သုညဘဝကပြန်စဖို့ဝန်မလေးသော သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသောစီးပွားရှာနည်း
ဟိုတယ်တွင် လခစားလုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေသော်လည်း တကယ်ကြီးပွားအောင် မည်သို့စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။
တစ်နေ့၌ ခရီးသွားလုပ်ငန်းဦးဆောင်နေသော သန်းကြွယ်သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်းတစ်ရက်တစ်သိန်းစုရင် နှစ်ပေါင်းသုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ?
လူငယ်က အတန်ကြာတွက်ချက်နေခိုက် သူးငှေးကြီးက တစ်ရက်တစ်သိန်း နှစ်ပေါင်းသုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်းအသက် အခုနှစ်ဆယ်ပဲဆိုရင် နောက်အသက်ငါးဆယ်လောက်မှ ဒီပိုက်ဆံပိုင်ဆိုင်ရမှာ။ ဒါတောင်သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ ကောင်လေးက ဒါဆိုကျနော် ဘာလုပ်ရမလဲ?
တစ်ရက်တစ်သိန်းမပြောနဲ့ တစ်လတစ်သိန်းတောင်မစုနိုင်ဘူး။အလုပ်ထွက်ရမှာလား။ မင်းအလုပ်မထွက်သေးပါနဲ့။ သူငှေးကြီးက မင်းတစ်လငါးသောင်း တစ်နှစ်ငါးသိန်းလောက်ပဲစုနိုင်အုန်း။
မင်းလုပ်ငန်းတစ်ခုစလို့ရပြီ ။ ဟုတ်ပြီ မင်းရှိတဲ့ငါးသိန်းလေးနဲ့ ကွမ်းယာဆိုင်လေးပဲဖွင့်မလား ။ စိတ်ချရတဲ့လူယုံရှိရင် လွဲပေးလိုက် ။
လစဉ်အမြတ်ငွေ သွားကောက်ရုံပဲ။ ’အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့ကွ’ မင်းဆိုင်ကရတဲ့အမြတ်ငွေနဲ့ ထပ်လုပ်ချင်သေးတယ်ဆိုရင် အခြားအလုပ်ဖြစ်တဲ့ ဆိုင်ကယ် Taxi ထောင်ပြီးကိုယ်တိုင်မဆွဲရင်တောင် owner ကြေးလေးယူပြီး ငှားစားပေါ့ကွာ။ မင်းအစီးရေ အများကြီးငှားထားပေးရင် သူများတွေကိုလညိးကူညီရာရောက်တယ်။
ကိုယ့်အတွက်လည်း အဆင်ပြေရာရောက်တာပေါ့။ကဲ ထပ်လုပ်အုန်းမယ်ကွာ မိတ္တူစက်လေးတစ်လုံးလောက် ဝယ်ထားလိုက် ဆယ်သိန်းပဲထားပါအုန်း ကျောင်းစာမေးပွဲရှိရင် ခဏလေးနဲ့ အရင်းကျေတယ် စက်တစ်လုံးကနေနှစ်လုံး ပြီးတော့ ကွန်ပျူတာလေးထောင် စာရေးမလေးငှားထားလိုက် တော်တော်လေး အောင်မြင်လာပြီဆိုရင် မင်းအမြတ်ငွေတွေ မင်းလုပ်ငန်းအစုံက လိုက်ကောက်ရုံပဲ။
