တင်ပါးယား၍ ကုတ်မိရာမှ နေ့ချင်းညချင်း ဘဝပြောင်းသွားရသည့် မိန်းကလေး
ကျွန်မ၏ တင်ပါးကို ယားလွန်း၍ ကုတ်မိသည်။သူငယ်ချင်း နှစ်ယောက် ဘေးမှာရှိသည် ။ တစ်ယောက် က မော်လီ တစ်ယောက်က ခင်မြရည် ဖြစ်သည်။
ကျမ ယားလို့ တင်ပါးကုတ်မိတဲ့ အခါ သူငယ်ချင်း မော်လီက ဓာတ်ပုံ ဖျတ်ခနဲ ရိုက်ချလိုက်သည်။ပြီးတော့…၊ ပလွတ် ဆိုပြီး အင်တာနက် ချိတ်ပြီး ဖေ့ဘုတ်ပေါ် တင်ချလိုက်သည်
ကျမ တို့ သုံးယောက် အတူရှိသည် ဆိုတော့ tag တွဲတင်လိုက်သည် ။ ဆေးထိုးလိုက်ပီ ဟု မော်လီ က ရေးတင်လိုက်သည် ။ ခင်မြရည်က အရင် like ဝင်လုပ်သည်။
ကျမ တွေ့ တော့ သူတို့ နှစ်ယောက်ကို မျက်စောင်းထိုးလိုက်ရုံသာ အပြစ်ပေးမိသည် ။ ကျမ တို့ လုပ်မိသည်က ပျော်စေပျက်စေသဘောသာ ဖေ့စ်ဘုတ် ကိုယ်စီပိတ်လို့ ကျမတို့ မုန့်ဆက်စားသည် ။
မုန့်စားနေစဉ် နာရီဝက်အတွင်း မှာပင် ကျမတို့ မျိုးဖျက်မ ဘ၀ ရောက်သွားလိမ့်မည် ဟု လုံး၀ အမတွေးမထင်ထားမိ ဖေ့စ်ဘုတ် ပြန်ဖွင့်လိုက်တော့ ကျမပုံကို Share လုပ်ထားသူ ၂၀၀ ကျော်နေပေပြီ။
ကောမန့်များတွင် မြန်မာအမျိုးသမီး ဖြစ်ပြီး အရှက်မရှိကြောင်း ၊တင်ပါးဆိုသည်မှာ ကုတ်ရန်မဟုတ်ကြောင်း ၊အီးအီးပါရာတွင်နှင့် ထိုင်ရာတွင်တာ သုံးသင့်ကြောင်း ၊ကျမတင်ပါး ကုတ်လိုက်သဖြင့် မြန်မာအမျိုသမီးများအတွက်များစွာ သိက္ခာကျ ကြောင်း ရေးသားထားကြသည် ကို မြင်လိုက်ရသည်။
မြတ်စွာဘုရား… ၊ ကျမ တင်ပါး ကို ရိုးရိုးသားသား ယား၍ ကုတ်လိုက်ခြင်းသာဖြစ်သည် ။တစ်နိူင်ငံလုံး ကို စော်ကားလိုစိတ်မရှိကြောင်း ပြောရဲပါတယ်
ကျမ တင်ပါး ကျမ ပိုင်သည် ထင်သဖြင့် အားရပါးရကုတ်လိုက်မိခြင်းသာဖြစ်သည် ။သူငယ်ချင်း ကလဲ ကျမတင်ပါး ကျမ ပိုင်သည် ထင်သောကြောင့်ပဲ ရိုက်တင်လိုက်ခြင်းသာဖြစ်ပေလိမ့်မည် ။
ကောမန့် တစ်ခု ဖတ်ပြီး ကျမ တော်တော် လန့်သွားတယ် ။ ဥပဒေ ဖြင့် ထိရောက်စွာ အရေးယူသင့်သည်တဲ့အမလေး ! ! ! မြတ်စွာဘုရား ကယ်တော်မူပါ ။ သူ့ ကောမန့်ကိုတင် Like နှစ်ဆယ်ကျော် ဝိုင်းလုပ်သွားကြသည် ။
