မိခင်ဆီက အကြွေးပြန်တောင်းရင်း ရန်ဖြစ်ထားတဲ့ သားဖြစ်သူအတွက် “ပုဆိုးတစ်ကွင်းရဲ့ ရာဇဝင်”

KNOWLEDGE

မနက်၉နာရီလောက်ကျွန်တော်အိမ်ရှေ့လမ်းဘေးမှာရပ်နေတုန်းသုံးနှစ်သားလေးနဲ့ငါးဆင့်ချိုင့်တစ်လုံးကိုလက်ဆွဲလို့လာတဲ့စုံတွဲထဲကလူငယ်ကကျွန်တော့ကိုတွေ့တော့ရပ်ပြီး”ဘဘနေကောင်းလား”လို့နှတ်ဆက်လာပါတယ်။

ကြည့်လိုက်တော့ကျွန်တော့မိတ်ဆွေရဲ့သားဖြစ်နေတယ်။

“အေးကောင်းပါတယ်ကွာ ဒါနဲ့မင်းကဘယ်လဲ”ဆိုတော့

“ဒီနေ့ကျွန်တော့မွေးနေ့လေ အဲဒါဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့မလို့”တဲ့

ဒါနဲ့ကျွန်တော်လဲခင်နေသူတွေဆိုတော့အားမနာဘဲ

“ပြစမ်းပါအုန်းဘာဟင်းတွေလဲ”ဆိုပြီးသူ့ဆွမ်းချိုင့်ကိုယူကြည့်လိုက်တယ်။

အပေါ်ဆုံးပထမအဆင့်က အတို့အမြှုပ်

ဒုတိယအဆင့်ကဘာလခြောင်ကြော်

တတိယအဆင့်ကပုစွန်ထုပ်ဆီပြန်

စတုတ္ထအဆင့်က ချဉ်ရေဟင်း

နောက်ဆုံးဆင့်ကထမင်း

“ဟ မင်းဟာကပုစွန်ထုပ်ကြီးဆီပြန်နဲ့အစပ်အဟပ်တည့်လှချည်လားကွပုစွန်ထုပ်တောင်မစားရတာကြာပြီကွ”

“ဟုတ်တယ်ဘဘ ဒီနေ့မှဆိုက်ဆိုက်မြိုက်မြိုက်ရခဲ့တာ ဆရာတော်ရဲ့ကံပဲ”

“အေးပါကွာ ဒါနဲ့မင်းမိဘတွေရောနေကောင်းကြလား”

“မသိဘူးဘဘ အမေတို့အိမ်မရောက်တာကြာပြီ”

“ဟုတ်လားဘာလို့မရောက်တာကြာရတာလဲတစ်မြို့ထဲနေပြီးတော့”

“အမေနဲ့ရန်ဖြစ်ထားလို့ဘဘ”

“ဟေ••ဘာဖြစ်ရတာလဲ”

“အမေကငွေငါးသောင်းချေးတယ်ဘဘရာမပေးတာကြာနေလို့ပြန်တောင်းတော့အမေကတောင်းရပါ့မလားရှိရင်ပေးမှာပေါ့ဆိုပြီးရန်တွေ့တယ်။ပိုက်ဆံပြန်မရတဲ့အပြင်
ရန်ဖြစ်ပြီးပြန်ခဲ့ရတယ်။

“ဟုတ်လား ပိုက်ဆံကဘာအတွက်ချေးတာလဲ”

“မသိပါဘူးဘဘရာ အမေဆေးခန်းပြမလို့ဆိုလား”

“ဪ••အေးပါကွာ မင်းကျောင်းကပြန်ရင်ဘဘဆီဝင်ခဲ့အုံး မွေးနေ့လက်ဆောင်ပေးချင်လို့”

“ဟုတ်ကဲ့ဘဘ ဒါဆိုကျွန်တော်ကဘဘကိုမုန့်ပြန်ကျွေးရမှာပေါ့ဘဘဘာစားမလဲ”