မင်းကိုမှီပြီးနေထိုင်ရတဲ့ မိသားစု ဘယ်လောက်တောင်များသွားပြီလဲ။ မင်းဖတ်နေတဲ့ စီးပွားရေးစာအုပ်ထဲကအတိုင်း ’ခြင်တစ်လုံးထဲ ကြက်ဥတွေအားလုံးမထည့်နဲ့’ ဆိုတဲ့ အတိုင်းပေါ့ကွာ။လုပ်ငန်းတွေများလာတော့ တစ်ခုပျက်စီးလည်း မကြောက်ရတော့ဘူးပေါ့။
စီးပွားရေးလုပ်တယ်ဆိုတာ အဆတိုးပွားနည်းနဲ့ လုပ်ရတယ်။ ဒီလိုမရှာနဲ့ 1+2+3+4+5+6+7+8+9=45 ဒီလိုရှာ 1×2=2×2=4×4=16×16=256×256=65536 ကဲ ငါတော့ကွာ ဒီလိုအသေးအဖွဲလေးတွေ မလုပ်တော့ဘူး အကြီးကြီးတွေပဲ ချတော့မယ်ဆိုလည်း လေ့လာပေါ့ကွာ ကျောက်မြတ်ရတနာရောင်းဝယ်ချင်တာလား ကျောက်အကြောင်း ကောင်းကောင်းသိရမှာပေါ့ကွာ။
ခရီးသွားလုပ်ငန်းပဲ လုပ်ကိုင်တော့မှာလား.? ခရီးစဉ်တွေ အကြောင်း တိတိကျကျ တွက်ချက်ပြောဆိုနိုင်ရမှာပေါ့ကွာ။ သူငှေးက အပြောကြီးလိုက်တာ သုညကပြန်စဆိုလည်း ပြန်စဖို့ အဆင်သင့်ပါကွာ။
မင်းအသက်လောက်က ငါတိုက်ခန်းငါးခန်းလောက်ပိုင်နေပြီ။ မင်းနောက်မကျသေးပါဘူး။ ကောင်လေး မင်းမှတ်ထားရမှာက သူငှေးတစ်ယောက်ဖြစ်ချင်ရင် ဆုံးဖြတ်ရဲရမယ်ကွ။
မှတ်ချက်။ ။သန်းကြွယ်သူငှေးကြီး ပြေပြခဲ့သောစကားကို ကြီးပွားချမ်းသာချင်သော သူငယ်ချင်းများအတွက် ရေးသားဖော်ပြသည်။ သိစေလိုသောစိတ်ဖြစ် ရေးသားခဲ့သောကြောင့် မပြည့်စုံမှု မှားယွင်းမှုရှိခဲ့ပါက ကျနော်အပြစ်သာဖြစ်သည်။
Crefit to မူရင်းရေးသားသူ
Zawgyi
သုညဘဝကျပန္စဖို႔ဝန္မေလးေသာ သန္းႂကြယ္သူေဌးႀကီး၏ လြယ္ကူေသာစီးပြားရွာနည္း
ဟိုတယ္တြင္ လခစားလုပ္ကိုင္ေနေသာ လူငယ္တစ္ေယာက္သည္ စီးပြားေရးစာအုပ္မ်ား သူေငွးျဖစ္နည္းစာအုပ္မ်ားကို အၿမဲဖတ္ေနေသာ္လည္း တကယ္ႀကီးပြားေအာင္ မည္သို႔စၿပီးလုပ္ရမွန္းမသိ ျဖစ္ေနသည္။
တစ္ေန႔၌ ခရီးသြားလုပ္ငန္းဦးေဆာင္ေနေသာ သန္းႂကြယ္သူေငွးႀကီးသည္ အမွတ္မထင္ သူေငွးျဖစ္နည္းစာအုပ္ဖတ္ေနေသာ လူငယ္အား ‘ေကာင္ေလး’ မင္းတစ္ရက္တစ္သိန္းစုရင္ ႏွစ္ေပါင္းသုံးဆယ္ဆိုရင္ မင္းဘယ္ေလာက္ပိုင္ၿပီလဲ?
လူငယ္က အတန္ၾကာတြက္ခ်က္ေနခိုက္ သူးေငွးႀကီးက တစ္ရက္တစ္သိန္း ႏွစ္ေပါင္းသုံးဆယ္ဆိုရင္ သိန္းတစ္ေသာင္းေက်ာ္ ဆိုေတာ့ မင္းအသက္ အခုႏွစ္ဆယ္ပဲဆိုရင္ ေနာက္အသက္ငါးဆယ္ေလာက္မွ ဒီပိုက္ဆံပိုင္ဆိုင္ရမွာ။ ဒါေတာင္သန္းႂကြယ္သူေငွး မျဖစ္ႏိုင္ေသးဘူး။ ေကာင္ေလးက ဒါဆိုက်ေနာ္ ဘာလုပ္ရမလဲ?
