ကျောင်းမှာ စာညံ့ခဲ့တဲ့သူတွေ လက်တွေ့ဘဝမှာ ပိုအောင်မြင်တတ်တဲ့ အကြောင်းရင်း (၇) ချက်
ကျောင်းမှာ စာတော်ရဲ့သားနဲ့ လက်တွေ့ဘဝမှာ ထင်သလောက် ဖြစ်မလာခဲ့တဲ့သူတွေ။ ကျောင်းမှာတုန်းက စာညံ့ပြီး တကယ့်လူမှုဘဝထဲရောက်မှာ ထိပ်တန်းအောင်မြင်တဲ့သူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ ကျောင်းစာမှာ အားနည်းရဲ့သားနဲ့ ဘဝမှာ ဘာလို့အောင်မြင်တတ်သလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ သူတို့ဆီမှာ စာတော်တဲ့သူတွေ၊ သာမန်သူတွေထက် အားသာချက်တစ်ချို့ကို တွေ့ရပါတယ်။
၁။ သူတို့ ဘာလုပ်ရမလဲဆိုတာကို စောစောစီးစီးသိတယ်။ မယုံမရှိပါနဲ့။ ကျောင်းမှာ စာတော်တဲ့သူတွေ၊ သာမန်သူတွေဟာ ကျောင်းစာမှာပဲ နပန်းလုံးနေလေ့ရှိပါတယ်။ တော်တဲ့သူက အဆင့် ၁ ရအောင်၊ သာမန်လူက စာမေးပွဲအောင်ဖို့နဲ့ အမှတ်ကောင်းအောင် ကြိုးစားနေချိန်မှာ စာမလိုက်နိုင်တဲ့သူတွေရဲ့အာရုံမှာ ကျောင်းစာထက်စာရင် အပြင်ကိစ္စတွေ၊ ဗဟုသုတတွေကို စိတ်ဝင်စားနေလေ့ရှိပါတယ်။ ဒါကြောင့် ဘဝမှာ ဘာဖြစ်ချင်လဲ၊ သူတို့ရဲ့ ကျွမ်းကျင်မှုဟာ ဘာလဲဆိုတာကို သူများတွေထက် စောစောစီးစီး သိလေ့ရှိပါတယ်။ (ဥပမာ- လျှပ်စစ်နဲ့ ပါတ်သက်ပြီး စိတ်ဝင်စားတာတို့၊ ဂီတတွေ၊ ပန်းချီတွေကို ဝါသနာပါတာတို့)
၂။ သူတို့ဟာ ကျောင်းနေအရွယ်ကတည်းက အတွေ့အကြုံများတယ်။ စာတော်တဲ့သူတွေက ကျောင်းကနေ ကျူရှင်၊ ကျူရှင်ကနေ Guide၊ Guide ကနေ စာကြည့်စားပွဲကို ကူးချီသန်းချီလုပ်နေချိန်မှာ သူတို့ကတော့ အားလပ်ချိန် များစွာရနေပါတယ်။ စာတော်တဲ့သူတွေက စာကလွဲပြီး ဘာမှမသိတဲ့အချိန်မှာ သူတို့က ကိစ္စပေါင်းများစွာကို လေ့လာသင်ယူပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေဟာ ဘဝကိုတကယ်တမ်း လျှောက်လှမ်းရပြီဆိုတဲ့အချိန်မှာ သူတို့အတွက် အားသာချက်တွေ ဖြစ်လာပါတော့တယ်။
၃။ လူဝင်ဆန့်တယ်။ သူတို့ဟာ အပေါင်းအသင်းတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲဆိုတာ သိပါတယ်။ အပေါင်းအသင်းလည်း များပါတယ်။ လူတွေနဲ့ အသားကျစွာ နေတတ်တဲ့အကျင့်က စာမှစာပဲသိတဲ့ လူတော်တွေထက်စာရင် အများကြီး သာသွားပါပြီ။
၄။ ဘဝကို နေပျော်အောင် နေတယ်။ စာတွေကျက်ရင်း ဖိစီးမှုတွေနဲ့ ရှင်သန်နေရတဲ့အခါ ကိုယ့်အတွေးတွေလည်း ပိတ်လှောင်နေတတ်ပါတယ်။ သူတို့ကတော့ စာမေးပွဲရလဒ်တွေထက်စာရင် စိတ်ကိုပေါ့ပါးစွာ နေလေ့ရှိပါတယ်။ လွတ်လပ်စွာနဲ့ စိတ်ကူးတွေလည်း ယဉ်တတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ ကျောင်းကအမှတ်တွေထက် ဘဝမှာ ဘယ်အရာတွေကို အဓိကကျလဲဆိုတာကို စာတော်တဲ့သူတွေထက် ပိုပြီး စောစော နားလည်သဘောပေါက်ကြပါတယ်။
