ခေါင်းလောင်းသံ မကြားလိုက်တဲ့ ကျီးကန်း
တခါတုန်းက ကျီးကန်းတွေရဲ့ စာသင်ကျောင်းမှာ ဆရာမကြီးက တပည့်တွေကို ဆုံးမတယ် ။
” မင်းတို့ အားလုံး ငါပြောတာကို ကြားတယ် မဟုတ်လား ”
” ကြားပါတယ် ဆရာမကြီး ”
” အေး.. ဒီပုံပြင်ထဲက ကျီးကန်းလို မမိုက်မဲမိကြစေနဲ့ ။ ဆင်သေကောင်ရဲ့ အသားကို စားဖို့ မက်မောရင်း ပင်လယ်ထဲမှာ ဒုက္ခ ရောက်ရတယ် ။ ကမ်းမမြင် လမ်းမမြင် သေသွား ရတယ်။ ကျပ်ကျပ် သင်ခန်းစာ ယူကြ ”
” ဟုတ်ကဲ့ပါ ဆရာမကြီး ”
ဒီအချိန်မှာ စာသင်ခန်းထဲကို ရောက်မလာတဲ့ ကျီးကန်းလေး တစ်ကောင်လည်း ရှိတယ် ။ ကျောင်းပြေးတာရယ်တော့ မဟုတ်ပါဘူး။ ကျောင်းတက် ခေါင်းလောင်းသံကို သူ မကြားလိုက်တာပါ ။
ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ သူ နားနေတယ် ။ ကျီးကန်း မျက်စိမို့လို့ ဟိုကြည့် ဒီကြည့် ကြည့်ရင်း ရေထဲမှာ မျောပါလာတဲ့ အရာကြီးတစ်ခုကို သူမြင်လိုက်သတဲ့။
” ဟာ ဘာကြီးပါလိမ့် ”
ထင်ထင် ရှားရှား တွေ့ရတော့ သူ အံ့ဩသွားတယ် ။
” ဟာ ဆင်သေကောင်ကြီးပဲ ”
ဆင်သေကောင်က လတ်လတ် ဆတ်ဆတ်ကြီးပဲ ရှိသေးတယ် ။ အကြီးကြီး၊ အကြာကြီး စားလို့ရတယ် ။ သူ ဝမ်းမြောက် ဝမ်းသာနဲ့ ဆင်သေကြီးဆီ ထိုးဆင်းသွားတာပေါ့ ၊ ဟိုတို့ ဒီဆိတ်နဲ့ မြိန်ရေရှက်ရေ စားသောက်ရင်း ဆင်သေကောင်ကြီးနဲ့အတူ ပင်လယ်ဆီ မျောပါသွားတော့ တယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်တဲ့ ကျီးကန်း တချို့ ရှိတယ် ။
” ဟာ ဒီကောင်တော့ ဒုက္ခပါပဲ ”
” ဟုတ်ပါရဲ့ တော်တော် မိုက်တဲ့ကောင်ပဲ ”
ဒီသတင်းက ကျီးကန်းတွေရဲ့ ရွာထဲမှာ အုတ်အော် သောင်းတင်း ဖြစ်ကုန်တော့တယ်။ ဆင်သေနဲ့အတူ ပါသွားတဲ့ ကျီးကန်းလေး ကတော့ ဆင်သေ အသားကို စားပြီး သူ့ဘာသာ ကျေနပ် အားရနေတယ်။ တဖြည်းဖြည်း ဆင်သေရဲ့ အသားက ကုန်ခန်းလာပြီး ကမ်းမမြင် လမ်းမမြင် အခြေအနေကို သုံးသပ်မိတော့မှ..