ကျမဟာကျလဲသံသယဝင်သွားသည်ငါ ကုတ်မိတာ လွန်သွားလား ။မထင်ပါ ။ကျမ ကုတ်တုန်း က သတိပင်မထားမိပါ ။သူငယ်ချင်း ပုံရိုက်လိုက်မှသာ ကျမ ကုတ်လို့ ကုတ်မိမှန်း သတိထားမိပါသည်။
ကျမက ခန္ဓာကိုယ် လှသဖြင့် မြန်မာဝတ်စုံဝတ်တတ်ပါသည် ။မုန့်စားနေရင်း တင်ပါးနားက ယားလှသဖြင့် အားရပါးရ ကုတ်မိပါသည် ။မော်လီမ ကို လှမ်းဆဲရင်းပုံဖျက်ဖို့ ပြောပါသည်။
မော်လီကော၊ခင်မြရည် ကောကျမကို တောင်းပန်ကြပါသည်။သို့သော် သူတို့ နှစ်ယောက်လည်း အခြေအနေမကောင်းပေကျမတင်ပါးကုတ်နေသည့် ပုံတင်မဟုတ် ၊ သူတို့နှင့်တွဲ၍ ရိုက်ထားသောပုံပါ ပါသည် ။
ကျမတို့ကို ဂိုဏ်း ဖွဲ့ထားပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည် ဟုတချို့ က ရေးသားထားကြသည် ။ကျမတို့ မုန့်စားရင်း ချက်ချင်းကြီး တနိူင်ငံလုံး တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည် ဟု မတွေးထားမိခုတော့ ကျမတို့ သုံးယောက် ပက်လက်ကော မှောက်လျက်ကော မျောနေပေပြီ ။
ကျမက တင်ပါးပါ ကုတ်သဖြင့် ဇောက်ထိုးပါ မျောနေပေပြီတစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ မျက်ရည်ဝဲနေမိကြပေပြီကျမတို့ သုံးယောက် အစားကို ဆက်မစားနိူင်ကျ ။တူ ကို ပါးစပ်က ကိုက်ပြီး ဒူးတုန်နေကြသည် ။ကံဆိုးလှပေသည် ။
ကျမ တို့ ပုံဖျက်လိုက်သော်လည်း မမှီတော့ ၊ကျမ တို့ ပုံနှင့် တခြားပေ့ချ် မှာ တက်နေပေပြီ ။မြတ်စွာဘုရား like က 1 k ။ ကျမ ကို friend request 200 လောက် တက်လာသည် ။
ကျမ တင်ထားသောနောက်ဆုံးပုံအောက် မှာ အမျိုးဖျက်မ လို့ လာမန့်ကျသည် ။ကျမအဖေ နှင့် တွဲရိုက်သော ပုံအောက် မှာ ကျမ ရဲ့ စပွန်ဆာ ဟု ပြောသည့် ကောမန့်တတ်လာသည်။
မကြာပါချေ… ၊ ပေချ်တစ်ခု က ထပ်တက်လာပြီး ကျမကို ပယ်ပယ်နယ်နယ် ဆဲကျသည် ။မဖြစ်ချေဘူး… ကျမ တုန့်ပြန်မှရတော့မည် ဖြစ်သည်။
ကျမ တင်ပါး ကုတ်မှုသည် အချိန်မရွေး လူထုကြားထဲ ပြန့်နှံြ့ပီး လွှတ်တော်ထဲ အရေးကြီးအဆို အဖြစ် ရောက်သွားနိူင်သည်မလား ထိုအခါလူထုကြားထဲ အမျိုးသမီးများ တင်ပါး ကုတ်ခွင့် မကုတ်ခွင့် မဲခွဲဆုံးဖြတ်ကြလိမ့်မည်။
အကယ်၍ မကုတ်ခွင့် တွင် မဲအရေအတွက် ၊ များ သွားပါက ၊တခြားအမျိုးသမီး များကပါ ကျမကို ဝိုင်းဖြဲလိမ့်မည် ။နင် ယွလို့ ၊ ငါတို့ အခု ငါတို့တင်ပါး ငါတို့ မပိုင်တော့ဘူး ဆိုပြီး သတ်လိမ့်မယ် ကျမတို့ ပိုက်ဆံအမြန်ရှင်းပြီးကျမတို့အိမ်ကိုပြန်ပြေးကြသည် ။
ကျမ ဖြေရှင်းဖို့ စတင်ရပါပြီ ။အရင်ဆုံး ကျမ အမေ့ဆီက အိမ်ထောင်စု စာရင်းတောင်းရသည် ။အဖေဆိုတာ သေချာကြောင်းအရင်ရှင်းရပါမည် ။ကံဆိုးချင်တော့ အဖေ့နာမည်က နှစ်မျိုး။
မှတ်ပုံတင် နှင့် အိမ်ထောင်စု နှင့် ကွဲနေသည် ။ မဖြစ်ချေ အမှုပိုကြီးလိမ့်မည် ။အမေက အဖေ့ကို အားဘွားရှလူး နေသည့်ပုံ ချော့မော့ရိုက်ခိုင်း ရသည် ။အဲ့ပုံနှင့် အမေတို့ မင်္ဂလာဆောင်ပုံ နှင့် မိသားစု ငါးယောက် ပုံကို တစ်ပေါင်းတည်း တင်ပြီး အဖေ ဖြစ်ကြောင်း ရှင်းရသည်။
ခင်မြရည်ကပြောသည် ၊ ဟဲ့ ငါတို့ သုံးယောက် cover photo ကို ဘုရားပုံ မြန်မြန်ချိန်းရအောင် ဟု ပြောလာသည် ။လိုလိုမယ်မယ် သုံးယောက်သား တစ်ယောက် တလှည့် အိမ်ထဲမှာတင် ယောဂီအကျီ ၤ ဝတ်ပီး ဓာတ်ပုံ ရိုက်လို့ pofile pic ပါ ပြောင်းလိုက်ကြသည် ။
မပြောနိူင် ၊ တင်ပါးကုတ်ရင် မြန်မာသိက္ခာကျသည် ဟု အပြောခံရသလိုအချိန်မရွေး ကျမတို့က isis အဖွဲ့ က ဖြစ်သည်ဟု မစွပ်စွဲဘူးလို့ မပြောနိူင် ကျမ တို့ သုံးယောက် ဒူးခေါင်းချင်း တဂတ်ဂတ် မြည်အောင် ရိုက်ရင်း ကြောက်ချေးပါနေကြပေပြီ ။
မော်လီက ပိုကြောက်နေသည် ၊ သူစသည့် ဇာတ်လမ်း မဟုတ်ပါလား စပွန်ဆာ ပြဿနာ ရှင်းလိုက်နိူင်ပေမဲ့ တင်ပါးကုတ်ခြင်း ပြဿနာ က မပြီးနိူင်သေး ။ကျမ တင်ပါးကုတ်နေပုံသည် 4.1k အဖြစ်ရောက်သွားနေပေပြီ မဖြစ်ချေ .မဖြစ်ချေ ။
ကျမ ပထမဆုံး သူငယ်ချင်း နှစ်ယောက်ကို ၊ ကျမတွင် ပွေးနည်းနည်းရှိကြောင်း ဝန်ခံရသည်။ဘယ်သောအခါ မှ တင်ပါးလှန်ပြပြီး ပွေးကွက်ရှိကြောင်း တောင်းပန်ရလိမ့်မည်ဟု ကြိုမတွေးထားမိ ။ကျမ အဖြစ်က မနှစ်ကနှင့်ပင် မတူ ။
ဇာတ်လမ်း က မှတ်တမ်း မဟုတ်။နိူင်ငံကျော်ပေတော့သည် ကျမ လိမ်းသော ညစ်ဆေးဘူး နှင့် ကျမတင်ပါးက ပွေးကွက်လေး ကို ဓာတ်ပုံ ကပ်ရိုက်လိုက်သည် ။ ပွေးကွက် မြင်ရုံသာ ။ကျမ စာရှည်ရှည်ရေးသည်။
ကျမ ဘဝတွင် ပွေးကွက် စပေါ်လာပုံ ။ကျမ ပွေးကွက်အပေါ် နာကြည်းပုံ ။ကျမဘာတွေစားလျှင်မတည့်ပုံ ။ရှည်လျား ထွေပြားစွာရေးပြီး ဓာတ်ပုံနှင့် လူ နှစ်ဆယ်လောက်ကို tag တွဲတင် လိုက်သည် ။အဟင့်ဟင့်… ရှက်လိုက်သည့် ဖြစ်ခြင်း ။
ပွေးကွက် အကြောင်း စီကာပတ်ကုံးရှင်းပြပြီး အင်တာနက်ပေါ်တင်ရသည့် ဘ၀ ။သို့သော် ကိုယ့်wall ပေါ်ကိုတင်ရုံနှင့် မပြီး ။ကျမ ပရိသတ် အဲ့လေ ယောင်လို့ ကျမ တင်ပါးကုတ်နေပုံ စတေးတပ်အောက်က ကောမန့် ပိုင်ရှင်တိုင်းကိုသိအောင် လုပ်ရပေမည်။
ဒါမှ ကျမ သတင်းကို ထိန်းနိူင်ပေမည် ။ကျမ တင်ပါး မှာ ပွေးကွက်ရှိ၍ ကုတ်မိကြောင်း ၊ ကျမ မှားမှန်း အခုသိပြီ ဖြစ်ကြောင်း ၊ နောက်နှောင် ဆင်ခြင်ပါမည် ဟု ကတိပြုကြောင်း ရေးပြီး ကောမန့် များအား reply လိုက်ပြန်ပါသည် ။
ကျမ မျက်နှာ ပူသည် ဟု ဆိုရမလား၊ အေးသည်ဟု ဆိုရမလားပင် မသိတော့ပါ ကျမနာမည် နှင့် အကောင့်ပေါင်းမြောက်များစွာ၊ page မြောက်မြားစွာပေါ်လာပါသည် ။ကျမ၏ တောင်းပန်မှုကြောင့် ကျမ ၏ တင်းပါကုပ်ခြင်း အမှုသည်။
လွှတ်တော်အထိ ရောက်မသွား ။ ခံဝန်ကတိလောက်နှင့်သာ ပြီးသွားသည် ဟု ဆိုရပေမည် ။ကျမကို နောက်တစ်နေ့ သတင်းမီဒီယာ တစ်ခုက အင်တာဗျူးလိုကြောင်းပြောလာသည် ။ယခုဆိုရင် ကျမ ဆယ်လီတစ်ယောက် ဖြစ်နေပေသည်။
နောက်တစ်လ ထဲတွင် ပွေးဝဲယားနာ လိမ်းဆေး ကြော်ငြာတစ်ခု ရိုက်ရန်ပင် လက်ခံထားပါသေးသည် ။ဘာပဲဖြစ်ဖြစ် …ကျမဘဝကို ဖေ့ဘုတ်က တစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါပြီ
Moe Zek.