“အေး••မင်းကျွေးချင်လဲလ္ဘက်ရည်နဲ့နံပြားသာဝယ်လာကွာ”ဆိုတော့

“ဟုတ်ကဲ့ဘဘ သွားလိုက်ပါအုံးမယ်”ဆိုပြီးနှတ်ဆက်လို့ထွက်သွားပါတယ်။

အပြန်ကျတော့သူတို့မိသားစုလေးလဘက်ရည်နဲ့နံပြားထုပ်လေးဆွဲလို့ရောက်လာပါတယ်။ကျွန်တော်ကဇနီးသည်ကို

“အမေကြီးရေ လဘက်ရည်လေးထည့်ပေးပါအုံးပြည့်စုံအောင်တို့နဲ့အတူစားရအောင်။ပြီးတော့ဘီဒိုထဲကပိုးပုဆိုးလေးပါထုတ်ပေးပါအုံး”လို့လှမ်းပြောလိုက်တယ်။

ကျွန်တော့လက်ထဲပိုးပုဆိုးလေးရောက်လာတော့

“ရော့ကွာဒါကမင်းအတွက်ဘဘရဲ့မွေးနေ့လက်ဆောင် ပုဆိုးကအသစ်နော်။”

“ဟာ••ဘဘပုဆိုးလေးကလှလိုက်တာ”

“အေးကွ••ဒီပုဆိုးကဘဘလဲလက်ဆောင်ရထားတာ။ဒီပုဆိုးကရာဇဝင်ရှိတယ်။”

“ဟုတ်လားဘဘ••ဘယ်လိုရာဇဝင်လဲပြောပြပါအုံး”

“ဒီလိုကွ ဟိုလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ကပေါ့ကွာဘဘအသိလင်မယားနှစ်ယောက်ဘဘဆီပိုက်ဆံလာချေးတယ်။

သူတို့သားလေးနေမကောင်းဖြစ်နေတာ ဒီမှာကုလို့မရဘူး မန္တလေးဆင်းကုရမှာ အဲဒါငွေငါးသိန်းချေးပေးပါအတိုးလဲပေးပါမယ်တဲ့”

“ဘဘကချေးပေးလိုက်လား”

“အေးကွာ ဘဘကမချေးဘူး မရှိဘူးလို့ငြင်းလိုက်တယ် ဘာလို့ဆိုအဲသည်တုန်းကငွေငါးသိန်းဆိုတာရွှေတစ်ဆယ်သားဖိုးရှိတယ်ကွ၊မနည်းဘူး ပြန်မပေးနိုင်ရင်ဘယ်လိုလုပ်မလဲ

အမျိုးသမီးကအဲဒါကိုရိပ်မိတယ်ထင်တယ်သူတို့ဘယ်မှာမှရှာမရလို့ပါ မဖြစ်မနေပြန်ဆပ်ပါ့မယ်..အဲသည်အကြွေးကိုမဆပ်နိုင်ရင်ဒီဘဝမှာတင်ကျွန်လာခံပြီးနေပေးပါမယ်လို့ငိုယိုပြီးပြောတော့တာ။

သူ့ယောက်ျားကိုကြည့်လိုက်တော့လဲမငိုယုံတမယ်ဘဲမျက်ရည်တွေဝဲလို့။နောက်တော့ဘဘလဲ ကဲ…ဆုံးမဲ့သာဆုံးတော့ဆိုပြီး ချေးပေးလိုက်ပါတယ်။”

“ဪ••ဟုတ်လားဘဘ သနားပါတယ်နော်သူ့သားလေးကိုတော်တော်ချစ်တာပဲအကြွေးကိုကျွန်ခံပြီးတောင်ဆပ်မယ်ဆိုတော့။သူတို့သားလေးရောပြန်ကောင်းသွားလား”

“အေးကောင်းသွားတယ်ကွ နောက်၂နှစ်လောက်ကြာတော့လင်မယားနှစ်ယောက်ပြုံးပျော်ပြီးအကြွေးလာဆပ်ကြတယ်။သူ့ယောက်ျားက

အစ်ကိုရေ အစ်ကို့ညီမမှာအကြွေးဆပ်ချင်လို့တဲ့လုပ်လိုက်တဲ့အလုပ် မနက်ပိုင်းဆိုဈေးရောင်း..နေ့လယ်ဆိုသူများအိမ်ကဘာခိုင်းမလဲလိုက်လုပ်..

