥ္ပ်က္က်ခန္းဘယ္စာတမ္းမွာမွ မပါဘူးဘုန္းေရာင္ဖြဲ႕ေတြနဲ႔ ယဥ္ပါးလာတဲ့ စာေပေလာကမွာခ်ီးတုံးကို တန္ဆာဆင္သလိုျဖစ္လို႔က်ရႈံးခန္းဆိုတာ ေရာင္းတန္းမဝင္ဘူးေလဖတ္ပါ မွတ္ပါ ေလ့လာပါအစြန္းတဘဘက္ေတာ့ မေရာက္ေစနဲ႔စာေပဆိုတာ လူဘဝအတြက္ အလင္းစက္တစ္ခုေပါ့ဒါေပမယ့္ အသုံးမတတ္ရင္ မီးခြက္ဟာၿမိဳ.ပ်က္သြားေစႏိုင္တယ္ ညီမေလး။
ညီမေလးေရ…….
ၿမိဳ႕ႀကီးျပႀကီးမွာ အသက္ေမြးမယ္ဆိုရင္ပြင့္လင္း႐ိုးသားတယ္ဆိုတာတို႔ဘိုးဘြားေတြရဲ႕ ႐ိုးရာပုံျပင္ထဲမွာ ခ်န္ခဲ့ေတာ့ေျဖာင့္မတ္ျခင္းကို ဂြက်တယ္လို႔ဆိုသူေတြက
ေကာက္တဲ့လက္ ဆန္ပိုရသတဲ့ေလမွ်တျခင္းေတြက ဟာသဆန္သြားၿပီၿမိဳ႕ျပအမွန္တရားက သာသူစားစတမ္းတဲ့သတိထား ညီမေလးေရခုေခတ္က လွည္းလမ္းလည္း ကားေမာင္းခ်င္ေမာင္းတယ္ကားလမ္းေပၚလည္း လွည္းေမာင္းခ်င္ေမာင္းတယ္မူဆိုတာ ခင္မင္သူေတြအတြက္ ေျပာင္းလဲလို႔ရတဲ့ေခတ္တို႔သိတဲ့ ကိုယ္က်င့္တရားေတြ အေတာ္ေခါင္းပါးမွျဖစ္မယ္ေရမၾကည္၊ျမက္မႏုေတာ့တဲ့ အဲ့ဒီၿမိဳ႕ျပသြားမယ္ဆိုခဏခဏ မငိုမိေအာင္ ဟန္ေဆာင္ၿပဳံးေတြ အလုံးအရင္းသာယူသြား ညီမေလး။
သစ္႐ြက္ေတြေႂကြ႐ုံနဲ႔ေတာ့သစ္ပင္ႀကီးမေသပါဘူးၾကယ္ေလးေတြေႂကြ႐ုံနဲ႔လည္းေကာင္းကင္ႀကီးမေသပါဘူးညီမေလးေရ…..ပန္းပုတစ္႐ုပ္လွဖို႔ဆိုတာထြင္းထုတ္လိုက္ရတဲ့ အသားေတြရွိတတ္ၿမဲေလလဲလို႔သာ ျပန္မထၾကရင္လူဆိုတာ တြားသြားသတၱဝါျဖစ္ေတာ့မေပါ့အားမေလ်ာ့ပါနဲ႔…သြားတဲ့သူအတြက္ လမ္းရွိပါတယ္ညဘယ္ေလာက္နက္နက္ မနက္ဆိုေနထြက္မွာမို႔မနက္ျဖန္အတြက္ ႏိူးစက္ကို အခ်က္ေပးထားပါအတိတ္ဆိုတာ ခ်ခင္းထားတဲ့ေကာ္ေဇာတစ္ခ်ပ္သာသာမို႔ခပ္နာနာတစ္ခ်က္နင္းၿပီး အနာဂတ္ကို စိတ္နဲ႔ပစ္ခြင္းလိုက္ပါေကာင္းေသာ မနက္ခင္းျဖစ္ပါေစ
ညီမေလးေရ…..
႐ူးရင္လဲ ထမင္းလြတ္ေအာင္႐ူးဒါမွ အခ်ိန္တန္ရင္ထူးမွာအကို႔လိုေတာ့ ဟိုမေရာက္ဒီမေရာက္နဲ႔လမ္းမေပ်ာက္ေစနဲ႔ငယ္ငယ္က တို႔ေတြ ပန္းေကာက္သလိုေပါ့ခေရသီမလား စံပါယ္သီမလားတစ္မ်ိဳးခ်င္းသီမွ ေရာင္းပန္းမည္တယ္ေလလြယ္လြယ္နဲ႔ေတာ့ စံပါယ္မပြင့္ဘူးအခ်ိန္တစ္ခုေတာ့ ရင္းရမွာေပါ့မဟုတ္ရင္ ကိုးမရွိတဲ့ နဝင္းလို အခ်င္းဘယ္လွပါ့မလဲ
ညီမေလးေရ….
လက္ႏွစ္ေခ်ာင္းေထာင္ၿပီး ဓါတ္ပုံ႐ိုက္တင္ေတာ့႐ုပ္ေလးလွတာ လူျမင္တာေပါ့ျဖဴစင္တဲ့စိတ္ထားေလးလည္းေမြးပါျပန္ေတြးတိုင္း လက္မေထာင္ႏိုင္တဲ့ အတိတ္ရွိေအာင္ေပါ့နိမိတ္၊တေဘာင္ဆိုတာေတြ သိပ္မယုံနဲ႔ႀကဳံသမွ် ဒုကၡမွာ အေၾကာင္းရွိတယ္ယၾတာေကာင္းစရာမလိုပါဘူးတရားဓမၼေတြသာ ရင္ထဲကိန္းေအာင္းေနပါေစ ညီမေလးေရ…။
share from:Velane