အထူးသတိပေးချက်။ ။ တင်ပါးလိုက်မကုတ်ပါနှင့်။
Zawgyi
တင္ပါးယား၍ ကုတ္မိရာမွ ေန႔ခ်င္းညခ်င္း ဘဝေျပာင္းသြားရသည့္ မိန္းကေလး
ကြၽန္မ၏ တင္ပါးကို ယားလြန္း၍ ကုတ္မိသည္။သူငယ္ခ်င္း ႏွစ္ေယာက္ ေဘးမွာရွိသည္ ။ တစ္ေယာက္ က ေမာ္လီ တစ္ေယာက္က ခင္ျမရည္ ျဖစ္သည္။
က်မ ယားလို႔ တင္ပါးကုတ္မိတဲ့ အခါ သူငယ္ခ်င္း ေမာ္လီက ဓာတ္ပုံ ဖ်တ္ခနဲ ႐ိုက္ခ်လိုက္သည္။ၿပီးေတာ့…၊ ပလြတ္ ဆိုၿပီး အင္တာနက္ ခ်ိတ္ၿပီး ေဖ့ဘုတ္ေပၚ တင္ခ်လိုက္သည္
က်မ တို႔ သုံးေယာက္ အတူရွိသည္ ဆိုေတာ့ tag တြဲတင္လိုက္သည္ ။ ေဆးထိုးလိုက္ပီ ဟု ေမာ္လီ က ေရးတင္လိုက္သည္ ။ ခင္ျမရည္က အရင္ like ဝင္လုပ္သည္။
က်မ ေတြ႕ ေတာ့ သူတို႔ ႏွစ္ေယာက္ကို မ်က္ေစာင္းထိုးလိုက္႐ုံသာ အျပစ္ေပးမိသည္ ။ က်မ တို႔ လုပ္မိသည္က ေပ်ာ္ေစပ်က္ေစသေဘာသာ ေဖ့စ္ဘုတ္ ကိုယ္စီပိတ္လို႔ က်မတို႔ မုန႔္ဆက္စားသည္ ။
မုန႔္စားေနစဥ္ နာရီဝက္အတြင္း မွာပင္ က်မတို႔ မ်ိဳးဖ်က္မ ဘ၀ ေရာက္သြားလိမ့္မည္ ဟု လုံး၀ အမေတြးမထင္ထားမိ ေဖ့စ္ဘုတ္ ျပန္ဖြင့္လိုက္ေတာ့ က်မပုံကို Share လုပ္ထားသူ ၂၀၀ ေက်ာ္ေနေပၿပီ။
ေကာမန႔္မ်ားတြင္ ျမန္မာအမ်ိဳးသမီး ျဖစ္ၿပီး အရွက္မရွိေၾကာင္း ၊တင္ပါးဆိုသည္မွာ ကုတ္ရန္မဟုတ္ေၾကာင္း ၊အီးအီးပါရာတြင္ႏွင့္ ထိုင္ရာတြင္တာ သုံးသင့္ေၾကာင္း ၊က်မတင္ပါး ကုတ္လိုက္သျဖင့္ ျမန္မာအမ်ိဳသမီးမ်ားအတြက္မ်ားစြာ သိကၡာက် ေၾကာင္း ေရးသားထားၾကသည္ ကို ျမင္လိုက္ရသည္။
ျမတ္စြာဘုရား… ၊ က်မ တင္ပါး ကို ႐ိုး႐ိုးသားသား ယား၍ ကုတ္လိုက္ျခင္းသာျဖစ္သည္ ။တစ္ႏိူင္ငံလုံး ကို ေစာ္ကားလိုစိတ္မရွိေၾကာင္း ေျပာရဲပါတယ္
က်မ တင္ပါး က်မ ပိုင္သည္ ထင္သျဖင့္ အားရပါးရကုတ္လိုက္မိျခင္းသာျဖစ္သည္ ။သူငယ္ခ်င္း ကလဲ က်မတင္ပါး က်မ ပိုင္သည္ ထင္ေသာေၾကာင့္ပဲ ႐ိုက္တင္လိုက္ျခင္းသာျဖစ္ေပလိမ့္မည္ ။