ပိုက်ဆံရရင်ပြီးရောအကုန်လိုက်လုပ်တာ..အလှူပန်းကန်ဆေးငှားလဲလိုက်တာပဲ..ကုန်ကုန်ပြောမယ်အစ်ကိုရေ အဝှာမခံတာပဲကျန်တယ်။

အကြွေးမကြေရင်ငါမြေခံရတာ..အကြောင်းမဟုတ်ဘူး…ငါ့သားလေးကိုဆေးကုထားတာဆိုတော့..ငါ့သားလေးပါမြေခံနေရမှာစိုးတယ်။

ဒီဘဝတင်ကျွန်ခံဆပ်မယ်အမြဲပြောတယ်။ငွေငါးသိန်းမပြည့်မခြင်း..ဟင်းကောင်းလဲမစားရဘူးအစ်ကိုရေ့..ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကြွေးလာဆပ်ကြတယ်။”

“ဟုတ်လားဘဘ သူတို့သားလေးကိုတော်တော်ချစ်တာပဲနော်။ဒါနဲ့ပုဆိုးကရော”

“သူတို့ကအရင်းတင်မကဘူး အတိုးလဲပေးတာငါကအတိုးမယူဘူးဆိုတော့နောက်နေ့မှာဒီပိုးပုဆိုးလေးလက်ဆောင်လာပေးတာ။ငါကမဝတ်ရက်လို့သိမ်းထားတာ။”

“ဟုတ်လားဘဘ သူတို့ကခုရောရှိသေးလား”

“ရှိတယ်ကွ မင်းတောင်သိရင်သိမှာပါ။”

“ဟုတ်လားဘဘ ဘယ်သူများလဲ။”

“ဟိုကွာ လက်သမားလုပ်တဲ့ ကိုလှမောင်နဲ့မခင်မေတို့လင်မယားလေကွာ။”

“ဟင်•ဒါဆို•အဲဒါကျွန်တော့အဖေနဲ့အမေပေါ့”

“အေးဟုတ်တယ်ကွ မင်းအဖေနဲ့အမေပဲ”

“ဒါဆိုဆေးကုရတဲ့ကလေးက••”

“အေး••ဆေးကုရတဲ့ကလေးကလဲမင်းပဲလေ”

သူခဏတော့ငြိမ်ပြီးထိုင်နေသေးတယ်။

ခဏအကြာမှာတော့

“ဘဘကျွန်တော်တို့ပြန်လိုက်ပါအုံးမယ်။”လို့နှတ်ဆက်လို့ပြန်သွားပါတယ်။

သူတို့ပြန်သွားတော့ဇနီးသည်က

“အဖေကြီးကလဲ ကလေးစိတ်မကောင်းဖြစ်အောင်ဘာလို့ပြောရတာလဲ။သူ့မှာသူ့မွေးနေ့လေးမှာဘုန်းကြီးကျောင်းဆွမ်းပို့ပြီးမိန်းမနဲ့ကလေးနဲ့ပျော်နေတာကို။”

“ဟ••ပြောရမယ်ကွ ပြောမှသိမှာပေါ့သူတို့လူလားမြောက်အောင်မိဘကဘယ်လိုမွေးခဲ့ရတယ်၊ဘယ်လိုလုပ်ခဲ့ရတယ်မသိဘူး ကြွေးဟောင်းတော့မဆပ်ဘူးကိုယ်ကသူ့ကိုချစ်လို့ပြောလိုက်တာပါကွာ”

