ချွေးထွက်လွန်ကဲပြီး မိမိ ခန္ဓာကိုယ်မှ အနံ့အသက်မကောင်းဘူးဆိုရင်
ရာသီဥတုပူလောင်အိုက်စပ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်များခြင်း၊ ချွေးထွက်လွန်ခြင်းတို့ကြောင့် ပြင်းထန်စူးရှတဲ့ကိုယ်နံ့တွေက စိတ်အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါပဲ။
ချွေးထွက်လွန်ပြီး အနံ့အသက်မကောင်းတဲ့အတွက်ကြောင့် လူကြားထဲမှာ မဝံ့မရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ကိုယ်နံ့ကို ဖုံးကွယ်ဖို့အတွက် ရေမွှေးတွေ၊ Roll-On တွေ သုံးပေမယ့် သူတို့တွေကလည်း ခဏ နာရီပိုင်းလောက်ပဲ ကူညီပေးနိုင်ကြတာပါ။
ဒါဆိုရင် လူကြားထဲမှာ မဝံ့မရဲဖြစ်စေတဲ့ ပြင်းထန်တဲ့ကိုယ်နံ့ကို ဖျောက်ဖျက်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတွေ မရှိတော့ဘူးလား။ရှိတာပေါ့။ သဘာဝဆေးစွမ်းကောင်းတွေက ပေါမှပေါပါအလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ မခံစားရတဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတွေပါပဲ။
အုန်းဆီ
ကိုယ်သင်းနံ့လေးကို သင်းပျံ့စေဖို့အတွက် အုန်းဆီက ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ပြင်းထန်တဲ့ကိုယ်နံ့ မနံအောင် ကူညီပေးပါတယ်။ရေချိုးပြီးတဲ့အချိန်တိုင်း ဂျိုင်းကြားနေရာကို အုန်းဆီလေးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေးလိုက်ပါ။အစားအစာ စားသုံးတဲ့အခါမှာလည်း အုန်းဆီအသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်ပါတယ်။
သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီးများ
ဂျိုင်းချွေးနံ့တစ်ခုတည်း အနံ့အသက်ပြင်းတာမဟုတ်ပါဘူး။ ခြေထောက်နံ့တွေကလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။သံပုရိုရည် (သို့) သံပုရာရည်တစ်ဖန်ခွက်ကို မနက်ပိုင်းမှာ သောက်သုံးပေးပါ။နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ခြေဖဝါး၊ ဂျိုင်းကြားနေရာတွေမှာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ် လေသလပ်ထားပြီးနောက် ရေချိုးပေးလိုက်ပါ။
သစ်ကြမ်းပိုးခေါက်
အစားအသောက်တွေထဲကို သစ်ကြမ်းပိုးခေါက်ထည့်ချက်ပြီး စားသုံးခြင်းက အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ခံတွင်းနံ့ နံခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်ခုပါပဲ။ နေ့စဉ်မှန်မှန်မှီဝဲမယ်ဆိုရင် ချွေးထွက်လွန်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုးများ ဖယ်ရှားပေးပါတယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းနေ့စဉ်သောက်သုံးခြင်းက ချွေးထွက်လွန်စေတဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနှုန်းကို တားဆီးပေးပြီး ခြေထောက်အနံ့ နံခြင်း၊ ခန္ဓာကိုယ် အနံ့အသက်ပြင်းခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်းတို့ကိုလည်း ဖယ်ရှားပေးပါတယ်။ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေတာကြောင့် ဝိတ်ချချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။
လက်တွေ့ အသုံးပြုခြင်းဖြင့် ချွေးနံ့ကင်းစင်၍ သန့်ရှင်းကျန်းမာကြပါစေ။
Credit Original
unicode
ေခြၽးထြက္လြန္ကဲၿပီး မိမိ ခႏၶာကိုယ္မွ အနံ႔အသက္မေကာင္းဘူးဆိုရင္
ရာသီဥတုပူေလာင္အိုက္စပ္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္မွ ေခြၽးထြက္မ်ားျခင္း၊ ေခြၽးထြက္လြန္ျခင္းတို႔ေၾကာင့္ ျပင္းထန္စူးရွတဲ့ကိုယ္နံ႔ေတြက စိတ္အေႏွာင့္အယွက္ျဖစ္ေစတာ အမွန္ပါပဲ။
ေခြၽးထြက္လြန္ၿပီး အနံ႔အသက္မေကာင္းတဲ့အတြက္ေၾကာင့္ လူၾကားထဲမွာ မဝံ့မရဲနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈလည္း ေလ်ာ့က်ေစပါတယ္။ကိုယ္နံ႔ကို ဖုံးကြယ္ဖို႔အတြက္ ေရေမႊးေတြ၊ Roll-On ေတြ သုံးေပမယ့္ သူတို႔ေတြကလည္း ခဏ နာရီပိုင္းေလာက္ပဲ ကူညီေပးႏိုင္ၾကတာပါ။
ဒါဆိုရင္ လူၾကားထဲမွာ မဝံ့မရဲျဖစ္ေစတဲ့ ျပင္းထန္တဲ့ကိုယ္နံ႔ကို ေဖ်ာက္ဖ်က္ေပးႏိုင္တဲ့ ေဆးစြမ္းေကာင္းေတြ မရွိေတာ့ဘူးလား။ရွိတာေပါ့။ သဘာဝေဆးစြမ္းေကာင္းေတြက ေပါမွေပါပါအလြယ္တကူ ဝယ္ယူရရွိႏိုင္ၿပီး ေဘးထြက္ဆိုးက်ိဳးေတြ မခံစားရတဲ့အတြက္ေၾကာင့္ စိတ္ခ်လက္ခ်အသုံးျပဳႏိုင္တဲ့ သဘာဝပစၥည္းေလးေတြပါပဲ။
အုန္းဆီ
ကိုယ္သင္းနံ႔ေလးကို သင္းပ်ံ႕ေစဖို႔အတြက္ အုန္းဆီက ေကာင္းေကာင္းကူညီေပးႏိုင္ပါတယ္။ခႏၶာကိုယ္ေပၚမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားမ်ားကို ဖယ္ရွားေပးၿပီး ျပင္းထန္တဲ့ကိုယ္နံ႔ မနံေအာင္ ကူညီေပးပါတယ္။ေရခ်ိဳးၿပီးတဲ့အခ်ိန္တိုင္း ဂ်ိဳင္းၾကားေနရာကို အုန္းဆီေလးနဲ႔ တစ္ေန႔ႏွစ္ႀကိမ္ခန႔္ သုတ္လိမ္းေပးလိုက္ပါ။အစားအစာ စားသုံးတဲ့အခါမွာလည္း အုန္းဆီအသုံးျပဳမယ္ဆိုရင္ အက်ိဳးသက္ေရာက္မႈ ပိုမိုေကာင္းမြန္ပါတယ္။
သံပုရာသီး၊ သံပု႐ိုသီး၊ ေရွာက္သီးမ်ား
ဂ်ိဳင္းေခြၽးနံ႔တစ္ခုတည္း အနံ႔အသက္ျပင္းတာမဟုတ္ပါဘူး။ ေျခေထာက္နံ႔ေတြကလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။သံပု႐ိုရည္ (သို႔) သံပုရာရည္တစ္ဖန္ခြက္ကို မနက္ပိုင္းမွာ ေသာက္သုံးေပးပါ။ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ သံပုရာသီးကို ထက္ျခမ္းျခမ္းၿပီး ေျခဖဝါး၊ ဂ်ိဳင္းၾကားေနရာေတြမွာ ပြတ္တိုက္ေပးပါ။ မိနစ္အနည္းငယ္ ေလသလပ္ထားၿပီးေနာက္ ေရခ်ိဳးေပးလိုက္ပါ။
သစ္ၾကမ္းပိုးေခါက္
အစားအေသာက္ေတြထဲကို သစ္ၾကမ္းပိုးေခါက္ထည့္ခ်က္ၿပီး စားသုံးျခင္းက အေလ့အက်င့္ေကာင္းတစ္ခုပဲျဖစ္ပါတယ္။ခံတြင္းနံ႔ နံျခင္းကို သက္သာေပ်ာက္ကင္းေစတဲ့ သဘာဝေဆးစြမ္းေကာင္းတစ္ခုပါပဲ။ ေန႔စဥ္မွန္မွန္မွီဝဲမယ္ဆိုရင္ ေခြၽးထြက္လြန္ျခင္းမွ ကာကြယ္ေပးၿပီး အနံ႔အသက္ဆိုးမ်ား ဖယ္ရွားေပးပါတယ္။
လက္ဖက္စိမ္း
လက္ဖက္စိမ္းေန႔စဥ္ေသာက္သုံးျခင္းက ေခြၽးထြက္လြန္ေစတဲ့ ဘက္တီးရီးယားပိုးမႊားမ်ား ေပါက္ဖြားႏႈန္းကို တားဆီးေပးၿပီး ေျခေထာက္အနံ႔ နံျခင္း၊ ခႏၶာကိုယ္ အနံ႔အသက္ျပင္းျခင္းနဲ႔ ခံတြင္းအနံ႔ဆိုးျခင္းတို႔ကိုလည္း ဖယ္ရွားေပးပါတယ္။ဒါတင္မကေသးပါဘူး။ ခႏၶာကိုယ္ကို က်စ္လ်စ္သြယ္လ်ေစတာေၾကာင့္ ဝိတ္ခ်ခ်င္သူေတြအတြက္လည္း သင့္ေတာ္ပါတယ္။
လက္ေတြ႕ အသုံးျပဳျခင္းျဖင့္ ေခြၽးနံ႔ကင္းစင္၍ သန႔္ရွင္းက်န္းမာၾကပါေစ။
Credit Original