သူတောင်းစားတစ်ဦးလိုဟန်ဆောင်ပြီး သားသုံးယောက်ရဲ့အကျင့်စရိုက်ကို စမ်းသပ်ခဲ့တဲ့ ဖခင်အိုတစ်ဦးရဲ့ ရလဒ်
Liu ဟာ သူ့မှာသား ၃ ယောက်ရှိပြီး သူရဲ့သားများကိုထောက်ပံ့ရန် မြို့သို့သွားပြီးအလုပ်လုပ်ခဲ့ပါတယ်။ Liu ဟာ မြို့မှာပင်ပန်းတဲ့အလုပ်များစွာကို လုပ်ကိုင်ခဲ့ရပေမဲ့လည်းသားသုံးယောက်ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ထိုက်တနတယ်လို့ထင်နေခဲ့ပါတယ်။
နှစ်ပေါင်းများစွာ အပြင်မှာအလုပ်လုပ်ခဲ့ပြီးနောက် အသက် ၇၀ နီးပါးရှိပြီးဖြစ်တဲ့Liu ရဲ့ခန္ဓာကိုယ်ဟာ ယခင်လို့ပင်ပန်းတဲ့အလုပ်များကို မလုပ်နိုင်တော့တာကြောင့် Liu ဟာ သူရဲ့ဇာတိမြို့သို့ပြန်လာခဲ့ပါတယ်။ သို့ပေမယ့် သူ့သားများနဲ့နှစ်ပေါင်းများစွာ အတူမနေခဲ့ရသလိုသားများရဲ့အကျင့်စရိုက်ကို သေချာမသိနေတာကြောင့် Liu ဟာ သူ့အပေါ် သားသုံးယောက်ရဲ့သဘောထားကိုစုံစမ်းရန် သူ့ကိုယ်သူ သူတောင်းစားတစ်ဦးလို ဟန်ဆောင်ကာ ရွာသို့ပြန်ခဲ့ပါတယ်။
ပထမဦးစွာ Liu က သားအကြီးဆုံးရဲ့အိမ်သို့သွားပြီး အကြီးဆုံးသားအား “ သားအဖေပြန်လာပြီ” လို့ပြောခဲ့ပေမဲ့ အကြီးဆုံးသားက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့မျက်နှာထားနှင့် Liu အား ပြင်းထန်စွာထုတ်ကာ သူ့အဖေမဟုတ်ကြောင်း ငြင်းခဲ့တာကြောင့် Liu ကသူဟာ မြို့ပေါ်မှာအလုပ်မရှိတော့လို့ အိမ်ပြန်လာတာဖြစ်ကြောင်း ဆိုခဲ့ပေမဲ့ သားကြီးကလက်မခံပေးဘဲ နေအိမ်မှမောင်းထုတ်ပစ်ခဲ့ပါတယ်။
ထို့နောက် Liu ဟာ သူ့ရဲ့ဒုတိယသားအိမ်သို့ ဦးတည်ခဲ့ပေမဲ့ ဒုတိယမြောက်သားကလည်း အကြီးဆုံးသားလို အလားတူပုံစံမျိုးဖြင့် သူ့အားတုံ့ပြန်ခဲ့ပါတယ်။ဒုတိယသားရဲ့လုပ်ရပ်ဟာ Liu အား စိတ်ပျက်အားငယ်သွားစေခဲ့ပေမဲ့ သူဟာနောက်ဆုံးမျှော်လင့်ချက်အနေဖြင့် အငယ်ဆုံးသားရဲ့အိမ်ဆီသို့ ထပ်မံလျှောက်လှမ်းခဲ့ပါတယ်။
