ရွှေနှင့် ဒေါ်လာဈေး ပြန်တက်လာ

New

ရွှေနှင့် ဒေါ်လာဈေး ပြန်တက်လာ

ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေး လဲလှယ်နှုန်း ပြန်လည် မြင့်တက်လာမှုနှင့်အတူ ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ၁ ကျပ်သားလျှင် ကျပ် ၂၇ သိန်းဝန်းကျင်ထိ ဈေးပြန်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်းအခေါက်ရွှေ ၁ ကျပ်သား ဈေးနှုန်း ကျပ် ၂၅ သိန်း အောက် ကျဆင်းခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း ဒေါ်လာလဲလှယ်နှုန်း ၁ ဒေါ်လာကို ကျပ် ၃၀၀၀ အထက်သို့ ပြန်တက်ခဲ့သလို ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း ၁ အောင်စကို ဒေါ်လာ ၁၇၂၀ ထိ ဈေးတက်လာရာ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ လသာလမ်းရှိ ရွှေအရောင်းဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက “၁/ ၂ ရက်အတွင်း ၂ သိန်းလောက် ပြန်ခုန်တက်လာတော့ အမြင့်ဈေး ဖြစ်သွားတော့ အဝယ်က ကျသွားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ၂၂ သိန်းလောက်တုန်းကဆိုရင် တော်တော်လေး ဝယ်ကြတယ်။ အခုက ဈေးကွက်ထဲမှာ ၂၇ သိန်း ၈ သောင်းလောက်ထိ ပေါက်ဈေးရှိနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁ အောင်စကို ဒေါ်လာ ၁၆၆၀ ကျော်သာ ရှိခဲ့ပြီး ဒေါ်လာလဲလှယ်နှုန်းမှာလည်း ၁ ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကာ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ကျပ် ၂၅ သိန်းအောက်သို့ ကျဆင်းခဲ့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကမူ ယနေ့ ပြည်တွင်းအခေါက်ရွှေ ပေါက်ဈေးကို ၁ ကျပ်သားလျှင် ကျပ်သိန်း ၂,၀၁၄,၀၀၀ (ကျပ်သိန်း နှစ်ဆယ် တသောင်း လေးထောင်) ဖြစ်ကြောင်း သတ်မှတ် ထုတ်ပြန်ထားသည်။

Credit

Zawgyi

ေ႐ႊႏွင့္ ေဒၚလာေဈး ျပန္တက္လာ

ကမာၻ႔ေ႐ႊေဈးႏႈန္းႏွင့္ ေဒၚလာေဈး လဲလွယ္ႏႈန္း ျပန္လည္ ျမင့္တက္လာမႈႏွင့္အတူ ျပည္တြင္း ေ႐ႊေဈးႏႈန္းသည္လည္း ၁ က်ပ္သားလွ်င္ က်ပ္ ၂၇ သိန္းဝန္းက်င္ထိ ေဈးျပန္တက္လာေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ျပည္တြင္းအေခါက္ေ႐ႊ ၁ က်ပ္သား ေဈးႏႈန္း က်ပ္ ၂၅ သိန္း ေအာက္ က်ဆင္းခဲ့ေသာ္လည္း ယခု ရက္ပိုင္းအတြင္း ေဒၚလာလဲလွယ္ႏႈန္း ၁ ေဒၚလာကို က်ပ္ ၃၀၀၀ အထက္သို႔ ျပန္တက္ခဲ့သလို ကမာၻ႔ေ႐ႊေဈးႏႈန္းသည္လည္း ၁ ေအာင္စကို ေဒၚလာ ၁၇၂၀ ထိ ေဈးတက္လာရာ ျပည္တြင္းေ႐ႊေဈးႏႈန္းမွာလည္း ျပန္လည္ ျမင့္တက္လာျခင္း ျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ရန္ကုန္ၿမိဳ႕ လသာလမ္းရွိ ေ႐ႊအေရာင္းဆိုင္တဆိုင္မွ တာဝန္ရွိသူတဦးက “၁/ ၂ ရက္အတြင္း ၂ သိန္းေလာက္ ျပန္ခုန္တက္လာေတာ့ အျမင့္ေဈး ျဖစ္သြားေတာ့ အဝယ္က က်သြားတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ၂၂ သိန္းေလာက္တုန္းကဆိုရင္ ေတာ္ေတာ္ေလး ဝယ္ၾကတယ္။ အခုက ေဈးကြက္ထဲမွာ ၂၇ သိန္း ၈ ေသာင္းေလာက္ထိ ေပါက္ေဈးရွိေနတယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ကမာၻ႔ေ႐ႊေဈးႏႈန္းသည္ ၁ ေအာင္စကို ေဒၚလာ ၁၆၆၀ ေက်ာ္သာ ရွိခဲ့ၿပီး ေဒၚလာလဲလွယ္ႏႈန္းမွာလည္း ၁ ေဒၚလာကို က်ပ္ ၂၈၀၀ ဝန္းက်င္သို႔ က်ဆင္းခဲ့ကာ ျပည္တြင္းေ႐ႊေဈးႏႈန္းသည္လည္း က်ပ္ ၂၅ သိန္းေအာက္သို႔ က်ဆင္းခဲ့သည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းကမူ ယေန႔ ျပည္တြင္းအေခါက္ေ႐ႊ ေပါက္ေဈးကို ၁ က်ပ္သားလွ်င္ က်ပ္သိန္း ၂,၀၁၄,၀၀၀ (က်ပ္သိန္း ႏွစ္ဆယ္ တေသာင္း ေလးေထာင္) ျဖစ္ေၾကာင္း သတ္မွတ္ ထုတ္ျပန္ထားသည္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *