သားသမီးများကို တကယ်ချစ်ရင် ချီမထားနဲ့ ချိသွားမယ်
မုန့်အရွယ်မှာမုန့်ဒုတ်အရွယ်မှာဒုတ်အလုပ်အရွယ်မှာ အလုပ်တဲ့။အမှန်ပဲသားသမီးကိုချစ်ရင်ခိုင်းပါ။နေရာတကာလိုက်မလုပ်ပေးပါနဲ့။သူ့အရွယ်နဲ့တန်တဲ့အလုပ်တွေကို ခွဲတမ်းချပေးပါ။ပန်းကန်ဆေးခိုင်းပါ။တံမြတ်စည်းလှဲခိုင်းပါ။အိပ်ယာသိမ်းခိုင်းပါ။ရေခဲသေတ္တာထဲရေဘူးတွေဖြည့်ခိုင်းပါအိမ်သာဆေးခိုင်းပါ။အိမ်အကူရှိရင်လည်းတစ်ခြားသူလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းပါ။ဒီလိုလုပ်ခိုင်းတာဟာကလေးကိုခိုင်းတယ်လို့မမြင်ပါနဲ့။အလုပ်တစ်ခုကိုသူလုပ်နိုင်တယ်။
သူလုပ်ပြီးသွားပြီ။သူလုပ်တတ်တယ်ဆိုတဲ့ယုံကြည်မှုကိုတဖြေးဖြေးချင်းတည်ဆောက်ပေးတာပါ။ကလေးကိုချစ်ရင်နေရာတကာလိုက်လုပ်မပေးပါနဲ့ခိုင်းပါ။စလုပ်လုပ်ချင်းမှာတော့အချိုးမပြေတာတွေConceptမမိတာတွေကျကွဲတာတွေမသေသပ်တာတွေဖြစ်ပေမယ့်ဒီအချက်တွေဟာဘာ့ကြောင့်ဖြစ်ရတယ်မဖြစ်အောင်ဘယ်လိုလုပ်ရမယ်နောက်တစ်ခါဖြစ်ရင်ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုးအကျင့်လုပ်ပေးပါ။ပန်းကန်ကွဲရင်မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုးဒီအလုပ်ပြီးမှအပြင်ထွက်ဆော့ရမယ်ဆိုတာမျိုးဒီဟာမပြီးရင်ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုးအကျင့်လုပ်ကြည့်ပါ။
ရိုက်နှက်တာထက်စာရင်တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းကပိုထိရောက်ပါတယ်။ဘာမှမလုပ်တတ်တဲ့ကလေးတွေဟာဘာမှမသိပါဘူး။အလုပ်သေးသေးလေးတွေမလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာယုံကြည်မှုလည်းမရှိကြပါဘူး။ဒါလေးများသားလုပ်တတ်တယ်အဲဒါသမီးလုပ်တတ်တယ်ဆိုတဲစကားတွေသင့်ကလေးဆီကကြားဖူးပါသလား။မှားမှာမစိုးရိမ်ပါနဲ့။