သူတောင်းစားဖြစ်သွားတဲ့ ဖခင်ကိုမြင်လိုက်တဲ့အခါ အငယ်ဆုံးသားဟာ ချက်ချင်းမျက်ရည်ကျပြီး “ အဖေကဘာလို့ဒီလိုဖြစ်နေတာလဲ အလုပ်မလုပ်ပါနဲ့တော့ ကျွန်တော့်အိမ်မှာလာနေပါ” လို့ဆိုလိုက်ပြီးမိန်းမဖြစ်သူအား “ အဖေရေချိုးဖို့အတွက် မြန်မြန်ရေနွေးကျိုလိုက် အဖေဗိုက်ဆာနေမှာဆိုးလို့ ငါစားစရာအချို့ကို သွားဝယ်ခဲ့မယ် ” လို့ပြောကာ ထွက်သွားခဲ့ပါတယ်။
သားအငယ်ဆုံး စျေးကနေပြန်လာတဲ့နောက် အဘိုးကသားဖြစ်သူအား သူ့မှာငွေတွေမရှိတော့တာကြောင့် ၎င်းအိမ်မှာနေဖို့ စိတ်မသက်သာရကြောင်းပြောခဲ့ပေမဲ့ သားဖြစ်သူက ၎င်းတို့အခုလိုအိမ်မျိုးမှာနေနိုင်ရခြင်းကအဖေ့ရဲ့ကျေးဇူးကြောင့်သာဖြစ်တာကြောင့် ပိုက်ဆံအကြောင်းမပြောဖို့နှင့် သူ့ရဲ့ဇနီးဖြစ်သူကလည်း အဘိုး Liu အား အားမနာဘဲ ၎င်းတို့နှင့်အတူနေထိုင်ရန် သူမရဲ့ယောက္ခထီးအား ပြောကြားခဲ့ပါတယ်။
ထိုစကားများကြောင့် Liu ဟာ မျက်ရည်များနှင့်အတူ သူနှင့်အတူပါလာတဲ့အိတ်ကြီးကို ချက်ချင်းဖွင့်လိုက်ပြီး “ ငါ့သား ဒါကငါ့စုထားခဲ့တဲ့ငွေတွေဘဲ အမေရိကန်ဒေါ်လာ ၁၃၆,၀၈၄ (ယွမ် ၈၈၀,၀၀၀) ရှိတယ်၊ဒီငွေအားလုံးက မင်းတို့အတွက်ဘဲ ငါလည်းအခုချိန်ကစပြီး မင်းတို့နဲ့အတူတူနေမယ် ”လို့ ပြောခဲ့ပါတယ်။သို့ပေမဲ့အငယ်ဆုံးသားက အဖေဖြစ်သူဟာ သူ့အားငယ်ရာကနေကြီးပြီး မိန်းမရသွားတဲ့အထိ ထောက်ပံ့ပေးနေခဲ့တာကြောင့် ၎င်းငွေတွေကိုလက်မခံဘဲ အဖေကသာ၎င်းငွေတွေကို ကိုယ်တိုင်သိမ်းထားသင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။
နောက်ဆုံးမှာ သားအကြီးဆုံးနှင့် ဒုတိယသားတို့က အဖေဖြစ်သူရဲ့လုပ်ဇာတ်ကိုသိသွားတဲ့အခါ နောင်တရပြီးတောင်းပန်ဖို့လာခဲ့ကြပေမဲ့လည်း အဘိုး Liu က ၎င်းတို့ကို သင်ခန်းစာပေးကာ မောင်းထုတ်လိုက်ပြီး ၎င်းတို့ကိုလည်း ငွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ပါဘူး။