ဆိုတော့ဇနီးသည်က

“အေးပါလေ ကျွန်မကလတ်တလောသူစိတ်မကောင်းဖြစ်သွားတာကိုသနားလို့ပါ။”တဲ့..ညနေကျတော့ကျွန်တော့ဆီဖုန်းတစ်ကောဝင်လာပါတယ်။

“အော••အစ်ကို ကျွန်မခင်မေပါနေ့လယ်ကလေကျွန်မသားကသူ့မွေးနေ့ဆိုပြီးငွေကငါးသိန်း၊ထဘီတစ်ထည်၊ပုဆိုးတစ်ထည်လာကန်တော့တယ်။

သူလာကန်တော့တဲ့ပုဆိုးကအစ်ကို့ကိုကျွန်မတို့လက်ဆောင်ပေးခဲ့ဖူးတဲ့ပုဆိုးနဲ့တူနေလို့အဲဒါ•••”

“ဪ•••သိပြီ..ဒီလိုမခင်မေရေ့ မင့်သားကဒီနေ့သူ့မွေးနေ့..ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့တယ်။..အပြန်မှာအစ်ကို့ဆီဝင်ခိုင်းပြီးသူ့ကိုအဲသည်..ပုဆိုးလက်ဆောင်ပေးရင်း ပုဆိုးရာဇဝင်ကိုပြောပြလိုက်တာ”

“ဪ••ဒါကြောင့်ကိုးကျေးဇူးတင်ပတယ်အစ်ကိုရေ”ဆိုပြီးဖုန်းချသွားတယ်။

ဇနီးသည်က

“ဘယ်ကဖုန်းလဲအဖေကြီး”

“မခင်မေလေကွာ သူ့သားကငွေငါးသိန်းထဘီတစ်ထည်၊ပုဆိုးတစ်ထည်နဲ့လာကန်တော့တာပုဆိုးကသူတို့လက်ဆောင်ပေးဖူးတဲ့ပုဆိုးဖြစ်နေလို့မေးနေတာ ကိုယ်လဲ
မနက်ကအကြောင်းပြောပြလိုက်တယ်။

“ဟုတ်လား ကလေးတစ်ယောက်အမြင်မှန်ရသွားတာဝမ်းသာစရာပဲ”

“အေးပေါ့ကွာ ပြောရကျိုးနပ်သွားတာပေါ့”

“သာဓုပါတော် မိဘကျေးဇူးသိတဲ့သားလေးဘုန်းကြီးပါစေသက်ရှည်ပါစေကျန်းမာပါစေချမ်းသာပါစေတော်”

ကျွန်တော်ကတော့ဇနီးသည်ရဲ့ဆုတောင်းပေးသံကိုပီတိဖြစ်နေပါတော့တယ်။

မင်းကြည်

(ရွှေပြည်တော်ရုပ်ရှင်ရုံ၊ရွှေပြည်တော်ကဖေး)

စာကြွင်း။. ကျွန်တော့postကိုမည်သူမဆိုကူးယူဖော်ပြခြင်း၊မျှဝေပေးခြင်းပြုနိုင်ပါသည်။ခွင့်တောင်းရန်မလိုပါခင်ဗျာ။

Crd

Zawgyi

မနက္၉နာရီေလာက္ကြၽန္ေတာ္အိမ္ေရွ႕လမ္းေဘးမွာရပ္ေနတုန္းသုံးႏွစ္သားေလးနဲ႔ငါးဆင့္ခ်ိဳင့္တစ္လုံးကိုလက္ဆြဲလို႔လာတဲ့စုံတြဲထဲကလူငယ္ကကြၽန္ေတာ့ကိုေတြ႕ေတာ့ရပ္ၿပီး”ဘဘေနေကာင္းလား”လို႔ႏွတ္ဆက္လာပါတယ္။