ေကာမန႔္ တစ္ခု ဖတ္ၿပီး က်မ ေတာ္ေတာ္ လန႔္သြားတယ္ ။ ဥပေဒ ျဖင့္ ထိေရာက္စြာ အေရးယူသင့္သည္တဲ့အမေလး ! ! ! ျမတ္စြာဘုရား ကယ္ေတာ္မူပါ ။ သူ႔ ေကာမန႔္ကိုတင္ Like ႏွစ္ဆယ္ေက်ာ္ ဝိုင္းလုပ္သြားၾကသည္ ။
က်မဟာက်လဲသံသယဝင္သြားသည္ငါ ကုတ္မိတာ လြန္သြားလား ။မထင္ပါ ။က်မ ကုတ္တုန္း က သတိပင္မထားမိပါ ။သူငယ္ခ်င္း ပုံ႐ိုက္လိုက္မွသာ က်မ ကုတ္လို႔ ကုတ္မိမွန္း သတိထားမိပါသည္။
က်မက ခႏၶာကိုယ္ လွသျဖင့္ ျမန္မာဝတ္စုံဝတ္တတ္ပါသည္ ။မုန႔္စားေနရင္း တင္ပါးနားက ယားလွသျဖင့္ အားရပါးရ ကုတ္မိပါသည္ ။ေမာ္လီမ ကို လွမ္းဆဲရင္းပုံဖ်က္ဖို႔ ေျပာပါသည္။
ေမာ္လီေကာ၊ခင္ျမရည္ ေကာက်မကို ေတာင္းပန္ၾကပါသည္။သို႔ေသာ္ သူတို႔ ႏွစ္ေယာက္လည္း အေျခအေနမေကာင္းေပက်မတင္ပါးကုတ္ေနသည့္ ပုံတင္မဟုတ္ ၊ သူတို႔ႏွင့္တြဲ၍ ႐ိုက္ထားေသာပုံပါ ပါသည္ ။
က်မတို႔ကို ဂိုဏ္း ဖြဲ႕ထားၿပီး ရည္႐ြယ္ခ်က္ရွိရွိ လုပ္ၾကသည္ ဟုတခ်ိဳ႕ က ေရးသားထားၾကသည္ ။က်မတို႔ မုန႔္စားရင္း ခ်က္ခ်င္းႀကီး တႏိူင္ငံလုံး တံေတြးခြက္ထဲ ပက္လက္ေမ်ာလိမ့္မည္ ဟု မေတြးထားမိခုေတာ့ က်မတို႔ သုံးေယာက္ ပက္လက္ေကာ ေမွာက္လ်က္ေကာ ေမ်ာေနေပၿပီ ။
က်မက တင္ပါးပါ ကုတ္သျဖင့္ ေဇာက္ထိုးပါ ေမ်ာေနေပၿပီတစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္၍ မ်က္ရည္ဝဲေနမိၾကေပၿပီက်မတို႔ သုံးေယာက္ အစားကို ဆက္မစားႏိူင္က် ။တူ ကို ပါးစပ္က ကိုက္ၿပီး ဒူးတုန္ေနၾကသည္ ။ကံဆိုးလွေပသည္ ။
က်မ တို႔ ပုံဖ်က္လိုက္ေသာ္လည္း မမွီေတာ့ ၊က်မ တို႔ ပုံႏွင့္ တျခားေပ့ခ်္ မွာ တက္ေနေပၿပီ ။ျမတ္စြာဘုရား like က 1 k ။ က်မ ကို friend request 200 ေလာက္ တက္လာသည္ ။
က်မ တင္ထားေသာေနာက္ဆုံးပုံေအာက္ မွာ အမ်ိဳးဖ်က္မ လို႔ လာမန႔္က်သည္ ။က်မအေဖ ႏွင့္ တြဲ႐ိုက္ေသာ ပုံေအာက္ မွာ က်မ ရဲ႕ စပြန္ဆာ ဟု ေျပာသည့္ ေကာမန႔္တတ္လာသည္။
မၾကာပါေခ်… ၊ ေပခ်္တစ္ခု က ထပ္တက္လာၿပီး က်မကို ပယ္ပယ္နယ္နယ္ ဆဲက်သည္ ။မျဖစ္ေခ်ဘူး… က်မ တုန႔္ျပန္မွရေတာ့မည္ ျဖစ္သည္။