” ဟာ ပြဿနာပဲ ”
ဆင်သေက မကြာခင်မှာ လုံးလုံး လျားလျား ကုန်တော့မယ်။ အဲဒီအခါမှာ သူ့မှာ စားစရာလည်း မရှိတော့ဘူး ၊ နားစရာလည်း မရှိတော့ဘူး။ ဒေါင်လိုက်ပဲ ဖြစ်ဖြစ် အလျားလိုက်ပဲ ဖြစ်ဖြစ် ပင်လယ်ကို ဖြတ်ပြီး သူ ကူးနိုင်မှာမဟုတ်ဘူး ။
” ငါ ဘယ်လို လုပ်ရပါ့မလဲ ”
ကုသိုလ်ကံ နည်းနည်း ကောင်းချင်တော့ တခြား တိရစ္ဆာန် အသေကောင်တွေ မျောလာတာနဲ့ ထပ်တိုးတယ်။ တကောင်ပြီး တကောင်ပေါ် ခုန်တက်လို့ နားရင်း စားရင်း သူ့အသက်ကို ရသလောက် ဆွဲဆန့်နေရတယ် တဲ့။
ကျီးကန်းတွေရဲ့ ရွာမှာတော့ သူ့အကြောင်းကို မေ့လျော့စ ပြုလာပါပြီ ။ ကျီးမိုက်များရဲ့ စာရင်းထဲမှာ နာမည်သစ် တစ်ခုအနေနဲ့ပဲ သွင်းလိုက်ကြ ပါပြီ။ ဆင်သေကောင် မက်မောမိတဲ့ ကျီးကန်းအကြောင်းကို ပြောတိုင်း ဆရာမကြီးက သူ့ကို ဥပမာပြုပြီး ဆုံးမရ တော့တာပေါ့ ။
အဲဒီလိုနဲ့ သုံးနှစ်လောက် အကြာမှာ..
” ဟင်… မင်း မင်း ပြန်လာတယ် ”
” ဟုတ်တယ်လေ ကျွန်တော် ပြန်လာတယ် ”
” မင်း မင်း ဆင်သေကောင်ကြီးနဲ့ ပါသွားတာ မဟုတ်လား ”
” ဟုတ်တယ်လေ ၊ အခု ရွာကို သတိရလို့ ပြန်လာတာ ”
ဆင်သေကောင်နဲ့အတူ ပါသွားတဲ့ ကျီးကန်းလေးက ရွာကို ပြန်ရောက်လာပါတယ် ။ အတက်ချီကေ့စ်ကို ဆွဲပြီး နိုင်ငံခြားဖြစ် အကောင်းစား မျက်မှန်နဲ့ အကောင်းစား အဝတ်အစားတွေနဲ့ တကိုယ်လုံးကို ဖိတ်ဖိတ်တောက်လို့။
” ဘယ်လိုတွေ ဖြစ်သလဲကွာ ။ နည်းနည်း ရှင်းပြပါဦး ”
ရွာသား ကျီးကန်းတွေက သူ့ကို ဝိုင်းအုံပြီး မေးကြတယ်။ သူက စီးကရက်ကို ပါးစပ်မှာခဲပြီး အကောင်းစား မီးခြစ်နဲ့ ထောက်ခနဲ မီးညှိ လိုက်တယ်။ ဘောင်းဘီပေါ်မှာ တင်နေတဲ့ ဖုန်မှုန့် ကလေးကို တောက်ထုတ်လိုက်ပြီး သူ့အကြောင်းတွေကို ရှင်းပြတယ်။
” ..အဲဒီလိုနဲ့ဗျာ တနေ့ကျတော့ ပင်လယ်ကူး သင်္ဘောတစ်စင်းနဲ့ ကျွန်တော် သွားတွေ့တယ်။ သူတို့က ကျွန်တော့ကို လေကြောင်း အရာရှိအဖြစ် ခန့်အပ် လိုက်တယ် ။ အဲဒီလိုနဲ့ပဲ ကျွန်တော်လည်း ကမ္ဘာပတ် နေလိုက်တယ်။ ရွာကိုလည်း သတိရတာနဲ့ ဒီတစ်ခေါက်တော့ ဝင်ဖြစ်အောင် လှည့်ဝင်လာတာ မနက်ကပဲ လေယာဉ် ဆိုက်တာလေ ”