၅။ အလွယ်နည်းကို ရှာတတ်တယ်။ သူတို့ဟာ Theory တွေ၊ ပုံသေနည်းတွေနဲ့ ဘောင်ခတ်မနေဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်ပါတယ်။ ပြသနာတစ်ခုကို ဖြေရှင်းဖို့ အဓိကလိုအပ်တဲ့ အဖြေကိုရဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ဒါဟာ ဘဝအတွက် အသုံးဝင်မယ့် အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်သွားပါတယ်။
၆။ အိမ်မက်တွေနဲ့ ရှင်သန်တယ်။ စာတော်တဲ့သူတွေဟာ ဘဝမှာ ဘာဖြစ်ချင်လဲဆိုတာကို တွေးဖို့ထက်စာရင် အမှတ်ကောင်းတဲ့အခါ ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဆိုပြီး ဘဝကို အမှတ်နဲ့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ကတော့ သူတို့အားသာချက်၊ သူတို့ ဖြစ်ချင်စိတ်တွေပေါ်အခြေခံပြီး ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်ပါတယ်။ ဘဝကို အမှတ်နဲ့ သတ်မှတ်တဲ့သူနဲ့ ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်တဲ့သူတို့ ရေရှည်မှာ အောင်မြင်မှုချင်းလည်း ကွာဟလာတတ်ပါတယ်။
၇။ ဘယ်အချိန်မှာ ရုန်းကန်ရမလဲသိတယ်။ စာညံ့ဖူးတဲ့သူတိုင်းဟာ လူပျင်းတွေ မဟုတ်ပါဘူး။ သူတို့စိတ်မပါတဲ့ ကျောင်းစာမှာ အားနည်းတတ်ပေမယ့် သူတို့မှာ ဘဝနဲ့ပါတ်သက်ပြီး ပြင်းပြခဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။
ရွှေညာမောင် (Focus Youth E-magazine)
Zawgyi
ေက်ာင္းမွာ စာေတာ္ရဲ႕သားနဲ႔ လက္ေတြ႕ဘဝမွာ ထင္သေလာက္ ျဖစ္မလာခဲ့တဲ့သူေတြ။ ေက်ာင္းမွာတုန္းက စာညံ့ၿပီး တကယ့္လူမႈဘဝထဲေရာက္မွာ ထိပ္တန္းေအာင္ျမင္တဲ့သူေတြကို မၾကာခဏဆိုသလို ေတြ႕ရတတ္ပါတယ္။ ေက်ာင္းစာမွာ အားနည္းရဲ႕သားနဲ႔ ဘဝမွာ ဘာလို႔ေအာင္ျမင္တတ္သလဲဆိုတာကို ဆန္းစစ္ၾကည့္လိုက္ေတာ့ သူတို႔ဆီမွာ စာေတာ္တဲ့သူေတြ၊ သာမန္သူေတြထက္ အားသာခ်က္တစ္ခ်ိဳ႕ကို ေတြ႕ရပါတယ္။
၁။ သူတို႔ ဘာလုပ္ရမလဲဆိုတာကို ေစာေစာစီးစီးသိတယ္။ မယုံမရွိပါနဲ႔။ ေက်ာင္းမွာ စာေတာ္တဲ့သူေတြ၊ သာမန္သူေတြဟာ ေက်ာင္းစာမွာပဲ နပန္းလုံးေနေလ့ရွိပါတယ္။ ေတာ္တဲ့သူက အဆင့္ ၁ ရေအာင္၊ သာမန္လူက စာေမးပြဲေအာင္ဖို႔နဲ႔ အမွတ္ေကာင္းေအာင္ ႀကိဳးစားေနခ်ိန္မွာ စာမလိုက္ႏိုင္တဲ့သူေတြရဲ႕အာ႐ုံမွာ ေက်ာင္းစာထက္စာရင္ အျပင္ကိစၥေတြ၊ ဗဟုသုတေတြကို စိတ္ဝင္စားေနေလ့ရွိပါတယ္။ ဒါေၾကာင့္ ဘဝမွာ ဘာျဖစ္ခ်င္လဲ၊ သူတို႔ရဲ႕ ကြၽမ္းက်င္မႈဟာ ဘာလဲဆိုတာကို သူမ်ားေတြထက္ ေစာေစာစီးစီး သိေလ့ရွိပါတယ္။ (ဥပမာ- လွ်ပ္စစ္နဲ႔ ပါတ္သက္ၿပီး စိတ္ဝင္စားတာတို႔၊ ဂီတေတြ၊ ပန္းခ်ီေတြကို ဝါသနာပါတာတို႔)
