အဇာတသတ် ဆိုတာ အဖကို ပြန် သတ်တဲ့ သားဆိုး သားမိုက်လို့ပဲ သိထားသလား…

အေထြအေထြဗဟုသုတ

အဖကိုပြန်သတ်တဲ့သားဆိုးသားမိုက်ပါ။မိတ်ဆွေ ဒီလောက်ပဲသိထားခဲ့ရင် ဒီစာလေးကိုသေချာဖတ်ကြည့်ပါ။သင့်အတွက် အကျိုးရှိစေချင်လို့ပါ။

အဇာတသတ်မင်း အကြောင်းပြောမယ်ဆို သူဟာဘယ်သူလဲဘယ်လိုလူလဲ ဘာတွေလုပ်ခဲ့ပါသလဲဆိုတာတွေ သိဖို့လိုလိမ့်မယ် ဒါမှအမှန်တရားနဲ့နီးစပ်မှာပါ။အဖကိုပြန်သတ်တဲ့ သားဆိုးသားမိုက်နေရာထိ သိတဲ့လူများပြီးသားပါ။

ဒါ့အပြင်အဇာတသတ်မင်းကြီးဟာ ဗုဒ္ဓဘာသာကို စနစ်တကျ ပြန့်ပွားစေဖို့ ဆောင်ရွက်ခဲ့တဲ့လူသား ဖြစ်ခဲ့ပါသေးတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကြည်ညို တဲ့ရိုးရိုးသာမာန်လူသားတွေထဲမှာတောင် အသာဆုံးအမြတ်ဆုံးသောလူသားဆိုတဲ့ ဧတဒဂ်ဘွဲ့ထူးကို ရခဲ့သူလည်းဖြစ်ပါတယ်။တကယ်တော့အဇာတသတ်မင်းဟာသားဆိုးသားမိုက် ဖြစ်ခဲ့ရခြင်းဟာ ဆရာတင်မှားခဲ့လို့သာဖြစ်ပါတယ်။

မင်းသားဘဝမှာထဲက ဗေဒင်ဆရာတွေရဲ့ဟောပြောမှုကြောင့် အပယ်ခံလိုနေခဲ့ရသူ တစ်ယောက်ဆိုတာလည်း မြင်သာပါတယ်။အကယ်၍ အဇာတသတ်မင်းကြီးဟာ ဒေဝဒတ်လိုရဟန်းကိုဆရာမတင်မိခဲ့ရင် ။အကယ်၍ အဇာတသတ်မင်းကြီးဟာ ငယ်စဉ်ထဲကသာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးတွေ့ခွင့်ရခဲ့မယ်ဆိုရင် သူရဲ့ဘဝဟာ ပြောင်းပြန်ပြောင်းလဲသွားနိုင်ပါတယ်။

အဓိကအကျဆုံးတရားခံဟာ ဆရာတင်တာမှားယွင်းခဲ့တဲ့အတွက် မိဘကိုပြန်သတ်မိတဲ့အထိအပြစ်ကြီးကို ကျူးးလွန်မိခဲ့ပါတယ်။လောကမှာ ဆရာတင်မမှားဖို့ သိပ်အရေးကြီးပါတယ်။ဆရာတင်တာမှားရင် တရားထူးရနိုင်တဲ့လူသားတောင်မှ ငရဲကျခံရတဲ့အထိ ခံရနိုင်တယ်ဆိုတာ အဇာတသတ်မင်းရဲ့အဖြစ်ကိုနမူနာယူပြီး ဆရာတင်တာ မမှားပါစေနဲ့လို့အားလုံးအတွက် စေတနာပါ။

သင်လုပ်တာမှားတယ်မှန်တယ် သင်သာအသိဆုံးပါ။

တကယ့်အဖြစ်မှန်နဲ့သင့်အတွက်လမ်းပြပေးတာပါ။

ယူတာမယူတာတော့ သင့်ထိုက်နဲ့သင့်ကံပါ။

သင်ပြု သည့်ကံသင့်ထံသို့သာ

လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာအထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကိုကြည်ညို လေးစား တန်ဖိုးထားသည့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကိုလည်း တန်ဖိုးထား လေးစားမိပါ၏။(Credit)

Zawgyi

အဖကိုျပန္သတ္တဲ့သားဆိုးသားမိုက္ပါ။မိတ္ေဆြ ဒီေလာက္ပဲသိထားခဲ့ရင္ ဒီစာေလးကိုေသခ်ာဖတ္ၾကည့္ပါ။သင့္အတြက္ အက်ိဳးရွိေစခ်င္လို႔ပါ။

