အမေ ညာတယ်
ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူးသားတို့ စားပါ´တဲ့။
အမေ ညာတယ်
တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။
အမေ ညာတယ်
အဝတ်အစားသစ် မရှိ၊ ခါဝတ် အင်္ကျီ လုံချည် ဟောင်းနွမ်းနေပါလျက် `အမေ့အင်္ကျီ လုံချည် အသစ်ပဲ ရှိသေးလို့ အမေ့အတွက် မလိုဘူး၊ အဝတ်အစားသစ် သားတို့ ဝတ်ပါ´တဲ့။
အမေ ညာတယ်
ဖနောင့် နေရာမှာ ပါးပြီး ပေါက်နေပါလျက် `အမေ့ဖိနပ် အကောင်းပဲ ရှိသေးလို့ ဖိနပ်အသစ် သားတို့ စီးပါ´တဲ့။
အမေ ညာတယ်
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားတို့ နောင်ရေးတွေး စိတ်မအေးလို့ ဝမ်းနည်း မျက်ရည် ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ မငိုပါဘူး၊ မိုးရွာတာပါ´တဲ့။
အမေ ညာခဲ့တယ်၊ မေတ္တာဖုံးတဲ့ မုသားနဲ့ အမေ အမြဲ ညာခဲ့တယ်၊အမေညာတယ် လိုအပ်တဲ့အရာလေးဝယ်ဖို့ အမေပိုက်ဆံရှိလားမေးတော့
ရှိတယ်ဆိုပြီး အမေနားက နားကပ်ကိုအပေါင်းဆိုင်းမှာသွားထားပြီးသားသမီးများအတွက် ဖြည့်စည်းပေးခဲ့တယ်။
အမေ မညာပါနဲ့တော့ အမေရယ်၊ အမေ ညာခဲ့တာ မသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့မေတ္တာကို သိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ။
ဒီတစ်ခါ သားကို တစ်လှည့် ညာခွင့်ပေးပါ။`သားရဲ့ လုပ်အားခ လစာလေး ပိုလျှံနေလို့ လတိုင်း အမေ့ထံ ကျေးဇူးလေးဆပ်ပါရစေ။´
အမေဆိုတာ သား၊ သမီးတို့အတွက် ရတက်မအေး သောကမျက်ရည် ကျမိတဲ့အခါ သား၊ သမီးတို့အပေါ် မစိုစေ၊ မမြင်စေဘဲ မိုးရေအဖြစ် အသွင်ပြောင်းကာ မြင်စေသူပါ…။
#crd
Unicode
အေမ ညာတယ္
ထမင္းအိုးထဲ ထမင္းမေလာက္မွန္း သိေတာ့ `အေမ မဆာဘူးသားတို႔ စားပါ´တဲ့။
အေမ ညာတယ္
တစ္ခါတစ္ရံ အသားဟင္း ခ်က္ေတာ့ `အေမ သြားမေကာင္းလို႔ ခ်ဥ္ေပါင္႐ြက္ခ်က္နဲ႔ အေမ စားမယ္၊ အသားဟင္း သားတို႔ စားပါ´တဲ့။
အေမ ညာတယ္
အ၀တ္အစားသစ္ မရွိ၊ ခါ၀တ္ အက်ႌ လုံခ်ည္ ေဟာင္းႏြမ္းေနပါလ်က္ `အေမ့အက်ႌ လုံခ်ည္ အသစ္ပဲ ရွိေသးလို႔ အေမ့အတြက္ မလိုဘူး၊ အ၀တ္အစားသစ္ သားတို႔ ၀တ္ပါ´တဲ့။
အေမ ညာတယ္
ဖေနာင့္ ေနရာမွာ ပါးၿပီး ေပါက္ေနပါလ်က္ `အေမ့ဖိနပ္ အေကာင္းပဲ ရွိေသးလို႔ ဖိနပ္အသစ္ သားတို႔ စီးပါ´တဲ့။
အေမ ညာတယ္
ေလာကဓံကို အံတု၊ မာန္တင္းကာ ရင္ဆိုင္ေပမယ့္ သားတို႔ ေနာင္ေရးေတြး စိတ္မေအးလို႔ ၀မ္းနည္း မ်က္ရည္ က်ေနပါလ်က္ `အေမ ဘာလို႔ ငိုတာလဲ´ေမးေတာ့ `အေမ မငိုပါဘူး၊ မိုး႐ြာတာပါ´တဲ့။
အေမ ညာခဲ့တယ္၊ ေမတၱာဖုံးတဲ့ မုသားနဲ႔ အေမ အၿမဲ ညာခဲ့တယ္၊အေမညာတယ္ လိုအပ္တဲ့အရာေလးဝယ္ဖို႔ အေမပိုက္ဆံရွိလားေမးေတာ့
ရွိတယ္ဆိုၿပီး အေမနားက နားကပ္ကိုအေပါင္းဆိုင္းမွာသြားထားၿပီးသားသမီးမ်ားအတြက္ ျဖည့္စည္းေပးခဲ့တယ္။
အေမ မညာပါနဲ႔ေတာ့ အေမရယ္၊ အေမ ညာခဲ့တာ မသိ၊ သားကိုယ္တိုင္ ႀကဳံေတြ႕ရေတာ့မွ အေမ့ေမတၱာကို သိ သားရင္ထဲ တဆစ္ဆစ္ နာၾကင္ေနရၿပီ အေမ။
ဒီတစ္ခါ သားကို တစ္လွည့္ ညာခြင့္ေပးပါ။`သားရဲ႕ လုပ္အားခ လစာေလး ပိုလွ်ံေနလို႔ လတိုင္း အေမ့ထံ ေက်းဇူးေလးဆပ္ပါရေစ။´
အေမဆိုတာ သား၊ သမီးတို႔အတြက္ ရတက္မေအး ေသာကမ်က္ရည္ က်မိတဲ့အခါ သား၊ သမီးတို႔အေပၚ မစိုေစ၊ မျမင္ေစဘဲ မိုးေရအျဖစ္ အသြင္ေျပာင္းကာ ျမင္ေစသူပါ…။
#crd