အနှစ်သာရရှိလွန်းလို့ အမြဲဖတ်ဖြစ်တဲ့စာတစ်ပုဒ်…..

KNOWLEDGE

မာန်လည် ဆရာတော်ဘုရားကြီးနှင့် အင်္ဂလိပ် အရေးပိုင်မင်းတို့ အချေအတင်ဖြစ်ခဲ့ကြသောအုတ်တစ်ချပ်တန်ဖိုး ( အနှစ်သာရရှိလွန်းလို့ အမြဲဖတ်ဖြစ်တဲ့စာတစ်ပုဒ် )

မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာမီး ရထားလမ်းဖောက်လုပ်ဖို့အတွက် မာန်လည်ဆရာတော်ဘုရားကြီးကိုလျှောက်ထားခဲ့ဖူးပါတယ် ။

ဖောက်လုပ်မယ့် မီးရထားလမ်းဟာကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကိုရွှေ့ပေးဖို့ ကိစ္စပါ။

ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်းမိန့်တော်မူတဲ့အခါမှာ အရေးပိုင်မင်းက ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ဆိုပါတယ် ။

အဲဒီတော့ ဆရာတော်ဘုရားကြီးက –

“ဒကာတော်ရဲ့ မိခင်ကဒကာတော်ရဲ့ ဖခင်ကိုမချစ်မနှစ်သက်တော့လို့တရုတ်ကို ယူလိုက်တယ် ဆိုပါစို့”

“ဒကာတော့် မိခင်ဟာ တရုတ်ဖြစ်သွားပါသလား ?”

“မဖြစ်ပါဘူး ဆရာတော်အမေကတော့ အမေပါပဲ”

“ဒါဆိုရင် တရုတ်ကလည်းဝက်သားစားလွန်းလို့ ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့ ရောဒကာတော့်မိခင်ဟာကုလားဖြစ်သွားရောလား ?”

“မဖြစ်ပါဘူး ဆရာတော်အမေကတော့ အမေပါပဲ”

“အေး အဲဒီလိုပဲ ဒကာတော်ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်သာသနာ့ နယ်မြေဟာသာသနာ့ နယ်မြေသာ ဖြစ်တယ်”

ကျောင်းကပြန်အဆင်းမှာစိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းကဆရာတော်ကြီးကို လျှောက်တယ် ။

“အရှင်ဘုရား ဒီအုတ်လှေကားထစ်တွေကိုလည်းအုတ်နဲ့ လုပ်တာပါပဲ,ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့ လုပ်တာပါပဲ,

ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့ လုပ်တာပဲဖြစ်လို့အုတ်နဲ့ လုပ်ထားတဲ့လှေကားထစ်တွေ အိမ်သာတွေကိုရှိခိုးကန်တော့ရင်ရောအတူတူပဲ မဟုတ်ဘူးလား ဘုရား”

“အေး ဒကာတော်ဒကာတော့်မှာ အမေရှိလား”

“ရှိပါတယ် ဆရာတော်”

“အစ်မ နှမတွေရော ရှိလား”

“ရှိပါတယ် ဆရာတော်”

“ဇနီးမယားရော ရှိလား”

” ရှိပါတယ် ဆရာတော် ”

“အေး ဒါဆိုရင် အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ အမေ အစ်မနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား”

“အဲဒီလိုတော့ မရပါဘူး ဆရာတော်”

“အမေကို အမေလို အစ်မကို အစ်မလို နှမကို နှမလို သူ့နေရာနဲ့ သူ ဆက်ဆံရပါတယ်”

“အေး အဲဒီလိုပါပဲ ဒကာတော် အုတ်ချင်းတူပေမယ့်ဘုရားအုတ် သိမ်အုတ်နဲ့ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ်ဒကာတော်”

Zawgyi

မာန္လည္ ဆရာေတာ္ဘုရားႀကီးႏွင့္ အဂၤလိပ္ အေရးပိုင္မင္းတို႔ အေခ်အတင္ျဖစ္ခဲ့ၾကေသာအုတ္တစ္ခ်ပ္တန္ဖိုး ( အႏွစ္သာရရွိလြန္းလို႔ အၿမဲဖတ္ျဖစ္တဲ့စာတစ္ပုဒ္ )

ျမန္မာျပည္ကို အဂၤလိပ္ အုပ္ခ်ဳပ္တဲ့ေခတ္က အဂၤလိပ္ အေရးပိုင္မင္းတစ္ေယာက္ဟာမီး ရထားလမ္းေဖာက္လုပ္ဖို႔အတြက္ မာန္လည္ဆရာေတာ္ဘုရားႀကီးကိုေလွ်ာက္ထားခဲ့ဖူးပါတယ္ ။

