သနပ်ခါးကြိုက်တဲ့မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ

အေထြအေထြဗဟုသုတ

သနပ်ခါးကြိုက်တဲ့မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ

မေမေပြောပြတဲ့ ပျိုမေတို့အကြိုက် သနပ်ခါးကျောက်ပျဉ်

သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲ ၊ အဲသလိုလုပ်လို့မရပါဘူး

ကျောက်သားအစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေလိုမျိုးကို ပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်

ပထမဦးဆုံးအသုံးမပြု့ခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကိုထည့်ပြီး ရေနဲ့တစ်ညစိမ်ထားပါ

 

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီး တစ်နေကုန်နေလှမ်းထားရပါတယ် ။

ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်

ထွက်လာတဲ့သနပ်ခါးကလေးတွေက ညက်နေပြီး တနေကုန်ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့။

ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာ သိသွားပြီပေါ့။

မေမေပြောပြတယ် ၊ ကျောက်ပျဉ် ပေါ်သနပ်ခါးသွေးတာ လေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့ တူတူပဲတဲ့ ။

ဒါပေမဲ့ ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာ ထားပြီး သွေးရမယ်တဲ့

သနပ်ခါး ကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမယ့်

နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် ပျော့ပြီး ရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့

ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့။ ငရုပ်သီးထောင်းတာလည်း အတူတူပဲတဲ့။ ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့။ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်

zawgyi

သနပ္ခါးႀကိဳက္တဲ့မိန္းခေလးေတြ သိထားသင့္တဲ့ ဗဟုသုတေလးပါ

ေမေမေျပာျပတဲ့ ပ်ိဳေမတို႔အႀကိဳက္ သနပ္ခါးေက်ာက္ပ်ဥ္

သနပ္ခါး ေက်ာက္ျပင္ အသစ္ဆို ေရေလးေဆးလိုက္ၿပီး သနပ္ခါး တုံးေသြးထည့္လိုက္တာပဲ ၊ အဲသလိုလုပ္လို႔မရပါဘူး

ေက်ာက္သားအစစ္ကို ထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္ ဘိလပ္ေျမလိုမ်ိဳးကို ပုံျပဳ႕ထားတဲ့ေက်ာက္ပ်ဥ္ျဖစ္ျဖစ္

ပထမဦးဆုံးအသုံးမျပဳ႕ခင္မွာ ဝယ္လာတဲ့ေက်ာက္ပ်ဥ္ကို ေရစင္စင္ေဆးၿပီး ေက်ာက္ပ်ဥ္ကို ေရပုန္းထဲကိုထည့္ၿပီး ေရနဲ႔တစ္ညစိမ္ထားပါ

ေနာက္တစ္ရက္မွာ နႏြန္းတက္နဲ႔ဆီ+ဆားနဲ႔ကိုေသြးၿပီး တစ္ေနကုန္ေနလွမ္းထားရပါတယ္ ။

ဆီေျခာက္ေတာ့မွ သနပ္ခါးေက်ာက္ပ်ဥ္ကို ေရထပ္ေဆးၿပီးမွ မိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတုံး ကိုေသြးရပါတယ္

ထြက္လာတဲ့သနပ္ခါးကေလးေတြက ညက္ေနၿပီး တေနကုန္ပါးျပင္ေပၚ အရာထင္ေနပါတယ္တဲ့။

ကဲ ေက်ာက္ပ်ဥ္အ သစ္ကိုဘယ္လိုအသုံးျပဳ႕ရသလဲဆိုတာ သိသြားၿပီေပါ့။

ေမေမေျပာျပတယ္ ၊ ေက်ာက္ပ်ဥ္ ေပၚသနပ္ခါးေသြးတာ ေလ့က်င့္ခန္းတစ္ခုလုပ္တာနဲ႔ တူတူပဲတဲ့ ။

ဒါေပမဲ့ ၾကမ္းျပင္ေပၚခ်ေသြးရတာမဟုတ္ပဲ မိမိခါးအလည္ေလာက္အျမင့္ရွိတဲ့ေနရာမွာ ထားၿပီး ေသြးရမယ္တဲ့

သနပ္ခါး ကို အားစိုက္ေသြးေနရေတာ့ ေလ့က်င့္ခန္းလုပ္ေနတယ္လို႔ မထင္ရေပမယ့္

ႏွစ္နဲ႔ခ်ီၿပီးေန႔စဥ္ေသြးေနရေတာ့ လက္ေမာင္းႂကြက္သြားေတြက ပိုၿပီးသန္မာတယ္ ေပ်ာ့ၿပီး ႐ြဲက်ျခင္းမ်ိဳးမျဖစ္ဘူးတဲ့

ဘယ္ညာေတာ့ လွည့္ေသြးေပါ့တဲ့။ င႐ုပ္သီးေထာင္းတာလည္း အတူတူပဲတဲ့။ ေခါင္းေလ့က်င့္ခန္းကေတာ့ ေရအိုး ႐ြက္တာပါတဲ့။ ေမေမ အေမ(အဖြား)ေျပာျပတာလို႔ေျပာတယ္

Leave a Reply

Your email address will not be published. Required fields are marked *