က်မ တင္ပါး ကုတ္မႈသည္ အခ်ိန္မေ႐ြး လူထုၾကားထဲ ျပန႔္ႏွံျ့ပီး လႊတ္ေတာ္ထဲ အေရးႀကီးအဆို အျဖစ္ ေရာက္သြားႏိူင္သည္မလား ထိုအခါလူထုၾကားထဲ အမ်ိဳးသမီးမ်ား တင္ပါး ကုတ္ခြင့္ မကုတ္ခြင့္ မဲခြဲဆုံးျဖတ္ၾကလိမ့္မည္။
အကယ္၍ မကုတ္ခြင့္ တြင္ မဲအေရအတြက္ ၊ မ်ား သြားပါက ၊တျခားအမ်ိဳးသမီး မ်ားကပါ က်မကို ဝိုင္းၿဖဲလိမ့္မည္ ။နင္ ယြလို႔ ၊ ငါတို႔ အခု ငါတို႔တင္ပါး ငါတို႔ မပိုင္ေတာ့ဘူး ဆိုၿပီး သတ္လိမ့္မယ္ က်မတို႔ ပိုက္ဆံအျမန္ရွင္းၿပီးက်မတို႔အိမ္ကိုျပန္ေျပးၾကသည္ ။
က်မ ေျဖရွင္းဖို႔ စတင္ရပါၿပီ ။အရင္ဆုံး က်မ အေမ့ဆီက အိမ္ေထာင္စု စာရင္းေတာင္းရသည္ ။အေဖဆိုတာ ေသခ်ာေၾကာင္းအရင္ရွင္းရပါမည္ ။ကံဆိုးခ်င္ေတာ့ အေဖ့နာမည္က ႏွစ္မ်ိဳး။
မွတ္ပုံတင္ ႏွင့္ အိမ္ေထာင္စု ႏွင့္ ကြဲေနသည္ ။ မျဖစ္ေခ် အမႈပိုႀကီးလိမ့္မည္ ။အေမက အေဖ့ကို အားဘြားရွလူး ေနသည့္ပုံ ေခ်ာ့ေမာ့႐ိုက္ခိုင္း ရသည္ ။အဲ့ပုံႏွင့္ အေမတို႔ မဂၤလာေဆာင္ပုံ ႏွင့္ မိသားစု ငါးေယာက္ ပုံကို တစ္ေပါင္းတည္း တင္ၿပီး အေဖ ျဖစ္ေၾကာင္း ရွင္းရသည္။
ခင္ျမရည္ကေျပာသည္ ၊ ဟဲ့ ငါတို႔ သုံးေယာက္ cover photo ကို ဘုရားပုံ ျမန္ျမန္ခ်ိန္းရေအာင္ ဟု ေျပာလာသည္ ။လိုလိုမယ္မယ္ သုံးေယာက္သား တစ္ေယာက္ တလွည့္ အိမ္ထဲမွာတင္ ေယာဂီအက်ီ ၤ ဝတ္ပီး ဓာတ္ပုံ ႐ိုက္လို႔ pofile pic ပါ ေျပာင္းလိုက္ၾကသည္ ။
မေျပာႏိူင္ ၊ တင္ပါးကုတ္ရင္ ျမန္မာသိကၡာက်သည္ ဟု အေျပာခံရသလိုအခ်ိန္မေ႐ြး က်မတို႔က isis အဖြဲ႕ က ျဖစ္သည္ဟု မစြပ္စြဲဘူးလို႔ မေျပာႏိူင္ က်မ တို႔ သုံးေယာက္ ဒူးေခါင္းခ်င္း တဂတ္ဂတ္ ျမည္ေအာင္ ႐ိုက္ရင္း ေၾကာက္ေခ်းပါေနၾကေပၿပီ ။
ေမာ္လီက ပိုေၾကာက္ေနသည္ ၊ သူစသည့္ ဇာတ္လမ္း မဟုတ္ပါလား စပြန္ဆာ ျပႆနာ ရွင္းလိုက္ႏိူင္ေပမဲ့ တင္ပါးကုတ္ျခင္း ျပႆနာ က မၿပီးႏိူင္ေသး ။က်မ တင္ပါးကုတ္ေနပုံသည္ 4.1k အျဖစ္ေရာက္သြားေနေပၿပီ မျဖစ္ေခ် .မျဖစ္ေခ် ။