ၾကည့္လိုက္ေတာ့ကြၽန္ေတာ့မိတ္ေဆြရဲ႕သားျဖစ္ေနတယ္။

“ေအးေကာင္းပါတယ္ကြာ ဒါနဲ႔မင္းကဘယ္လဲ”ဆိုေတာ့

“ဒီေန႔ကြၽန္ေတာ့ေမြးေန႔ေလ အဲဒါဘုန္းႀကီးေက်ာင္းကိုဆြမ္းခ်ိဳင့္သြားပို႔မလို႔”တဲ့

ဒါနဲ႔ကြၽန္ေတာ္လဲခင္ေနသူေတြဆိုေတာ့အားမနာဘဲ

“ျပစမ္းပါအုန္းဘာဟင္းေတြလဲ”ဆိုၿပီးသူ႔ဆြမ္းခ်ိဳင့္ကိုယူၾကည့္လိုက္တယ္။

အေပၚဆုံးပထမအဆင့္က အတို႔အျမႇဳပ္

ဒုတိယအဆင့္ကဘာလေျခာင္ေၾကာ္

တတိယအဆင့္ကပုစြန္ထုပ္ဆီျပန္

စတုတၳအဆင့္က ခ်ဥ္ေရဟင္း

ေနာက္ဆုံးဆင့္ကထမင္း

“ဟ မင္းဟာကပုစြန္ထုပ္ႀကီးဆီျပန္နဲ႔အစပ္အဟပ္တည့္လွခ်ည္လားကြပုစြန္ထုပ္ေတာင္မစားရတာၾကာၿပီကြ”

“ဟုတ္တယ္ဘဘ ဒီေန႔မွဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ရခဲ့တာ ဆရာေတာ္ရဲ႕ကံပဲ”

“ေအးပါကြာ ဒါနဲ႔မင္းမိဘေတြေရာေနေကာင္းၾကလား”

“မသိဘူးဘဘ အေမတို႔အိမ္မေရာက္တာၾကာၿပီ”

“ဟုတ္လားဘာလို႔မေရာက္တာၾကာရတာလဲတစ္ၿမိဳ႕ထဲေနၿပီးေတာ့”

“အေမနဲ႔ရန္ျဖစ္ထားလို႔ဘဘ”

“ေဟ••ဘာျဖစ္ရတာလဲ”

“အေမကေငြငါးေသာင္းေခ်းတယ္ဘဘရာမေပးတာၾကာေနလို႔ျပန္ေတာင္းေတာ့အေမကေတာင္းရပါ့မလားရွိရင္ေပးမွာေပါ့ဆိုၿပီးရန္ေတြ႕တယ္။ပိုက္ဆံျပန္မရတဲ့အျပင္
ရန္ျဖစ္ၿပီးျပန္ခဲ့ရတယ္။

“ဟုတ္လား ပိုက္ဆံကဘာအတြက္ေခ်းတာလဲ”

“မသိပါဘူးဘဘရာ အေမေဆးခန္းျပမလို႔ဆိုလား”

“ဪ••ေအးပါကြာ မင္းေက်ာင္းကျပန္ရင္ဘဘဆီဝင္ခဲ့အုံး ေမြးေန႔လက္ေဆာင္ေပးခ်င္လို႔”

“ဟုတ္ကဲ့ဘဘ ဒါဆိုကြၽန္ေတာ္ကဘဘကိုမုန႔္ျပန္ေကြၽးရမွာေပါ့ဘဘဘာစားမလဲ”

“ေအး••မင္းေကြၽးခ်င္လဲလၻက္ရည္နဲ႔နံျပားသာဝယ္လာကြာ”ဆိုေတာ့

“ဟုတ္ကဲ့ဘဘ သြားလိုက္ပါအုံးမယ္”ဆိုၿပီးႏွတ္ဆက္လို႔ထြက္သြားပါတယ္။

အျပန္က်ေတာ့သူတို႔မိသားစုေလးလဘက္ရည္နဲ႔နံျပားထုပ္ေလးဆြဲလို႔ေရာက္လာပါတယ္။ကြၽန္ေတာ္ကဇနီးသည္ကို