နောက်တော့ သူ့ဆီမှာပါတဲ့ နိုင်ငံတကာ အသုံးအဆောင် ပစ္စည်းတွေကို လက်ဆောင် လိုက်ပေးတယ် ။ ကျေးဇူးတင်စကား ပြန်ပြောကြ၊ လက်ဆောင် ပစ္စည်းတွေကို ပိုက်ပြီး အူမြူးကြနဲ့ အဲဒီညကဆို ကျီးကန်းတွေ တစ်ရွာလုံး အိပ်လို့တောင် မရဘူးတဲ့ ။ မနက် မိုးလင်းတော့ ဆရာမကြီးက ကျောင်းကို ဖွင့်တယ်။
” ဂလောင် ဂလောင် ဂလောင်.. ”
ခေါင်းလောင်း ခေါက်ပေမယ့် တပည့်တွေက ရောက်မလာဘူး။
” ဘယ်လိုဖြစ်တာပါလိမ့် ”
ဆရာမကြီးဟာ ကြိမ်လုံးကို ဆွဲပြီး သူ့တပည့်တွေကို ရွာထဲမှာ လိုက်ရှာတယ်။ မတွေ့ဘူး။ တွေ့မယ်တွေ့တော့ ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီးပေါ်မှာ.. သူ့တပည့်တွေ အားလုံး စီစီရီရီ နားလို့ ။ ဆရာမကြီးက ဒေါသတကြီး မေးလိုက်တယ်။
” မင်းတို့ ခေါင်းလောင်းခေါက်တာကို မကြားဘူးလား ”
အားလုံးက ပြန်ဖြေတယ်။
” မကြားလိုက် ပါဘူး ”
” နေပါဦး.. မင်းတို့က အဲဒီမှာ ဘာလုပ်နေကြတာလဲ ”
ဒီတစ်ခါ ပြန်ဖြေတော့လည်း ညီတူညာတူပါပဲ။
” ဆင်သေကောင်ကို စောင့်နေတာ ”
တာရာမင်းဝေ
Zawgyi
ေခါင္းေလာင္းသံ မၾကားလိုက္တဲ့ က်ီးကန္း
တခါတုန္းက က်ီးကန္းေတြရဲ႕ စာသင္ေက်ာင္းမွာ ဆရာမႀကီးက တပည့္ေတြကို ဆုံးမတယ္ ။
” မင္းတို႔ အားလုံး ငါေျပာတာကို ၾကားတယ္ မဟုတ္လား ”
” ၾကားပါတယ္ ဆရာမႀကီး ”
” ေအး.. ဒီပုံျပင္ထဲက က်ီးကန္းလို မမိုက္မဲမိၾကေစနဲ႔ ။ ဆင္ေသေကာင္ရဲ႕ အသားကို စားဖို႔ မက္ေမာရင္း ပင္လယ္ထဲမွာ ဒုကၡ ေရာက္ရတယ္ ။ ကမ္းမျမင္ လမ္းမျမင္ ေသသြား ရတယ္။ က်ပ္က်ပ္ သင္ခန္းစာ ယူၾက ”
” ဟုတ္ကဲ့ပါ ဆရာမႀကီး ”
ဒီအခ်ိန္မွာ စာသင္ခန္းထဲကို ေရာက္မလာတဲ့ က်ီးကန္းေလး တစ္ေကာင္လည္း ရွိတယ္ ။ ေက်ာင္းေျပးတာရယ္ေတာ့ မဟုတ္ပါဘူး။ ေက်ာင္းတက္ ေခါင္းေလာင္းသံကို သူ မၾကားလိုက္တာပါ ။
