ရွှေဈေးတွေ မတန်တဆ တက်နေလို့ ရွှေကိုင်ထားသူတွေ မြတ်နေပြီလို့ အခုထိ ထင်နေကြတုန်းပဲလား
ကားဈေး သိန်း ၁၀၀ နဲ့ဝယ်ထားသူက သိန်း ၁၅၀ ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း ၁၀၀ နဲ့ပြန်ရောင်းမလား။ ရွှေ ၁၀ သိန်းဈေးနဲ့ ဝယ်ထားသူက ရွှေဈေး သိန်း ၂၀ ဖြစ်ချိန်မှာ ၁၀ သိန်းဈေးနဲ့ပြန်ရောင်းမလား ရွှေဈေးတက်လို့ ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ။ အဓိကဆိုလိုချင်တာက ဈေးတက်တာမဟုတ်ပါဘူး ငွေကြေးတန်ဖိုးကျတာပါ ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုးတွေက တက်တာပါ၊
အချိုရည် တစ်ဗူး ၇၀၀ နဲ့ ဗူး ၁၀၀ ဝယ်ထားတယ် စုစုပေါင်းငွေ ရင်းငွေ ၇သောင်း ၈၀၀ ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊ ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊ အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇ သောင်း နဲ့ မြတ်ငွေ ၁ သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး ၁၀၀ မရတော့ပါဘူး
ဒါတောင် သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။ အဲ့ဒိအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါမယ်။ လူအများနားလည်သင့်တာက ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။
အမြတ်ငွေတက်တာမဟုတ်ပါ။ ဈေးကျလို့ လူအများသုံးနိုင်လေ အမြတ်များလေပါ ကုန်ဈေးနှုန်းတက်တဲ့အခါ အရင်းများလာပြီး အမြတ်နည်းလာပါတယ် ဈေးတက်လို့ ပျော်တဲ့ အထဲမှာ ဈေးရောင်းသူတွေလည်း မပါပါဘူးဗျာ။ (Kaung Myat Linn)
Zawgyi
ေ႐ႊေဈးေတြ မတန္တဆ တက္ေနလို႔ ေ႐ႊကိုင္ထားသူေတြ ျမတ္ေနၿပီလို႔ အခုထိ ထင္ေနၾကတုန္းပဲလား
ကားေဈး သိန္း ၁၀၀ နဲ႔ဝယ္ထားသူက သိန္း ၁၅၀ ျဖစ္ေနတဲ့အခ်ိန္မွာ အရင္ဝယ္ခဲ့တဲ့ သိန္း ၁၀၀ နဲ႔ျပန္ေရာင္းမလား။ ေ႐ႊ ၁၀ သိန္းေဈးနဲ႔ ဝယ္ထားသူက ေ႐ႊေဈး သိန္း ၂၀ ျဖစ္ခ်ိန္မွာ ၁၀ သိန္းေဈးနဲ႔ျပန္ေရာင္းမလား ေ႐ႊေဈးတက္လို႔ ဆိုၿပီးေပ်ာ္မေနနဲ႔ အရင္က ေ႐ႊတစ္က်ပ္သား ဆိုင္ကယ္တစ္စီးဆို အခုလည္း ေ႐ႊတစ္က်ပ္သား ဆိုင္ကယ္ တစ္စီးပဲ။ အဓိကဆိုလိုခ်င္တာက ေဈးတက္တာမဟုတ္ပါဘူး ေငြေၾကးတန္ဖိုးက်တာပါ ေငြေၾကးတန္ဖိုးကက်ၿပီး ပစၥည္းတန္ဖိုးေတြက တက္တာပါ၊
အခ်ိဳရည္ တစ္ဗူး ၇၀၀ နဲ႔ ဗူး ၁၀၀ ဝယ္ထားတယ္ စုစုေပါင္းေငြ ရင္းေငြ ၇ေသာင္း ၈၀၀ ေရာင္းတယ္၊ ျပန္ရေငြ ၈ေသာင္း ၊ တစ္ေသာင္းျမတ္တယ္မလား၊ ပစၥည္းတန္ဖိုး မတက္မခ်င္း ျမတ္ပါတယ္၊ အဲ့အခ်ိဳရည္ပဲ ကိုယ္ျပန္ဝယ္ေတာ့ တစ္ဗူး ၉၀၀ ၊ ကိုယ္ရင္းထားတဲ့ ေငြ ၇ ေသာင္း နဲ႔ ျမတ္ေငြ ၁ ေသာင္း ေပါင္း ေငြ ၈ေသာင္း နဲ႔ ဗူး ၁၀၀ မရေတာ့ပါဘူး
ဒါေတာင္ သယ္ယူစရိတ္ ေရခဲေသတၱာေမာင္းတဲ့ မီတာခပါ ရႈံးပါတယ္။ အဲ့ဒိအတိုင္းဆက္လည္ပတ္ေနရင္ ျပန္မရင္းႏိုင္ေတာ့ပဲ ဆိုင္ျပဳတ္သြားပါမယ္။ လူအမ်ားနားလည္သင့္တာက ေဈးတက္တယ္ဆိုတာ ပစၥည္းတန္ဖိုးက တက္တာပါ။
အျမတ္ေငြတက္တာမဟုတ္ပါ။ ေဈးက်လို႔ လူအမ်ားသုံးႏိုင္ေလ အျမတ္မ်ားေလပါ ကုန္ေဈးႏႈန္းတက္တဲ့အခါ အရင္းမ်ားလာၿပီး အျမတ္နည္းလာပါတယ္ ေဈးတက္လို႔ ေပ်ာ္တဲ့ အထဲမွာ ေဈးေရာင္းသူေတြလည္း မပါပါဘူးဗ်ာ။ (Kaung Myat Linn)