Zawgyi
သူေတာင္းစားတစ္ဦးလိုဟန္ေဆာင္ၿပီးသားသုံးေယာက္ရဲ႕အက်င့္စ႐ိုက္ကို စမ္းသပ္ခဲ့တဲ့ ဖခင္အိုတစ္ဦးရဲ႕ ရလဒ္
Liu ဟာ သူ႔မွာသား ၃ ေယာက္ရွိၿပီး သူရဲ႕သားမ်ားကိုေထာက္ပံ့ရန္ ၿမိဳ႕သို႔သြားၿပီးအလုပ္လုပ္ခဲ့ပါတယ္။ Liu ဟာ ၿမိဳ႕မွာပင္ပန္းတဲ့အလုပ္မ်ားစြာကို လုပ္ကိုင္ခဲ့ရေပမဲ့လည္းသားသုံးေယာက္ရဲ႕ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးဖို႔ထိုက္တနတယ္လို႔ထင္ေနခဲ့ပါတယ္။
ႏွစ္ေပါင္းမ်ားစြာ အျပင္မွာအလုပ္လုပ္ခဲ့ၿပီးေနာက္ အသက္ ၇၀ နီးပါးရွိၿပီးျဖစ္တဲ့Liu ရဲ႕ခႏၶာကိုယ္ဟာ ယခင္လို႔ပင္ပန္းတဲ့အလုပ္မ်ားကို မလုပ္ႏိုင္ေတာ့တာေၾကာင့္ Liu ဟာ သူရဲ႕ဇာတိၿမိဳ႕သို႔ျပန္လာခဲ့ပါတယ္။ သို႔ေပမယ့္ သူ႔သားမ်ားနဲ႔ႏွစ္ေပါင္းမ်ားစြာ အတူမေနခဲ့ရသလိုသားမ်ားရဲ႕အက်င့္စ႐ိုက္ကို ေသခ်ာမသိေနတာေၾကာင့္ Liu ဟာ သူ႔အေပၚ သားသုံးေယာက္ရဲ႕သေဘာထားကိုစုံစမ္းရန္ သူ႔ကိုယ္သူ သူေတာင္းစားတစ္ဦးလို ဟန္ေဆာင္ကာ ႐ြာသို႔ျပန္ခဲ့ပါတယ္။
ပထမဦးစြာ Liu က သားအႀကီးဆုံးရဲ႕အိမ္သို႔သြားၿပီး အႀကီးဆုံးသားအား “ သားအေဖျပန္လာၿပီ” လို႔ေျပာခဲ့ေပမဲ့ အႀကီးဆုံးသားက သူ႔ကိုေျခဆုံးေခါင္းဆုံးၾကည့္ၿပီး စက္ဆုပ္ဖြယ္ေကာင္းတဲ့မ်က္ႏွာထားႏွင့္ Liu အား ျပင္းထန္စြာထုတ္ကာ သူ႔အေဖမဟုတ္ေၾကာင္း ျငင္းခဲ့တာေၾကာင့္ Liu ကသူဟာ ၿမိဳ႕ေပၚမွာအလုပ္မရွိေတာ့လို႔ အိမ္ျပန္လာတာျဖစ္ေၾကာင္း ဆိုခဲ့ေပမဲ့ သားႀကီးကလက္မခံေပးဘဲ ေနအိမ္မွေမာင္းထုတ္ပစ္ခဲ့ပါတယ္။
ထို႔ေနာက္ Liu ဟာ သူ႔ရဲ႕ဒုတိယသားအိမ္သို႔ ဦးတည္ခဲ့ေပမဲ့ ဒုတိယေျမာက္သားကလည္း အႀကီးဆုံးသားလို အလားတူပုံစံမ်ိဳးျဖင့္ သူ႔အားတုံ႔ျပန္ခဲ့ပါတယ္။ဒုတိယသားရဲ႕လုပ္ရပ္ဟာ Liu အား စိတ္ပ်က္အားငယ္သြားေစခဲ့ေပမဲ့ သူဟာေနာက္ဆုံးေမွ်ာ္လင့္ခ်က္အေနျဖင့္ အငယ္ဆုံးသားရဲ႕အိမ္ဆီသို႔ ထပ္မံေလွ်ာက္လွမ္းခဲ့ပါတယ္။