႐ြာအျပင္ ျမစ္ဆုံက သစ္ပင္ႀကီးတစ္ပင္ေပၚမွာ သူ နားေနတယ္ ။ က်ီးကန္း မ်က္စိမို႔လို႔ ဟိုၾကည့္ ဒီၾကည့္ ၾကည့္ရင္း ေရထဲမွာ ေမ်ာပါလာတဲ့ အရာႀကီးတစ္ခုကို သူျမင္လိုက္သတဲ့။
” ဟာ ဘာႀကီးပါလိမ့္ ”
ထင္ထင္ ရွားရွား ေတြ႕ရေတာ့ သူ အံ့ဩသြားတယ္ ။
” ဟာ ဆင္ေသေကာင္ႀကီးပဲ ”
ဆင္ေသေကာင္က လတ္လတ္ ဆတ္ဆတ္ႀကီးပဲ ရွိေသးတယ္ ။ အႀကီးႀကီး၊ အၾကာႀကီး စားလို႔ရတယ္ ။ သူ ဝမ္းေျမာက္ ဝမ္းသာနဲ႔ ဆင္ေသႀကီးဆီ ထိုးဆင္းသြားတာေပါ့ ၊ ဟိုတို႔ ဒီဆိတ္နဲ႔ ၿမိန္ေရရွက္ေရ စားေသာက္ရင္း ဆင္ေသေကာင္ႀကီးနဲ႔အတူ ပင္လယ္ဆီ ေမ်ာပါသြားေတာ့ တယ္။ အဲဒီျမင္ကြင္းကို ျမင္လိုက္တဲ့ က်ီးကန္း တခ်ိဳ႕ ရွိတယ္ ။
” ဟာ ဒီေကာင္ေတာ့ ဒုကၡပါပဲ ”
” ဟုတ္ပါရဲ႕ ေတာ္ေတာ္ မိုက္တဲ့ေကာင္ပဲ ”
ဒီသတင္းက က်ီးကန္းေတြရဲ႕ ႐ြာထဲမွာ အုတ္ေအာ္ ေသာင္းတင္း ျဖစ္ကုန္ေတာ့တယ္။ ဆင္ေသနဲ႔အတူ ပါသြားတဲ့ က်ီးကန္းေလး ကေတာ့ ဆင္ေသ အသားကို စားၿပီး သူ႔ဘာသာ ေက်နပ္ အားရေနတယ္။ တျဖည္းျဖည္း ဆင္ေသရဲ႕ အသားက ကုန္ခန္းလာၿပီး ကမ္းမျမင္ လမ္းမျမင္ အေျခအေနကို သုံးသပ္မိေတာ့မွ..
” ဟာ ျပႆနာပဲ ”
ဆင္ေသက မၾကာခင္မွာ လုံးလုံး လ်ားလ်ား ကုန္ေတာ့မယ္။ အဲဒီအခါမွာ သူ႔မွာ စားစရာလည္း မရွိေတာ့ဘူး ၊ နားစရာလည္း မရွိေတာ့ဘူး။ ေဒါင္လိုက္ပဲ ျဖစ္ျဖစ္ အလ်ားလိုက္ပဲ ျဖစ္ျဖစ္ ပင္လယ္ကို ျဖတ္ၿပီး သူ ကူးႏိုင္မွာမဟုတ္ဘူး ။
” ငါ ဘယ္လို လုပ္ရပါ့မလဲ ”
ကုသိုလ္ကံ နည္းနည္း ေကာင္းခ်င္ေတာ့ တျခား တိရစာၦန္ အေသေကာင္ေတြ ေမ်ာလာတာနဲ႔ ထပ္တိုးတယ္။ တေကာင္ၿပီး တေကာင္ေပၚ ခုန္တက္လို႔ နားရင္း စားရင္း သူ႔အသက္ကို ရသေလာက္ ဆြဲဆန႔္ေနရတယ္ တဲ့။
က်ီးကန္းေတြရဲ႕ ႐ြာမွာေတာ့ သူ႔အေၾကာင္းကို ေမ့ေလ်ာ့စ ျပဳလာပါၿပီ ။ က်ီးမိုက္မ်ားရဲ႕ စာရင္းထဲမွာ နာမည္သစ္ တစ္ခုအေနနဲ႔ပဲ သြင္းလိုက္ၾက ပါၿပီ။ ဆင္ေသေကာင္ မက္ေမာမိတဲ့ က်ီးကန္းအေၾကာင္းကို ေျပာတိုင္း ဆရာမႀကီးက သူ႔ကို ဥပမာျပဳၿပီး ဆုံးမရ ေတာ့တာေပါ့ ။
အဲဒီလိုနဲ႔ သုံးႏွစ္ေလာက္ အၾကာမွာ..