ေဖာက္လုပ္မယ့္ မီးရထားလမ္းဟာေက်ာင္းဝင္းနဲ႔ မလြတ္တဲ့အတြက္ ဆရာေတာ္ႀကီးရဲ႕ ေက်ာင္းေတာ္ကိုေ႐ႊ႕ေပးဖို႔ ကိစၥပါ။

ဆရာေတာ္ႀကီးက ေ႐ႊ႕မေပးႏိုင္ေၾကာင္းမိန႔္ေတာ္မူတဲ့အခါမွာ အေရးပိုင္မင္းက ဒီႏိုင္ငံဟာ အဂၤလိပ္ အုပ္ခ်ဳပ္ေနတဲ့ႏိုင္ငံ ျဖစ္တဲ့အတြက္ ေ႐ႊ႕ေပးရမယ္လို႔ဆိုပါတယ္ ။

အဲဒီေတာ့ ဆရာေတာ္ဘုရားႀကီးက –

“ဒကာေတာ္ရဲ႕ မိခင္ကဒကာေတာ္ရဲ႕ ဖခင္ကိုမခ်စ္မႏွစ္သက္ေတာ့လို႔တ႐ုတ္ကို ယူလိုက္တယ္ ဆိုပါစို႔”

“ဒကာေတာ့္ မိခင္ဟာ တ႐ုတ္ျဖစ္သြားပါသလား ?”

“မျဖစ္ပါဘူး ဆရာေတာ္အေမကေတာ့ အေမပါပဲ”

“ဒါဆိုရင္ တ႐ုတ္ကလည္းဝက္သားစားလြန္းလို႔ ဆိုၿပီး ကုလားကိုေျပာင္းယူလိုက္ေတာ့ ေရာဒကာေတာ့္မိခင္ဟာကုလားျဖစ္သြားေရာလား ?”

“မျဖစ္ပါဘူး ဆရာေတာ္အေမကေတာ့ အေမပါပဲ”

“ေအး အဲဒီလိုပဲ ဒကာေတာ္ဘယ္မင္းတက္တက္ ဘယ္အစိုးရတက္တက္သာသနာ့ နယ္ေျမဟာသာသနာ့ နယ္ေျမသာ ျဖစ္တယ္”

ေက်ာင္းကျပန္အဆင္းမွာစိတ္ထဲ မၾကည္လင္တဲ့ အေရးပိုင္မင္းကဆရာေတာ္ႀကီးကို ေလွ်ာက္တယ္ ။

“အရွင္ဘုရား ဒီအုတ္ေလွကားထစ္ေတြကိုလည္းအုတ္နဲ႔ လုပ္တာပါပဲ,ဟိုမွာျမင္ေနရတဲ့ အိမ္သာကိုလည္း အုတ္နဲ႔ လုပ္တာပါပဲ,

ဘုရားဆင္းတုေတာ္ေတြကိုလည္း အုတ္နဲ႔ လုပ္တာပဲျဖစ္လို႔အုတ္နဲ႔ လုပ္ထားတဲ့ေလွကားထစ္ေတြ အိမ္သာေတြကိုရွိခိုးကန္ေတာ့ရင္ေရာအတူတူပဲ မဟုတ္ဘူးလား ဘုရား”

“ေအး ဒကာေတာ္ဒကာေတာ့္မွာ အေမရွိလား”

“ရွိပါတယ္ ဆရာေတာ္”

“အစ္မ ႏွမေတြေရာ ရွိလား”

“ရွိပါတယ္ ဆရာေတာ္”

“ဇနီးမယားေရာ ရွိလား”

” ရွိပါတယ္ ဆရာေတာ္ ”

“ေအး ဒါဆိုရင္ အားလုံးဟာ မိန္းမ အမ်ိဳးအစားခ်ည္းပဲ ျဖစ္တဲ့အတြက္ ဇနီးမယားအေပၚ ဆက္ဆံျပဳက်င့္သကဲ့သို႔ အေမ အစ္မနဲ႔ ႏွမေတြကိုပါ တစ္တန္းထားၿပီး ဆက္ဆံျပဳက်င့္လို႔ ရႏိုင္ပါ့မလား”

“အဲဒီလိုေတာ့ မရပါဘူး ဆရာေတာ္”

“အေမကို အေမလို အစ္မကို အစ္မလို ႏွမကို ႏွမလို သူ႔ေနရာနဲ႔ သူ ဆက္ဆံရပါတယ္”

“ေအး အဲဒီလိုပါပဲ ဒကာေတာ္ အုတ္ခ်င္းတူေပမယ့္ဘုရားအုတ္ သိမ္အုတ္နဲ႔ အိမ္သာအုတ္ ေလွကားအုတ္တို႔ဟာလည္း သူ႔ေနရာနဲ႔သူ တန္ဖိုးခ်င္းကြာတယ္ဒကာေတာ္”

Leave a Reply

Your email address will not be published. Required fields are marked *