ဘာလုပ်လုပ် အဆင်မပြေ ကံနိမ့်တယ်လို့ခံစားနေရရင် ဒီနည်းလမ်းလေး သုံးကြည့်ပါ
အညှိများပယ် အနှောင့်များကင်း ဆား၂ဆုပ်အစီရင်….
စိတ်မကြည်ဘူး မလန်းဆန်းဘူး စိတ်တွေထိုင်းမှိုင်းနေတယ် ဘာလုပ်လုပ်အဆင်ပြေမနေဘူး။
အနှောင့်အယှက် အဟန့်အတားတွေလည်းများနေတယ် ။လာဘ်ပိတ်နေတယ်…အရောင်းအဝယ်လည်းမဖြစ်ဘူး။
ယုတ်စွအဆုံး ဘုန်းကံနိမ့်နေတယ်လို့ စိတ်ကခံစားရရင်သေချာတယ် သင့်မှာ အံ့မိတာ အညှိတင်နေတာ အပ အညံ့ အခိုက်တွေများနေတာ၊
အဲ့လိုအခြေအနေမျိုးတွေ တွေ့ကြုံခံစားနေခဲ့ရင် အစစအရာရာအဆင်ပြေချောမွေ့စေဖို့ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ဂမ္ဘီရအစီရင်လေးတခု ဒါနပြုပါ့မယ်…။
မိမိလက်၂ဖက်… ညာလက်မှာဆားတဆုပ် ဘယ်လက်မှာဆားတဆုပ် ဆုပ်ကိုင်ထားပြီး သက်သောင့်သက်သာစွာ ထိုင်ပါ။
ပြီးလျှင် မိမိစိတ်ထဲက လေးနက်စွာ အာရုံပြုဆန္ဒပြုရမှာက မိမိခန္ဓာကိုယ်မှာ အညှိတင်နေတဲ့ အံ့မိတာတွေ မကောင်းတဲ့အပ အညံ့ အခိုက်တွေကို လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ဆားတွေက စုပ်ယူနေတယ် ဆိုပြီး အာရုံပြုနေရပါ့မယ်။
၅မိနစ်လောက် ဆုပ်ကိုင် အာရုံပြုပြီးရင်တော့ လက်ထဲဆုပ်ကိုင်ထားတဲ့ ဆားတွေကို အဆင်ပြေရာ စွန့်ပစ်ပြီး…လက်ကို သေချာသန့်စင်အောင် ဆေးကြောရပါ့မယ်။
၃ရက်ခြား ၁ကြိမ် ပြုလုပ်ပေးပါ…။
၃ကြိမ်မြောက် ပြုလုပ်ပြီးရင်ကို သိသိသာသာ အစစအရာရာ အဆင်ပြေချောမွေ့လာတာ တွေ့ကြုံခံစားလာပါလိမ့်မယ်ဗျာ။
ဆရာဟိန်း B.A (Psy:)( ဗေဒင်နှင့် ဂမ္ဘီရယတြာအစီရင်ပညာ )
Zawgyi
ဘာလုပ္လုပ္ အဆင္မေျပ ကံနိမ့္တယ္လို႔ခံစားေနရရင္ ဒီနည္းလမ္းေလး သုံးၾကည့္ပါ
အညႇိမ်ားပယ္ အေႏွာင့္မ်ားကင္း ဆား၂ဆုပ္အစီရင္….
စိတ္မၾကည္ဘူး မလန္းဆန္းဘူး စိတ္ေတြထိုင္းမႈိင္းေနတယ္ ဘာလုပ္လုပ္အဆင္ေျပမေနဘူး။
အေႏွာင့္အယွက္ အဟန႔္အတားေတြလည္းမ်ားေနတယ္ ။လာဘ္ပိတ္ေနတယ္…အေရာင္းအဝယ္လည္းမျဖစ္ဘူး။
ယုတ္စြအဆုံး ဘုန္းကံနိမ့္ေနတယ္လို႔ စိတ္ကခံစားရရင္ေသခ်ာတယ္ သင့္မွာ အံ့မိတာ အညႇိတင္ေနတာ အပ အညံ့ အခိုက္ေတြမ်ားေနတာ၊
အဲ့လိုအေျခအေနမ်ိဳးေတြ ေတြ႕ႀကဳံခံစားေနခဲ့ရင္ အစစအရာရာအဆင္ေျပေခ်ာေမြ႕ေစဖို႔ ႐ိုးရွင္းလြယ္ကူၿပီး ထိေရာက္တဲ့ဂမၻီရအစီရင္ေလးတခု ဒါနျပဳပါ့မယ္…။
မိမိလက္၂ဖက္… ညာလက္မွာဆားတဆုပ္ ဘယ္လက္မွာဆားတဆုပ္ ဆုပ္ကိုင္ထားၿပီး သက္ေသာင့္သက္သာစြာ ထိုင္ပါ။
ၿပီးလွ်င္ မိမိစိတ္ထဲက ေလးနက္စြာ အာ႐ုံျပဳဆႏၵျပဳရမွာက မိမိခႏၶာကိုယ္မွာ အညႇိတင္ေနတဲ့ အံ့မိတာေတြ မေကာင္းတဲ့အပ အညံ့ အခိုက္ေတြကို လက္ထဲမွာဆုပ္ကိုင္ထားတဲ့ ဆားေတြက စုပ္ယူေနတယ္ ဆိုၿပီး အာ႐ုံျပဳေနရပါ့မယ္။
၅မိနစ္ေလာက္ ဆုပ္ကိုင္ အာ႐ုံျပဳၿပီးရင္ေတာ့ လက္ထဲဆုပ္ကိုင္ထားတဲ့ ဆားေတြကို အဆင္ေျပရာ စြန႔္ပစ္ၿပီး…လက္ကို ေသခ်ာသန႔္စင္ေအာင္ ေဆးေၾကာရပါ့မယ္။
၃ရက္ျခား ၁ႀကိမ္ ျပဳလုပ္ေပးပါ…။
၃ႀကိမ္ေျမာက္ ျပဳလုပ္ၿပီးရင္ကို သိသိသာသာ အစစအရာရာ အဆင္ေျပေခ်ာေမြ႕လာတာ ေတြ႕ႀကဳံခံစားလာပါလိမ့္မယ္ဗ်ာ။
ဆရာဟိန္း B.A (Psy:)( ေဗဒင္ႏွင့္ ဂမၻီရယၾတာအစီရင္ပညာ )