သင့်ကလေးမလုပ်ဖူးမှာကိုပဲကြောက်ပါအသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဟာဖုန်းမှမပြောတတရပ်ကွက်ရုံးထောက်ခံစာမဖြည့်တတ်အိမ်ကလိုက်မပို့ရင်ဘယ်မှမသွားတတ်မလာတတ်ဧည့်သည်လာရင်အိမ်ထဲဝင်ပြေးဘာတစ်ခုမှမသိဘဲကျူရှင်တက်ဖို့နဲ့စာကျက်ဖို့ရတဲ့စာကိုအလွတ်ချရေးပြီအဆင့်(၁)ရဖို့လောက်သာကြိုးစားနေတယ်ဆိုရင်ဒါဟာတော်တော်လွဲမှားနေတဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့ကလေးဖြစ်နေတာသေချာပါပြီ။
အသက်၂၀ကျော်တဲ့အထိထမင်းခူးပေးနေရတုန်း-မိဘမချက်ထားရင်ဘာမှမစားတတ်ဘူး။ဘာလုပ်လုပ်မိဘပါမှလုပ်တတ်တယ်။မိဘပြောမှစလုပ်တယ်ဆိုတာဂုဏ်ယူရမယ့်အရာတွေမဟုတ်ပါဘူး။သင့်ကလေးကသင့်ကိုလိုအပ်တာထက်ပိုပြီးမှီခိုလွန်းနေတာဟာသင့်ကိုချစ်လို့ဆိုတာထက်သင်သူတို့ကိုမသုံးမကျအောင်ပုံသွင်းထားခဲ့လို့ဆိုတာမမေ့ပါနဲ့။
နေရာတကာအမေပါရတယ်ဆိုတာဂုဏ်ယူစရာစကာမဟုတ်ပါဘူးကိစ္စသေးသေးလေးတွေကိုသူကိုယ်တိုင်အစအဆုံးလုပ်တတ်ဖို့စဉ်းစားတတ်ဖို့တာဝန်ယူတတ်ဖို့တဖြေးဖြေးချင်းသင်ပေးပါဒါမှသာတဖြေးဖြေးချင်းလောကရဲ့ပြဿနာတွေကိုသူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်အပြိုင်အဆိုင်ဖွင့်လာကြတဲ့အမှန်အကန် ကျောင်းတွေရောအကြံအဖန် ကျောင်းတွေမှာပါသူများထက်သာဖို့ ငှေတှအေကုနျခံပွီးသငျတာလညျးသငျပါအရာတောျ တော်များများကိုလည်းကိုယ်တိုင်သင်ပေးပါကိစ္စတော်တော်များများကိုသူတို့ကိုယ်တိုင် ဆောင်ရွက်ခိုင်းပါလူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ။လောကမှာစာတော်ဖို့လိုအပ်သလိုအကင်းပါးဖို့လူရည်လည်ဖို့လူ့အထာနပ်ဖို့နဲ့သူတို့ကိုယ်သူတို့ဘယ်ကိစ္စမှာမဆိုယုံကြည်မှုအပြည့်ရှိနေဖို့လည်းလိုအပ်တယ်ဆိုတာသတိပြုပါ။
ကျွန်တော်တို့နိုင်ငံကကျောင်းတွေမှာမစဉ်းစားခိုင်းပါဘူး။၏-သည်မရွေးကျက်ခိုင်းပါတယ်ဆရာမတွက်နည်းအတိုင်းမတွက်ရင်အမှတ်မရပါဘူး။ဒါသင်ဒါကျက်ဒါရဒါဖြေစနစ်နဲ့စခန်းသွားခဲ့တာမျိုးဆက်၂ဆက်မကတော့ပါဘူး။အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်းလုံးဝပစ်ထားတဲ့မိဘရယ်အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာကြီးပြင်းလာရတော့လူငယ်တွေရဲ့ခေါင်းထဲမှာစဉ်းစားတဲ့ချိန်ဆိုတာGameနှိပ်မှပဲပေါ်လာတဲ့အခြေအနေဖြစ်လာပါတယ်။နည်းနည်းလေး မေးခွန်းလှည့်လိုက်တာနဲ့မဖြေတတ်တော့ဘူးနည်းနည်းလေးမိဘမပါတာနဲ့ယုံကြည်မှုမရှိကြတော့တဲ့အထိဖြစ်နေပါတယ်။