တစ္ရက္တစ္သိန္းမေျပာနဲ႔ တစ္လတစ္သိန္းေတာင္မစုႏိုင္ဘူး။အလုပ္ထြက္ရမွာလား။ မင္းအလုပ္မထြက္ေသးပါနဲ႔။ သူေငွးႀကီးက မင္းတစ္လငါးေသာင္း တစ္ႏွစ္ငါးသိန္းေလာက္ပဲစုႏိုင္အုန္း။
မင္းလုပ္ငန္းတစ္ခုစလို႔ရၿပီ ။ ဟုတ္ၿပီ မင္းရွိတဲ့ငါးသိန္းေလးနဲ႔ ကြမ္းယာဆို္င္ေလးပဲဖြင့္မလား ။ စိတ္ခ်ရတဲ့လူယုံရွိရင္ လြဲေပးလိုက္ ။
လစဥ္အျမတ္ေငြ သြားေကာက္႐ုံပဲ။ ’အလုပ္ဟူသမွ် ဂုဏ္ရွိစြ တဲ့ကြ’ မင္းဆိုင္ကရတဲ့အျမတ္ေငြနဲ႔ ထပ္လုပ္ခ်င္ေသးတယ္ဆိုရင္ အျခားအလုပ္ျဖစ္တဲ့ ဆိုင္ကယ္ Taxi ေထာင္ၿပီးကိုယ္တိုင္မဆြဲရင္ေတာင္ owner ေၾကးေလးယူၿပီး ငွားစားေပါ့ကြာ။ မင္းအစီးေရ အမ်ားႀကီးငွားထားေပးရင္ သူမ်ားေတြကိုလညိးကူညီရာေရာက္တယ္။
ကိုယ့္အတြက္လည္း အဆင္ေျပရာေရာက္တာေပါ့။ကဲ ထပ္လုပ္အုန္းမယ္ကြာ မိတၱဴစက္ေလးတစ္လုံးေလာက္ ဝယ္ထားလိုက္ ဆယ္သိန္းပဲထားပါအုန္း ေက်ာင္းစာေမးပြဲရွိရင္ ခဏေလးနဲ႔ အရင္းေက်တယ္ စက္တစ္လုံးကေနႏွစ္လုံး ၿပီးေတာ့ ကြန္ပ်ဴတာေလးေထာင္ စာေရးမေလးငွားထားလိုက္ ေတာ္ေတာ္ေလး ေအာင္ျမင္လာၿပီဆိုရင္ မင္းအျမတ္ေငြေတြ မင္းလုပ္ငန္းအစုံက လိုက္ေကာက္႐ုံပဲ။
မင္းကိုမွီၿပီးေနထိုင္ရတဲ့ မိသားစု ဘယ္ေလာက္ေတာင္မ်ားသြားၿပီလဲ။ မင္းဖတ္ေနတဲ့ စီးပြားေရးစာအုပ္ထဲကအတိိုင္း ’ျခင္တစ္လုံးထဲ ၾကက္ဥေတြအားလုံးမထည့္နဲ႔’ ဆိုတဲ့ အတိုင္းေပါ့ကြာ။လုပ္ငန္းေတြမ်ားလာေတာ့ တစ္ခုပ်က္စီးလည္း မေၾကာက္ရေတာ့ဘူးေပါ့။
စီးပြားေရးလုပ္တယ္ဆိုတာ အဆတိုးပြားနည္းနဲ႔ လုပ္ရတယ္။ ဒီလိုမရွာနဲ႔ 1+2+3+4+5+6+7+8+9=45 ဒီလိုရွာ 1×2=2×2=4×4=16×16=256×256=65536 ကဲ ငါေတာ့ကြာ ဒီလိုအေသးအဖြဲေလးေတြ မလုပ္ေတာ့ဘူး အႀကီးႀကီးေတြပဲ ခ်ေတာ့မယ္ဆိုလည္း ေလ့လာေပါ့ကြာ ေက်ာက္ျမတ္ရတနာေရာင္းဝယ္ခ်င္တာလား ေက်ာက္အေၾကာင္း ေကာင္းေကာင္းသိရမွာေပါ့ကြာ။
ခရီးသြားလုပ္ငန္းပဲ လုပ္ကိုင္ေတာ့မွာလား.? ခရီးစဥ္ေတြ အေၾကာင္း တိတိက်က် တြက္ခ်က္ေျပာဆိုႏိုင္ရမွာေပါ့ကြာ။ သူေငွးက အေျပာႀကီးလိုက္တာ သုညကျပန္စဆိုလည္း ျပန္စဖို႔ အဆင္သင့္ပါကြာ။
မင္းအသက္ေလာက္က ငါတိုက္ခန္းငါးခန္းေလာက္ပိုင္ေနၿပီ။ မင္းေနာက္မက်ေသးပါဘူး။ ေကာင္ေလး မင္းမွတ္ထားရမွာက သူေငွးတစ္ေယာက္ျဖစ္ခ်င္ရင္ ဆုံးျဖတ္ရဲရမယ္ကြ။
မွတ္ခ်က္။ ။သန္းႂကြယ္သူေငွးႀကီး ေျပျပခဲ့ေသာစကားကို ႀကီးပြားခ်မ္းသာခ်င္ေသာ သူငယ္ခ်င္းမ်ားအတြက္ ေရးသားေဖာ္ျပသည္။ သိေစလိုေသာစိတ္ျဖစ္ ေရးသားခဲ့ေသာေၾကာင့္ မျပည့္စုံမႈ မွားယြင္းမႈရွိခဲ့ပါက က်ေနာ္အျပစ္သာျဖစ္သည္။
Crefit to မူရင္းေရးသားသူ