“အေမႀကီးေရ လဘက္ရည္ေလးထည့္ေပးပါအုံးျပည့္စုံေအာင္တို႔နဲ႔အတူစားရေအာင္။ၿပီးေတာ့ဘီဒိုထဲကပိုးပုဆိုးေလးပါထုတ္ေပးပါအုံး”လို႔လွမ္းေျပာလိုက္တယ္။

ကြၽန္ေတာ့လက္ထဲပိုးပုဆိုးေလးေရာက္လာေတာ့

“ေရာ့ကြာဒါကမင္းအတြက္ဘဘရဲ႕ေမြးေန႔လက္ေဆာင္ ပုဆိုးကအသစ္ေနာ္။”

“ဟာ••ဘဘပုဆိုးေလးကလွလိုက္တာ”

“ေအးကြ••ဒီပုဆိုးကဘဘလဲလက္ေဆာင္ရထားတာ။ဒီပုဆိုးကရာဇဝင္ရွိတယ္။”

“ဟုတ္လားဘဘ••ဘယ္လိုရာဇဝင္လဲေျပာျပပါအုံး”

“ဒီလိုကြ ဟိုလြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္ကေပါ့ကြာဘဘအသိလင္မယားႏွစ္ေယာက္ဘဘဆီပိုက္ဆံလာေခ်းတယ္။

သူတို႔သားေလးေနမေကာင္းျဖစ္ေနတာ ဒီမွာကုလို႔မရဘူး မႏၲေလးဆင္းကုရမွာ အဲဒါေငြငါးသိန္းေခ်းေပးပါအတိုးလဲေပးပါမယ္တဲ့”

“ဘဘကေခ်းေပးလိုက္လား”

“ေအးကြာ ဘဘကမေခ်းဘူး မရွိဘူးလို႔ျငင္းလိုက္တယ္ ဘာလို႔ဆိုအဲသည္တုန္းကေငြငါးသိန္းဆိုတာေ႐ႊတစ္ဆယ္သားဖိုးရွိတယ္ကြ၊မနည္းဘူး ျပန္မေပးႏိုင္ရင္ဘယ္လိုလုပ္မလဲ

အမ်ိဳးသမီးကအဲဒါကိုရိပ္မိတယ္ထင္တယ္သူတို႔ဘယ္မွာမွရွာမရလို႔ပါ မျဖစ္မေနျပန္ဆပ္ပါ့မယ္..အဲသည္အေႂကြးကိုမဆပ္ႏိုင္ရင္ဒီဘဝမွာတင္ကြၽန္လာခံၿပီးေနေပးပါမယ္လို႔ငိုယိုၿပီးေျပာေတာ့တာ။

သူ႔ေယာက္်ားကိုၾကည့္လိုက္ေတာ့လဲမငိုယုံတမယ္ဘဲမ်က္ရည္ေတြဝဲလို႔။ေနာက္ေတာ့ဘဘလဲ ကဲ…ဆုံးမဲ့သာဆုံးေတာ့ဆိုၿပီး ေခ်းေပးလိုက္ပါတယ္။”

“ဪ••ဟုတ္လားဘဘ သနားပါတယ္ေနာ္သူ႔သားေလးကိုေတာ္ေတာ္ခ်စ္တာပဲအေႂကြးကိုကြၽန္ခံၿပီးေတာင္ဆပ္မယ္ဆိုေတာ့။သူတို႔သားေလးေရာျပန္ေကာင္းသြားလား”

“ေအးေကာင္းသြားတယ္ကြ ေနာက္၂ႏွစ္ေလာက္ၾကာေတာ့လင္မယားႏွစ္ေယာက္ၿပဳံးေပ်ာ္ၿပီးအေႂကြးလာဆပ္ၾကတယ္။သူ႔ေယာက္်ားက

အစ္ကိုေရ အစ္ကို႔ညီမမွာအေႂကြးဆပ္ခ်င္လို႔တဲ့လုပ္လိုက္တဲ့အလုပ္ မနက္ပိုင္းဆိုေဈးေရာင္း..ေန႔လယ္ဆိုသူမ်ားအိမ္ကဘာခိုင္းမလဲလိုက္လုပ္..