” ဟင္… မင္း မင္း ျပန္လာတယ္ ”
” ဟုတ္တယ္ေလ ကြၽန္ေတာ္ ျပန္လာတယ္ ”
” မင္း မင္း ဆင္ေသေကာင္ႀကီးနဲ႔ ပါသြားတာ မဟုတ္လား ”
” ဟုတ္တယ္ေလ ၊ အခု ႐ြာကို သတိရလို႔ ျပန္လာတာ ”
ဆင္ေသေကာင္နဲ႔အတူ ပါသြားတဲ့ က်ီးကန္းေလးက ႐ြာကို ျပန္ေရာက္လာပါတယ္ ။ အတက္ခ်ီေက့စ္ကို ဆြဲၿပီး ႏိုင္ငံျခားျဖစ္ အေကာင္းစား မ်က္မွန္နဲ႔ အေကာင္းစား အဝတ္အစားေတြနဲ႔ တကိုယ္လုံးကို ဖိတ္ဖိတ္ေတာက္လို႔။
” ဘယ္လိုေတြ ျဖစ္သလဲကြာ ။ နည္းနည္း ရွင္းျပပါဦး ”
႐ြာသား က်ီးကန္းေတြက သူ႔ကို ဝိုင္းအုံၿပီး ေမးၾကတယ္။ သူက စီးကရက္ကို ပါးစပ္မွာခဲၿပီး အေကာင္းစား မီးျခစ္နဲ႔ ေထာက္ခနဲ မီးညႇိ လိုက္တယ္။ ေဘာင္းဘီေပၚမွာ တင္ေနတဲ့ ဖုန္မႈန႔္ ကေလးကို ေတာက္ထုတ္လိုက္ၿပီး သူ႔အေၾကာင္းေတြကို ရွင္းျပတယ္။
” ..အဲဒီလိုနဲ႔ဗ်ာ တေန႔က်ေတာ့ ပင္လယ္ကူး သေဘၤာတစ္စင္းနဲ႔ ကြၽန္ေတာ္ သြားေတြ႕တယ္။ သူတို႔က ကြၽန္ေတာ့ကို ေလေၾကာင္း အရာရွိအျဖစ္ ခန႔္အပ္ လိုက္တယ္ ။ အဲဒီလိုနဲ႔ပဲ ကြၽန္ေတာ္လည္း ကမာၻပတ္ ေနလိုက္တယ္။ ႐ြာကိုလည္း သတိရတာနဲ႔ ဒီတစ္ေခါက္ေတာ့ ဝင္ျဖစ္ေအာင္ လွည့္ဝင္လာတာ မနက္ကပဲ ေလယာဥ္ ဆိုက္တာေလ ”
ေနာက္ေတာ့ သူ႔ဆီမွာပါတဲ့ ႏိုင္ငံတကာ အသုံးအေဆာင္ ပစၥည္းေတြကို လက္ေဆာင္ လိုက္ေပးတယ္ ။ ေက်းဇူးတင္စကား ျပန္ေျပာၾက၊ လက္ေဆာင္ ပစၥည္းေတြကို ပိုက္ၿပီး အူျမဴးၾကနဲ႔ အဲဒီညကဆို က်ီးကန္းေတြ တစ္႐ြာလုံး အိပ္လို႔ေတာင္ မရဘူးတဲ့ ။ မနက္ မိုးလင္းေတာ့ ဆရာမႀကီးက ေက်ာင္းကို ဖြင့္တယ္။
” ဂေလာင္ ဂေလာင္ ဂေလာင္.. ”
ေခါင္းေလာင္း ေခါက္ေပမယ့္ တပည့္ေတြက ေရာက္မလာဘူး။
” ဘယ္လိုျဖစ္တာပါလိမ့္ ”
ဆရာမႀကီးဟာ ႀကိမ္လုံးကို ဆြဲၿပီး သူ႔တပည့္ေတြကို ႐ြာထဲမွာ လိုက္ရွာတယ္။ မေတြ႕ဘူး။ ေတြ႕မယ္ေတြ႕ေတာ့ ႐ြာအျပင္ ျမစ္ဆုံက သစ္ပင္ႀကီးေပၚမွာ.. သူ႔တပည့္ေတြ အားလုံး စီစီရီရီ နားလို႔ ။ ဆရာမႀကီးက ေဒါသတႀကီး ေမးလိုက္တယ္။
” မင္းတို႔ ေခါင္းေလာင္းေခါက္တာကို မၾကားဘူးလား ”
အားလုံးက ျပန္ေျဖတယ္။
” မၾကားလိုက္ ပါဘူး ”
” ေနပါဦး.. မင္းတို႔က အဲဒီမွာ ဘာလုပ္ေနၾကတာလဲ ”
ဒီတစ္ခါ ျပန္ေျဖေတာ့လည္း ညီတူညာတူပါပဲ။
” ဆင္ေသေကာင္ကို ေစာင့္ေနတာ ”
တာရာမင္းေဝ