.၄၀ ကျော်အရွယ်ဆိုတာ တကယ်တော့

ၾကားသိရသမွ်

“၄၀ ကျော်ဆိုတာ”????????

.၄၀ ကျော်အရွယ်ဆိုတာ တကယ်တော့ အရိုးတွေ နူးပြီးမြည့်နေတဲ့ငါးသလောက်ပေါင်းလိုပဲ အရမ်းမိုက်နေပြီ…

တနည်းအားဖြင့် ရေနံချေးတွေ ဝနေတဲ့အိမ်တိုင်ကြီးတွေလိုပဲပေါ့ ခန့်ခန့်ကြီးတွေ…ဒီမယ် ၄၀ ကျော်အရွယ်ဆိုတာကဒူးရင်းသီးလိုဆိုရင် ဘယ်အလုံးကိုခွဲခွဲလှည့်ကြည့်နေစရာကို မလိုဘူးဝါဝင်းချိုမွှေးပြီး အိစက်နေပြီသားမှတ်ထား… ??

ဒညင်းသီးကိုသာ အရွယ်တွေနဲ့တင်စားရမယ်ဆိုရင်လေ၄၀ ကျော် အရွယ်ဆိုတာက ဆားရေစိမ်လည်းမဟုတ်ဘူးဒညင်းခွက်လည်းမဟုတ်ဘူးဒညင်းသီးပြုတ်လည်းမဟုတ်ဘူးဒညင်းသီးအုန်းနို့ဆမ်းဗျ ပေါက်လား…??

ပတ်သက်မိတဲ့သူကို တခါတည်း ရီဝေမှိန်းမောပြီး ပျော်ဝင်သွားစေတယ်…ဇာတ်ကားတစ်ကားမှာ မင်းသားနဲ့ မင်းသမီး(……)အခန်း တနည်းအားဖြင့်ရုပ်ရှင်တစ်ကားလုံးရဲ့tempo အမြင့်ဆုံး အခန်းဆိုတာ ၄၀ ကျော်တွေရဲ့အရွယ်လိုပဲဗျ နော်

ရစ်ချင်စရာ ကျော်ချင်စရာ တစ်ကွက်မရှိဘူးရယ်ဆလိုးမိုးရှင်းနဲ့တောင် ကြည့်သင့်တယ်… ??

အေး ၄၀ ကျော် အရွယ်တွေကိုသာ ဘောလုံးကန်ခိုင်းမယ်ဆိုရင်လေ သူတို့ဝတ်ရမယ့်ကျောနံပါတ်ဟာ ၁၀ ပဲ တစ်ကွင်းလုံးမှာ အရေးအကြီးဆုံးကောင်…

လူသားမျိုးနွယ်စုဟာ ကြေးအိုးတစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်၄၀ ကျော်အရွယ်ဆိုတာ သူတို့အလယ်က ငုံးဥပဲ…??၅၄ ချပ်စီပါတဲ့ ဖဲ ၂ ထုပ်ကိုပေါင်းပြီး ပိုကာဒေါင်းကြတဲ့အခါ ၄ ချပ်တည်း ပါလာမယ့် ဂျိုကာတွေဟာ အခြားမဟုတ်ဘူး ဖဲထုတ်

၄၀ ကျော်အရွယ်တွေပဲ လူတိုင်းမရဘူးနော်ကံကြမ္မာက မျက်စပစ်ပြတဲ့ကောင်မှရမယ်

အဟက်… ??

ဂျော်နီဝေါ်ကာအရက်ပုလင်းတွေကို စီထားပြီး၄၀ ကျော်အရွယ်တွေ သောက်သင့်တဲ့အရက်ကိုရွေးပေးပါဆိုရင် Bartender က ရွေးပေးလိမ့်မယ်Blue Label ပုလင်းကြီးကို…

ကုန်ကုန်ပြောမယ်ဗျာတကယ်တော့ ၄၀ ကျော်အရွယ်ဆိုတာ”လက်ဖက်သုပ်ပန်းကန်ထဲက ရွှေပုဇွန်ခြောက်”

“လုံးချင်းတိုက်တစ်လုံးရဲ့ master bedroom” “ပြက္ခဒိန်ရဲ့နေ့ရက်တွေထဲက စနေ တနင်္ဂနွေ”

“လူတစ်ယောက်ရဲ့မျက်နှာပြင်ပေါ်က ပါးချိုင့် ” “ရွာဦးကျောင်း ကျက်သရေခန်းထဲက ရွှေငှက်ပျောသီး”နော်”တစ်ပြားသားမှ မလျှော့ဘူး ယုံလိုက်”?

???

#Credit.မူရင်းရေးသားသူနှင့် ပြန်လည်မျှဝေသူများ

Zawgyi

“၄၀ ကျော်ဆိုတာ”????????









အဟက်… ??





???


Leave a Reply

Your email address will not be published. Required fields are marked *