အဇာတသတ္မင္း အေၾကာင္းေျပာမယ္ဆို သူဟာဘယ္သူလဲဘယ္လိုလူလဲ ဘာေတြလုပ္ခဲ့ပါသလဲဆိုတာေတြ သိဖို႔လိုလိမ့္မယ္ ဒါမွအမွန္တရားနဲ႔နီးစပ္မွာပါ။အဖကိုျပန္သတ္တဲ့ သားဆိုးသားမိုက္ေနရာထိ သိတဲ့လူမ်ားၿပီးသားပါ။

ဒါ့အျပင္အဇာတသတ္မင္းႀကီးဟာ ဗုဒၶဘာသာကို စနစ္တက် ျပန္႔ပြားေစဖို႔ ေဆာင္႐ြက္ခဲ့တဲ့လူသား ျဖစ္ခဲ့ပါေသးတယ္။

ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကို ၾကည္ညိဳ တဲ့႐ိုး႐ိုးသာမာန္လူသားေတြထဲမွာေတာင္ အသာဆုံးအျမတ္ဆုံးေသာလူသားဆိုတဲ့ ဧတဒဂ္ဘြဲ႕ထူးကို ရခဲ့သူလည္းျဖစ္ပါတယ္။တကယ္ေတာ့အဇာတသတ္မင္းဟာသားဆိုးသားမိုက္ ျဖစ္ခဲ့ရျခင္းဟာ ဆရာတင္မွားခဲ့လို႔သာျဖစ္ပါတယ္။

မင္းသားဘဝမွာထဲက ေဗဒင္ဆရာေတြရဲ႕ေဟာေျပာမႈေၾကာင့္ အပယ္ခံလိုေနခဲ့ရသူ တစ္ေယာက္ဆိုတာလည္း ျမင္သာပါတယ္။အကယ္၍ အဇာတသတ္မင္းႀကီးဟာ ေဒဝဒတ္လိုရဟန္းကိုဆရာမတင္မိခဲ့ရင္ ။အကယ္၍ အဇာတသတ္မင္းႀကီးဟာ ငယ္စဥ္ထဲကသာ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကိုဖူးေတြ႕ခြင့္ရခဲ့မယ္ဆိုရင္ သူရဲ႕ဘဝဟာ ေျပာင္းျပန္ေျပာင္းလဲသြားႏိုင္ပါတယ္။

အဓိကအက်ဆုံးတရားခံဟာ ဆရာတင္တာမွားယြင္းခဲ့တဲ့အတြက္ မိဘကိုျပန္သတ္မိတဲ့အထိအျပစ္ႀကီးကို က်ဴးးလြန္မိခဲ့ပါတယ္။ေလာကမွာ ဆရာတင္မမွားဖို႔ သိပ္အေရးႀကီးပါတယ္။ဆရာတင္တာမွားရင္ တရားထူးရႏိုင္တဲ့လူသားေတာင္မွ ငရဲက်ခံရတဲ့အထိ ခံရႏိုင္တယ္ဆိုတာ အဇာတသတ္မင္းရဲ႕အျဖစ္ကိုနမူနာယူၿပီး ဆရာတင္တာ မမွားပါေစနဲ႔လို႔အားလုံးအတြက္ ေစတနာပါ။

သင္လုပ္တာမွားတယ္မွန္တယ္ သင္သာအသိဆုံးပါ။

တကယ့္အျဖစ္မွန္နဲ႔သင့္အတြက္လမ္းျပေပးတာပါ။

ယူတာမယူတာေတာ့ သင့္ထိုက္နဲ႔သင့္ကံပါ။

သင္ျပဳ သည့္ကံသင့္ထံသို႔သာ

လုံးစုံမ်ားစြာ၊ သတၱဝါ ခ်မ္းသာကိုယ္စိတ္ ၿမဲပါေစ။

ဥပဒ္ရန္ေဘး၊ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ။

အပၸမာေဒန သမၼာေဒထ

ျမန္မာႏိုင္ငံသည္ ေထရဝါဒ ဗုဒၶဘာသာအထြန္းကားဆုံးေသာတိုင္းျပည္ျဖစ္ပါသည္။ဘုရား တရား သံဃာ ရတနာျမတ္သုံးပါးကိုၾကည္ညိဳ ေလးစား တန္ဖိုးထားသည့္ ေထရဝါဒ ဗုဒၶဘာသာဝင္မ်ားကိုလည္း တန္ဖိုးထား ေလးစားမိပါ၏။(Credit)

Leave a Reply

Your email address will not be published. Required fields are marked *