က်မ ပထမဆုံး သူငယ္ခ်င္း ႏွစ္ေယာက္ကို ၊ က်မတြင္ ေပြးနည္းနည္းရွိေၾကာင္း ဝန္ခံရသည္။ဘယ္ေသာအခါ မွ တင္ပါးလွန္ျပၿပီး ေပြးကြက္ရွိေၾကာင္း ေတာင္းပန္ရလိမ့္မည္ဟု ႀကိဳမေတြးထားမိ ။က်မ အျဖစ္က မႏွစ္ကႏွင့္ပင္ မတူ ။
ဇာတ္လမ္း က မွတ္တမ္း မဟုတ္။ႏိူင္ငံေက်ာ္ေပေတာ့သည္ က်မ လိမ္းေသာ ညစ္ေဆးဘူး ႏွင့္ က်မတင္ပါးက ေပြးကြက္ေလး ကို ဓာတ္ပုံ ကပ္႐ိုက္လိုက္သည္ ။ ေပြးကြက္ ျမင္႐ုံသာ ။က်မ စာရွည္ရွည္ေရးသည္။
က်မ ဘဝတြင္ ေပြးကြက္ စေပၚလာပုံ ။က်မ ေပြးကြက္အေပၚ နာၾကည္းပုံ ။က်မဘာေတြစားလွ်င္မတည့္ပုံ ။ရွည္လ်ား ေထြျပားစြာေရးၿပီး ဓာတ္ပုံႏွင့္ လူ ႏွစ္ဆယ္ေလာက္ကို tag တြဲတင္ လိုက္သည္ ။အဟင့္ဟင့္… ရွက္လိုက္သည့္ ျဖစ္ျခင္း ။
ေပြးကြက္ အေၾကာင္း စီကာပတ္ကုံးရွင္းျပၿပီး အင္တာနက္ေပၚတင္ရသည့္ ဘ၀ ။သို႔ေသာ္ ကိုယ့္wall ေပၚကိုတင္႐ုံႏွင့္ မၿပီး ။က်မ ပရိသတ္ အဲ့ေလ ေယာင္လို႔ က်မ တင္ပါးကုတ္ေနပုံ စေတးတပ္ေအာက္က ေကာမန႔္ ပိုင္ရွင္တိုင္းကိုသိေအာင္ လုပ္ရေပမည္။
ဒါမွ က်မ သတင္းကို ထိန္းႏိူင္ေပမည္ ။က်မ တင္ပါး မွာ ေပြးကြက္ရွိ၍ ကုတ္မိေၾကာင္း ၊ က်မ မွားမွန္း အခုသိၿပီ ျဖစ္ေၾကာင္း ၊ ေနာက္ေႏွာင္ ဆင္ျခင္ပါမည္ ဟု ကတိျပဳေၾကာင္း ေရးၿပီး ေကာမန႔္ မ်ားအား reply လိုက္ျပန္ပါသည္ ။
က်မ မ်က္ႏွာ ပူသည္ ဟု ဆိုရမလား၊ ေအးသည္ဟု ဆိုရမလားပင္ မသိေတာ့ပါ က်မနာမည္ ႏွင့္ အေကာင့္ေပါင္းေျမာက္မ်ားစြာ၊ page ေျမာက္ျမားစြာေပၚလာပါသည္ ။က်မ၏ ေတာင္းပန္မႈေၾကာင့္ က်မ ၏ တင္းပါကုပ္ျခင္း အမႈသည္။
လႊတ္ေတာ္အထိ ေရာက္မသြား ။ ခံဝန္ကတိေလာက္ႏွင့္သာ ၿပီးသြားသည္ ဟု ဆိုရေပမည္ ။က်မကို ေနာက္တစ္ေန႔ သတင္းမီဒီယာ တစ္ခုက အင္တာဗ်ဴးလိုေၾကာင္းေျပာလာသည္ ။ယခုဆိုရင္ က်မ ဆယ္လီတစ္ေယာက္ ျဖစ္ေနေပသည္။
ေနာက္တစ္လ ထဲတြင္ ေပြးဝဲယားနာ လိမ္းေဆး ေၾကာ္ျငာတစ္ခု ႐ိုက္ရန္ပင္ လက္ခံထားပါေသးသည္ ။ဘာပဲျဖစ္ျဖစ္ …က်မဘဝကို ေဖ့ဘုတ္က တစ္ဆစ္ခ်ိဳးေျပာင္းလဲ ေပးခဲ့ပါၿပီ
Moe Zek.
အထူးသတိေပးခ်က္။ ။ တင္ပါးလိုက္မကုတ္ပါႏွင့္။