အသက်(၁၈)နှစ်မှ(၂၆)နှစ်အတွင်းကျွန်တော့်ရဲ့ငွေရှာနည်း( ချမ်းသာစေမယ့် နည်းလမ်း )
အသက်(၁၈)နှစ်မှ(၂၆)နှစ်အတွင်းကျွန်တော့်ရဲ့ ငွေရှာနည်း ငွေစုနည်းငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် ငွေစုရတာဟာပညာပါပဲ မိမိငွေကိုသူများလက်ထဲဘယ်တော့မှမထားပါနဲ့ ချမ်းသာချင်ရင်စုဗူးနဲ့စုပါသောကရောက်ချင်ရင် စုမဲစုပါ စားသမျှချီးဖြစ်တယ်ဆိုတာမမေ့ပါနဲ့ လူတန်းစေ့မနေနိုင်ခင် လူတန်းစေ့မစားချင်ပါနဲ့ အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ
ထမင်းနှပ်မှန်အောင်စားရဖို့ ကြိုးစားနေတဲ့အချိန် အကောင်းဆုံး အလှကုန်တွေသုံးဖို့မစဉ်းစားပါနဲ့ လူတစ်ယောက် အသက်ရှင်ဖို့အရေးကြီးဆုံး လိုအပ်ချက်ထဲမှာစားဝတ်နေရေးပဲပါပါတယ် မအောင်မြင်ခင်မလှချင်ပါနဲ့အုံး အောင်မြင်လာရင် လှလာပါလိမ့်မယ် မယုံရင်ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ
အိပ်တယ်ဆိုတာ တေခြင်းတစ်မျိုးပါပဲ အသက်(၆၀)မှာ တေသွားရင် သင်တကယ်အသက်ရှင်တာအသက်၄၀ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ ၃ပုံ၁ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာသတိထားမိပြီလား သူများမနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလိုစားရချင်ရင် သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ သူများနဲ့ တန်းတူပဲဖြစ်နေအုံးမှာပါပဲ သူများဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကိုလျှောက်ပါ ဒါဆိုဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ
ကိုယ်ဖောက်ထားတဲ့လမ်းကိုသူများလျှောက်တဲ့ခါရန်မလုပ်ပါနဲ့အရှက်မခွဲပါနဲ့ဒါဟာဂုဏ်ယူစရာဆိုတာသိထားပါစိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါစိတ်ထားဆိုတာမြင့်မှမြတ်တာပါဘာပဲလုပ်လုပ် အဆင်ပြေချင်ရင် စေတနာလေးထားပြီးလုပ် အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူးဆိုတာစိတ်ချ ထောင်မြင်ရင်ရာစွန့်ရမယ် သေးငယ်တဲ့လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ရည်မှန်းချက်တွေကိုအပျက်စီးမခံပါနဲ့
အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောကအရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီးစွန့်လွှတ်တတ်ပါစေ အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ကားကဘာနဲ့သွားသွားလိုရာခရီးရောက်ရင်ပြီးတာပါပဲ
လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါ နဲ့နေစရာရှိရင် စားဖို့ပူစရာမလိုဘူ လူမသေငွေမရှားပါကိုယ်ပိုင်ကား မစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့ IPhone ၄လုံးဆိုကားတစ်စီးဝယ်လို့ရပြီ နော် I phoneမကိုင်နိုင်တာ ရှက်စရာမဟုတ်သလို IPhone ကဘဝတွက်မဖြစ်မနေ လိုအပ်တဲ့အရာမဟုတ်ဘူးလေ ရတနာမစုဆောင်းနိုင်ခင်မှ ာBranded တွေကိူမကိုင်ချင်ပါနဲ့ ရတနာဆိုတာ ရှိတန်ဆာမရှိဝမ်းဆာ အချိန်မရွေးငွေဖော်ရ လွယ်တယ်ဆိုတာမမေ့ပါနဲ့
မိဘကို လက်ဝတ်ရတနာမဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ သိပ်ကိုရှက်စရာကောင်းပါတယ် လူအထင်ကြီး ခံရဖို့ အပင်ပန်းခံမကြိုးစားပါနဲ့ ကိုယ့်မရှိရင်ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ လက်ညှိုးထိုးတာ သူ့အလုပ် လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ် သင့်မှာအချိန်များကြီးရှိပါသေးတယ်နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ်မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ ဒီအချိန်ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ
Credit
zawgyi
လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါ နဲ့နေစရာရှိရင် စားဖို့ပူစရာမလိုဘူ လူမသေငွေမရှားပါကိုယ်ပိုင်ကား မစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့ IPhone ၄လုံးဆိုကားတစ်စီးဝယ်လို့ရပြီ နော် I phoneမကိုင်နိုင်တာ ရှက်စရာမဟုတ်သလို IPhone ကဘဝတွက်မဖြစ်မနေ လိုအပ်တဲ့အရာမဟုတ်ဘူးလေ ရတနာမစုဆောင်းနိုင်ခင်မှာBranded တွေကိုမကိုင်ချင်ပါနဲ့ ရတနာဆိုတာ ရှိတန်ဆာမရှိဝမ်းဆာ အချိန်မရွေးငွေဖော်ရ လွယ်တယ်ဆိုတာမမေ့ပါနဲ့
Credit