ခေါင်းမပါတဲ့လူငယ်တွေကြီးလာခဲ့လိုတိုင်းပြည်လည်းအခွံပဲကျန်ပါတော့တယ်။စဉ်းစားတတ်တဲ့မျိုးဆက်တစ်ခုယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခုဖန်တီးနိုင်စွမ်းထိုးဖောက်နိုင်စွမ်းရှိတဲ့မျိုးဆက်တစ်ခုဖန်တီးပေးဖို့အချိန်တော်တော်တောင်နောက်ကျနေပါပြီဒါကြောင့်မူကြိုပို့ဖို့ပဲမစဉ်းစားကြပါနဲ့ကျောငကောင်းကောင်းထားဖို့တစ်ခုပဲအာရုံမစိုက်ကြပါနဲ့။သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲတွန်းအားမပေးပါနဲ့။သူတို့ဖာသာ သူတို့စဉ်းစားတွေးခေါ်ဖို့အလှည့်ပေးလိုက်ပါ။
သူတို့တာဝန်သူတို့ယူတတ်ဖို့သူတို့ဘဝကိုသူတို့အမှန်တကယ် ကျေနပ်ကြဖို့အခွင့်အရေးပေးလိုက်ပါဘာမဆိုငါလုပ်နိုင်တယ်ငါလုပ်တတ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးကိုသာဖန်တီးပေးလိုက်ပါ။ဒါဟာသူတို့အတွက်သင်ပေးနိုင်တဲ့တစ်ဘဝလုံးအကောင်ဆုံးလက်ဆောင်ပါ
Zawgyi
သားသမီးမ်ားကို တကယ္ခ်စ္ရင္ ခ်ီမထားနဲ႔ ခ်ိသြားမယ္
မုန႔္အ႐ြယ္မွာမုန႔္ဒုတ္အ႐ြယ္မွာဒုတ္အလုပ္အ႐ြယ္မွာ အလုပ္တဲ့။အမွန္ပဲသားသမီးကိုခ်စ္ရင္ခိုင္းပါ။ေနရာတကာလိုက္မလုပ္ေပးပါနဲ႔။သူ႔အ႐ြယ္နဲ႔တန္တဲ့အလုပ္ေတြကို ခြဲတမ္းခ်ေပးပါ။ပန္းကန္ေဆးခိုင္းပါ။တံျမတ္စည္းလွဲခိုင္းပါ။အိပ္ယာသိမ္းခိုင္းပါ။ေရခဲေသတၱာထဲေရဘူးေတြျဖည့္ခိုင္းပါအိမ္သာေဆးခိုင္းပါ။အိမ္အကူရွိရင္လည္းတစ္ျခားသူလုပ္ႏိုင္တဲ့အလုပ္ေတြကိုလုပ္ခိုင္းပါ။ဒီလိုလုပ္ခိုင္းတာဟာကေလးကိုခိုင္းတယ္လို႔မျမင္ပါနဲ႔။အလုပ္တစ္ခုကိုသူလုပ္ႏိုင္တယ္။