၂။ သူတို႔ဟာ ေက်ာင္းေနအ႐ြယ္ကတည္းက အေတြ႕အႀကဳံမ်ားတယ္။ စာေတာ္တဲ့သူေတြက ေက်ာင္းကေန က်ဴရွင္၊ က်ဴရွင္ကေန Guide၊ Guide ကေန စာၾကည့္စားပြဲကို ကူးခ်ီသန္းခ်ီလုပ္ေနခ်ိန္မွာ သူတို႔ကေတာ့ အားလပ္ခ်ိန္ မ်ားစြာရေနပါတယ္။ စာေတာ္တဲ့သူေတြက စာကလြဲၿပီး ဘာမွမသိတဲ့အခ်ိန္မွာ သူတို႔က ကိစၥေပါင္းမ်ားစြာကို ေလ့လာသင္ယူၿပီးျဖစ္ေနပါလိမ့္မယ္။ ဒါေတြဟာ ဘဝကိုတကယ္တမ္း ေလွ်ာက္လွမ္းရၿပီဆိုတဲ့အခ်ိန္မွာ သူတို႔အတြက္ အားသာခ်က္ေတြ ျဖစ္လာပါေတာ့တယ္။
၃။ လူဝင္ဆန္႔တယ္။ သူတို႔ဟာ အေပါင္းအသင္းေတြနဲ႔ ဘယ္လိုေပါင္းသင္းရမလဲဆိုတာ သိပါတယ္။ အေပါင္းအသင္းလည္း မ်ားပါတယ္။ လူေတြနဲ႔ အသားက်စြာ ေနတတ္တဲ့အက်င့္က စာမွစာပဲသိတဲ့ လူေတာ္ေတြထက္စာရင္ အမ်ားႀကီး သာသြားပါၿပီ။
၄။ ဘဝကို ေနေပ်ာ္ေအာင္ ေနတယ္။ စာေတြက်က္ရင္း ဖိစီးမႈေတြနဲ႔ ရွင္သန္ေနရတဲ့အခါ ကိုယ့္အေတြးေတြလည္း ပိတ္ေလွာင္ေနတတ္ပါတယ္။ သူတို႔ကေတာ့ စာေမးပြဲရလဒ္ေတြထက္စာရင္ စိတ္ကိုေပါ့ပါးစြာ ေနေလ့ရွိပါတယ္။ လြတ္လပ္စြာနဲ႔ စိတ္ကူးေတြလည္း ယဥ္တတ္ပါတယ္။ ဒီလိုနဲ႔ ၾကာလာတဲ့အခါမွာ ေက်ာင္းကအမွတ္ေတြထက္ ဘဝမွာ ဘယ္အရာေတြကို အဓိကက်လဲဆိုတာကို စာေတာ္တဲ့သူေတြထက္ ပိုၿပီး ေစာေစာ နားလည္သေဘာေပါက္ၾကပါတယ္။
၅။ အလြယ္နည္းကို ရွာတတ္တယ္။ သူတို႔ဟာ Theory ေတြ၊ ပုံေသနည္းေတြနဲ႔ ေဘာင္ခတ္မေနဘဲ လြတ္လြတ္လပ္လပ္ လႈပ္ရွားတတ္ပါတယ္။ ျပသနာတစ္ခုကို ေျဖရွင္းဖို႔ အဓိကလိုအပ္တဲ့ အေျဖကိုရဖို႔ကိုပဲ အာ႐ုံစိုက္ပါတယ္။ ဒါဟာ ဘဝအတြက္ အသုံးဝင္မယ့္ အေလ့အက်င့္ေကာင္းတစ္ခုလည္း ျဖစ္သြားပါတယ္။
၆။ အိမ္မက္ေတြနဲ႔ ရွင္သန္တယ္။ စာေတာ္တဲ့သူေတြဟာ ဘဝမွာ ဘာျဖစ္ခ်င္လဲဆိုတာကို ေတြးဖို႔ထက္စာရင္ အမွတ္ေကာင္းတဲ့အခါ ဆရာဝန္လုပ္မယ္၊ အင္ဂ်င္နီယာလုပ္မယ္ဆိုၿပီး ဘဝကို အမွတ္နဲ႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ သူတို႔ကေတာ့ သူတို႔အားသာခ်က္၊ သူတို႔ ျဖစ္ခ်င္စိတ္ေတြေပၚအေျခခံၿပီး ဘဝကို အိမ္မက္ေတြနဲ႔ တည္ေဆာက္ပါတယ္။ ဘဝကို အမွတ္နဲ႔ သတ္မွတ္တဲ့သူနဲ႔ ဘဝကို အိမ္မက္ေတြနဲ႔ တည္ေဆာက္တဲ့သူတို႔ ေရရွည္မွာ ေအာင္ျမင္မႈခ်င္းလည္း ကြာဟလာတတ္ပါတယ္။
၇။ ဘယ္အခ်ိန္မွာ ႐ုန္းကန္ရမလဲသိတယ္။ စာညံ့ဖူးတဲ့သူတိုင္းဟာ လူပ်င္းေတြ မဟုတ္ပါဘူး။ သူတို႔စိတ္မပါတဲ့ ေက်ာင္းစာမွာ အားနည္းတတ္ေပမယ့္ သူတို႔မွာ ဘဝနဲ႔ပါတ္သက္ၿပီး ျပင္းျပခဲ့ စိတ္ဆႏၵေတြ ရွိပါတယ္။
ေ႐ႊညာေမာင္ (Focus Youth E-magazine)