သူေတာင္းစားျဖစ္သြားတဲ့ ဖခင္ကိုျမင္လိုက္တဲ့အခါ အငယ္ဆုံးသားဟာ ခ်က္ခ်င္းမ်က္ရည္က်ၿပီး “ အေဖကဘာလို႔ဒီလိုျဖစ္ေနတာလဲ အလုပ္မလုပ္ပါနဲ႔ေတာ့ ကြၽန္ေတာ့္အိမ္မွာလာေနပါ” လို႔ဆိုလိုက္ၿပီးမိန္းမျဖစ္သူအား “ အေဖေရခ်ိဳးဖို႔အတြက္ ျမန္ျမန္ေရေႏြးက်ိဳလိုက္ အေဖဗိုက္ဆာေနမွာဆိုးလို႔ ငါစားစရာအခ်ိဳ႕ကို သြားဝယ္ခဲ့မယ္ ” လို႔ေျပာကာ ထြက္သြားခဲ့ပါတယ္။
သားအငယ္ဆုံး ေစ်းကေနျပန္လာတဲ့ေနာက္ အဘိုးကသားျဖစ္သူအား သူ႔မွာေငြေတြမရွိေတာ့တာေၾကာင့္ ၎အိမ္မွာေနဖို႔ စိတ္မသက္သာရေၾကာင္းေျပာခဲ့ေပမဲ့ သားျဖစ္သူက ၎တို႔အခုလိုအိမ္မ်ိဳးမွာေနႏိုင္ရျခင္းကအေဖ့ရဲ႕ေက်းဇူးေၾကာင့္သာျဖစ္တာေၾကာင့္ ပိုက္ဆံအေၾကာင္းမေျပာဖို႔ႏွင့္ သူ႔ရဲ႕ဇနီးျဖစ္သူကလည္း အဘိုး Liu အား အားမနာဘဲ ၎တို႔ႏွင့္အတူေနထိုင္ရန္ သူမရဲ႕ေယာကၡထီးအား ေျပာၾကားခဲ့ပါတယ္။
ထိုစကားမ်ားေၾကာင့္ Liu ဟာ မ်က္ရည္မ်ားႏွင့္အတူ သူႏွင့္အတူပါလာတဲ့အိတ္ႀကီးကို ခ်က္ခ်င္းဖြင့္လိုက္ၿပီး “ ငါ့သား ဒါကငါ့စုထားခဲ့တဲ့ေငြေတြဘဲ အေမရိကန္ေဒၚလာ ၁၃၆,၀၈၄ (ယြမ္ ၈၈၀,၀၀၀) ရွိတယ္၊ဒီေငြအားလုံးက မင္းတို႔အတြက္ဘဲ ငါလည္းအခုခ်ိန္ကစၿပီး မင္းတို႔နဲ႔အတူတူေနမယ္ ”လို႔ ေျပာခဲ့ပါတယ္။သို႔ေပမဲ့အငယ္ဆုံးသားက အေဖျဖစ္သူဟာ သူ႔အားငယ္ရာကေနႀကီးၿပီး မိန္းမရသြားတဲ့အထိ ေထာက္ပံ့ေပးေနခဲ့တာေၾကာင့္ ၎ေငြေတြကိုလက္မခံဘဲ အေဖကသာ၎ေငြေတြကို ကိုယ္တိုင္သိမ္းထားသင့္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။
ေနာက္ဆုံးမွာ သားအႀကီးဆုံးႏွင့္ ဒုတိယသားတို႔က အေဖျဖစ္သူရဲ႕လုပ္ဇာတ္ကိုသိသြားတဲ့အခါ ေနာင္တရၿပီးေတာင္းပန္ဖို႔လာခဲ့ၾကေပမဲ့လည္း အဘိုး Liu က ၎တို႔ကို သင္ခန္းစာေပးကာ ေမာင္းထုတ္လိုက္ၿပီး ၎တို႔ကိုလည္း ေငြတစ္ျပားတစ္ခ်ပ္မွ မေပးခဲ့ပါဘူး။