ပိုက္ဆံရရင္ၿပီးေရာအကုန္လိုက္လုပ္တာ..အလႉပန္းကန္ေဆးငွားလဲလိုက္တာပဲ..ကုန္ကုန္ေျပာမယ္အစ္ကိုေရ အဝွာမခံတာပဲက်န္တယ္။

အေႂကြးမေၾကရင္ငါေျမခံရတာ..အေၾကာင္းမဟုတ္ဘူး…ငါ့သားေလးကိုေဆးကုထားတာဆိုေတာ့..ငါ့သားေလးပါေျမခံေနရမွာစိုးတယ္။

ဒီဘဝတင္ကြၽန္ခံဆပ္မယ္အၿမဲေျပာတယ္။ေငြငါးသိန္းမျပည့္မျခင္း..ဟင္းေကာင္းလဲမစားရဘူးအစ္ကိုေရ႕..ဆိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔အေႂကြးလာဆပ္ၾကတယ္။”

“ဟုတ္လားဘဘ သူတို႔သားေလးကိုေတာ္ေတာ္ခ်စ္တာပဲေနာ္။ဒါနဲ႔ပုဆိုးကေရာ”

“သူတို႔ကအရင္းတင္မကဘူး အတိုးလဲေပးတာငါကအတိုးမယူဘူးဆိုေတာ့ေနာက္ေန႔မွာဒီပိုးပုဆိုးေလးလက္ေဆာင္လာေပးတာ။ငါကမဝတ္ရက္လို႔သိမ္းထားတာ။”

“ဟုတ္လားဘဘ သူတို႔ကခုေရာရွိေသးလား”

“ရွိတယ္ကြ မင္းေတာင္သိရင္သိမွာပါ။”

“ဟုတ္လားဘဘ ဘယ္သူမ်ားလဲ။”

“ဟိုကြာ လက္သမားလုပ္တဲ့ ကိုလွေမာင္နဲ႔မခင္ေမတို႔လင္မယားေလကြာ။”

“ဟင္•ဒါဆို•အဲဒါကြၽန္ေတာ့အေဖနဲ႔အေမေပါ့”

“ေအးဟုတ္တယ္ကြ မင္းအေဖနဲ႔အေမပဲ”

“ဒါဆိုေဆးကုရတဲ့ကေလးက••”

“ေအး••ေဆးကုရတဲ့ကေလးကလဲမင္းပဲေလ”

သူခဏေတာ့ၿငိမ္ၿပီးထိုင္ေနေသးတယ္။

ခဏအၾကာမွာေတာ့

“ဘဘကြၽန္ေတာ္တို႔ျပန္လိုက္ပါအုံးမယ္။”လို႔ႏွတ္ဆက္လို႔ျပန္သြားပါတယ္။

သူတို႔ျပန္သြားေတာ့ဇနီးသည္က

“အေဖႀကီးကလဲ ကေလးစိတ္မေကာင္းျဖစ္ေအာင္ဘာလို႔ေျပာရတာလဲ။သူ႔မွာသူ႔ေမြးေန႔ေလးမွာဘုန္းႀကီးေက်ာင္းဆြမ္းပို႔ၿပီးမိန္းမနဲ႔ကေလးနဲ႔ေပ်ာ္ေနတာကို။”

