ဝယ်ယူသူ ပေးထားတဲ့လိပ်စာအတိုင်း အစားအသောက်သွားပို့ခဲ့ရာမှ

ၾကားသိရသမွ်

ယနေ့ခေတ်တွေမှာ အွန်လိုင်းပေါ်အစားအသောက်မှာယူခြင်းဟာ အလွန်ပင်ခေတ်စားလာပါတယ်။ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့စားချင်တဲ့အစားအစာကိုပြောပြီး Food Rider တွေက လိပ်စာအတိုင်း အိမ်အထိလာပို့ပေးနေပါပြီ။

ယခုတွင်လည်း ထိုင်းနိုင်ငံက Food Rider တစ်ယောက်သည် ဝယ်ယူသူအတွက်အစားအသောက်လိုက်ပို့နေစဉ် လိပ်စာအတိုင်းလိုက်ပို့ပေမယ့် မထင်မှတ်တဲ့ထိတ်လန့်ဖွယ်ဖြစ်သော သုသာန်ကိုရောက်သွားတဲ့အဖြစ်အပျက်ကို အွန်လိုင်းပေါ်သို့မျှဝေခဲ့ပါတယ်။

 

ထိုအစားအသောက်လိုက်ပို့သည့်ကောင်လေးသည် အွန်းလိုင်းကနေတစ်ဆင့် မှာယူကာဝယ်ယူသူက လိပ်စာအတိုင်းပဲလာခဲ့လို့ရတယ်လို့ ပြောလိုက်ပါတယ်။

ထို့နောက် ထိုကောင်လေးဟာ လိပ်စားအတိုင်းလိုက်ပို့ရင်း မထင်မှတ်တဲ့ တောဘက်တသ်နေရာကိုရောက်ပြီး မြေပုံလိပ်စာအတိုင်း အနည်းငယ်ဆက်သွားလိုက်ပြီးနောက် လူသူတစ်ယောက်မှမရှိတဲ့ ခြောက်ခြားစရာသင်္ချိုင်းသို့ရောက်ရှိသွားပါတယ်။ထိုအချိန်မှာ ကောင်လေးဟာ ကြက်သီးထပြီးအနည်းငယ်ကြောက်ရွံ့နေမိတယ်။ ထို့စဉ် ဝယ်ယူသူဟုထင်ရသော အမျိုးသားတစ်ဦးသည် ရောက်ရှိလာပြီး ထိုအမျိုးသားဟာ သင်္ချိုင်းနဲ့ မီတာ ၃၀၀ လောက်အကွာမှာနေထိုင်သူဖြစ်ပြီးအစားအသောက်လာပို့သူ မှတ်မိရလွယ်အောင် သုသာန်လိပ်စာကို လမ်းညွှန်ခဲ့လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါတယ်။

 

Unicode





Leave a Reply

Your email address will not be published. Required fields are marked *