သူလုပ္ၿပီးသြားၿပီ။သူလုပ္တတ္တယ္ဆိုတဲ့ယုံၾကည္မႈကိုတေျဖးေျဖးခ်င္းတည္ေဆာက္ေပးတာပါ။ကေလးကိုခ်စ္ရင္ေနရာတကာလိုက္လုပ္မေပးပါနဲ႔ခိုင္းပါ။စလုပ္လုပ္ခ်င္းမွာေတာ့အခ်ိဳးမေျပတာေတြConceptမမိတာေတြက်ကြဲတာေတြမေသသပ္တာေတြျဖစ္ေပမယ့္ဒီအခ်က္ေတြဟာဘာ့ေၾကာင့္ျဖစ္ရတယ္မျဖစ္ေအာင္ဘယ္လိုလုပ္ရမယ္ေနာက္တစ္ခါျဖစ္ရင္ဘယ္လိုတာဝန္ယူရမယ္ဆိုတာမ်ိဳးအက်င့္လုပ္ေပးပါ။ပန္းကန္ကြဲရင္မုန႔္ဖိုးထဲကျပန္ဝယ္ရမယ္ဆိုတာမ်ိဳးဒီအလုပ္ၿပီးမွအျပင္ထြက္ေဆာ့ရမယ္ဆိုတာမ်ိဳးဒီဟာမၿပီးရင္ဟိုဟာလုပ္ခြင့္မျပဳဘူးဆိုတာမ်ိဳးအက်င့္လုပ္ၾကည့္ပါ။
႐ိုက္ႏွက္တာထက္စာရင္တာဝန္ယူမႈရွိေအာင္လုပ္ေပးျခင္းကပိုထိေရာက္ပါတယ္။ဘာမွမလုပ္တတ္တဲ့ကေလးေတြဟာဘာမွမသိပါဘူး။အလုပ္ေသးေသးေလးေတြမလုပ္ဖူးတဲ့ကေလးတစ္ေယာက္ဟာယုံၾကည္မႈလည္းမရွိၾကပါဘူး။ဒါေလးမ်ားသားလုပ္တတ္တယ္အဲဒါသမီးလုပ္တတ္တယ္ဆိုတဲစကားေတြသင့္ကေလးဆီကၾကားဖူးပါသလား။မွားမွာမစိုးရိမ္ပါနဲ႔။
သင့္ကေလးမလုပ္ဖူးမွာကိုပဲေၾကာက္ပါအသက္၁၆ႏွစ္အ႐ြယ္လူငယ္တစ္ေယာက္ဟာဖုန္းမွမေျပာတတရပ္ကြက္႐ုံးေထာက္ခံစာမျဖည့္တတ္အိမ္ကလိုက္မပို႔ရင္ဘယ္မွမသြားတတ္မလာတတ္ဧည့္သည္လာရင္အိမ္ထဲဝင္ေျပးဘာတစ္ခုမွမသိဘဲက်ဴရွင္တက္ဖို႔နဲ႔စာက်က္ဖို႔ရတဲ့စာကိုအလြတ္ခ်ေရးၿပီအဆင့္(၁)ရဖို႔ေလာက္သာႀကိဳးစားေနတယ္ဆိုရင္ဒါဟာေတာ္ေတာ္လြဲမွားေနတဲ့အုပ္ထိန္းမႈေအာက္မွာႀကီးျပင္းလာတဲ့ကေလးျဖစ္ေနတာေသခ်ာပါၿပီ။
အသက္၂၀ေက်ာ္တဲ့အထိထမင္းခူးေပးေနရတုန္း-မိဘမခ်က္ထားရင္ဘာမွမစားတတ္ဘူး။ဘာလုပ္လုပ္မိဘပါမွလုပ္တတ္တယ္။မိဘေျပာမွစလုပ္တယ္ဆိုတာဂုဏ္ယူရမယ့္အရာေတြမဟုတ္ပါဘူး။သင့္ကေလးကသင့္ကိုလိုအပ္တာထက္ပိုၿပီးမွီခိုလြန္းေနတာဟာသင့္ကိုခ်စ္လို႔ဆိုတာထက္သင္သူတို႔ကိုမသုံးမက်ေအာင္ပုံသြင္းထားခဲ့လို႔ဆိုတာမေမ့ပါနဲ႔။
ေနရာတကာအေမပါရတယ္ဆိုတာဂုဏ္ယူစရာစကာမဟုတ္ပါဘူးကိစၥေသးေသးေလးေတြကိုသူကိုယ္တိုင္အစအဆုံးလုပ္တတ္ဖို႔စဥ္းစားတတ္ဖို႔တာဝန္ယူတတ္ဖို႔တေျဖးေျဖးခ်င္းသင္ေပးပါဒါမွသာတေျဖးေျဖးခ်င္းေလာကရဲ႕ျပႆနာေတြကိုသူတို႔ဘယ္လိုေျဖရွင္းရမလဲဆိုတာေတြးတဲ့အက်င့္ရသြားမွာျဖစ္ပါတယ္အၿပိဳင္အဆိုင္ဖြင့္လာၾကတဲ့အမွန္အကန္ ေက်ာင္းေတြေရာအႀကံအဖန္ ေက်ာင္းေတြမွာပါသူမ်ားထက္သာဖို႔ ေငွတွေအကုန်ခံပြီးသင်တာလည်းသင်ပါအရာေတာ် ေတာ္မ်ားမ်ားကိုလည္းကိုယ္တိုင္သင္ေပးပါကိစၥေတာ္ေတာ္မ်ားမ်ားကိုသူတို႔ကိုယ္တိုင္ ေဆာင္႐ြက္ခိုင္းပါလူေတာ္ေတာ္မ်ားမ်ားနဲ႔ထိေတြ႕ခိုင္းပါ။ေလာကမွာစာေတာ္ဖို႔လိုအပ္သလိုအကင္းပါးဖို႔လူရည္လည္ဖို႔လူ႔အထာနပ္ဖို႔နဲ႔သူတို႔ကိုယ္သူတို႔ဘယ္ကိစၥမွာမဆိုယုံၾကည္မႈအျပည့္ရွိေနဖို႔လည္းလိုအပ္တယ္ဆိုတာသတိျပဳပါ။
ကြၽန္ေတာ္တို႔ႏိုင္ငံကေက်ာင္းေတြမွာမစဥ္းစားခိုင္းပါဘူး။၏-သည္မေ႐ြးက်က္ခိုင္းပါတယ္ဆရာမတြက္နည္းအတိုင္းမတြက္ရင္အမွတ္မရပါဘူး။ဒါသင္ဒါက်က္ဒါရဒါေျဖစနစ္နဲ႔စခန္းသြားခဲ့တာမ်ိဳးဆက္၂ဆက္မကေတာ့ပါဘူး။အိမ္ေတြရဲ႕ထိန္းေက်ာင္းမႈကလည္းလုံးဝပစ္ထားတဲ့မိဘရယ္အကုန္လိုက္ၾကည့္ေနတဲ့မိဘေတြနဲ႔သာႀကီးျပင္းလာရေတာ့လူငယ္ေတြရဲ႕ေခါင္းထဲမွာစဥ္းစားတဲ့ခ်ိန္ဆိုတာGameႏွိပ္မွပဲေပၚလာတဲ့အေျခအေနျဖစ္လာပါတယ္။နည္းနည္းေလး ေမးခြန္းလွည့္လိုက္တာနဲ႔မေျဖတတ္ေတာ့ဘူးနည္းနည္းေလးမိဘမပါတာနဲ႔ယုံၾကည္မႈမရွိၾကေတာ့တဲ့အထိျဖစ္ေနပါတယ္။
ေခါင္းမပါတဲ့လူငယ္ေတြႀကီးလာခဲ့လိုတိုင္းျပည္လည္းအခြံပဲက်န္ပါေတာ့တယ္။စဥ္းစားတတ္တဲ့မ်ိဳးဆက္တစ္ခုယုံၾကည္မႈအျပည့္ရွိတဲ့မ်ိဳးဆက္တစ္ခုဖန္တီးႏိုင္စြမ္းထိုးေဖာက္ႏိုင္စြမ္းရွိတဲ့မ်ိဳးဆက္တစ္ခုဖန္တီးေပးဖို႔အခ်ိန္ေတာ္ေတာ္ေတာင္ေနာက္က်ေနပါၿပီဒါေၾကာင့္မူႀကိဳပို႔ဖို႔ပဲမစဥ္းစားၾကပါနဲ႔ေက်ာငေကာင္းေကာင္းထားဖို႔တစ္ခုပဲအာ႐ုံမစိုက္ၾကပါနဲ႔။သူမ်ားထက္အမွတ္ေကာင္းဖို႔တစ္ခုပဲတြန္းအားမေပးပါနဲ႔။သူတို႔ဖာသာ သူတို႔စဥ္းစားေတြးေခၚဖို႔အလွည့္ေပးလိုက္ပါ။
သူတို႔တာဝန္သူတို႔ယူတတ္ဖို႔သူတို႔ဘဝကိုသူတို႔အမွန္တကယ္ ေက်နပ္ၾကဖို႔အခြင့္အေရးေပးလိုက္ပါဘာမဆိုငါလုပ္ႏိုင္တယ္ငါလုပ္တတ္တယ္ဆိုတဲ့ယုံၾကည္မႈမ်ိဳးကိုသာဖန္တီးေပးလိုက္ပါ။ဒါဟာသူတို႔အတြက္သင္ေပးႏိုင္တဲ့တစ္ဘဝလုံးအေကာင္ဆုံးလက္ေဆာင္ပါ