“ဟ••ေျပာရမယ္ကြ ေျပာမွသိမွာေပါ့သူတို႔လူလားေျမာက္ေအာင္မိဘကဘယ္လိုေမြးခဲ့ရတယ္၊ဘယ္လိုလုပ္ခဲ့ရတယ္မသိဘူး ေႂကြးေဟာင္းေတာ့မဆပ္ဘူးကိုယ္ကသူ႔ကိုခ်စ္လို႔ေျပာလိုက္တာပါကြာ”

ဆိုေတာ့ဇနီးသည္က

“ေအးပါေလ ကြၽန္မကလတ္တေလာသူစိတ္မေကာင္းျဖစ္သြားတာကိုသနားလို႔ပါ။”တဲ့..ညေနက်ေတာ့ကြၽန္ေတာ့ဆီဖုန္းတစ္ေကာဝင္လာပါတယ္။

“ေအာ••အစ္ကို ကြၽန္မခင္ေမပါေန႔လယ္ကေလကြၽန္မသားကသူ႔ေမြးေန႔ဆိုၿပီးေငြကငါးသိန္း၊ထဘီတစ္ထည္၊ပုဆိုးတစ္ထည္လာကန္ေတာ့တယ္။

သူလာကန္ေတာ့တဲ့ပုဆိုးကအစ္ကို႔ကိုကြၽန္မတို႔လက္ေဆာင္ေပးခဲ့ဖူးတဲ့ပုဆိုးနဲ႔တူေနလို႔အဲဒါ•••”

“ဪ•••သိၿပီ..ဒီလိုမခင္ေမေရ႕ မင့္သားကဒီေန႔သူ႔ေမြးေန႔..ဘုန္းႀကီးေက်ာင္းကိုဆြမ္းခ်ိဳင့္ပို႔တယ္။..အျပန္မွာအစ္ကို႔ဆီဝင္ခိုင္းၿပီးသူ႔ကိုအဲသည္..ပုဆိုးလက္ေဆာင္ေပးရင္း ပုဆိုးရာဇဝင္ကိုေျပာျပလိုက္တာ”

“ဪ••ဒါေၾကာင့္ကိုးေက်းဇူးတင္ပတယ္အစ္ကိုေရ”ဆိုၿပီးဖုန္းခ်သြားတယ္။

ဇနီးသည္က

“ဘယ္ကဖုန္းလဲအေဖႀကီး”

“မခင္ေမေလကြာ သူ႔သားကေငြငါးသိန္းထဘီတစ္ထည္၊ပုဆိုးတစ္ထည္နဲ႔လာကန္ေတာ့တာပုဆိုးကသူတို႔လက္ေဆာင္ေပးဖူးတဲ့ပုဆိုးျဖစ္ေနလို႔ေမးေနတာ ကိုယ္လဲ
မနက္ကအေၾကာင္းေျပာျပလိုက္တယ္။

“ဟုတ္လား ကေလးတစ္ေယာက္အျမင္မွန္ရသြားတာဝမ္းသာစရာပဲ”

“ေအးေပါ့ကြာ ေျပာရက်ိဳးနပ္သြားတာေပါ့”

“သာဓုပါေတာ္ မိဘေက်းဇူးသိတဲ့သားေလးဘုန္းႀကီးပါေစသက္ရွည္ပါေစက်န္းမာပါေစခ်မ္းသာပါေစေတာ္”

ကြၽန္ေတာ္ကေတာ့ဇနီးသည္ရဲ႕ဆုေတာင္းေပးသံကိုပီတိျဖစ္ေနပါေတာ့တယ္။

မင္းၾကည္

(ေ႐ႊျပည္ေတာ္႐ုပ္ရွင္႐ုံ၊ေ႐ႊျပည္ေတာ္ကေဖး)

စာႂကြင္း။. ကြၽန္ေတာ့postကိုမည္သူမဆိုကူးယူေဖာ္ျပျခင္း၊မွ်ေဝေပးျခင္းျပဳႏိုင္ပါသည္။ခြင့္ေတာင္းရန္မလိုပါခင္ဗ်ာ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *